အလုပ်ခေါ်ခြင်း

2.8K 259 9
                                    

#Uni

"ဂျက်ဆင်..''

ဂျက်ဆင်က လူကိုမြင်တော့ ရယ်ပြတယ်..မရယ်နိုင်တာက ကိုယ်ပါ ဘာလို့လဲ...နောက်ဟိုမိန်းမနဲ့ဘာလို့ပါလာတာလဲ

အဲ့ဦးလေးနဲ့ဂျက်ဆင်ကရော...ဘာတွေလဲဟ

"သမီးနဲ့သားရောနေကောင်းတယ်မလား..''

"ဟုတ်..အန်ကယ် ''

ချစ်က ဖြေပေမဲ့ ခန့်ကတော့ ပြုံးပြပြီးသာ ခေါင်းငြိမ့်ပြတယ်..ဟိုမိန်းမကတော့ ခန့်ကိုကြည့်နေပြီး ပြုံးပြနေလိုက်တာများ...နေစမ်းပါအုံး..ဘောမလို့ ကလေးကို အဲ့လောက်ပြုံးပြနေရလား...

"အမ​​လေး ဟဲ့ ကမရေ...အဲ့တာငါ့လင် ငါ့လင်ဟဲ့''

ဆ်ိုပြီး (မြင့်မြတ်ရဲ့အခြောက်မ လေသံ)
ပါးတောင်သွားချပစ်ချင်တာအတည်

"သမီးက ချီချီမလား...''

တွေးနေတုန်း အဲ့ဦးလေးကပြောလာ​တော့ အတွေးတွေရပ်လိုက်ပြီး

"အာ...ဟုတ် ဟုတ်ကဲ့...''

"ဦးက ဒေးဗစ်...နာမည်အပြည့်စုံက ရိုနာဒေးဗစ်..''

အဲ့ဦးလေးက ပြုံးသာပြုံးနေပေမဲ့ သူ့အကြည့်နဲ့ ပြောဆိုပုံက အထက်စီးဆန်သလိုလို...သြဇာ အာဏာတွေရှိတဲ့ပုံက အရမ်းသိသာစေတယ်

"ဒါက ဦးသမီး ရိုနာအဲလစ်...ဦးရဲ့စီးပွားရေးတော်တော်များများကို သူပဲဦးဆောင်နေရတာလေ..''

လူကိုများ မတူမတန်သလိုနဲ့ကြည့်လာတာ...ခုနက ကလေးကိုကျ ပြုံး​ပြနေတာ သူမဟုတ်တဲ့အတိုင်းပဲ ဂါးး...ငါနော်...

"သားကိုတော့သိတယ်မလား..''

"ရှင်....''

သား...သားဆိုတော့ သောက်ကျိုးနည်း ဟိုမိန်းမက ဒါဆို ဂျက်.... ဂျက်ဆင်ရဲ့အစ်မပေါ့

" ရိုနာဂျက်ဆင်တဲ့...ဘာလဲ သမီးတို့က သူငယ်ချင်းတွေမဟုတ်ဘူးလား..''

ဂျက်ဆင်ကိုအဲ့ဦးလေးက မယုံသလို...နှိမ်သလို ကြည့်ပြီး

"သားကတော့ သူငယ်ချင်းရှိတယ်ဆိုပြီး ခုတလောပျော်နေတယ် လို့ထင်ခဲ့တာ...ဟုတ်သား...အလုပ်အကိုင် အတည်တကျမရှိတဲ့သူကို ဘယ်သူက အပေါင်းအသင်းလုပ်ပါ့မလဲ..''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now