FOD: Extra 1_ Xue Zi Xuan- Chapter (10.8)

5.6K 714 11
                                    

FOD: Extra 1_ Xue Zi Xuan- Chapter (10.8)

ကျိုးယွင်ရှန့် သည် နိုးလာတော့ တွေ့ရာရှပ်တစ်ထည်ကို ကောက်ဝတ်ကာ သူ့အိပ်ခန်းထဲကို ဝင်ခဲ့ပြီး  လက်တော့ပ်နှင့် အိပ်ရာပေါ် တက်ကာလှဲခဲ့သည်။

စိတ်ထဲတွင် ရွှယ်ကျင်းရီက အခန်းထဲကနေ သူမ မထွက်ခွာချိန်မှာ သူ့ရင်ဘတ်ကိုငေးကြည့်နေပုံကို ထပ်ခါတလဲလဲပြန်လည်မြင်ယောင်နေပြီး နှလုံးအစားထိုးခြင်းနှင့်ပတ်သတ်လို့ သူမ  တစ်ခုခုသိတယ်နဲ့တူခံစားခဲ့ရတယ်။

ရွှယ်ဇီရွမ်၏အတားအဆီးကြောင့်နှလုံးအစားထိုးခွဲစိတ်မှုကို ဖျက်သိမ်းလိုက်သော်လည်း ကျိုးယွင်ရှန့်က ဘယ်တော့မှ သတိပေါ့လျော့မည် မဟုတ်ပေ။

ရွှယ်လွေ့နှင့် ရွှယ်လီဒန်နီတို့က နှလုံးအစားထိုးခြင်းကို လက်မလျှော့ပေးရင်  သို့မဟုတ် ရွှယ်ကျင်းရီက အမှန်တရားကို သိခဲ့ရင် သူ့နှလုံးကို ရယူဖို့ သူမဖာသာ  လျှို့ဝှက်စွာလှုပ်ရှားရန် ရည်ရွယ်ချက်ရှိမှာသေချာ သည်။

ကျိုးယွင်ရှန့်က အဆိုးဆုံးကိုတွေးပြီး အကောင်းဆုံးကို ကြိုတင်ပြင်ဆင်ရမယ့်  နည်းလမ်းများကို ကောင်းစွာ တတ်မြောက်ထားသူဖြစ်သည်။ သူသည် ရွှယ်မိသားစု၏ကွန်ပျူတာများနှင့်ဖုန်းများပေါ်တွင်စောင့်ကြည့်လေ့လာနိုင်သည့် ကွန်ပြူတာ ပရိုဂရမ်တစ်ခုကို ရေးဆွဲကာ ဟက်ထားပြီး အစောကတည်းက ကြိုတင်စောင့်ကြည့်ဖို့ ထည့်သွင်းထားပြီး ဖြစ်သည်။ သူ့ကို သတ်ဖြတ်ပြီး နှလုံးကို ယူဖို့ကြိုးစားရင် သူတို့ရဲ့ မကောင်းတဲ့လုပ်ရပ်သက်သေအကုန်ကို ရအောင် လုပ်ထားပြီးဖြစ်သည်။

ရွှယ်ဇီရွမ်ရေချိုးခန်းတွင်ရှိနေသည့်  အချိန်ကို အကျိုးရှိရှိ အသုံးချပြီး ကျိုးယွင်ရှန့်သည် သဲလွန်စများကိုရှာဖွေရန် အခြားလူသုံး ဦး ၏ ကွန်ပျူတာများကို လျင်မြန်စွာထိုးဖောက်ဝင်ရောက် ခဲ့သည်။

ရွှယ်လီဒန်နီဟာ အင်တာနက်ကိုသိပ်မသုံးခဲ့ဘူး၊ သူမရဲ့ကွန်ပျူတာဟာ ဘာမှမရှိပဲ သန့်ရှင်းနေခဲ့တယ်။ ရွှယ်လွေ့ သည်လျှို့ဝှက်စာရွက်စာတမ်းများ၊ ညစ်ညမ်းရုပ်ပုံစာပေအချို့နှင့် ရှောင်ဝမ်ကို အသံမတ်ဆေ့ပြန်ပို့ပေးခဲ့သည်။ ကျိုးယွင်ရှန့်က ကွန်ပြူတာတွေကို ဟ က်နေစဉ် ရွှယ်ကျင်းရီက  သူမ လိုချင်နေသည့် သတင်းအချက်အလက်များကို ရှာဖွေနေစဉ် အတွင်းဖြစ်နေသည်။

