သူက ချီရဲ့သား😁

3.9K 374 14
                                    

#Uni

ရှင်းသန့် ဟိုကောင်လေးကိုလှည့်ကြည့်ပြီး

"ဒီမှာ ညီ ချီချီကိုလာရှာတာမလား သူခုနက ကိုယ်တို့နဲ့တွေ့သွားသေးတယ် နောက်တော့ အပြင်ကိုထွက်သွားတယ် သိချင်ရင် သူ့ကိုသွားမေး..''

ကိုယ်ပြောတာလဲကြားရော ပြေးသွားတာများ
ဒီကလေးက ချီချီကိုအရမ်းခင်ပုံပဲ...နောက်ရိုးရောရိုးရဲ့လား

ဟိုလူကြီးကိုကြည့်တော့ ဒေါသကလဲထွက်သလို ကိုယ်ကဒေါသထွက်နေလို့သာ မပြောဘဲ ​ငြိမ်​​နေတာ ဘာမှမသိဘဲ သဝန်တိုတတ်တဲ့ ဒင်းကိုပညာပေးရမယ်

"ဟေ့ရောင် မင်းခန့် ''

"ရှင်းကလဲ ကိုယ်မှမသိတာ ချစ်လို့သဝန်တိုတာလေ ''

"လိပဲ ဟိုကောင်လေးက ဘာမှမသိလို့ပြောတာပေမဲ့ မင်းကတော့ အဲ့လိုမဟုတ်ဘူး မင်းခုလိုတွေးတာက ငါနဲ့မားချီကိုစော်ကားလိုက်သလိုပဲလေ ''

"ရုတ်တရက်ဆိုတော့...''

"တိတ် မင်း ငါ့အခန်း တစ်ပတ်လောက်မလာနဲ့ မင်းလာတာမြင်ရင် ငါကောင်မလေးတွေနဲ့ထပ်ရှုပ်ပစ်မှာနော် ''

အရှေ့ကထွက်သွားတဲ့ကောင်လေးကို အနောက်ကကောင်လေးကလိုက်ချော့ရသလို
ကောင်မလေးတစ်ယောက်ကိုလဲ ရှာနေတဲ့
ကောင်လေးတစ်ယောက်ရှိတယ်

စိတ်ညစ်ပါတယ် အဲ့အမကိုရှာတာမတွေ့ဘူး
ဘယ်မှာပါလိမ့် မေဂျာနှစ်ခုကြားက တခြားကန်တင်းကိုသွားတဲ့လမ်းကြားလေးကို ကြည့်မိတော့ တွေ့ပါပြီ

ဒါ​ပေမဲ့ ဒူးတုပ်ထိုင်ပြီး ငိုနေတယ် အင်းပေါ့ ခံစားရမှာပေါ့ အနားသွားပြီး သူ့နားထိုင်လိုက်တော့ လူကိုလှမ်းကြည့်ပြီး ဆက်ငိုပါလေရော အသံကပီုကျယ်လာသလားလို့

တော်သေးတယ် ခုကအတန်းချိန်ဆိုတော့ လူမများဘူး နည်းနည်းဝေးဝေးမှာတော့ အတွဲတစ်တွဲရှိတယ်

"အရမ်း ဝမ်းမနည်းပါနဲ့ ''

"ဟင့်အင်း ငိုမှာပဲ ငါလေးကတော့ ချစ်လိုက်ရတာ ကျောင်းလာခံနီးတိုင်း သူ့အတွက် မုန့်လေးတွေ ယူလာရ ဝယ်လာရနဲ့ ခုတော့ ''

"ထားလိုက်တော့ အဲ့လိုဟာတွေကအမအချစ်နဲ့မတန်ဘူး ''

"ဟုတ်တယ် လူယုတ်မာ အဲ့မဟုတ်ဘူး အယုတ်တမာကောင် ငါ့အချစ်တုံးလေးကို လုစားသွားတယ် ''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now