အသက်ရှည်ဆေး

3.2K 253 19
                                    

#Uni

"မကြီး ကူညီစမ်းပါဟာ..''

"ဘာလို့ ငါ့ကိုအပူလာကပ်နေရတာလဲ...ငါအလုပ်လုပ်နေတယ်..''

"ငါ အဲလစ်ကိုအပြတ်ပြောလိုက်ပြီ ''

ပြောလိုက်တော့ ဖတ်နေတဲ့စာရွက်ကို ချပြီး ဘာဆက်​​​ပြောမလဲ...နားထောင်လာတဲ့မကြီးကို ဖြစ်သမျှပြောပြလိုက်တော့ လက်ခုပ်တီးပြီး မျက်ရည်ကျအောင်​တောင် ရယ်ပါလေရော...ဘာလဲ အဲ့လောက်ရယ်စရာပါလို့လား

"ကျေနပ်လိုက်တယ်ဟယ်... အဲ့တုန်းက ငါရှိနေသင့်တာ အဲ့မိန်းမ ဘယ်လောက်တောင်ရယ်စရာပုံဖြစ်နေလိုက်မလဲ ''

"ရယ်လို့ပြီးရင် မနဲ့ပြေလည်အောင်လုပ်ပေး ''

မကြီးက ရယ်နေရာကနေ ချက်ချင်းတည်သွားပြီး

"ဘာတွေလာပြောနေတာလဲ နင်တို့ကိစ္စနင်တို့ဘာသာရှင်း ''

"လုပ်ပါဟာ... မကြီးကလဲ...''

"တော်ပြီ... ခန့်ထည်ဝါ မောင်လေး ဒီအမက ဝင်ကိုမပါချင်ပါဘူးနော်..''

"မကြီး...''

"ကလေးလိုလာလုပ်မနေနဲ့ နင်ခုပြန်ရင်ပြန် မပြန်ရင် အေးဆေးနေ... မဟုတ်လို့ကတော့ လုံခြုံရေးခေါ်​ပြီးဆွဲထုတ်ခိုင်းရမလား ကြိုက်တာပြော ''

ခုဆို ဘာအလုပ်မှလဲမလုပ်နိုင်သလို မိချီကိုဘယ်လိုချော့ရမလဲသာ ဆိုဖာပေါ်ထိုင်ရင်းတွေးနေတဲ့ မောင်ဖြစ်သူကို မသိမသာခိုးကြည့်ရင်း တိတ်တိတ်လေးသာရယ်​နေမိတယ်...ငါသိတာကြောင့် နင်မိချီကိုပဲ ရွေးမယ်ဆိုတာ

---------------------------------------

"ဒယ်ဒီ...''

ရုံးခန်းထဲ ဘာမပြောညာမပြောဝင်လာတဲ့သမီးဖြစ်သူကိုကြည့်မိ​တော့ သွေးတောင်ဆောင့်တက်သွားသလိုပဲ

မျက်နှာတစ်ခုလုံးလဲရစရာမရှိ...ငိုထားလို့နဲ့ထင်တယ် လိုင်နာမဲမဲကြီးတွေက မျက်ရည်တွေလိုပါးပေါ်မှာ အကြောင်းလိုက်ကြီး... နှုတ်ခမ်းနီတွေကလဲ နှုတ်ခမ်းဘေးနားတွေမှာ ပါပေကျံ​နေ​ပြီး ဆံပင်တွေကလဲပွရှုပ်နေပါလား

ဖိနပ်တစ်ဖက်ကို လက်က ကိုင်ပြီးတောင် ငိုလာတာများ...ခြေထောက်ကိုကြည့်လိုက်တော့ ဖိနပ်ကမပါ..ခုပုံစံက အဲလစ်ရော ဟုတ်ရဲ့လား..

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now