ကျွန်တော်..မှားသွားပြီ😢😢😢

6.7K 499 23
                                    

#Uni

"ရား ခန့်..နင်ဘာလို့ထွက်လာတာလဲ..''

".....''

" ချစ်ရေ  နင့်မှာဒီလိုမောင်ချောချောရှိတာ ဘာလို့မပြောတာတုန်း ''

" သွား..ဟိုကောင်..ဟိုဘက်သွားထိုင် တော်တော်ရှည်တဲ့ကောင်..နင့်ဘဝနဲ့နင် ''

ဘာတွေတုန်း မကြီးရုပ်ကလဲ...သူ့သူငယ်ချင်းနဲ့ထိုင်​​နေတာကိုမြင်တုန်းကဆို ကိုယ့်ကိုကြည့်တဲ့ပုံပဲကြည့်

ကျားရဲလက်ထဲကယုန်ပေါက်ကလေးကိုမြင်ရလို့စိုးရိမ်​နေသလိုမျိုး သူ့သူငယ်ချင်းကိုစ်ိုးရိမ်နေတာများ..
(ရှင့်အမကရှင့်အတွက်စိုးရိမ်တာပါနော်)

ခုလဲကြည့်...ဟိုဘက်သွားထိုင်ခိုင်း​​ပြန်​ပြီ ဘယ်သူကရော ထိုင်ချင်​နေလို့လဲ...သူ့သူငယ်ချင်းကအတင်း လာထိုင်ခိုင်းလို့ဟာ...
ပြီး​တော့နှစ်ယောက်သားတိုးတိုး...တိုးတိုးနဲ့ဘာပြောနေတာလဲမသိဘူး...

ဟိုနှစ်ကောင်ပြောနေတာကတော့

" ချစ်..နင့်မောင်လေးကukeလေးအတိုင်းပဲ..ချစ်စရာလေး..သားတော်လိုက်တော့မယ်နော် ''

" ငါ့မောင်ကst8ဟ..မပြောတာကလဲ နင်အဲ့လိုမဟုတ်တာတွေလျှောက်လုပ်မှာစိုးလို့ နောက်သူ့မှာရည်းစားရှ်ိတယ် ''

"ကလေး...ကလေးကငယ်ငယ်လေးနဲ့ ရည်းစားရှိတယ်ပေါ့လေ ''

" ဘယ်သူပြောတာလဲ ကျွန်တော်မှာဘာရည်းစားမှမရှိဘူး ''

ဟား....ဘာတတ်နိုင်သေးလဲ..ချစ်ရာ..နင့်မောင်ကငါ့သားဖြစ်ဖို့မွေးဖွားလာတာနေမှာဟ..ဟာမဘက်လှည့်ကြည့်တော့ ချီးမှန်ထားတဲ့ရုပ်နဲ့ သိနေတယ်

အဲ့ဟာမသူ့မောင်ကိုတော်တော်ဖြစ်နေတာ...ငါလေးကအကောင်းနဲ့ အချစ်ခံရအောင် လင်ပေးစါးဖို့ဟာ....ခုတော့ ငါလေးမလှုပ်ရှားဘဲငြိမ်နေရမယ်...မဟုတ်ရင် အဲ့ဟာမက အိမ်လာဖို့ မပြောနဲ့..အိမ်အရပ်တောင်နင်းခိုင်းမှာမဟုတ်ဘူး

" ချစ်ရယ်..နင်ကလဲရုပ်ကြီးကိုက ဘာ​ဖြစ်...ငါကနင့်ကိုစတာရယ်..နင့်မောင်ကချောပေမဲ့ ငါကနင်မကြိုက်ရင် သားမတော်ပါဘူးနော်...နင်ကလဲဟာ..အဲ့လိုမနေနဲ့ဟာ ''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now