ကွန်ပျူတာနှစ်လုံးကိုတစ်ပြိုင်တည်း ချိန်ကိုက်ကာ အောင်မြင်စွာဖြင့် သူမ ရှာဖွေသမျှကို ကျိုးယွင်ရှန့်မြင်နေခဲ့သည်။ သူမ၏မော်နီတာတွင်ပြသ ခဲ့သမျှသည် သူ၏ဖန်သားပြင်ပေါ်တွင် တစ်ချိန်တည်းတွင် ထင်ဟပ်နေခဲ့သည်။ ကျိုးယွင်ရှန့်သည် ကျွန်ပြူတာ မျက်နှာပြင်ကို အလျင်အမြန်ကြည့်လိုက်သောအခါ မျက်ခုံးကို ပင့်လိုက်မိသည်။
 
အမွှာတွေကြားက  မျိုးဗီဇ, သွေးအမျိုးအစား, ကိုယ်တွင်းကလီစာတွေကို အစားထိုးကုသမှု နှင့် လိုက်ဖက်တဲ့ DNA, နှလုံးအစားထိုးကုသမှု, အောင်မြင်မှုနှုန်း ...စသည့် စာသားများက ရွှယ်ကျင်းရီရဲ့ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ဖော်ပြနေသည်။   ဒါကြောင့် သူက သူ့မွေးစားမိသားစု  အကိုရင်းဖြစ်သူ သူ့ရဲ့ နှလုံးကို တူးထုတ်ယူချင်တယ် ဆိုတာကို သူမ သိနေတယ်။  ထို့အပြင်သူမသည် သူ၏နှလုံးကို အပိုင်သိမ်းယူရန်ဆုံးဖြတ်ခဲ့ပြီးပြီပဲ။
 

ကျိုးယွင်ရှန့်သည် သူက လူကောင်းတစ်ယောက် ဖြစ်တယ် လို့  တစ်ခါမျှမခံစားခဲ့ဖူးပါ၊ သို့သော် ရွှယ်ကျင်းရီနှင့်နှိုင်းယှဉ်လျှင်  သူက လုံးဝ ခြားနားမှုရှိ ပါသည်။ အနည်းဆုံး ညီမဖြစ်သည့် သူမကို သူက သတ်ပစ်ရန်စဉ်းစားဖူးပေ။

သူမ၏ရက်စက်ယုတ်မာသည့် အကြံအစည်မှာ သူမအနားတွင် ထားရင်း အကိုရင်းဖြစ်သူ သေဆုံးတာကို သွေးအေးအေးဖြင့် ကြည့်မြင်ချင်တာ ဖြစ်နေသည်။  သူတို့ ဂရုမစိုက်တဲ့ လူတစ်ယောက်ရဲ့ဘ ၀ ကို ဘယ်သူဘယ်ဝါလဲ၊ ဘယ်လိုတော်စပ်သလဲဆိုတာ သူတို့ လုံးဝထည့်မစဉ်းစားခဲ့ဖူးပေ။ ရွှယ်မိသားစု အတွက် သူက အရုပ်တရုပ်လိုဖြစ် နေသည်။

 
ရွှယ်ကျင်းရီသည် အမှန်တရားကို သိရှိလာသောအခါ လူသတ်မှုဖြစ်မည့် လမ်းကြောင်းကို မတွန့်ဆုတ်ဘဲ သူမက ရွေးချယ်ခဲ့သည်။ သူမသည် စိတ်ချရသောမြေအောက် ခွဲစိတ်ကုသည့် ဆေးခန်းရှာနေသည်။ သို့သော် သူမက လုံလောက်တဲ့ ထောက်ခံပေးသူ မရှိလို့ မြေအောက် ခွဲစိတ်ခန်းရဲ့  အုပ်ချုပ်ရေးမှူးက သူမကိုငြင်းပယ် ခဲ့သည်။

