ပါတီလုပ်ကြမယ်

3K 247 17
                                    

#Uni

"ဒါကဘယ်လဲ ခန့်လေး...''

မဆီသွားမလို့ တံခါးအဖွင့်...အပြင်က ဧည့်သည်တွေထိုင်ဖို့အတွက်ထားတဲ့ဆိုဖာမှာ အကိုမိုးယံက ခြေချိတ်ထိုင်နေရင်း မေးလာတာကြောင့်

"ဘယ်...ဘယ်လိုဖြစ်ပြီး ရုံးကိုရောက်နေတာလဲ..''

ဟုတ်တယ်လေ...အလုပ်ချိန်ကြီး ကိုယ့်ရုံးခန်းရှေ့မှာ လာထိုင်နေတာကို...ရောက်လဲဝင်လာရောပေါ့

"လန့်သွားတာလား...ဘာလဲ ခန့်လေးက ဘယ်သွားအုံးမလို့လဲ...''

"မဟုတ်တာ လာလေ...အခန်းထဲစကားပြောကြတာပေါ့...''

အခန်းထဲပြန်ဝင်လိုက်ပြီး ဧည့်သည်တွေနဲ့စကားပြောရင် ထိုင်ဖို့လုပ်ထားတဲ့ စားပွဲဝိုင်းက ဆိုဖာပေါ်ထိုင်လိုက်ရင်း ကိုမိုးယံကလဲ ရှေ့ဆိုဖာမှာ ဝင်ထိုင်လိုက်တယ်

"ခန့်လေး မင်း ဘာတွေလုပ်နေတာလဲ နှစ်ရက်ရှိပြီ... မင်းအလုပ်ချိန်ကြီး အပြင်တွေထွက်နေတယ်ဆို...ညနေလောက်မှ အရေးတကြီးပြန်လာပြီး ခနနေတော့ ပြန်သွားတယ်မလား...''

"ဟင်...ကိုမိုးယံက ဘယ် ဘယ်လို...''

"ကိုယ်က ကလေးလား...မင်းတို့ကို ကိုယ်ကတာဝန်ယူထားရတာပါ...လွယ်လွယ်နဲ့ ကိုယ့်ကိုဒီတာဝန်ပေးမယ်တဲ့လား..''

"......''

"ခန့်လေး...ကိုယ်အခုတလော ရိပ်မိနေတာတွေရှိတယ် ဒါပေမဲ့စိတ်ချပါ...ကိုယ်အန်တီတို့ကိုပြန်မပြောပါဘူး...''

"ကိုမိုးယံကဘာကို....''

"မင်းနဲ့ချီလေးတို့က ကြိုက်နေကြတာမလား..''

".....''

"ဒါကို ရွှေလေးကလဲသိပုံပဲ...''

တရားခံစစ်သလို အကြည့်​တွေကြားမှာ လူကဘာလုပ်လို့ဘာကိုင်ရမှန်းမသိ...ဝန်ခံရင်ကောင်းမလား ငြင်းပစ်လိုက်ရမလား

တီးးးးးးတီ တီ...

"ဟယ်လို...ဘာ..အင်း ငါလာပြီ...''

ကျေးဇူးတင်ရမယ်...အရေးတကြီးဖုန်းဝင်လာပြီး အကိုမိုးယံက သူ့အလုပ်ဆီပြန်ရတော့မဲ့ပုံပဲ

"ကိုယ်တစ်ခုလောက်အကြံပေးမယ်...ခန့်လေး..''

"....''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now