ဟင်းလေး နည်းနည်းမြည်းလို့ရလား

4.1K 264 33
                                    

#Uni

"ချီ...ကိုယ့်ကားနဲ့လိုက်...''

"Sorry ဂျက်ဆင်... မက ကျွန်တော်တို့ကားနဲ့လိုက်မှာ...''

ရွှေစင်နဲ့အကိုမိုးယံကတော့... ကားနားရပ်နေရင်း မိချီကို အလယ်မှာထားပြီး သူခေါ်မယ်ငါခေါ်မယ်နဲ့ လုနေကြတာကို ကြည့်နေရပါတယ်

"ရွှေလေး သူတို့ကိုကြည့်ရတာလေ...ရည်းစားပြိုင်လုနေသလိုပဲနော်..''

ပြောလာတော့ လန့်ပြီး အကိုမိုးယံကိုကြည့်လိုက်မိတယ်... ဒါပေမဲ့ရုပ်ကိုပြန်တည်ပြီး

"ဘယ်ကသာ...မတူပါဘူး..''

"ဟာ တူပါတယ်...ကြည့်လေ...''

အကိုမိုးယံက သတိထားမိလာ​ပြီနဲ့တူတယ်... လူကိုသတင်းနှိုက်နေတာမလား

"ခန့်တို့ အမြန် လာ နောက်ကျနေမယ်...မိချီ ဘယ်သူနဲ့လိုက်မှာလဲ..''

ချစ်ကမေးလာလို့ ကလေးနဲ့ဂျက်ဆင်ကို ကြည့်လိုက်မိ​တော့... ကလေးလဲသနားပါတယ်  သင်တန်းဆရာတွေက မနေ့တုန်းကစာမသင်ရတာကို ကလေးမိဘကိုပြန်ပြောကြတယ်လေ အစေခံတွေကိုနှင်လွှတ်တယ်ဆိုတာကိုရော

ချစ်နဲ့ကလေး တော်တော်လိမ် အဲ... ရှင်းလိုက်ရတယ်မလား ဂျက်ဆင်ကြတော့လဲ သူငယ်ချင်းဆိုလို့ ကိုယ်တစ်ယောက်ထဲရှိတော့

"ဒီလိုလုပ်လေ...အသွားတစ်ယောက်ဆို အပြန်ကျရင် နောက်တစ်​ယောက်နောက်လိုက်မယ် ''

"မ...''

"ချီ...''

လူကို​ပြိုင်တူလာအော်တာခံလိုက်ရတော့ ငါလေးလဲ

"ရား...ချစ်တို့စောင့်နေရတယ်​လေ တော်ပြီနော် အဲ့လိုသတ်မှတ်လိုက်ပြီ ဘယ်သူနဲ့မနက်ပိုင်းလိုက်ရမလဲ ''

"ကိုယ်နဲ့..''

"ကျွန်တော်နဲ့...''

ခုနကဘယ်သူနဲ့ လိုက်မလဲဆိုပြီးလုတယ်..ခုကျမနက်ပိုင်းကိုလု​​ပြန်​ပြီ ဒင်းတို့နော် ငါလေးနှစ်ကောင်လုံးကိုshipလိုက်ရ... ငြင်းနေတဲ့ နှစ်ကောင်လုံးကို စိတ်ပျက်ပျက်နဲ့

"တော်တော့ ဟူး...ငါလေးအလှည့်ကျလိုက်မယ်...ဒီနေ့မနက်ပိုင်း ကလေးနဲ့လိုက်ရင် နောက်နေ့မနက် ဂျက်ဆင်နောက်လိုက်မယ်..''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now