ရိုက်သတ်ပစ်လို့ရမလား

2.8K 260 40
                                    

#Uni

"နောက်တစ်ချိန်ကို ဖျက်လိုက် ''

"ရှင်...''

"ပြောထားတယ်မလား သွားစရာရှိလို့... နောက်သင်တန်းတစ်ချိန်ဖျက်လိုက် ''

လူကိုခပ်တည်တည်ပြောပြီး ကားပေါ်တက်သွားတဲ့ ဆရာလေချိုသွေး

တီးးးးးး

"ဘာလုပ်နေတာလဲ အမြန်ကားပေါ်တက် ''

စိတ်ထဲမှာတော့မေတ္တာပို့နေပေမဲ့

"ဟုတ်...ဟုတ်ကဲ့ ''

ကားပေါ်တက်ပြီး နောက်တစ်ချိန်ကို အစားထိုးနောက်နေ့မှဝင်မဲ့အကြောင်း မနည်းပြောလိုက်ရတယ်..ခုတလော ဆရာစိတ်ကြီးလာသလို လူကိုဆို အရမ်းဆူတာပဲ

ဟုတ်ပါတယ်... ဒီအချောလေးက ဆရာ့ဆီမှာ လက်ထောက်လုပ်နေရတာပါ..မနက်ကနေညနေအထိ လက်ထောက်သာပြောတယ်..တောက်တိုမယ်ရသဘောမျိုးပါပဲ

ဒါပေမဲ့ လစာတော့မဆိုးဘူး...တစ်နေ့ ၁သိန်းနှုန်းနဲ့ ၁လကိုသိန်း၃၀ပေးတယ်.... ချစ်တို့ဆီအကူစာရေးလုပ်တာတောင် သေအောင်လုပ်ရပေမဲ့ သိန်း၂၀တည်းပေးတါဆိုတော့ မဆိုးဘူး လုပ်ရတာပျော်ပါတယ်...နောက်ဆရာက စားချင်တာအကုန်ကျွေးတာမလား

"ရောက်ပြီဆင်းလေ...အတွေးလွန်​​နေတာလား..''

အတွေးများနေတုန်း ကားရပ်ပြီး ဆရာဆင်းသွားတာတောင်မသိလိုက်ဘူး...ခုတော့အဆူခံရပြီ

"အမြန်ဆင်း...ခါးပိတ်ဖို့...''

ကားပေါ်က အ​မြန်ဆင်းလာတော့...ကားတံခါးကိုပိတ်လိုက်ပြီး ဆရာက အရှေ့က​နေအရင်သွားနေတာ​​ကြောင့် ငါ​လေးပတ်ဝန်းကျင်ကိုကြည့်လိုက်မိတဲ့အခါ

"ဆရာ့အိမ်မလား..''

"ဟိုကောင်မလေး...အမြန်လာလေ..''

အ​​မြန်​လျှောက်လိုက်ပြီး တံခါးနားရပ်လိုက်တော့ တံခါးလာဖွင့်​ပေးတဲ့သူက ကိုမိုးတိမ်

"ငမွှေမ နင်လဲပါလာတာလား..''

"ဟုတ်...အကိုမိုးတိမ်..''

"စကားရှည်တယ်...အိမ်ထဲဝင်... ''

ဆရာက လူကိုအထဲတွန်းလိုက်ပြီး အရင်ဝင်သွားရုံမက အပေါ်ထပ်ကိုပါ...ဘာမပြောညာမပြောနဲ့တက်သွားပြီး လူကို ထိုင်နော်ဘာညာ​တောင်မပြောခဲ့ဘူး

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now