အလုပ်သင်ရဲ့အကူလေး

3.6K 295 3
                                    

#Uni

"ချီလေးရေ..''

"ရှင်..''

"သူ​ဋ္ဌေးမလေးက ရုံးခန်းလာခဲ့ပါအုံးတဲ့..''

"ဟုတ်...မမသီတာ..''

"ခုသွားလေ...ချီလေရဲ့ ''

"စာရင်းတွက်တာမပြီးသေးလို့...''

"အဲ့တာဆို မမတွက်ပေးထါးမယ်..''

"အာ...ချစ်လိုက်တာ...''

မမသီတာက ဝန်ထမ်းကြီးကြပ်ရေးကလေ... မြန်မာလူမျိုးဖြစ်ပြီး အရမ်းတော်သလို သဘောလဲကောင်းတယ်... စာရင်းအတွက်အချက်လဲတော်သလို စာရင်းတွေကို ချစ်ဆီမတင်ပြခင် သူပဲစစ်ပေးရတာ... သေချာမှချစ်ကိုပြရတာမျိုး

"ချစ်ရေ..''

"အေး...ဝင်လာ ''

"အစောကြီး ဘာလို့လဲဟ...''

"ဒီနေ့ပဲ အလုပ်သင်တစ်ယောက်ဝင်လာတယ်... နောက်သူက နင့်ရဲ့အကူလုပ်မလို့တဲ့..''

"အမ်..ငါလေးရဲ့အကူ..''

နားတောင်မလည်ချင်ဘူး...ငါလေးက ခုမှ အလုပ်သင်နီးနီးရှိသေးတာကို ငါလေးရဲ့အကူလုပ်မယ်ဆိုတော့..

"သူလာပြီ..''

တံခါးဖွင့်သံကြားရော ချစ်က မြင်ပေမဲ့ ငါ​လေးကတံခါးကိုကျောပေးထါးတာမို့ လှည့်ကြည့်လိုက်တော့..

"ပြန်တွေ့ပြီမလား..ချီ ''

"အမ်...''

"ဘာလဲ ကိုယ့်ကိုတွေ့တာမပျော်ဘူးလား..''

အနားလာကပ်ပြီး ပြောတော့

"ပျော်ပေမဲ့ ဘာလို့ ငါ့အကူလာလုပ်တာလဲ...နင့်အဖေမပြောဘူးလား..''

"Forget that...no problem ''

"ဟူး..''

"မိချီ...နင့်နားမှာ ခုံတစ်လုံးထားပေးမယ်...သူမသိတာရှင်းပြပေါ့..''

"အေး...''

"မိချီ..''

ချစ်ကစည်းကမ်းတော့ကြီးတယ်... အိမ်မှာဘယ်လိုနေနေ ရုံးမှာတော့ သူဋ္ဌေးနဲ့အလုပ်သမား သဘောမျိုးဆက်ဆံတတ်တယ်... သူများတွေမလေးစားမှာစိုးလို့

"Yes..Boss..''

"ဒါဆိုသွားတော့ သူ့ကိုပါခေါ်သွား..''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now