ဝဘ်ဆိုက် စာမျက်နှာအားလုံး တစ်ကြောင်းချင်းစီ ကြည့်ပြီးနောက် ကျိုးယွင်ရှန့် ပိတ်ပစ်လိုက်သည်။

ကျိုးယွင်ရှန့်သည် သူ့ဖုန်းကို ချက်ချင်းဖွင့်ပြီး စောင့်ကြည့်စစ်ဆေးမှု အစီအစဉ်ကိုဖွင့်လိုက်သည်။ ရွှယ်ကျင်းရီသည်ပြင်ပအကူအညီများကို သေချာစွာတောင်းခံလိမ့်မည်ကို သူ သိသည်။ သူမ အကူညီတောင်းမယ့် တဖက်လူက ဘယ်သူ ဖြစ်မယ်ဆိုတာကို  သူ မသိခဲ့ပါ။ ဖြစ်ကောင်းဖြစ်နိုင်တာက ရွှယ်လွေ့ သို့မဟုတ် ရွှယ်လီဒန်နီဖြစ်နိုင်တယ်။

ဒါပေမယ့် သူက အကောင့်နှစ်ခုစလုံးကို စောင့်ကြည့်ပြီး သူ့တွက်ကိန်းမှားတယ်ဆိုတာ သိလိုက်ရသည်။ သူမ ယုံကြည်ရတဲ့လူ၊ အကူညီတောင်းလိုက်တဲ့လူက ရွှယ်ဇီရွမ် အလုပ်ထုတ်ပစ်လိုက်တဲ့ အိမ်တော်ထိန်း ဟောင်းဖူဘို ဖြစ်သည်။

 နားကြပ်မှတစ်ဆင့် သူတို့ နှစ် ဦး ကြားက လျှို့ဝှက်တိုင်ပင်သည့် စကားပြောဆိုမှုကို သူ ရှင်းရှင်းလင်းလင်းကြားနိုင်ခဲ့သည်။ ထိုအမျိုးသမီး၏ တောင်းဆိုချက်ကိုနားထောင်ပြီးနောက် ဖူဘိုသည် သူမအားမြေအောက်ဆေးခန်းရှာပေးရန် ချက်ချင်း သဘောတူခဲ့သည်။

နောက်ဆုံးတွင် သူသည် အလွန်ချမ်းသာကြွယ်ဝသော ရွှယ် မိသားစုတွင်ဆယ်စုနှစ်များစွာ အလုပ်လုပ်ခဲ့သည်။ သူရဲ့ လက်ထဲမှာ မြေပေါ်မြေအောက် အဆက်အသွယ် တွေ အများကြီးရှိခဲ့ပါတယ်။ သူသည် ဒီဆေးခန်းက လုံးဝလုံခြုံမှု၊ စိတ်ချရမှုနှင့် ကျွမ်းကျင်မှုရှိလိမ့်မည်ဟု အကြိမ်ကြိမ်အာမခံခဲ့သည်။

" အင်း....အိုး...  မဟုတ်ဘူး၊ မဟုတ်ဘူး၊ ခွဲစိတ်ခကို ရှင်ပေးစရာမလိုဘူး။ ကျွန်မဆီမှာ ပိုက်ဆံစုထားတာရှိတယ်။ တစ်သန်းလောက် ဆိုရင် လုံလောက်မှာပါ။ ကျွန်မ အစ်ကိုက ကျွန်မကို ဆွစ်ဇလန်နိုင်ငံကို ပို့ပစ်တော့မယ်။ အဲ့ဒီကို သွားတဲ့အခါ  ကျွန်မ ခွဲစိတ်ကုသခံယူဖို့အသင့်တော်ဆုံး အချိန်ပဲ။ "


ရွှယ်ကျင်းရီရဲ့အသံက အရမ်းကို အေးဆေးတည်ငြိမ်နေ ခဲ့သည်။

" နှလုံးသားကကော။ "

ဖူဘိုသည် အရေးကြီးဆုံးသောမေးခွန်းကိုမေးခဲ့သည်။

"ကျွန်မ အဲ့ဒါကို ရဖို့မစီစဉ်ရသေးဘူး "

"ကျွန်တော် သူ့ကိုပြန်ပေးဆွဲဖို့ တစ်စုံတစ် ဦး ကို ရှာထားလိုက်ပါ့မယ်။ "

