အဲ့လောက်ချမ်းသာလား

3.5K 320 7
                                    

#Uni

"ထမင်းလဲမှန်မှန်စားနော်..အိပ်ရေးလဲမပျက်စေနဲ့ ''

"ဟုတ်ကဲ့ပါ မားရယ် သမီးကိုပူမနေနဲ့ ဟိုရောက်ရင် ဖုန်းဆက်လိုက်မယ် ''

ဟုတ်ကဲ့...မိချီမနဲ့ သူ့အမေစကားပြောနေကြတာပါ

မိချီက လိုက်ချင်လို့ဆိုပြီး သူ့မိဘတွေနဲ့စစ်တိုက်ခဲ့ရတယ်လေ..အစားမစားဘဲ အမှန်ကသူ့မိဘတွေမသိအောင် ခန့်ကမုန့်တွေဝယ်ပြီး သူ့အခန်းကိုပစ်ပေးရတာပါ

ဟိုတစ်နေ့ကတောင် အခန်းကိုမုန့်ပစ်ပေး​နေတုန်း သူခိုးဆိုပြီးလိုက်ကြလို့ ပြေးရသေးတယ်..ခန့်လေးက မိချီမကိုပါ အပါခေါ်သွားချင်ပုံပဲ

ဘာလို့လဲမေးတော့ 'မကြီးသူငယ်ချင်းအကြောင်းသိတယ်မလား ကျွန်တော်မရှိတုန်း ဟိုလူကိုလင်ပေးစါးဒီလူလင်ပေးစါးနဲ့ ကျွန်တော်လို အတုကောင်ကိုတွေ့ရင် ပါသွားမှာစိုးလို့' တဲ့

မိချီအမေကတော့ သူ့သမီးလေးအစာမစားလို့ဆိုပြီး မိချီအဖေကိုအတင်းနားချတာပေါ့

ကိုယ်တွေမောင်နှမကလဲ အိမ်ကိုသွား အမေတို့နဲ့Vc တွေခေါ်ပြ နောက် အာမခံနဲ့ခေါ်မယ် သင်တန်းတက် အလုပ်ပါပေးမယ်ပြောတော့

ချက်ချင်းလွှတ်ပါလေရော'ဒီအရွယ်ရောက်နေပြီ ခိုင်းစားရမယ်'တဲ့ အပြောသာသာပါ... ခုတောင် မိချီအဖေက သူ့သမီးမသိအောင် မျက်ရည်ခိုးသုတ်​နေပြီး သူ့အမေကလဲတစ်ခုပြီးတစ်ခု မှာနေတာမပြီးသေးဘူး သူ့မောင်ကတော့ ခုံလေးမှာပစ္စည်းတွေနဲ့ ထိုင်ငိုနေလေရဲ့

"ဟိုကောင် ငိုမနေနဲ့ ငါပြန်လာရင် စက်ရုပ်ကြီးဝယ်လာပေးမယ် ''

မိချီမကပြောတော့ သူ့မောင်ကပြေးဖက်ပြီးငိုပါလေရော..သူ့အမေကလဲင်ို..သူ့အဖေကလဲ နောက်လှည့်မျက်ရည်သုတ်နဲ့

"မကြီး မ တို့မိသားစုက အရမ်းနွေးထွေးလွန်းတယ် ''

"အင်း ''

"ကျွန်တော်တို့ဆို ငိုဖို့မပြောနဲ့ မေမေတို့က လူယုံဦး​လေးနဲ့လေဆိပ်သွားခိုင်းတာမလား ''

ခန့်လေးပြောတော့ ခန့်လေးကိုကြည့်မိလိုက်တယ် သူ့မျက်လုံးတွေကအားကျ​နေတဲ့ပုံစံလေးပါလား

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now