|၇၂|

1K 238 6
                                    


အခန်း(၇၂)အဝတ်ဗီရိုကြီး

သူတို့အားလုံးလေဆိပ်ကိုရောက်ရှိချိန်တွင် ကောင်းကင်ကြီးဟာမှောင်မိုက်နေခဲ့လေပြီ။

ရှီကျင်းသည် လျန်ကျွင်းဖို့ဦးစွာနေရာအတိအကျဖြစ်အောင်လုပ်ပြီး နံဘေးတွင်ထိုင်လိုက်သည်။ဖေးယွီကျင့်ပေးခဲ့သောလိပ်စာကတ်ကိုအရင်ထုတ်ကြည့်ကာ တဒင်္ဂတွေးပြီးနောက်မှ ဖုန်းထဲမှတ်ထားဖို့ဆုံးဖြတ်လိုက်၏။

သူအလိုမရှိခဲ့ရင်လည်း ကိစ္စမရှိချေ--ယူနစ်ဘားသည် အမြစ်ပြတ်မရှင်းလင်းရသေးသလို ရှီမိသားစု၏အရှုပ်တော်ပုံကြီးလည်း မဖြေရှင်းရသေးသဖြင့် လိုရမည်ရဖေးယွီကျင့်ဖုန်းနံပါတ်ကိုသိမ်းထားလိုက်တာက လမ်းမှန်ဖြစ်မည်။

အရှေ့တောင်ဒေသကိုလာရောက်စဉ်အချိန်ကအတိုင်း သူတို့သည် စီးလုံးငှားလေယာဉ်ဖြင့်ခရီးပြန်တာဖြစ်ပြီး ဤအကြိမ်တွင်ဖြင့် လိုက်ပါစီးနင်းသူများ အနည်းငယ်လျော့နည်းသွားခဲ့သညိ။

အစိုးရအရာရှိများနှင့်ရှေ့နေတို့မှာ Phantomအဖွဲ့သားများကို အပြစ်သားအဖြစ် နိုင်ငံတွင်းလွှဲပြောင်းရေးကိစ္စကိုကိုင်တွယ်ရန် ကျန်ရစ်ခဲ့ကြရသည်။

ထို့အပြင် ဦးလေးလုံသည်လည်း Lနိုင်ငံတွင်နေရစ်ခဲ့၏။Old Ghostငယ်သားများနှင့်ကျိုယန်အတွက် အဆိပ်ဖြေဆေးဖော်စပ်ပေးရန် လိုအပ်ပြီး ရှေ့လျောက်အနာဂတ်ကြီးကတော့ အလွန်မအားလပ်တော့မှာ မြင်ယောင်နေသည်။

ရှီကျင်းသည် လက်ကိုင်ဖုန်းကိုဘေးချကာ တစ်ခုခုကိုတွေးတောရင်း လျန်ကျွင်းကိုကြည့်လိုက်သည်။ "ဟို...လုံရှီရဲ့အကျွင်းအကျန်တွေ.."

လျန်ကျွင်းမှာ tabletမှစာရွက်စာတမ်းများကို ဖတ်ရှုနေတာဖြစ်ပြီး ရှီကျင်းအမေးကိုကြားသည်နှင့် ခေါင်းလှည့်ကြည့်ကာ ဖြေသည်။ "ကျိုယန်လက်ထောက်က လုံရှီသေပြီး မကြာဘဲ အလောင်းကိုမီးသင်္ဂြိုဟ်လိုက်တယ်၊နောက်ရက်ကျ ဦးလေးလုံဆီ ပြာအိုးပို့လိုက်မယ်ကြားတယ်"

လုံရှီသေဆုံးသွားသည့်သတင်းကိုကြားပြီးနောက်မှာ သူတို့သည် မတင်မကျအနည်းအကျဉ်းဖြစ်ခဲ့ကြသော်ငြား ဦးလေးလုံအား အမှန်တရားကိုဖွင့်ပြောဖို့ရွေးချယ်ခဲ့ကြသည်။ထိုအခါ ဦးလေးလုံသည် အနည်းငယ်မျှပင် အမူအရာမပျက်ခဲ့သော်လည်း ဓာတ်ခွဲခန်းအတွင်း ညလုံးပေါက်နေခဲ့သည်။နောက်တစ်နေ့တွင် လျန်ကျွင်းအားတွေ့ပြီး ဈာပနကိစ္စအစီအစဉ်များကို သူကိုယ်တိုင်လုပ်ချင်ကြောင်းပြောကြားခဲ့သည်—အဆုံးသတ်တွင် အရာအားလုံးအလှည့်အပြောင်းများစွာရှိခဲ့ပေမယ့် တစ်ချိန်တစ်ခါတုန်းကတော့ သားအဖေဖြစ်ခဲ့သည်ကို မငြင်းဆန်နိုင်ပေ။ထို့ကြောင့်လျန်ကျွင်းသည်လည်း သဘောတူကာ ရှီကျင်းမေးခွန်းအတိုင်း ကျိုယန်လက်ထောက်ကိုဆယ်သွယ်လိုက်ခဲ့သည်။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Där berättelser lever. Upptäck nu