|၅၆|

4.4K 860 59
                                    


အခန်း(၅၆)စုံတွဲဇာတ်ကောင်

ရက်အနည်းငယ်ကြာသည်အထိ ရှီကျင်းသည်
ရှီရှင်းရွယ်၏"လရိပ်ဖြူလေး"ဖြစ်နိုင်မည့်လူကို
စေ့စေ့စပ်စပ်ရှာဖွေသော်ငြား ဘာဆိုဘာမှမတွေ့။
တစ်ဖက်က လျန်ကျွင်းမှာတော့ ခရီးပိုရောက်နေပြီ
ဖြစ်သည်—Old Ghostနှင့်စကားပြောပြီးသော
ညနေခင်းတွင်ပဲ အရှေ့တောင်ကို အရင်သွားမည့်
သူကို ဆုံးဖြတ်ပေးပြီး ထွက်ခွာချိန်က
နောက်နှစ်ရက်အကြာ မနက်ပိုင်းတွင်ဖြစ်သည်။

Gua Erနှင့်Gua Sanက Old Ghostနှင့်
အရင်သွားမည်။ဖေးယွီကျင့်ကတော့ အစိုးရဘက်က
ပို့ပေးမည့်ကူညီသူများကိုစောင့်ရန် ယာယီနေရစ်
ခဲ့ပေသည်။ တစ်နည်းပြောရရင် လျန်ကျွင်းနှင့်
အတူသွားမည့်အုပ်စုမှာ ပြဿနာများသော
လူများပင်...လုံရှီသည်သာမက အချိုးမပြေသော
ရှေ့နေတစ်ယောက်နှင့် ဘယ်ကမှန်းမသိတဲ့
third wheelsတော်တော်များများလည်း
ပါနေသည်။

ရှီကျင်းဟာ ဦးလေးလုံ၏ပြင်းထန်သော
အနှိပ်ကုထုံးကို အိပ်ယာထက် လှဲလှောင်းခံယူရင်း
သတင်းများကို နားထောင်နေသည်။
နာကျင်မှုကြောင့် ရှုံ့တွနေသောသူ့မျက်နှာမှာ
အမှန်တကယ်ကို သြကျစရာမြင်ကွင်းပင်။

"အဲ့တာဆို Gua Erတို့က မနက်ဖြန်
ထွက်ကြတော့...အား!  ဦးလေးလုံ
ကျေးဇူးပြုပြီး နည်းနည်းလေးညင်သာပါဦး..."
ရှီကျင်း မနေနိုင်စွာ တောင်းဆိုမိသည်။

ဦးလေးလုံသည် သူ၏တောင့်တင်းနေသော
ပုခုံးများကို ပုတ်ကာ မျက်နှာထားတည်တည်ဖြင့်
ပြောလာသည်။

"မင်းကိုယ်က အကြောလျော့ဖို့လိုတယ်။
ပိုတောင့်တင်းလေ ပိုနာလေပဲ...ဒါကြောင့်
အားတော့မလျှော့ပေးနိုင်ဘူး မဟုတ်ရင်
နှိပ်တာက ဘယ်ထိရောက်တော့မှာလဲ။
မင်းပိုခံစားနေရတာက ကြွက်သားတွေထိခိုက်
ထားလို့။ ယောက်ျားပဲမလား...နာတာကို ဘာလို့
အဲ့လောက်ကြောက်နေတာလဲ? အံ့ကိုကြိတ်ပြီး
တင်းခံထား။ နောက်နှစ်ရက်နေရင် နေလို့ကောင်း
သွားမယ်"

ထိုအခါ ရှီကျင်းလည်း အသက်ပြင်းပြင်းရှူကာ
စိတ်လျှော့ထားဖို့ ကိုယ့်ကိုယ်ကိုယ်တွန်းအား
ပေးလိုက်သည်။ပြီးနောက် ကုတင်ဘေးတွင်
မျက်မှောင်ကြီးကြုပ်ကာ ထိုင်နေသော
လျန်ကျွင်းကို လှည့်ကြည့်ပြီး ဆိုသည်။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now