ကျိန်စာထက်စွမ်းတယ်

2.8K 237 16
                                    

# Uni

"Hello.....ဘယ်သူမှမရှိဘူးလား..''

တံခါးကိုတွန်းဖွင့်ပြီး ဘေးတွေလဲမကြည့်ဘဲ အသံကျယ်ကြီးနဲ့ အကိုမိုးယံက အော်ခေါ်နေတာကြောင့်

"အကို...အလုပ်ချိန်ကြီး..''

အသံကြားလို့ဧည့်ခန်းမှာ ထိုင်နေတဲ့မနဲ့ မကြီးက ထရပ်ပြီး အနားကို​​​ပြေးလာ​ကြတယ်...အရင်လို အကိုမိုးယံက အထုပ်တွေသူပဲမသယ်​တော့ဘဲ တစ်ဝက်ကို ကိုယ့်ကိုပေးသယ်သလို မကြီးကိုလဲပြုံးရင်း

"ဟုတ်တယ် ရွှေလေး ပါတီလုပ်ဖို့လေ...ခနလေး ပစ္စည်းတွေသွားချအုံးမယ်...ခန့်လေး လာလေ...''

ကြောင်နေတာက မိချီနဲ့ ကိုယ်သာ...ခန့်ကို အထုပ်တွေတစ်ဝက်သယ်ခိုင်းပြီး ပြုံးလို့ပါလား...ပြုံးနေတာကလဲ ဝမ်းပန်းတသာ ဘာများဖြစ်လာကြပါလိမ့်...အလုပ် အလုပ် အလုပ်လို့ပါ အော်တော့မဲ့ အကိုမိုးယံက

အလုပ်ချိန်ကြီး အိမ်လာသတဲ့ ပါတီတောင်လုပ်မယ်ဆိုပဲ....မိချီက လက်တို့ပြီး ဘာလဲဆိုတဲ့အထာနဲ့မေးလာတော့ ပခုံးတွန့်ပြလိုက်ရင်း ဖတ်လက်စ စာအုပ်လေးကိုပြန်ဖတ်မယ်လုပ်တုန်း

"ရွှေလေး အမြဲစာအုပ်ဖတ်နေရင် မျက်လုံးထိမယ်...တစ်ရက်လောက် ပျော်သလိုနေပါ..''

"......''

အကိုမိုးယံပါးစပ်ကနေ ပျော်သလိုနေပါလို့ ပြောလိုက်တာလား...မယုံသလိုကြည့်လိုက်တော့

"ဘာလို့လဲ ရွှေလေး...''

ဖော်ရွေတဲ့အပြုံးလေးရော... ဆွဲဆောင်မှုရှိတဲ့ အကြည့်တွေကိုပါ အနီးကပ်မြင်ရတော့ နည်းနည်းအနားကခွာလိုက်ပြီး ခေါင်းခါပြမိတယ်

အနေခက်တယ်ဆိုတာထက် နည်းနည်း ရင်တောင်ခုန်သလိုပဲ...မိချီအဆင်တွေမြင်ရင် ဖြစ်သလိုများလား...ငယ်ငယ်က ခုလိုပုံစံပေမဲ့ အဲ့လိုမမြင်ရတာသိပ်ကိုကြာခဲ့ပြီလေ

"မ...သက်သာလား...ဘယ်နားနာသေးလဲ...''

သေရော...အကိုမိုးယံရှိ​နေတာကို ကလေးကအနားလာထိုင်ပြီး လက်ကိုတောင် လာကိုင်နေတာ​​ကြောင့် မသိမသာလက်ကိုဖယ်ပေမဲ့ ကလေးကမလွှတ်...ဒါကိုအကိုမိုးယံက ကြည့်လိုက်တာကိုမြင်မိတော့

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now