အားလုံး မင်းကြောင့်

2.8K 238 24
                                    

#Uni

ကိုယ့်အကြောင်းပြောမယ်ဆိုတော့ အပြင်မှာမပြောချင်... ဒါကြောင့်ကားထဲမှာပဲပြောဖို့ ဆုံးဖြတ်လိုက်မိတယ်

"ပြောရရင်... လွန်ခဲ့တဲ့၁၀နှစ်လောက်ကပေါ့ ''

လို့ အစချီရင်း ကောင်မလေးကို ကြည့်လိုက်တော့ တိတ်တိတ်လေး နားထောင်နေတာကြောင့် လွန်ခဲ့တဲ့၁၀နှစ်ကျော်က အဖြစ်အပျက်တွေကို ​ပြန်တွေးတောရင်း...

ပြေလည်တယ်ဆိုရုံမိသားစုကနေ မွေးဖွားလာပြီး ​ဖေဖေက ကျောင်းဆရာဖြစ်သလို မေမေကတော့ အိမ်မှုကိစ္စနဲ့သာလုံးပန်းနေခဲ့ရတာပေါ့

ဖေဖေကသိပ်ကို​တော်တဲ့ဆရာကောင်းတစ်​ယောက်ဖြစ်သလို အသင်အပြလဲ သိပ်ကောင်းတဲ့ဆရာတစ်ဦး...

အမြဲလိုလို စာတော်သလောက် အလိုလိုက်ခံရတာမို့... ဘဝအကြောင်းနားမလည် ပျော်ပါးနေရင်း ကိုယ်၁၇နှစ်လောက်မှာ ဖေဖေကို သူ့ သူငယ်ချင်းက အလုပ်ကမ်းလှမ်းလာကြောင်းပြောလာတယ်

အသင်အပြကောင်းတဲ့ဖေဖေအကြောင်းသိတာမို့ စင်ကာပူမှာ သင်တန်းတစ်ခုဖွင့်ပေးမယ်ပြောလာတယ်လေ... ဒါပေမဲ့ ရှယ်ယာတော့ဝင်ရမယ်တဲ့

​မေ​မေတို့လဲ အိမ်လေးကိုရောင်းပြီး စင်ကာပူကို မိသားစုလိုက်ပြောင်းလာရတာပေါ့... အဲ့လိုနဲ့ဖေဖေအသိက သူပိုင်တဲ့အိမ်မှာ နေစေပြီး

သင်တန်းလဲဖွင့်ပေးတယ်... တစ်စတစ်စနာမည်ရလာတာပေါ့လေ ပိုက်ဆံလဲနည်းနည်းစုမိလာပေမဲ့ လူတွေကနာမည်ရလာရင် လောဘတက်လာကျတယ်

အောင်မြင်မှုကိုလဲ သူတစ်ယောက်ထဲသာပိုင်ဆိုင်ချင်လာ​ကြတယ်... တစ်နေ့ ဖေဖေ့အသိကနေ သင်တန်းကနာမည်ရနေတာမို့ ထက်တိုးချဲ့ပါမယ်ဆိုပြီး ပြောလာတာ​ကြောင့်

ကိုယ်တို့စုခဲ့သမျှပိုက်ဆံတွေကို ဖေဖေကသဘောရိုးထင်ပြီး ပေးလိုက်ပေမဲ့ မကြာပါဘူး...ဖေဖေအသိကပဲ ဖေဖေကို နာမည်ပျက်အောင်လုပ်ပြီး သင်တန်း​ကျောင်းကထုတ်ပစ်ခဲ့တယ်

ဖေဖေကိုလဲ ကျောင်းသူတစ်ယောက်နဲ့အထင်မှားအောင်လုပ်ပြီး ရှယ်ယာငွေရော ဘာမှမပေးနိုင်ပါဘူးတဲ့... သူကစတင်တည်ထောင်ခဲ့တာကြောင့် သူပဲပိုင်ဆိုင်ရမယ်ဆိုလို့ တရားစွဲပေမဲ့ ဖေဖေ့သူငယ်ချင်းက ရှေ့နေတွေရော တရားသူကြီးကိုပါ ငွေပေးပြီး  အကျင့်ယုတ်ခဲ့တယ်

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now