သေပြီသာမှတ်

6.3K 289 15
                                    

#Uni

မျက်လုံးကိုဖွင့်လိုက်ပြီး နာရီကိုကြည့်တော့ ၇နာရီတဲ့...ငါအိပ်ပျော်သွားတာပါလား ခန့်နဲ့မိချီတို့အကြောင်းတွေးရင်း ခနမျက်လုံးမှိတ်ပြီး လှဲနေတာ အိပ်ပျော်သွားတယ်ရယ်

သင်တန်းချိန်ကရော ဘယ်သူမှလာမနိုးကြပါလား...ရေဆာလာသလိုဖြစ်လို့ အောက်ထပ်ဆင်းပြီး မီးဖိုချောင်ထဲကိုဝင်လိုက်တယ်

ရေသောက်​​ပြီးလို့...ရေဗူးကို ပြန်ထည့်ရင်း ဘေးကိုကြည့်တော့ အစေခံတွေ တစ်ယောက်မှ မတွေ့ပါလား...နောက်ဆရာတွေ​ရောမလာကျဘူးလား...ခန့်တို့မိချီတို့ကရောဘယ်မှာလဲ

အတွေးတွေနဲ့ အိမ်ရှေ့ထွက်လာတုန်း...

"အမလေး...''

ဘာလဲဟ...ဆိုဖာအောက်မှာ အဝတ်တွေကပြဲနေပြီး ဟိုတစ်ခုဒီတစ်ခု...နောက်ပိုဆိုးတာ ခန့်နဲ့မီချီမက ထပ်ရက်ကြီးအိပ်နေတယ်...နှစ်ယောက်သား အတွင်းခံတွေနဲ့...

"ဟဲ့....''

အသက်ကိုဝအောင်ရှူပြီး အော်လိုက်တော့ ဟိုနှစ်ကောင်က လန့်ပြီးနိုးလာ​ပါပြီ... ဒါပေမဲ့တစ်ယောက်နဲ့တစ်ယောက်ကြည့်နေရင်း

မီချီမက အရင်လန့်ပြီး ခွထိုင်ထားရာက​နေထဆင်းတာ ချော်လဲပါ​လေ​ရော... ခုဆို ဆိုဖာပေါ်က ခွေးကျဝက်ကျ ပြုတ်ကျရာကနေ သူ့ကိုအော်တဲ့ဘက်ကိုလှည့်အကြည့်

ခန့်ကလဲ မီချီကိုကြည့်နေရာကနေ သူအရှေ့က ကိုယ့်ကိုမြင်တော့...

"အားးး!!!! "

နှစ်ကောင်သား သေမလို့အော်နေရလား...
စီးထားတဲ့အိမ်နေရင်း ဖိနပ်နှစ်ဖက်ကိုချွတ်လိုက်ပြီး အော်နေတဲ့နှစ်ကောင်ကို တစ်ယောက်တစ်ဖက်စီပစ်ပေါက်လိုက်တယ်

"သေမလို့အော်နေတာလား..ရပ်စမ်း..''

ပြောမှ အော်တာကို​ရပ်ပြီး နှစ်ကောင်သား ထပြေးမလိုလုပ်တာကြောင့်

"ရပ်နေ...ဘယ်မှမပြေးနဲ့..''

"ဟို..ချစ်..ငါ..အဲ ''

"တိတ်..နင့်ကိုယ်နင်ကြည့်စမ်း...အမလေး...ရင်ဘတ်မှာလဲနီရဲပြီး ယောင်နေတာပဲ နင်တို့..''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now