အတ္တကြီးမိလေပြီ

2.9K 256 36
                                    

#Uni

"မကြီး ......''

"ပြော ''

"မ အစားတခြားတစ်ယောက်ကို လုပ်ခိုင်းပါလား ''

ဧည့်ခန်းမှာ စာအုပ်ဖတ်နေတုန်း အနားလာပြောတဲ့ခန့်ကို လှည့်ကြည့်လိုက်ပြီး

"Why???? "

"မကို စိတ်မချဘူး ''

ပြောတော့ ကိုယ့်ကိုကြည့်ပြီး လှောင်ရယ်သလို မကြီးကရယ်ရင်း

"ခန့်..နင်သိပ်ရယ်ရတယ် ''

".....''

"ဒါဆို နင်ပြတ်သားလေ နင်သာ မိချီကိုရွေးမယ်ဆို...ဒါကသိပ်မခက်ခဲပါဘူး နင်ပြောရင်တောင် ရပြီ ''

"မကြီး...''

"ဘာလဲ... ''

"မကြီးရောလား... ခုမကြီးပါ ကျွန်တော်ကို အမြင်စောင်းနေတာလား ''

"မဟုတ်တာ ငါက အမြင်ကောင်းတယ်... အရှိကိုအရှိတိုင်းမြင်တာ ''

"ကျွန်တော် မကိုချစ်တယ် အရမ်းချစ်တာ ''

"ဒါဆို သူ့ကိုရွေးလေ ''

"မကြီး စကားကိုကပ်မပြောနဲ့ ''

"ခန့် နင်ကိုယ်တိုင်က မသေချာတာ... နင်မပြတ်သားသေးဘူး ငါ့သူငယ်ချင်းကလေ ဘယ်အရာနဲ့မဆို ရွေးချယ်မယ်ဟေ့ဆိုရင် နင့်ပဲရွေးခဲ့တာနော် ''

"သိတယ်... ဒါကြောင့် မကိုမဆုံးရှုံးချင်ဘူး မကိုသူများဆီအပါမခံနိုင်ဘူးလို့ ''

"ဒါဆို အဲလစ်ကိုရော ''

"မကြီး...အဲတာက ငြင်းလိုက်လို့ရော ဖေဖေမေမေတို့က ငြိမ်နေမယ်တဲ့လား... နောက်ဆုံး မ ပဲထိခိုက်မှာ ''

"ဒါဆို နင်ကာကွယ်ပေါ့... နင်ကသူ့ရှေ့ရပ်ပြီး ကာကွယ်ပေးပေါ့ ''

"အပြောက သိပ်လွယ်တယ်''

"နင်ကိုယ်တိုင်ကိုက ကြောက်နေတာ ''

"....''

"ခန့် ငါ့မောင်လေးက စီးပွားရေး ပညာရေးမှာ အရမ်းတော်သလောက် ပြတ်သားသလောက် အချစ်ရေးမှာ နင်က လူညံ့တစ်ယောက်ပဲ ''

"မသိတော့ဘူးဗျာ... မကိုချစ်သလို အဲလစ်ကိုလဲ မငြင်းနိုင်သေးပြန်ဘူး...''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now