"အိမ်မှာ လုံခြုံရေး တင်းကျပ်ထားလို့ ဝင်လာဖို့မလွယ်သလို သူ အပြင်ထွက်တိုင်း အကိုကြီးက အတူတူလိုက်သွားတယ်။   သူ့ဘေးမှာ ကိုယ်ရံတော်တွေအများကြီးရှိတယ်၊ ဒါကြောင့် အနီးကပ်ဖို့ခက်ခဲလိမ့်မယ်။ ဖူဘို အရမ်း အတင့်မရဲပါနဲ့။ မဟုတ်ရင် ရှင့်ကို မိသွားလိမ့်မယ်။ နောက်တစ်ခါ ရှင့်ကို ကျွန်မ ထပ်ဆက်ပါ့မယ်။ ဒါနဲ့ စကားမစပ်, ဒီနံပါတ်ကို မသုံးနဲ့တော့ ။ ရှင့်ကို ဖုန်းအသစ်နဲ့ကဒ်အသစ် ဝယ်ပေးမယ်။ နောင်ကို အဲ့ဒါပဲ သုံးတော့....  "

ရွှယ်ကျင်းရီက ထောင့်စေ့အောင် စဉ်းစားခဲ့တယ်။

ဖူဘိုက ရွှယ်ကျင်းရီပြောတဲ့အတိုင်း လုပ်ပါမည်ဟု ထပ်ခါတလဲလဲ သဘောတူ,လိုက်ပြီး အစီစဉ်ဆွဲကြသည်။

ကျိုးယွင်ရှန့် သည်နားကြပ်ကို ဖြုတ်ကာ ထို အပြန်လှန်ပြောနေသည့် အသံကို သေချာ သိမ်းဆည်းထားပြီးဖြစ်ကြောင်းဖော်ပြသော သူ၏ဖုန်းမျက်နှာပြင်တွင် သတိပေးချက် တစ်ခုကိုတွေ့သောအခါ ထူးဆန်းစွာပြုံးလိုက်သည်။ အဓိကဇာတ်ကောင်က နောက်ဆုံးတော့ ဒီပွဲထဲဝင်ပါလာပြီဆိုတော့ ဒီ  ဂိမ်းက အမှန်ပင်အတော်လေးစိတ်ဝင်စားဖို့ ကောင်းလာတော့မည်။

သူသည်ယခုအချိန်တွင် ဗီလိန် system  ကိုဖယ်ရှားနိုင်ခဲ့ပြီဆိုရင် သူ ဒီနေရာကနေ  ထွက်ခွာသွားရန်မလိုတော့ပေ။ သူက ဆက်ပြီး ရွှယ်ကျင်းရီက သူ့ရဲ့နှလုံးသားကို ဘယ်လိုရယူဖို့စီစဉ်နေတယ် ဆိုတာကြည့်ချင်နေခဲ့တယ်။ ချစ်သူနှင့်ဆွေမျိုးများ အချင်းချင်းဆန့်ကျင်လာသောအခါ ရွှယ်ဇီရွမ် ဘာလုပ်မလဲ ဆိုတာ သူ တကယ် သိချင်မိသည်။

သူ့ကို ရွှယ်ဇီရွမ် တကယ်ချစ်သလားဆိုတာလည်း ဒီမှာ သက်သေပြနိုင်ပါလိမ့်မည်။

**-***

FOD: Extra 1_ Xue Zi Xuan- Chapter (10.8)

က်ိုးယြင္ရွန္႕ သည္ နိုးလာေတာ့ ေတြ႕ရာရွပ္တစ္ထည္ကို ေကာက္ဝတ္ကာ သူ႕အိပ္ခန္းထဲကို ဝင္ခဲ့ျပီး  လက္ေတာ့ပ္ႏွင့္ အိပ္ရာေပၚ တက္ကာလွဲခဲ့သည္။

စိတ္ထဲတြင္ ရႊယ္က်င္းရီက အခန္းထဲကေန သူမ မထြက္ခြာခ်ိန္မွာ သူ႕ရင္ဘတ္ကိုေငးၾကည့္ေနပုံကို ထပ္ခါတလဲလဲျပန္လည္ျမင္ေယာင္ေနျပီး နွလံုးအစားထိုးျခင္းနွင့္ပတ္သတ္လို႕ သူမ  တစ္ခုခုသိတယ္နဲ႔တူခံစားခဲ့ရတယ္။

