လူရော..ဟုတ်ရဲ့လား

3.2K 301 4
                                    

# Uni

ခုတော့ ကလေးရဲ့မိဘနှစ်ယောက်လုံးရော..ဟိုရုပ်ချောတဲ့ဦးလေးနဲ့ကိုမိုးယံဆိုတဲ့အကိုကပါ ကားနဲ့ထွက်သွားကြပြီ

"ဟို...''

အားပေးစကားပြောချင်ပေမဲ့ ခုချိန်ငြိမ်ငြိမ်လေးနေသင့်တယ်ထင်လို့  ဆိုဖာမှာသာတိတ်တိတ်လေးထိုင်နေလိုက်တယ်

ခုတော့ ချစ်ကအရမ်းအေးပြီး တစ်ခါတလေ ကိုယ့်မိသားစုအ​​ကြောင်းပြောတိုင်း နားထောင်ပြီးပြုံးနေတာကို နားလည်လာသလိုပဲ

ခုကြည့်လေ...တစ်နှစ်လောက်မတွေ့ရတာတောင် ပြန်လာတော့ ကြိုဆိုပါတယ်လို့သာ​​ပြောပြီး ဆိုဖာပေါ်ထိုင်​ကြတယ်...စကားတောင်၁၀ခွန်းမပြည့်ခင် သူတို့ကထွက်သွားကြပြီ

ချစ်တို့ချမ်းသာပေမဲ့ မိသားစုကတော့ မနွေးထွေးကျသလို သူစိမ်းဆန်လိုက်တာနော်
ခုချစ်နဲ့ကလေးကိုကြည့်တော့ အအေးခွက်ကိုင်​​ပြီး ကြည့်လိုက်သောက်လိုက်နဲ့

တစ်ခုခုတွေးနေမှာ​ပေါ့​လေ စိတ်မကောင်းဖြစ်နေတာနဲ့တူတယ်...ငါ​လေးလဲစိတ်မကောင်းဖြစ်မိသား...ငါလေးတို့ကအရမ်းမချမ်းသာပေမဲ့ ပါပါးရော..မာမားကပါ အရမ်းချစ်ပြီး အလိုလိုက်​ပေးကြတယ်လေ

အနောက်နဲ့ ဘေးကိုလှည့်ကြည့်တော့ အိမ်ဖော်တွေမရှိကျ​တော့ဘူး...သေချာပတ်ဝန်းကျင်ကိုကြည့်ပြီးမှ

"ချစ်...ငါက ကလေးအခန်းနားမှာနေမယ်နော်...''

ပြောပြီး  ကလေးအနားသွားထိုင်ပြီး လက်​​လေးကိုကိုင်လိုက်တော့ ကြောင်ကြည့်နေတဲ့ကလေး

"ကလေး..ညကျလို့ရှိရင်လေ..အိပ်မပျော်ရင်ကလေးအခန်းထဲလာခဲ့မယ်နော်...''

ကလေးကအံ့သြပြီး ကြောင်ကြည့်နေတုန်း ဟုတ်တယ်လေ..အခုလိုတိတ်နေတာထက်စာရင် ချစ်အဆူခံလိုက်ရတာမှ နေသာအုံးမယ်

"မိချီမ.... ရွနေလား..ဟိုအကောင် နင်ကရော ဘာတွေတွေးနေတာလဲ...ပါးတွေရော...နားတွေပါရဲနေပြီ..''

"ဘာ..ဘာမှ မတွေးပါဘူး...ပူလို့​နေမှာပါ ''

ဟုတ်သား ကလေးကိုကြည့်တော့ပါး​လေး​တွေကနီရဲနေရော....ချစ်စရာကြီး

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now