မေမေ့သမီးက...အရေးပါတဲ့သူ😎

12.3K 700 132
                                    

# Uni #

"ဟဲ့...မိချီချီ  သေနေလိုက်တာများ အသေကောင်နဲ့နင်လားငါလားပဲ...နင်ဒီတသက်ထဖို့ရော..စိတ်ကူးရှိလား..ဘယ်နဲ့တော်..အပျိုလေးတဲ့..၂နာရီတောင်ရှိတော့မယ်.... ''

မနက်ခင်းလေးကို မွေးမေမေရဲ့ ချစ်စကားလေးတွေနဲ့အတူနိုးထလာရပါတယ်
အို...နေ့လည်ခင်းလို့ပြောရမှာပေါ့
ဘာတွေဆက်ပြောနေလဲ..မသိချင်ပါနဲ့..
ဒီကအချောလေးကို ချစ်ကြောင်းတွေပြောနေတာရယ်

မာတာမိခင်ကြီးကဘယ်သိမလဲ..ဒီအချောလေးကညကwarပွဲကြီးကြီးမှာ သွားပါနေတာရယ် ငါလေးကအချောလေးမို့ နူးနူးညံ့ညံ့လေးနေမယ်လို့ တွေးမိပါတယ်..ချက်ချင်းကိုmention ခေါ်ခံရပြီး ဝင်ပါမိပြန်ရော

အို...မေ့နေတာ..ငါလေးနာမည်က..ချီချီတဲ့..နာမည်အပြည့်စုံလား

ငါလေးကပြောပြစရာလားလို့... ချေချေပဲ​လေနောက်..အရမ်းအရေးပါတဲ့အလုပ်ကိုလုပ်နေရတာပါနော်...

အဲဒါက...fujoလုပ်ရတာပါ
ဟုတ်ကဲ့..ဒီကအ​ချောလေးက..မြင်သမျှအဆင်ကို....ငမ်းပါတယ်လို့..

ကောင်လေးနှစ်ယောက်တူတူတွဲသွားတာမြင်လို့ကတော့...ငါလေးအကြိုက်ပေါ့နော်...uke..semeခွဲနေတာရယ်...

ကြိုက်လိုက်တိုင်း အဆင်ပဲ..စျေးဗန်းကလဲ..တွေ့သမျှ postတိုင်းခင်းတာ...ဒါ​ပေမဲ့လာဝယ်တဲ့ဟာတွေက ကိုယ်ကြိုက်တဲ့အဆင်မှမဟုတ်တာ ချေပစ်တာပေါ့..

တချို့ukeအဆင်လေးတွေဆို လင်ပေးစါးပစ်လိုက်တယ်​လေ လာ​ကြိုက်တဲ့သူတော်တော်များများလဲ လင်မလိုချင်လို့ပြေးကုန်ရော..

အဲ့ဒါလဲ ငါလေးကမမှတ်ဘူး..လိုက်ပေးစါးတုန်း...

"မိချီချီ...အမလေး..ငါမောလိုက်တာနော် သမီးတစ်ယောက်ရှိပါတယ်..တကယ်ပါအေ..ငါ့အသံလူကြားတယ်ဟဲ့''

"အာ့ဆို မပြောနဲ့ပေါ့..ဟုတ်တယ် ''

"ငါကြားတယ်နော် သွားစမ်း..မျက်နှာသစ် ရုပ်ကိုကအမှိုက်ကောက်သမနဲ့ နင်လားငါလားပဲ...ဆံပင်ကလဲရှုပ်ပွနေတာပဲကြည့်စမ်းပါအုံး...ငှက်သိုက်ကျ​​နေတာပဲ...လူကသာ ၂၀ပြည့်တော့မယ်...ကလေးလိုလိုဘာလိုလိုနဲ့ နင့်ကိုယူမဲ့ယောကျားရှိမှာမဟုတ်ဘူး ''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now