ရႊယ္ဇီရြမ္၏အတားအဆီးေၾကာင့္ႏွလုံးအစားထိုးခြဲစိတ္မႈကို ဖ်က္သိမ္းလိုက္ေသာ္လည္း က်ိဳးယြင္ရွန္႕က ဘယ္ေတာ့မွ သတိေပါ့ေလ်ာ့မည္ မဟုတ္ေပ။

ရႊယ္ေလြ႕နွင့္ ရႊယ္လီဒန္နီတို႔က နွလံုးအစားထိုးျခင္းကို လက္မေလွ်ာ့ေပးရင္  သို႔မဟုတ္ ရႊယ္က်င္းရီက အမွန္တရားကို သိခဲ့ရင္ သူ႕နွလံုးကို ရယူဖို႕ သူမဖာသာ  လွ်ိဳ႕ဝွက္စြာလႈပ္ရွားရန္ ရည္႐ြယ္ခ်က္ရွိမွာေသခ်ာ သည္။

က်ိဳးယြင္ရွန္႕က အဆိုးဆံုးကိုေတြးျပီး အေကာင္းဆံုးကို ႀကိဳတင္ျပင္ဆင္ရမယ့္  နည္းလမ္းမ်ားကို ေကာင္းစြာ တတ္ေျမာက္ထားသူျဖစ္သည္။ သူသည္ ရႊယ္မိသားစု၏ကြန္ပ်ဴတာမ်ားႏွင့္ဖုန္းမ်ားေပၚတြင္ေစာင့္ၾကည့္ေလ့လာနိုင္သည့္ ကြန္ျပဴတာ ပရိုဂရမ္တစ္ခုကို ေရးဆြဲကာ ဟက္ထားျပီး အေစာကတည္းက ႀကိဳတင္ေစာင့္ႀကည့္ဖို႕ ထည့္သြင္းထားျပီး ျဖစ္သည္။ သူ႕ကို သတ္ျဖတ္ျပီး နွလံုးကို ယူဖုိိ႕ႀကိဳးစားရင္ သူတို႕ရဲ႕ မေကာင္းတဲ့လုပ္ရပ္သက္ေသအကုန္ကို ရေအာင္ လုပ္ထားျပီးျဖစ္သည္။

ရႊယ္ဇီရြမ္ေရခ်ိဳးခန္းတြင္ရွိေနသည့္  အခ်ိန္ကို အက်ိဳးရွိရွိ အသုံးခ်ၿပီး က်ိဳးယြင္ရွန္႕သည္ သဲလြန္စမ်ားကိုရွာေဖြရန္ အျခားလူသုံး ဦး ၏ ကြန္ပ်ဴတာမ်ားကို လ်င္ျမန္စြာထိုးေဖာက္ဝင္ေရာက္ ခဲ့သည္။

ရႊယ္လီဒန္နီဟာ အင္တာနက္ကိုသိပ္မသုံးခဲ့ဘူး၊ သူမရဲ႕ကြန္ပ်ဴတာဟာ ဘာမွမရွိပဲ သန႔္ရွင္းေနခဲ့တယ္။ ရႊယ္ေလြ႕ သည္လွ်ိဳ႕ဝွက္စာ႐ြက္စာတမ္းမ်ား၊ ညစ္ညမ္း႐ုပ္ပုံစာေပအခ်ိဳ႕ႏွင့္ ေရွာင္ဝမ္ကို အသံမတ္ေဆ့ျပန္ပို႔ေပးခဲ့သည္။ က်ိဳးယြင္ရွန္႕က ကြန္ျပဴတာေတြကို ဟ က္ေနစဥ္ ရႊယ္က်င္းရီက  သူမ လိုခ်င္ေနသည့္ သတင္းအခ်က္အလက္မ်ားကို ရွာေဖြေနစဥ္ အတြင္းျဖစ္ေနသည္။

