အထင်မှားနေလိုက်

2.8K 249 10
                                    

# Uni

"ဘယ်အချိန်ထိရပ်နေအုံးမှာလဲ....''

အနောက်ကနေ အသံကြားလို့ လှည့်ကြည့်လိုက်တော့ ကလေး...ဒါပေမဲ့ ရန်ဖြစ်ထားတာမလား...

"နင့်အပူပါလား...''

ပြောပြီး အိမ်ထဲဝင်တော့ ကလေးကနောက်ကနေလိုက်လာတယ်...အပေါ်ထပ်တက်တာတောင် လိုက်တက်လာလို့... အမြန်လျှောက်ရင်း အခန်းတံခါးကို​အမြန်ဖွင့်ပြီး ပိတ်မလို့ရှိသေး...တံခါးကို သူ့အားကြီးနဲ့ တွန်းလိုက်ရင်း အခန်းထဲ ဝင်လာတဲ့ကလေးကို

"နင်...နင် ဘာဝင်လုပ်တာလဲ...''

"ဘာတွေကြောက်နေတာလဲ...ကျွန်တော်က မ ချစ်သူပါ...ကိုယ့်ချစ်သူအခန်းထဲ ဝင်တာဘာဖြစ်လဲ..''

"ဟား...ခန့်ထည်ဝါ နင်မေ့နေတာလား...နင်နဲ့ငါက လမ်းခွဲလိုက်ပြီလေ..''

"မဟုတ်ဘူး...မ......လမ်းမခွဲပေးနိုင်ဘူး...''

လက်မောင်ကနေကိုင်ပြီး လမ်းမခွဲပေးနိုင်ကြောင်း အော်နေတဲ့ကလေးကို ဒေါသထွက်မိတယ်...သူလောဘကြီးလွန်းတယ်မလား...ငါလေးကိုလက်မလွှတ်နိုင်သလို အဲလစ်နဲ့စေ့စပ်တာကိုလဲ မဖျက်ချင်ပြန်...

"တော်ပါတော့....နင် ခုလိုလုပ်နေတာကိုမုန်းတယ်..''

"မ....''

"ဘယ်လောက်ထိ ကစားချင်သေးတာလဲ...ငါ့ကို အချိန်တန်ရင် ထားသွားမှာပဲမလား...''

"မ...မကို ချစ်တယ်...မ ကိုလက်မလွှတ်နိုင်ဘူး...မဟိုကောင်နဲ့ထွက်သွားတုန်းက ဘယ်လောက်ရင်ပူရလဲသိလား..''

".....''

"နောက်ဘာလို့ခုမှပြန်လာရတာလဲ...ဟိုကောင်က မကိုဘာလို့ကားထဲမှာနမ်းပြီး မတို့ ဖက်နေကြရတာလဲ...''

ကားထဲကကိစ္စကို ကလေးမြင်သွားပုံရတယ် ဒါပေမဲ့ အမြင်မှားတာလေ...

"မ...ဖြေလေ..''

"မဖြေနိုင်ဘူး...''.

"မ.....''

ကလေးရဲ့လက်တွေက ဒေါသထွက်သွားတာ​ကြောင့် ငါလေးလက်မောင်းကို အားပါပါပိုပြီး ဖိညှစ်တာခံလိုက်ရတော့...လက်မောင်းအသားတွေ​တောင်နာလာပြီ

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now