👄👄

4.2K 329 10
                                    

#Uni

"ကလေး ဘာစဥ်းစားနေတာလဲ ''

"ဟင်...ဘာမှ.. ''

"ချစ်​ တွေ့လား နင့်မောင်က ဟိုတောင်မရောက်သေးဘူး အသစ်ရှာမလို့တွေးနေပြီ ''

"မဟုတ်ပါဘူး...ကျွန်တော်က မကိုအချစ်ဆုံး ''

"အာ့ဆို မသွားနဲ့ ''

"မိချီ နင်က ငါ့မောင် တက်လမ်းကိုပိတ်နေတာလား ''

မကြီးကပြောတော့ အဲ့အမငြိမ်သွားတယ် နောက် အိမ်နောက်ဖေးဝင်သွားပြီး မျက်နှာသစ်နေပုံပဲ...

ပြန်ထွက်လာတော့ နှာခေါင်းထိပ်လေး​တွေကနီပြီး မျက်နှာကရဲနေတာပဲ ဆံပင်အစလေးတွေကလဲ ရေ​တွေစိုလို့...

စိတ်မကောင်းတော့ဖြစ်မိသား ကိုယ်ကသာအရမ်းချစ်နေတယ်ထင်ရပေမဲ့ မကလဲ အရမ်းချစ်တာပါ တခါတလေ လင်ပေးစါးတာကလွဲလို့..

မကြီးကလဲ ကျန်တဲ့အချိန်သဘောကောင်းပေမဲ့ ကျွန်တော့်ပညာရေးနဲ့ တက်လမ်းကိုပိတ်မှာတော့ မလိုလားဘူးနဲ့တူတယ် ကျွန်တော်နဲ့မ ရည်းစားဖြစ်တာကိုသိတော့ ဘာမှမပြောပေမဲ့ ကတိတစ်ခုတောင်းခဲ့တယ်..

စာကိုတော့အထိခိုက်မခံသလို သူ့ သူငယ်ချင်းကိုလဲ မလက်ထပ်ရ​သေးခင် ဘာမှမလုပ်ပါဘူးဆိုပြီး ကတိပေးထါးရသေး

မက စိတ်ကောက်​နေပြန်ပြီ မကြီးနားလဲမထိုင်သလို ကျွန်တော်အနားလဲမထိုင်ဘူး နှစ်ယောက်ခုံဆိုဖာဆီမှာ သွားထိုင်နေတယ်ဗျာ

ရယ်လဲမရယ်သလို ပြုံးလဲမပြုံးဘဲ ခေါင်းကြီးသာငုံ့ပြီး ကျလာတဲ့မျက်ရည်တွေကိုခိုးသုတ်နေလေရဲ့

"မိချီ သေတော့မဲ့မျက်ခွက်ကြီးနဲ့ နင့်လင်ငါ့မောင်က ကျောင်းပြန်ဖွင့်ရင်ပြန်လာမှာ... ငါ့ကျတော့ ခွဲရမှာ ဝမ်းမနည်းဘူးလား ''

"ဟင်..ချစ်ရော..ချစ်ရော လိုက်ရမှာလား ''

"အင်း..ငါနဲ့ခန့်က အရင်ကလဲ သင်တန်းတက်ပြီး ဖေဖေ့အလုပ်ဝိုင်းကူရတာလေ...ခု ငါကကျောင်းပြီးလို့ ဘွဲယူရမှာဆိုတော့ ဖေဖေ့အလုပ်မှာ ဝင်ရမဲ့ပုံဟ ''

"ဒါဆို...အင့်... နင်တို့နှစ်ယောက်လုံးက အင့်....ဟင့်...''

"မ မိဘတွေပြောပြီး မလဲလိုက်ခဲ့ပါလား ''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now