ကြန္ပ်ဴတာႏွစ္လုံးကိုတစ္ၿပိဳင္တည္း ခ်ိန္ကိုက္ကာ ေအာင္ျမင္စြာျဖင့္ သူမ ရွာေဖြသမွ်ကို က်ိဳးယြင္ရွန္႕ျမင္ေနခဲ့သည္။ သူမ၏ေမာ္နီတာတြင္ျပသ ခဲ့သမွ်သည္ သူ၏ဖန္သားျပင္ေပၚတြင္ တစ္ခ်ိန္တည္းတြင္ ထင္ဟပ္ေနခဲ့သည္။ က်ိဳးယြင္ရွန္႕သည္ ကြ်န္ျပဴတာ မ်က္ႏွာျပင္ကို အလ်င္အျမန္ၾကည့္လိုက္ေသာအခါ မ်က္ခုံးကို ပင့္လိုက္မိသည္။
 
အမႊာေတြႀကားက  မ်ိဳးဗီဇ, ေသြးအမ်ိဳးအစား, ကိုယ္တြင္းကလီစာေတြကို အစားထိုးကုသမႈ နွင့္ လိုက္ဖက္တဲ့ DNA, ႏွလုံးအစားထိုးကုသမႈ, ေအာင္ျမင္မႈႏႈန္း ...စသည့္ စာသားမ်ားက ရႊယ္က်င္းရီရဲ႕ရည္ရြယ္ခ်က္ကို ရွင္းလင္းစြာ ေဖာ္ျပေနသည္။   ဒါေၾကာင့္ သူက သူ႕ေမြးစားမိသားစု  အကိုရင္းျဖစ္သူ သူ႕ရဲ႕ နွလံုးကို တူးထုတ္ယူခ်င္တယ္ ဆိုတာကို သူမ သိေနတယ္။  ထို႔အျပင္သူမသည္ သူ၏နွလုံးကို အပိုင္သိမ္းယူရန္ဆုံးျဖတ္ခဲ့ျပီးျပီပဲ။
 

က်ိဳးယြင္ရွန္႕သည္ သူက လူေကာင္းတစ္ေယာက္ ျဖစ္တယ္ လို႕  တစ္ခါမွ်မခံစားခဲ့ဖူးပါ၊ သို႔ေသာ္ ရႊယ္က်င္းရီႏွင့္ႏႈိင္းယွဥ္လွ်င္  သူက လံုးဝ ျခားနားမႈရွိ ပါသည္။ အနည္းဆုံး ညီမျဖစ္သည့္ သူမကို သူက သတ္ပစ္ရန္စဥ္းစားဖူးေပ။

သူမ၏ရက္စက္ယုတ္မာသည့္ အႀကံအစည္မွာ သူမအနားတြင္ ထားရင္း အကိုရင္းျဖစ္သူ ေသဆုံးတာကို ေသြးေအးေအးျဖင့္ ႀကည့္ျမင္ခ်င္တာ ျဖစ္ေနသည္။  သူတို႔ ဂ႐ုမစိုက္တဲ့ လူတစ္ေယာက္ရဲ႕ဘ ၀ ကို ဘယ္သူဘယ္ဝါလဲ၊ ဘယ္လိုေတာ္စပ္သလဲဆိုတာ သူတို႕ လံုးဝထည့္မစဥ္းစားခဲ့ဖူးေပ။ ရႊယ္မိသားစု အတြက္ သူက အရုပ္တရုပ္လိုျဖစ္ ေနသည္။

 
ရႊယ္က်င္းရီသည္ အမွန္တရားကို သိရွိလာေသာအခါ လူသတ္မႈျဖစ္မည့္ လမ္းေၾကာင္းကို မတြန႔္ဆုတ္ဘဲ သူမက ေ႐ြးခ်ယ္ခဲ့သည္။ သူမသည္ စိတ္ခ်ရေသာေျမေအာက္ ခြဲစိ္တ္ကုသည့္ ေဆးခန္းရွာေနသည္။ သို႔ေသာ္ သူမက လံုေလာက္တဲ့ ေထာက္ခံေပးသူ မရွိလုိ႕ ေျမေအာက္ ခြဲစိတ္ခန္းရဲ႕  အုပ္ခ်ဳပ္ေရးမႉးက သူမကိုျငင္းပယ္ ခဲ့သည္။

