|၂၄|

6.2K 1K 60
                                    

အခန်း(၂၄)မစ်​ရှင်

"သူက လွန်​ခဲ့တဲ့ရက်​အနည်းငယ်​ကမှ
အရွယ်​​ရောက်​လာတာပါ!"
လျန်​ကျွင်း၏ခံယူချက်​သည်​ ရှန့်​အာ့ထင်​အား
ပို၍​ဒေါသဖြစ်​​စေသည်​။

"သူက ​ပြေးကွင်းနှစ်​ပတ်​​လောက်​ပတ်​​ပြေးပြီးရင်​ 
သေမလို​မောတဲ့ ဖူးဖူးမှုတ်​ခံထားရတဲ့က​လေး
တစ်​​ယောက်​!ခင်​ဗျား သူ့ကိုခွင့်​ပြုတာက 
သေလမ်းကိုတွန်းပို့​နေသလိုပဲ! ခင်​ဗျား​ပြောတာ
သူက အသင့်​​တော်​ဆုံးအဖွဲ့ဝင်​?
ငါ့အမြင်​မှာ​တော့ သူက ခင်​ဗျားအတွက်
ဘာမှနစ်​နာဆုံးရှုံးစရာ မလိုဘဲ အသုံးချနိုင်​တဲ့
အသင့်​​တော်​ဆုံးအ​ဖြည့်​ခံတစ်​ခုလို့ ​တွေး​နေပုံပဲ"

ရှန့်​အာ့ထင်​ထိုသို့​ပြော​လိုက်​​သောအခါ
Gua Erနှင့်​ Gua Jiu၏အမူအရာမှာ
ရုပ်​ဆိုး အကျဉ်းတန်​သွားပြီး ရှန့်​အာ့ထင်​အား
မုန်းတီးမှုအပြည့်​ဖြင့်​ ကြည့်​လိုက်​သည်​။

လျန်​ကျွင်းသည်​ ဘယ်​​သောအခါမှ
သူ၏လက်​​အောက်​ငယ်​သားများ၏အသက်​ကို
အကျိုးစီးပွားအတွက်​​သော်​လည်း​ကောင်း
အဖြည့်​ခံ​ခြေနင်းတုံးအဖြစ်​​သော်​လည်း​ကောင်း
တစ်​ကြိမ်​တစ်​ခါမှ မဆက်​ဆံဖူး​ပေ။
ရှန့်​အာ့ထင်​၏စကားများသည်​ လျန်​ကျွင်းကို
သာမက 'ပျက်​သုဉ်းခြင်း'အဖွဲ့အစည်းရှိ
အဖွဲ့ဝင်​များကိုပါ​စော်​ကားရာကျသည်​။

လျန်​ကျွင်းသည်​ ယခုရှန့်​အာ့ထင်​၏
စိတ်​အ​ခြေအ​နေမှာ သူ့ရှင်းပြချက်​များကို
နား​ထောင်​မည်​မဟုတ်​မှန်း နားလည်​သဖြင့်
ရှီကျင်းအား လက်​ဟန်​ပြကာ ​ပြောသည်​။

"လုပ်​လိုက်​"

"မင်း!"
ရှန့်​အာ့ထင်​သည်​ ​ဒေါသတကြီးဖြင့်
ချက်​ချင်း အိတ်​ကပ်​ထဲမှ ​သေနတ်​အား
ဆွဲထုတ်​ဟန်​ပြင်​သည်​။

ရှီကျင်းသည်​ လျန်​ကျွင်းဆိုလိုသည်​ကို
နားလည်​သ​ဘော​ပေါက်​ကာ ယခုတွင်
ရှန့်​အာ့ထင်​၏ အမြင်​ကို သူကိုယ်​တိုင်
ပြောင်းလဲ​ပေးဖို့ အချိန်​တန်​ပြီဖြစ်​သည်​။
ရှီကျင်းသည်​ အချိန်​ဆွဲမ​နေ​တော့ဘဲ
စားပွဲ​ပေါ်ကို လက်​​ထောက်​ကာ အ​ရှေ့သို့
ခုန်​​ကျော်​လိုက်​သည်​။သူ့​ခြေ​ထောက်​သည်​ 
သေနတ်​အားလက်​လှမ်း​နေ​သော ရှန့်​အာ့ထင်​၏
လက်​ဆီသို့ လွှဲကန်​​လေသည်​။ထို့​နောက်
ကျန်​လက်​တစ်​ဖက်​ဖြင့်​ စားပွဲ​ပေါ်မှ ခဲတံကိုယူကာ
ဓား​မြှောင်​အဖြစ်​ကိုင်​ရင်း ရှန့်​အာ့ထင်​၏
မျက်​လုံးကို ဦးတည်​ထိုးဟန်​ပြင်​သည်​။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now