ပေါက်စီပြဿနာ😁

4.7K 386 39
                                    

# Uni

တစ်ပတ်တောင်ရှိပြီ...ကလေးနဲ့မတွေ့ရတာ အိမ်သွားတော့လဲ က​လေးကအခန်းထဲဝင်နေရတာနဲ့ တခါတလေသူငယ်ချင်းအိမ်သွားလိုက်နဲ့ တွေ့ကိုမတွေ့​ဖြစ်တာ

ဒါ​ပေမဲ့ ငါလေးကဘယ်သူလဲ ဒါကြောင့် ဘယ်လိုပဲမတွေ့ချင်တောင် အိမ်ကထွက်ရင်တော့ တွေ့ကိုတွေ့မှာ ဒီနေ့ကကျောင်းစဖွင့်ရက်လေ

ခု ကလေးအိမ်ရှေ့တံခါးနားမှာစောင့်နေရတာပေါ့  အာ..တစ်နာရီလောက်တော့ စောင့်လိုက်ရတယ် ခုချစ်တို့ထွက်လာပြီလေ...

"ချစ်.......''

"အမလေး..လန့်လိုက်တာ..မိချီမ ရောက်တာဘာလို့အိမ်ထဲမဝင်လာတာလဲ ''

"ကလေးက ငါ့ကိုရှောင်နေသလိုပဲ အာ့ကြောင့်စောစောထစောင့်နေတာ ''

"အမက်ို ကျွန်တော်က ရှောင်စရာလိုလို့လား ''

"အာ့ဆို မရှောင်ဘူးပေါ့ ''

"....... ''

"ဒါဆိုကျောင်းတူတူသွားမယ် ''

"သွားစရာလား..ကိုယ့်ဘာသာသွားလေ ''

"ဟာ ကလေးရက်စက်တယ် ချစ် ငါ့ကိုခေါ်မယ်မလားဟင် ငါကbusကားမစီးချင်လို့ဟာ  ချစ်ကားနဲ့ လိုက်ခဲ့မယ်နော် ''

"ပြောစရာလိုလို့လား လိုက်ခဲ့ ''

"မကြီး!!!! "

အဲ့အမနဲ့ခုလိုနီးနီးကပ်ကပ်မနေချင်ပါဘူးဆို ခုကြည့် ကျောင်းသွားဖို့ပြင်ထားတာကိုက.... အလှပြင်ထားတာလဲကြည့်အုံး သူ့ရည်းစား ဟိုကလေးဆိုတဲ့ကောင်နဲ့ တွေ့ဖို့နေမှာပေါ့....

ခုကျမြန်မာဝတ်စုံလေးနဲ့ချစ်စရာလေး ပိန်တဲ့ထဲမပါပေမဲ့ ဝတယ်လို့လဲမဆိုသာ ​အရင်လို ဆံပင်ကငှက်သိုက်မဟုတ်တော့ဘူး သေချာဖြီးပြီး တစ်ဝက်စည်းလေးကိုမှဖဲပြားလေးနဲ့...

ခုလိုကျ မိန်းမပီသချက် အရင်ကအိမ်လာနေကျအမမဟုတ်သလိုဘဲ...

"ချစ်.. ငါမလိုက်တော့ဘူး ရတယ်..ငါ busကားစီးသွားလိုက်တော့မယ် ''

ခုကြည့်မျက်နှာငယ်လေးနဲ့ ခုကျတော့လဲသနားစရာလေး

"ဘယ်သွားဖို့လဲ... ကားပေါ်အမြန်တက် မကြီး ကားထုတ်လေ ကျွန်တော် အိမ်သော့ခတ်လိုက်မယ် ဟိုအမ ဘာကြည့်နေတာလဲ ကားပေါ်တက်လေ ''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now