ဝဘ္ဆိုက္ စာမ်က္ႏွာအားလုံး တစ္ေၾကာင္းခ်င္းစီ ႀကည့္ျပီးေနာက္ က်ိဳးယြင္ရွန္႕ ပိတ္ပစ္လိုက္သည္။

က်ိဳးယြင္ရွန္႕သည္ သူ႔ဖုန္းကို ခ်က္ခ်င္းဖြင့္ၿပီး ေစာင့္ၾကည့္စစ္ေဆးမႈ အစီအစဥ္ကိုဖြင့္လိုက္သည္။ ရႊယ္က်င္းရီသည္ျပင္ပအကူအညီမ်ားကို ေသခ်ာစြာေတာင္းခံလိမ့္မည္ကို သူ သိသည္။ သူမ အကူညီေတာင္းမယ့္ တဖက္လူက ဘယ္သူ ျဖစ္မယ္ဆိုတာကို  သူ မသိခဲ့ပါ။ ျဖစ္ေကာင္းျဖစ္ႏိုင္တာက ရႊယ္ေလြ႕ သို႔မဟုတ္ ရႊယ္လီဒန္နီျဖစ္နုိ္င္တယ္။

ဒါေပမယ့္ သူက အေကာင့္ႏွစ္ခုစလုံးကို ေစာင့္ႀကည့္ျပီး သူ႕တြက္ကိန္းမွားတယ္ဆိုတာ သိလိုက္ရသည္။ သူမ ယံုႀကည္ရတဲ့လူ၊ အကူညီေတာင္းလိုက္တဲ့လူက ရႊယ္ဇီရြမ္ အလုပ္ထုတ္ပစ္လိုက္တဲ့ အိမ္ေတာ္ထိန္း ေဟာင္းဖူဘို ျဖစ္သည္။

 နားၾကပ္မွတစ္ဆင့္ သူတို႕ နွစ္ ဦး ၾကားက လွ်ိဳ႕ဝွက္တုိင္ပင္သည့္ စကားေျပာဆိုမႈကို သူ ရွင္းရွင္းလင္းလင္းၾကားႏိုင္ခဲ့သည္။ ထိုအမ်ိဳးသမီး၏ ေတာင္းဆိုခ်က္ကိုနားေထာင္ၿပီးေနာက္ ဖူဘိုသည္ သူမအားေျမေအာက္ေဆးခန္းရွာေပးရန္ ခ်က္ခ်င္း သေဘာတူခဲ့သည္။

ေနာက္ဆုံးတြင္ သူသည္ အလြန္ခ်မ္းသာႂကြယ္ဝေသာ ရႊယ္ မိသားစုတြင္ဆယ္စုႏွစ္မ်ားစြာ အလုပ္လုပ္ခဲ့သည္။ သူရဲ႕ လက္ထဲမွာ ေျမေပၚေျမေအာက္ အဆက္အသြယ္ ေတြ အမ်ားႀကီးရွိခဲ့ပါတယ္။ သူသည္ ဒီေဆးခန္းက လုံးဝလုံၿခဳံမႈ၊ စိတ္ခ်ရမႈႏွင့္ ကြၽမ္းက်င္မႈရွိလိမ့္မည္ဟု အႀကိမ္ႀကိမ္အာမခံခဲ့သည္။

" အင္း....အိုး...  မဟုတ္ဘူး၊ မဟုတ္ဘူး၊ ခြဲစိတ္ခကို ရွင္ေပးစရာမလိုဘူး။ ကြ်န္မဆီမွာ ပိုက္ဆံစုထားတာရွိတယ္။ တစ္သန္းေလာက္ ဆုိရင္ လုံေလာက္မွာပါ။ ကြ်န္မ အစ္ကိုက ကြ်န္မကို ဆြစ္ဇလန္ႏိုင္ငံကို ပို႕ပစ္ေတာ့မယ္။ အဲ့ဒီကို သြားတဲ့အခါ  ကြ်န္မ ခြဲစိတ္ကုသခံယူဖို ႔အသင့္ေတာ္ဆုံး အခ်ိန္ပဲ။ "


ရႊယ္က်င္းရီရဲ႕အသံက အရမ္းကို ေအးေဆးတည္ၿငိမ္ေန ခဲ့သည္။

" ႏွလုံးသားကေကာ။ "

