တစ်နေ့ကျ

2.7K 255 19
                                    

#Uni

"နင်ခုရပ်လိုက်...''

ကံကောင်းချက်...ရေခွက်ထဲကရေတောင် မျက်နှာကိုမထိခင် ဂျက်ဆင်က သူ့အမလက်ကိုဖမ်းဆွဲလိုက်ပြီး တားပေလို့ပေါ့

"နင်က နင့်ကောင်မကိုထိလို့လား..ငါက နင့်အမဟဲ့...နင့်အမကိုပြောနေတဲ့ဟာမအတွက်နာနေတာလား..''

"အဲလစ် တော်တော့...ဒီအဖေကို ဘယ်အထိ အရှက်ခွဲမလို့ကြံနေတာလဲ..''

"....''

ခုနက ရန်ဖြစ်မလို လုပ်နေတဲ့အဲလစ်က ခွက်ကိုကိုင်ပြီး ငါလေးကိုကြည့်နေရင်း...သူ့လက်ထဲကခွက်နဲ့ ငါ​လေးဘေးကနံရံကို ပစ်​ပေါက်လိုက်ပြီး ခွဲလိုက်တာ​​ကြောင့် တကယ်နည်းနည်းလေးတော့လန့်သွားမိတယ်...ဘာမှမဖြစ်သလိုသာနေရပေမဲ့ ငါ​လေးကိုမထိလို့တော်သေး...

"ချီ ထိသွားလား...အဲလစ် နင်လွန်ပြီ..''

"တ်ိတ်ကြစမ်း...အဲလစ် အပြင်ထွက်သွားစမ်း..''

အာဏာတော့ရှိသား...အဲလစ်က ကိုယ့်ကိုကြည့်ရင်း အရှေ့ကိုထွက်သွား​တော့ အဲ့ဦးလေးက ကလေးဘက်ကိုလှည့်ပြီး

"မင်းအမကိုသွားချော့ပေးပါအုံး..''

"သူနဲ့ကျွန်တော်ပြောစရာရှိတယ်..''

ဂျက်ဆင်ကပြောလာတော့... အဲ့ဦးလေးက ဂျက်ဆင်ကိုစိုက်ကြည့်နေပြီး ခနနေတော့

"ဒါဆို သမီးရွှေကပဲ လိုက်သွားပေးနော်..''

ချစ်က လူကိုစိတ်မချသလိုကြည့်လာတော့..

"သမီးချီနဲ့ဦးနှစ်ယောက်ထဲ ဆွေးနွေးချင်တာရှိလို့...သားတို့နှစ်ယောက်ပါ အပြင်ထွက်သွားပေး...''

အားလုံးထွက်သွားတော့ ငါ​လေးနဲ့အဲ့ဦးလေးပဲ​ရှ်ိ​တော့တယ်...ခုနက လန့်နေလို့ အကြောက်တောင်မပြေသေး...လူကိုသေနတ်နဲ့ပစ်မလားစိုးရိမ်ရပြန်ရော ကြောက်တော့ကြောက်တာပေါ့..ငါလေးလဲလူသားတစ်ယောက်ပဲဟာ

ခုနက မထွက်မသွားခင်... ငါလေးကို ကြည့်နေကြတဲ့အကြည့်တွေက စိုးရိမ်သလိုလို စိတ်မကောင်းသလိုလိုနဲ့ အဲ့လိုအကြည့်ခံရမှတော့ ငါလေးကြောက်တာဆန်းသလား

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now