ကားပေါ်ကလူ...

3.1K 260 7
                                    

#Uni

" ချစ် ငါဝင်ခဲ့မယ်နော်..''

မနက်က ချစ်လာခဲ့ဖိုပြောလို့ ရုံးခန်းကိုလာပေမဲ့ တံခါးဖွင့်ရုံရှိသေး

"ကလေး...''

သေချာကြည့်တော့ ကလေးဖြစ်နေတယ်...ဒီအချိန်ကြီး ကလေးဘာလာလုပ်ပါလိမ့်...ကိုယ့်ကိုမြင်တော့ ကျောပေးပြီး မသိချင်ယောင်ဆောင်နေတဲ့ ကလေးကို နောက်ကနေ ခါးကိုဖက်လိုက်ရင်း

"ကလေး..လွမ်းနေတာ..''

"သွားစမ်းပါ...ဟို ဂျက်ဆင်ဆိုတဲ့ကောင်ကိုသွားပြော...''

"ဟီး...သူက ကလေးမှမဟုတ်တာ...ကလေးကိုပဲပြောမယ်..''

"အဟမ့်...ငါရှိသေးတယ်နော် မိချီမ အကဲပိုမနေနဲ့..''

"အာ...ချစ်ကလဲ ငါလေးကချော့နေတာကို..''

"မလွယ်ဘူး..နင်တို့နေခဲ့ ငါအပြင်ထွက်ပေးမယ်..သဲသဲကဲကဲတွေ..''

ချစ်အပြင်ထွက်သွားမှ ကလေးကို ကိုယ့်ဘက်လှည့်ခိုင်းပြီး

"ကြည့်အုံး..ဘာလို့ စိတ်ကောက်နေတာလဲ..''

"ဘာလို့ အဲ့ကောင်နဲ့ရောနေလဲ..''

"သူမှာ သူငယ်ချင်းဆိုလို့ မ ပဲရှိတာ..''

"ဟမ့်...သူ့ကိုခင်ချင်နေတဲ့သူ​တွေမှ အများကြီး ပြောမရဘူး...သူကလူမိုက်ခေါင်းဆောင်တောင် ဖြစ်ချင်ဖြစ်နိုင်တယ်..''

"Heeee..''

အစွာလေးကိုကြည့်ပြီး သဘောကျလို့ရယ်မိတာကို နှုတ်ခမ်းလေးဆူပြီး

"မ ဘာရယ်တာလဲ..''

က​လေးနှုတ်ခမ်းလေးကို ခြေဖျားထောက်နမ်းလိုက်ပြီး ကလေးကိုချော့တော့ စိတ်ပြေလာပုံပဲ

"ဘာလို့လာနမ်းတာလဲ..''

"ချစ်လို့...ဒီက ကလေးကိုချစ်လို့..''

ပြောတော့...ကျေနပ်သွားတဲ့ရုပ်ကြီးနဲ့

"လာမချစ်နဲ့ ဟိုကောင့်ကိုပဲသွားချစ်..''

"တကယ်နော် သွားပြီး နမ်းပစ်မယ်..နောက် အရမ်းချစ်တာပဲဆိုပြီးကို ထိုင်ပြောပစ်မယ်..''

သဝန်တိုတတ်တဲ့ကလေးကိုစချင်လို့ တကယ်သွားမလိုလုပ်တော့... လူကိုလှမ်းဆွဲပြီး ရင်ခွင်ထဲကိုဆွဲသွင်းလိုက်ရင်း ကလေးက

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now