အဲ့လူက..မိန်းမကျနေတာပဲ😒

4.1K 377 16
                                    

#Uni

ရှက်လိုက်တာဗျာ..ဟုတ်သား ဘာမှမမှာရသေးဘူးကို အဲ့အမကြောင့် မနက်ထဲကအကျိုးကိုမပေးတါ ကိုယ့်မှာသူ့ပေါက်စီကိုင်မိလို့အားနာသလိုလိုရှက်သလိုလို ဖြစ်နေတာတောင်...

သူကတော့ ဟိုကြည့်ဒီကြည့်နဲ့ ကောင်လေးချောချောမြင်တာနဲ့လိုက်ငမ်းကြည့်နေ​​သေး ကန်တင်းရောက်တော့လဲ သူ့အနားမထိုင်ချင်လို့ တခြားဘက်ထိုင်ကာမှ မျက်နှာချင်းဆိုင်ခုံမှာထိုင်ပြီး

ပြောလိုက်တဲ့စကားဆိုတာ အဲ့အမကတကယ်ဟိုကိစ္စကိုမေ့သွားပြီလား ကျွန်တော်မှာသာရှက်ပြီး သူ့မျက်နှာ​တောင်မကြည့်ရဲ

​ပြီး​တော့သိပ်မကြာဘူး အဲ့အမရည်းစားဆီက ဖုန်းလာပြန်ပြီ...Fbသာသုံးနေတာ နားတော့ထောင်မိသား ...အမလေးချစ်နေလိုက်တာများ ခုကြည့် ရည်းစားနဲ့လျှောက်လည်အုံးမယ်တဲ့...

ဘာလို့မှန်းမသိဘူး..ဒေါသထွက်လာတာမို့ ဆိုင်ရှင် ဦးလေးကြီးကိုအော်လိုက်တာ မဟာအမှား...ဆိုင်ရှင်ဦးလေးရော..ဝိတ်တာရော...ဟိုအမနဲ့ မကြီးပါ..လူကိုအံ့​သြသလိုကြည့်နေကြပြီး...

"ဟို..အကိုလေးတို့ ..မမှာရသေးဘူးထင်နေတာ..ဘာမှာထားတာလဲဗျ.''

ဝိတ်တာလေးကအမြန်ပြေးလာပြီးမေးလာတော့...

"တရုတ်ထမင်းကြော်ရယ်..Max+ လိုက်ချီးရယ် မကြီး ဘာမှာမလဲ ''

ရုပ်တည်နဲ့ပြောလိုက်တယ် အမှန်က တကယ်ထပြေးချင်တာဗျာ..

"အာ့ဆိုသွားပြီနော်...ကလေး..ချစ်..bye bye ''

မသိချင်ယောင်ဆောင်ပစ်လိုက်တယ်..မကြီးကတစ်ခုခုပြောချင်နေပုံပဲ ခန​နေ​တော့ထမင်းကြော် လာချပေးလို့ ကောက်စားရုံရှိသေး

"ဟဲ့ နင် မိချီမကို ကြိုက်နေတာလား ''

"ဖူးးးးးးးအဟွန့် အဟွတ် ''

သွားပြီ...မကြီးပြောတာကြားပြီး ထမင်းကြော်သီးလို့ ပါးစပ်ထဲကဝါးလက်စထမင်း​ကြော်​တွေပြန်ထွက်လာတော့ ရှေ့က အအေးလာပို့တဲ့ ဝိတ်တာလေးကိုစင်ကုန်ရော သောက်ကျိုးနည်း

"ဟားးးးးးး''
"ဟားးးးးးး''
"ဟဲ့..ဟိုဝိတ်တာနဲ့ဟိုလူကိုကြည့်...''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now