ဘယ်ကသာ

3.2K 312 13
                                    

#Uni

(ကြိုတောင်းပန်ထားတာပါနော်..ခုficကသဲရဲ့အတွေးသက်သက်သာဖြစ်ပါတယ်..စင်ကာပူနိုင်ငံလဲမရောက်ဖူးပါဘူး..တကယ်ရောက်ဖူးတဲ့သူတွေက သဲရေးတာဖတ်ပြီး ဒီသာသာကမသိဘဲရေးတယ်..ထင်မှာစိုးလို့ပါ..တကယ်မသိဘဲရေးတာပါ..🙏🙏🙏)

ကလေးက လေယာဥ်ကဆင်းတော့ လက်ကိုလာကိုင်ပြီး

"လူပျောက်နေမယ်..ကျွန်တော့်ကိုကိုင်ထား ''

တကယ် လေဆိပ်ကြီးကအရမ်းမိုက်တယ်..အရမ်းလဲကြီးသလို အဆောက်အအုံအလယ်မှာလဲ ပန်းဥယျာဥ်ကြီးနဲ့ လူတွေကလဲအလှဓာတ်ပုံတွေရိုက်​နေ​ကြတယ်

"ကလေး..ချီတို့လဲသွားရိုက်ရအောင်..''

"မိချီမ..အပြန်မှရိုက် ခုငါပင်ပန်းနေပြီ..''

ချစ်ရဲ့အမိန့်နဲ့ ငြိမ်ငြိမ်လေး လိုက်ရတာပေါ့...အဲ့တာနဲ့ကလေးက အနားကပ်ပြီး တိုးတိုးလေး...

"အပြန်ကျရင် အလှဆုံးရိုက်ပေးမယ် ''

ချစ်ရပြန်ပြီ..အဲ့လိုအလိုက်သိလို့ကို ချစ်ရတာ..

လေဆိပ်ကလဲထွက်ရော...အနောက်တိုင်းဝတ်စုံနဲ့ ဦးလေးကြီးတစ်ယောက် ကလေးနဲ့ချစ်တို့အနားလာပြီး

"မမလေးနဲ့ အကိုလေး ကိုစောင့်နေတာ ''

"ဟုတ် ဦး... ''

"ပစ္စည်းတွေရော...''

"ဒါအကုန်ပါပဲ..''

အဲ့ဦးလေးကကြည့်တော့ကောင်းသား ခုချစ်နဲ့စကားပြောနေလေရဲ့...ငယ်ငယ်ကဆိုအရမ်းချောမှာ..

"ကလေး အဲ့ဦးလေးကဘယ်သူလဲ ''

"မေမေတို့ရဲ့လူယုံလေ...အိမ်တော်ထိန်းလိုတောင်ဖြစ်နေပြီ...''

ကလေးကိုကြည့်ပြီး ပြုံးပြုံးလေးနဲ့ပြောမိတော့

"ချောတယ်နော်..ငယ်ငယ်ကဆိုအရမ်းချောမှာ ''

"မ.... ဦးမှာ မိန်းမရော..သားပါရှိတယ် အဲ့သားကလေ ကျွန်တော်တို့ထက်​တောင်ကြီးသေး...မကဦးကိုငမ်းနေရလား..''

"ကလေးကလဲ ''

"ပြောရင်းနဲ့ မမလေးတို့ပင်ပန်းနေလောက်ပြီ..''

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now