ရူးများသွားပြီလား

2.7K 245 21
                                    

#Uni

"ခန့်လေး ဘာလို့ Beerမသောက်တာလဲ..''

"ရတယ်...အဲ့တာတွေဖျက်ထားလို့ အခုလဲမသောက်ဘူး...နောက်လဲမသောက်ဘူး..''

"ဟုတ်တယ်..ကလေးမသောက်နဲ့ ကလေးအစား ကိုယ်ပဲသောက်မယ် အဟိ..''

"မ... မသောက်ရပါဘူး...''

"ကလေးကလဲ...မရဘူး သောက်မယ်..''

"မရဘူးနော် မ...''

"အဲ့တာဆိုပြီးရော ယျောင်း...ငါ့ကိုလာမ​ခေါ်နဲ့...''

"မ...ဆိုးနေတာလား..''

"ဘာ မလဲ နင်ကိုမချစ်တော့ဘူး...အလိုလဲမလိုက်ဘဲနဲ့ သွား...''

"မကလည်းဗျာ...ကဲသောက် အများကြီးတော့မရဘူး...နည်းနည်းပဲနော်...''

"ရေး....ဟုတ်ကဲ့. .ချစ်လိုက်တာ...''

"ချစ်ရင် Popoပေး ''

ကလေးအနားကိုကပ်လိုက်ပြီး ပါးလေးကိုနမ်းလိုက်တော့

"ဟာ..ဒါပဲလား...''

"အင်းလေ...''

"မရဘူး... အများကြီးပေးရမယ်..''

"ဟဲ့...တကယ်စိတ်ကုန်တယ်...နင်တို့ မရှက်ဘူးလား...''

ကလေးကိုနမ်းမလို့ ခေါင်းလေးတိုးပြီး နှုတ်ခမ်းဆူထားရင်း ချစ်ဘက်ကိုလှည့်ကြည့်လိုက်တော့ ချစ်က ရိုက်သတ်မဲ့အကြည့်တွေနဲ့ကြည့်နေတာ​​ကြောင့် သွားတွေပေါ်တဲ့အထိရယ်ပြပြီး ခါးကိုပြန်မတ်လိုက်တယ်

"ရွှေလေးကလဲကွာ...သူများတွေချစ်နေတာကို...''

"ဟူး...အကိုကလဲ ဘာဖြစ်နေမှန်းကိုမသိတာ...''

"အာ...ကိုက ရွှေလေးကိုပျော်စေချင်တာ ချီလေးဆိုကြည့်...ငိုချင်ငိုတယ် ရယ်ချင်ရယ်တယ်..ဘာမှမထိန်းချုပ်ထားဘူး..''

"အကိုပဲပြောတယ်လေ...ကလေးမဆန်စမ်းနဲ့ လောကကြီးမှာ အမြင့်ကိုရောက်ဖို့ဆို...ဘာခံစားချက်မှမရှိဘဲ ရင့်ကျက်တဲ့သူကသာ ထိပ်ရောက်မှာဆို...ပျော့ညံ့တဲ့သူက အောက်မှာပဲနေရမယ်လို့ ပြောခဲ့တဲ့သူက အကိုပါ...''

"ရွှေလေး...အဲ့တုန်းကစကားတွေကို မှတ်မိနေတုန်းလား...''

"အင်း....''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now