ဖူဘိုသည္ အေရးႀကီးဆုံးေသာေမးခြန္းကိုေမးခဲ့သည္။

"ကြ်န္မ အဲ့ဒါကို ရဖုိ႕မစီစဥ္ရေသးဘူး "

"ကြ်န္ေတာ္ သူ႔ကိုျပန္ေပးဆြဲဖို႔ တစ္စုံတစ္ ဦး ကို ရွာထားလိ္ုက္ပါ့မယ္။ "

"အိမ္မွာ လုံၿခဳံေရး တင္းက်ပ္ထားလုိ႕ ဝင္လာဖို႕မလြယ္သလို သူ အျပင္ထြက္တုိ္င္း အကိုႀကီးက အတူတူလိုက္သြားတယ္။   သူ႔ေဘးမွာ ကိုယ္ရံေတာ္ေတြအမ်ားႀကီးရွိတယ္၊ ဒါေၾကာင့္ အနီးကပ္ဖို႔ခက္ခဲလိမ့္မယ္။ ဖူဘုိ အရမ္း အတင့္မရဲပါနဲ႕။ မဟုတ္ရင္ ရွင့္ကို မိသြားလိမ့္မယ္။ ေနာက္တစ္ခါ ရွင့္ကို ကြ်န္မ ထပ္ဆက္ပါ့မယ္။ ဒါနဲ႕ စကားမစပ္, ဒီနံပါတ္ကို မသုံးနဲ႕ေတာ့ ။ ရွင့္ကို ဖုန္းအသစ္နဲ႕ကဒ္အသစ္ ဝယ္ေပးမယ္။ ေနာင္ကို အဲ့ဒါပဲ သံုးေတာ့....  "

ရႊယ္က်င္းရီက ေထာင့္ေစ့ေအာင္ စဥ္းစားခဲ့တယ္။

ဖူဘိုက ရႊယ္က်င္းရီေျပာတဲ့အတုိင္း လုပ္ပါမည္ဟု ထပ္ခါတလဲလဲ သေဘာတူ,လိုက္ျပီး အစိီစဥ္ဆြဲႀကသည္။

ကိ်ဳးယြင္ရွန္႕ သည္နားၾကပ္ကို ျဖဳတ္ကာ ထို အျပန္လွန္ေျပာေနသည့္ အသံကို ေသခ်ာ သိမ္းဆည္းထားၿပီးျဖစ္ေၾကာင္းေဖာ္ျပေသာ သူ၏ဖုန္းမ်က္ႏွာျပင္တြင္ သတိေပးခ်က္ တစ္ခုကိုေတြ႕ေသာအခါ ထူးဆန္းစြာၿပဳံးလိုက္သည္။ အဓိကဇာတ္ေကာင္က ေနာက္ဆုံးေတာ့ ဒီပြဲထဲဝင္ပါလာျပီဆုိေတာ့ ဒီ  ဂိမ္းက အမွန္ပင္အေတာ္ေလးစိတ္ဝင္စားဖို႕ ေကာင္းလာေတာ့မည္။

သူသည္ယခုအခ်ိန္တြင္ ဗီလိန္ system  ကိုဖယ္ရွားႏိုင္ခဲ့ျပီဆုိရင္ သူ ဒီေနရာကေန  ထြက္ခြာသြားရန္မလိုေတာ့ေပ။ သူက ဆက္ၿပီး ရႊယ္က်င္းရီက သူ႕ရဲ႕ႏွလုံးသားကို ဘယ္လိုရယူဖို႔စီစဥ္ေနတယ္ ဆိုတာၾကည့္ခ်င္ေနခဲ့တယ္။ ခ်စ္သူႏွင့္ေဆြမ်ိဳးမ်ား အခ်င္းခ်င္းဆန႔္က်င္လာေသာအခါ ရႊယ္ဇီရြမ္ ဘာလုပ္မလဲ ဆိုတာ သူ တကယ္ သိခ်င္မိသည္။

သူ႕ကို ရႊယ္ဇီရြမ္ တကယ္ခ်စ္သလားဆုိတာလည္း ဒီမွာ သက္ေသျပနုိင္ပါလိမ့္မည္။

**-***


ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now