ငါမသေဘူး ရေကူးတတ်တယ်

3.7K 250 33
                                    

#Uni

အခန်းထဲဝင်လာတော့ ကုတင်ပေါ်မှာ ​​မှောက်ရက်လေးလှဲနေတဲ့ မ...ခါးအောက်ပိုင်းကစပြီး စောင်ခြုံထားပေမဲ့ အပေါ်ပိုင်းက ဘာမှမဝတ်ထားတော့...

ကြည့်လိုက်ရင်တောင် မရဲ့ဒဏ်ရာတွေက နီရဲနေပြီး တချို့အနာတွေကယောင်နေတာများ...အဝေးကမြင်ရတာတောင် မြင်မကောင်း...

"ချစ် လာပြီလား...ငါဗိုက်ဆာနေတာ ဆန်ပြုတ်တော့မတိုက်ပါနဲ့လား...အန်ချင်လာရော အဲ့အနံ့ကြီးကိုက..''

" မ...မသောက်ချင်ရင် တခြားဟာလုပ်ပေးရမလား..''

အနားသွားထိုင်လိုက်တော့... မကြီးအထင်နဲ့ ပြောလာတဲ့မကို စကား​ပြန်ပြောမိတော့ ခေါင်းထောင်လာပြီး ကိုယ့်ဘက်လှည့်ကြည့်လာလို့ ကိုယ်ကသာ ပြုံးပြပေမဲ့ မကတော့

"လိလား...သေနာကောင် ထွက်သွားစမ်း... နင့်မျက်နှာတောင်မမြင်ချင်ဘူး...ငုံးသား...သွား...ထွက်သွား...''

"မ...မ စိတ်ထိန်းပါအုံး...တောင်းပန်ပါတယ်..''

မက လှဲနေရင်း သူ့လက်လေးနဲ့ ကိုယ့်ကိုမမှီမကန်းလိုက်ရိုက်နေလို့ မလက်ကလေးကိုကိုင်လိုက်တော့ သူ့လက်ကိုင်ထားတဲ့ကိုယ့်လက်ကို သူ့ပါးစပ်နားကပ်လိုက်ပြီး သေအောင်ကိုက်ပါလေရော...

"အားးးးးအာ့...မ... နာတယ်...''

ပြောတာတောင် မကမလွှတ်ပေးဘဲ ကိုက်နေတာဗျာ...ဘယ်လောက်ကိုက်လဲဆို သွေးတောင်ထွက်လာပြီ

"မ ရပ်...ရပ်တော့ အား...လက်ကသွေးထွက်နေပြီ..''

ပြောတာတောင် ဆက်ကိုက်နေတဲ့မကို အပြစ်မတင်ရက်... ကိုယ့်လိုယောကျားသားတောင် ခုလိုကိုက်တာလေးကိုနာနေတာ...ညတုန်းက မ ဆိုဘယ်လောက်နာလိုက်မလဲ... ဘယ်လောက်ကြောက်နေရှာမလဲ ဆိုပြီး မအပေါ်အားနာလာသလိုဖြစ်မိတော့

"ကိုက်ဗျာ...လက်ပြတ်သွားအောင်ကိုက်လဲရတယ် တောင်းပန်ပါတယ်...ကြိုက်သလောက်ကိုက်နော်...မ ချစ်တယ်...မကိုအရမ်းချစ်တယ်...နောက်တောင်းပန်ပါတယ်..''

အစကတော့ အသားပဲ့ထွက်အောင်ကိုက်မယ်တွေးပေမဲ့ ကလေးပြောတဲ့စကားတွေကြားတော့ စိတ်ကနည်းနည်း သိပ်မတိုတော့ဘူး

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now