Extra(1)

2.6K 157 24
                                    

#Uni

"Hi ''

"Hi ''

"ဟို ဟိုလေ....Hello ''

ကိတ်မုန့်ဆိုင်လေးမှာ ထိုင်နေတုန်း ကိုယ့်အနား ကောင်လေးတစ်ယောက် လာရပ်တာကြောင့် ​မော့ကြည့်လိုက်တော့ လူကိုလာနှုတ်ဆက်ပြန်ရော။ ကောင်လေးပုံစံကိုကြည့်ရတာ တစ်ခုခုပြောချင်ပေမဲ့ မပြောတတ်လို့ ဗျာများနေပုံလေး။

"ရတယ်... ဘာပြောချင်လို့လဲ ''

"ဟာ...တော်သေးတာပေါ့ ''

"ခုမှလာတာနဲ့တူတယ် ''

"ဟုတ်ကဲ့ဗျ ''

"....''

"ဟိုလေ...ဒီဆိုင်ကကိတ်လေးကို စားချင်လို့ပါဗျ...ဒါပေမဲ့ ထိုင်စရာခုံကလေ အမတစ်ဝိုင်းပဲအားတာဆိုတော့လေ ''

ကောင်လေးပြောမှ တခြားဝိုင်းတွေကိုကြည့်လိုက်မိတော့ ဟုတ်သား။ အကုန်လူပြည့်နေ​ပြီ။ လာတုန်းက ကလေးနဲ့ဆိုပေမဲ့ အခုကလေးကအလုပ်ကိစ္စပေါ်လာလို့ ထွက်သွားပြီ။ အပြန်ကျ ဝင်ခေါ်မယ်လို့ ပြောထားတာကြောင့်

"ရတယ်လေ...ထိုင်ပေါ့ ''

"ကျေးဇူးတင်ပါတယ်ဗျ ''

"မလိုပါဘူး...ကိုယ့်လူမျိုးအချင်းချင်းပဲဟာ ''

ကောင်လေးကဝိတ်တာလေးကို လှမ်းခေါ်ပြီး  ချောကလက်ကိတ်မှာလိုက်သလို ကိုယ့်ဘက်လှည့်ကြည့်ရင်း

"ဒီကအမရော ဘာစားအုံးမလဲဗျ...ကျွန်တော်ဝယ်ကျွေးချင်လို့ပါ ''

"အို...ရပါတယ် အမကဗိုက်တင်းနေပြီ... မင်းဘာသာစားပါ ''

အဲ့လိုနဲ့ကိတ်မုန့်လာချပေးတော့ ကောင်လေးကကိတ်မုန့်လေးကို ဓာတ်ပုံရိုက်နေပြန်ပြီ။  စာပို့နေပြီးမှ ကိုယ့်ကိုလှမ်းကြည့်ပြီး ပြုံးပြလာတာကြောင့်

"ကိတ်မုန့်လေးစားရတော့မယ်ဆိုတော့ ပျော်နေတာပေါ့...လှမ်းတောင်ကြွားနေသေး ''

"ဟုတ်...မေမေကဒီကိုရောက်ရင် ဒီဆိုင်ကကိတ်​လေးကို စားကြည့်ဆိုလို့ အဲ့တာလာစားကြောင်း စာပို့နေတာ ''

"Oh...သားလိမ်မာလေးပါလား ''

"ဟီး...အမပြောလဲ ခံရမှာပဲ...အဲ့လိုဖြစ်သွားတယ် ''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now