ပြောင်းလဲသွားချိန်

3K 215 23
                                    

#Uni

"ဟယ်လို....''

"ဟယ်လို...မရွှေစင်လား...ချီချီ ရှိလားဟင်..သူ့ကိုဖုန်းခေါ်ပေမဲ့ မကိုင်လို့ပါ..''

"ဘာကိစ္စရှိလို့လဲ...''

ဘေးကိုကြည့်လိုက်တော့ မိချီမကို ခန့်က ခေါက်ဆွဲခွန့်နေရင်း

"ကိုလေချိုသွေး...''

ကိုယ်လဲပြောလိုက်ရော...ခန့်က ခွန့်နေရင်းကနေ ဆက်မခွန့်နိုင်ဘဲ ကိုယ့်ဖုန်းကို မျက်မှောင်ကြုံးရင်း ​ကြည့်​နေသလို မိချီကလဲ ပါးစပ်ကြီး ဟရင်း ကိုယ့်ကိုလာကြည့်တယ်...

"မိချီ နင့်ကိုပြောစရာရှိလို့တဲ့...''

"အရမ်းအရေးကြီးတယ်လို့လဲ ပြောပေးပါ...မရွှေစင်..''

"သူ့ ကြည့်ရတာ တကယ် အခက်အခဲတစ်ခုခုဖြစ်နေပုံပဲ မိချီ..''

မကြီးက ဖုန်းလှမ်းပေးလို့ မက ယူမလိုလုပ်​နေတုန်း...

"မကိုင်နဲ့ မ....''

"ကလေး...ဝင်မပါနဲ့.... ''

"မ.....''

"ဟယ်လို ဆရာ ချီပါ....''

"....''

"ဘယ်လို...ခနနော် ချီလာခဲ့မယ် အခု...အင်း...စိတ်ကို ထိန်းနော် ချီအခုလာပြီ...''

ဖုန်းကိုချလိုက်ပြီး ထရပ်လိုက်တဲ့ မကိုလက်ကဆွဲထားရင်း..

"ဘယ်သွားမလို့လဲ...အဲ့လူဆီသွားမယ်လို့တော့ မပြောနဲ့နော်...''

"ကလေး....''

"မသွားရဘူး...''

"ကလေး...ဆရာ့အမေ အခု အရေးပေါ်အခန်းမှာ...ဆရာ့ငယ်ချင်းကလဲ ခရီးသွားတာပြန်မလာသေးတော့ ဆရာတစ်ယောက်ထဲ...''

"ဘာဖြစ်လဲ...သူက ကလေးမှမဟုတ်တော့တာ...''

"ကလေး ဘယ်လိုပြောရက်ရတာလဲ...တွေးကြည့်အုံး သူ့အမေ အရေးပေါ် ဖြစ်နေတာလေ...ကလေး တားရင် ကလေးကို စိတ်ဆိုးမှာနော်..''

မက လက်ကို အတင်းဖြုတ်ပြီး တံခါးဝနားသွားနေတာကြောင့်

"ခု ချက်ချင်း ရပ်လိုက်...မ..''

"ကလေး....''

ကလေးက မတ်တပ်ထရပ်လိုက်ပြီး

"ဘာနဲ့သွားမလို့လဲ...ကျွန်တော်လိုက်ပို့မယ်..''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now