​နောက်ကျသွားတဲ့နောင်တ

3.8K 224 22
                                    

#Uni

ထမင်းစားခန်းမှာ မကြီးနဲ့ ကိုမိုယံက မနက်စာစားနေသတဲ့လား...မဖြစ်ဘူး မဖြစ်ဘူး...imageတော့ အပျက်ခံလို့မရ...ကိုယ်အစားခံရတယ်ဆိုတာသာ သိရင် နှစ်ယောက်သား ဝိုင်းဟားကြမှာမလား

ငိုမဲ့ငိုမဲ့ရုပ်လေးနဲ့ အားတင်းရင်း ပေါင်နှစ်ဖက်ကို စိလိုက်တော့ အောင့်တက်လာတဲ့နာကျင်မှုတွေကို မသိဟန်ပြုပြီး ခါးကိုမတ်လိုက်ရင်း ဖြေးဖြေးလေး လမ်းလျှောက်လိုက်တော့

ခြေတစ်လှမ်းလှမ်းတိုင်း တဆစ်ဆစ်နာလိုက်တာများ...ဗိုက်တောင်အောင့်ချင်လာသလိုလို...အတွင်းသားတွေကလဲ မရဲ့လက်သည်းတွေနဲ့ခြစ်မိပြီး ယောင်နေလောက်ပြီ...ကိုယ့်ကိုမြင်တော့ မကြီးကနေ..

"ခန့် လာလေ...နင်ဒီနေ့ နောက်ကျတယ်နော်..''

ပြောတော့ အစာစားနေတဲ့ကိုမိုးယံကနေ ပြုံးဖြီးဖြီးနဲ့ မကြီးကိုလှမ်းပြီး

"နောက်ကျဆို ညီက...''

"ကိုမိုးယံ...''

မျက်လုံးပြူးမျက်ဆံပြူးပြမှ မျက်နှာပိုးသတ်လိုက်ပြီး

"ညက မပြီးသေးတဲ့အလုပ်တွေ စာရင်းတွေ စစ်နေလို့နဲ့တူတယ်..''

"အာ..ဟုတ်တယ် ဟုတ်တယ်...အား...တစ်ကိုယ်လုံးကိုက်ခဲနေတာပဲ တစ်ညလုံး စစ်ထားရတော့..''

လက်နှစ်ဖက်မြှောက်ပြီး အကြောဆန့်မလိုလုပ်တော့ ခါးအောက်ပိုင်းကနာလာတာကြောင့် မျက်နှာလေးမဲ့လိုက်တာကို

ကိုမိုးယံက မြင်သွားပုံပဲ မကြီးကတော့ ကျောပေးထါးတာမို့ မမြင်လို့ကံကောင်း မဟုတ်ရင် အမှုစစ်သလို အစစ်ခံရမှာ...

မီးဖိုချောင် ဗီဒိုထဲကနေ ဆေးသေတ္တာကိုဖွင့်ပြီး အနာကျက်ဆေးကိုမသိမသာယူရင်း အောက်ထပ်မှာရှိတဲ့ကိုယ့်အခန်းကိုဝင်မလို လုပ်တုန်း

"ဟဲ့ နေပါအုံး... နည်းနည်းဖြစ်ဖြစ် စားအုံး..''

မစားမချင်း ရစ်နေမှာမို့...ပေါင်မုန့်ကြက်ဥကြော်တစ်ချပ်ကို ပါးစပ်ထဲအပြည့်ထည့်လိုက်ရင်း ဝါးနေတုန်း

"ညီ...မင်းကြည့်ရတာ ပင်ပန်းနေပုံပဲ ဒီတစ်ရက်တော့ နားလိုက်လေ...လိုမှ ကိုယ်ဖုန်းဆက်ပြီး ခေါ်မယ်...''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now