You bad bad bad😒

4.1K 344 17
                                    

#Uni

ကလေးနဲ့ နှစ်စလောက်ကတွဲလာတာ..ခုဆို ငါလေးကကျောင်းတောင်ပြီးတော့မယ်...ကလေးက ငါလေးကိုအရမ်းချစ်တာ မျက်နှာအပျက်မခံဘူး တခါတလေကျရင်တော့ ငါလေးကိုအော်တယ် သူ့ကိုလင်ပေးစါးနေတုန်းလား ဆိုပြီး

တံခွန်ကတော့ ကလေးနဲ့တွဲတာသိတော့ အရမ်းစိတ်ဆိုးပြီး စကားတောင်မပြော​တော့ဘူး ခုထိလဲ စကားမပြော​​သေးသလို တွေ့ရင်တောင် မသိသလိုဘဲ

အင်းပေါ့လေ စိတ်ဆိုးလဲ ဆိုးချင်စရာမလား
ကလေးနဲ့တွဲနေတာကို ချစ်သိတော့ ဘာမှမပြောပေမဲ့ သူမသိဘဲဘယ်နေရာမှ မချိန်းတွေ့ရဘူးဆိုတဲ့အမိန့်ချလိုက်ပြီး ခုတောင် သူ့အမိန့်နဲ့ ကစားကွင်းသွားလည်မလို့

ချိန်းတွေ့တိုင်း တစ်နာရီတစ်ခါဖုန်းခေါ်ပြီး ချစ်ကပြောသေး တစ်ခုခုမဟုတ်တာလုပ်မှာစိုးလို့တဲ့...တွေးနေတုန်း အသက်ရှည်မယ် အိမ်ရှေ့ကနေ

"အန်တီ..မိချီရော.. ''

"အော် သမီးသူငယ်ချင်းက သူ့အခန်းထဲမှာ ''

"......''

"သမီးတို့ စာတွေရောရပြီလား အပြင်အရမ်းမသွားနဲ့...စာမေးပွဲကနီးနေပြီကို...နောက်ကျ ကြိုက်သလောက်သွားလို့ရပြီလေ ''

"မာမားကလဲ စာကျက်ရတာများလို့ ခေါင်းဆေးမလို့ကို ''

"မိချီမရယ် နင်စာရောကျက်လို့လား အိပ်လိုက်စားလိုက်နဲ့ ''

ဆက်နေရင် အမေ့ရဲ့ချစ်စကားသံတွေကြားရမှာမို့...ချစ်ကိုလက်ဆွဲပြီး ကားဆီထွက်လာခဲ့တယ်

"မိချီမ အန်တီက နင်ငါ့မောင်နဲ့ကြိုက်တာသိနေလားမသိဘူး ''

"ဘယ်ကသာ..ငါ့ပုံစံလဲကြည့် ဘာများပြောင်းလဲသွားလို့လဲ ''

ချစ်ကတော့ မနိုင်ဘူးဆိုပြီး ကားထဲအရင်ဝင်လိုက်တယ် ကားနောက်ခန်းကိုကြည့်တော့.....

ကိုယ့်ရဲ့အချစ်ဆုံး အချစ်တုံးကြီး

"ကလေး...''

"မ..အမြန်တက်လေ...''

ကလေးရဲ့အပြုံးတွေက တကယ် ကြည်နူးဖို့ကောင်းတယ် ရည်းစားစဖြစ်ကတည်းက ကိုယ့်ရဲ့တောင်းဆိုချက်အရ ဆံပင်ကိုဂုတ်ထိ အရှည်ထားပြီး ဆင်စွယ်ရောင်လေးဆိုးထားတဲ့က​​လေးက တကယ် Ukeလေးအတိုင်းပဲ...

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now