မုန်းပစ်စမ်းပါ

3K 233 9
                                    

#Uni

"သား...မင်း သခင်မလေးကို ကြိုက်နေတာလား..''

"ဖေဖေ...ဘယ်လိုသိ..''

"မင်းဒိုင်ယာရီစာအုပ်ကိုဖတ်လိုက်ရတယ်...''

".....''

"ဖေဖေ စပ်စုတာမဟုတ်ပေမဲ့ ဒီတိုင်းဖွင့်ထားလို့ဖတ်ကြည့်မိရင်းက...''

".....''

"ရပ်တန်းက ရပ်လိုက် သား...အဆင့်အတန်းအရမ်းကွာသလို သခင်မလေးက အရမ်းငယ်သေးတယ်...ပိုဆိုးတာ ရိုင်းရိုင်းပြောရရင် သခင်နဲ့ကျွန်ဆက်ဆံရေး...''

"အဲ့တာတွေကြောင့် ကျွန်တော်က လက်လျော့ရမှာလား ဖေဖေ...''

"သား...''

ကိုယ့်အ​ကြောင်းပြောရမယ်​ဆို ဘဝကရိုးရှင်းပါတယ်...မေမေကတော့ ငယ်ငယ်ကတည်းကနေမကောင်းဖြစ်ပြီး မေမေ့ကိုဆေးကုရတာနဲ့ ဖေဖေက စုဆောင်းသမျှတွေကုန်ရော...

မေမေအသက်ကိုလဲမကယ်နိုင်လိုက်သလို ကိုယ်တွေကလဲ နေစရာမရှိတော့တဲ့အချိန်မှာ ဖေဖေအလုပ်ရှင်က ကြိုးစားပြီး ရိုးသားတဲ့ဖေဖေကို လူယုံမွေးပြီး သူတို့ခြံထဲလာနေခိုင်းခဲ့တယ်

တစ်စတစ်စ ဖေဖေလုပ်ရည်ကိုင်ရည်ကိုကြိုက်လို့ နေရာကောင်းပေးလါသလို တစ်နှစ်လောက်ကြာတော့ ညာလက်ရုံးအဖြစ်ခန့်လိုက်တယ်လေ...အဲ့တုန်းက ကိုယ်တောင် ၁၁နှစ်ရှိ​နေပြီ

တကယ် သူဋ္ဌေးကအရမ်းကောင်းတယ်...သူဋ္ဌေးသားသမီးတွေတက်တဲ့ကျောင်းမှာထားပေးသလို ပညာရေးကိုတော်တော်ထောက်ပံ့ပေးခဲ့တာ​​ကြောင့် ကိုယ်ကလဲ စာလိုချင်တဲ့ကလေးဆို​တော့ လတိုင်း အဆင့်တစ်သာရတတ်ပြီး ကျောင်းကဆရာဆရာမတင်မက ဖေဖေ့သူဋ္ဌေးကပါ အမြဲချီးကျူးတတ်တယ်

ကြိုးစားရမယ်လေ...စာကြိုးစားပြီး ဆရာဝန်ဖြစ်အောင်လုပ်ပြီးရင် မေမေလို လူနာတွေကိုကုပေးမယ် ကိုယ်ပိုင်ဆေးရုံထောင်ပြီး အလကားကုပေးပစ်မယ်လို့ အိမ်မက်ရှိခဲ့ဖူးတယ်

ကိုယ်၁၃နှစ်အရွယ်ရောက်တော့ ဘဝကတစ်မျိုးပြောင်းသွားခဲ့တယ်...ဘာလို့ဆို သူဋ္ဌေးက ရန်ကုန်က သူ့ကလေးတွေကို ဒီကို​ခေါ်လာပြီး ကျောင်းတက်ခိုင်းလို့ပေါ့

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now