ကျွန်တော်..ukeမဟုတ်ပါဘူး

7.7K 590 61
                                    

# Uni

ပြောရရင် ကျွန်တော်ဘဝကသူနဲ့မတွေ့ခင်ကအထိ အေးဆေးပြီးသာသာယာယာပါပဲ...ဟုတ်ကဲ့... တွေ့ဆုံခြင်းကလှပပေမဲ့ နောက်ပ်ိုင်းကတော့..

ကျွန်တော်အတွက် ရင်ထိတ်နေရတာမျိုး ဘာလို့ရင်ထိတ်တာလဲမေးချင်တယ်မလား...ဟုတ်ကဲ့

ယောကျားစစ်စစ်ဖြစ်တဲ့ကျွန်တော့ကို လင်ပေးစါးမလို့ကြံနေတတ်တဲ့ ကျွန်တော်ချစ်ရတဲ့သူမကြောင့်ပါပဲ

မနဲ့ ...မတွေ့ခင်ကထိကျွန်တော်က ကျောင်းမှာkingဗျ..မိန်းကလေးဆန်တဲ့ပုံပေါက်ပေမဲ့ အရပ်ကရှည်ပါတယ်၅ပေ၈လေ..အဲ့လောက်ဆို ပုတဲ့ထဲမှမပါတာ..အသားကဖြူဖွေးနေတာပဲ..ကဲကြည့်..မဒီတွေအကြိုက်ပေါ့ဗျာ

မနဲ့ကျွန်တော်ဘယ်လိုတွေ့တာလဲရောသိချင်ကြလားဗျ အဖြစ်ကဒီလို...

ကျွန်တော့်မှာ အမတစ်ယောက်ရှိတယ်ဗျ..သူ့နာမည်ကရွှေစင်တဲ့....ပြသနာရဲ့အစက ပြောရရင် ကျွန်တော့အမကိုအပြစ်ပုံချရမယ်

တစ်နေ့ကျ သူ့သူငယ်ချင်းတစ်ယောက်ကိုအိမ်လာလည်ဖို့ခေါ်ထားတယ်တဲ့ဗျ....ဒါ​ပေမဲ့သူကတစ်ခုခုပြောချင်သလိုလို စိတ်မချသလိုနဲ့လုပ်နေလို့

"မကြီး..နင်ဘာဖြစ်နေတာလဲ..''

" ဟိုလေ နင်ငါ့သူငယ်ချင်းလာရင် အခန်းထဲကမထွက်လာပါနဲ့လား ''

"ဘာလို့လဲ...ဘာလဲ..မ​ကြီးသူငယ်ချင်း ကျွန်​​တော့ကိုကြိုက်သွားမှာစိုးလို့လား ''

ဟုတ်ပါတယ်လေ..မကြီးငယ်ချင်းတော်တော်များများကချစ်စရာလေးဆိုပြီး ဝိုင်းချစ်ကြတာကို...တချို့ဆို ကြိုက်တယ်ဘာညာနဲ့
ဘယ်တတ်နိုင်မလဲအရမ်းချောနေတော့

"ဟိုကမကြိုက်ဘဲ..လင်ပေးစါးနေမှဖြင့် ''

" ဘာပြောလိုက်တယ် ''

ဟုတ်တယ်..ဘာပြောလိုက်လဲ..သေချာမှမကြားတာ..နောက်ကိုယ့်ဘာသာတွေးပြီးဘဝင်မြင့်နေတော့  မကြီးပြောတာမကြားဘူးရယ်

" မိရွှေမရေ....ငါရောက်ပြီ..တံခါးလာဖွင့်ဟ ''

အိမ်ရှေ့ကနေ ၇အိမ်ကြား၈အိမ်ကြားလောက်တဲ့အသံနဲ့အော်သံကြားရတော့ မ​ကြီးက လန့်သွားပုံပဲ နောက် ကိုယ့်ဘက်လှည့်ပြီး

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now