တစ်ရက်စာ ပုံပြင်😁

4.1K 394 26
                                    

#Uni

ဘာလိုလိုနဲ့ကျွန်တော်နဲ့မကြီးတောင် မြန်မာပြည်ပြန်လာရပြီး ပြောရရင် ဖေဖေတို့ပေါ့...ကျောင်းမတက်ခင် လာလည်ပါဆိုလို့ မမနဲ့ကျွန်တော်ဖေဖေတို့ဆီ​ခနပြန်သွားရတယ်...​ပျော်လားဆို ပျော်တယ်ပဲပြောရမယ်..ပြန်သွားတော့လဲသိပ်တော့ထူးထူးခြားခြားမခံစားရပါဘူး...တစ်ခုပဲ..ဟိုအမကိုသတိရမိသား..မကြီးနဲ့တော့စကားပြောဖြစ်ပုံရတယ်

အပိုပြောတာမဟုတ်ဘူး..အဲ့အမအသံကဖုန်းထဲမှာမို့လို့သာပေါ့...မကြီးရဲ့ဘေးအခန်းမှာနေတဲ့ကျွန်တော်တောင် တခါတလေအိပ်နေတုန်း သူ့ရယ်သံကြားပြီးလန့်နိုးဖူးတယ် တခါတလေ စကားပြောသံက အကျယ်ကြီး အာပြဲကြီးနဲ့ငိုတာကပါသေး

တကယ် မကြီးမလို့သာ သူ့ပြောသမျှနားထောင်နိုင်တယ် တစ်ခါပြောရင်၂နာရီလောက် မသိရင်လုံးဝခွဲနေရတဲ့သူ​တွေများလားလို့ အထင်မှားစရာရယ်

ခုတော့...ပြန်လာပြီလေ မကြီးကလဲပျော်နေရော မေမေတို့နဲ့ကအရင်ထဲကခွဲနေကြဆိုတော့ ဝမ်းနည်းသလိုမခံစားရပါဘူး

လေဆိပ်ကထွက်လာတုန်းရှိသေး ကလေးဆိုပြီးအဖက်ခံလိုက်ရသေး

"မိချီမ နင့်သူငယ်ချင်းက ငါနော်''

"အာ ချစ်ကဖုန်းပြောဖြစ်တယ်လေ ကလေးကျ မတွေ့တာကြာပြီကို..''

ပြောပြီးမကြီးကိုသွားဖက်ပါလေရော..တကယ့်ဟာ တော်သေးအိမ်နေရင်းဝတ်စုံနဲ့မလာလို့ အမဲရောင်လက်ရှည်လေးကို ဂျင်းဘောင်းဘီနဲ့တွဲဝတ်ထားတာ မဆိုးပါဘူး ကြည့်ကောင်းသား

နောက်ကျ မကြီးကိုလက်ဆွဲပြီးရှေ့ကသွားလေရဲ့....

တကယ်ပါဗျာ..အဲ့အမ မမောဘူးလားမသိဘူး လေဆိပ်ထဲကပြောတဲ့စကားအိမ်ရောက်လိို့ တော်တော်ကြာတဲ့အထိကိုပြောလို့မပြီးနိုင်သေးဘူး

"မိချီ နင်မမောဘူးလား ငါနားမခံနိုင်တော့ဘူး
ပြောချင်ရင် သွား ...ငါ့မောင်ကိုသွားပြော ငါရေချိုးအုံးမယ်''

ဟာ...ကျွန်တော့်ဆီလှမ်းကြည့်ပြီး လာနေပြီရယ် တကယ်ပါ မကြီးရယ် ဒီမောင်လေးကို တော်တော်စိတ်ချလက်ချ ထားခဲ့ရလား

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now