|၁၀|
5.8K 1.1K 59
အခန်း(၁၀) အကျိုး​ကျေးဇူး
လျှို့ဝှက်​ဝင်​​ပေါက်​ထဲသို့ ဝင်​ပြီး​သောအခါ
လျန်​ကျွင်း၏ယူနစ်​ဘားသည်
စတင်​​လျော့ကျလာပြီး အမှတ်​၅၀၀တွင်
လျင်​မြန်​စွာရပ်​တန့်​သွားသည်​။
ဆိုလိုသည်​မှာ အရင်းခံအားဖြင့်
လုံခြုံစိတ်​ချရပြီဖြစ်​သည်​။ရှီကျင်း၏အမှတ်​လည်း
၆၉၀သို့ ပြန်​လည်​​ရောက်​ရှိသွားသည်​။
ရှီကျင်းသည်​ စိတ်​သက်​သာရာရခြင်းနှင့်
စိတ်​အ​​နှောက်​အယှက်​ဖြစ်​ခြင်းကို
ထပ်​တူခံစားရကာသက်​ပြင်းချလျက်
အံကြိတ်​မိသည်​။တစ်​ချိန်​တည်းမှာပင်
သူ၏ရင်​ထဲ၌ သံသယတစ်​ချို့ဖြစ်​​ပေါ်လာသည်​။
"ရုတ်​တရက်​အန္တရာယ်​ဖြစ်​တာ
ပြီးသွားတဲ့အချိန်​တိုင်း မင်းဒါလင်​ရဲ့အမှတ်​က
၅၀၀ကို ကျသွားတယ်​..ကျန်​တဲ့အမှတ်​၅၀၀ကကျ.."
<​တွေးမိတာများရှိလို့လား ကျင်းကျင်း>
ရှီကျင်းသည်​ သူ၏အ​ရှေ့ရှိ Gua San
တွန်း​ပေး​နေ​သောဝှီးချဲတွင်​ ထိုင်​​နေ​သည့်
လျန်​ကျွင်း အား​ငေးကြည့်​ကာ မှန်းဆလိုက်​သည်​။
"ကျန်​ရှိ​နေတဲ့အမှတ်​တဝက်​က လျန်​ကျွင်းရဲ့
ရုပ်​ပိုင်းဆိုင်​ရာအ​ခြေအ​နေနဲ့
သက်​ဆိုင်​​နေတာများလား"
 <ကျင်းကျင်း ခန့်​မှန်းတာမှန်​မယ်​လို့
ထင်​တယ်​။ကျင်းကျင်းက
ဥာဏ်​သိပ်​​ကောင်းတာပဲ! ကျင်းကျင်း အသိုက်
အမဲဆီ!>
ရှောင်​စစ်​သည်​ ရှီကျင်း စိတ်​ချမ်းသာ​စေရန်
စိတ်​အားထက်​သန်​စွာ မျက်​နှာချို​သွေး​နေသည်​။
ရှီကျင်း၏စိတ်​အ​ခြေအ​နေသည်​ 
ရှောင်​စစ်​၏ 'ချီးကျူးခြင်း'​ကြောင့်​ ပြိုလဲလုနီးနီးပင်
ဖြစ်​ချင်​လာသည်​။ထို့​ကြောင့်​ စိတ်​ထိန်းရန်
ကိုယ့်​ကိုယ်​ကို ဆွဲဆိတ်​ကာ ​မေးလိုက်​သည်​။
"မင်းဒါလင်​ရဲ့ခန္ဓာကိုယ်​က ဘာဖြစ်​တာလဲ။
နေမ​ကောင်းတာလား"
 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now