Chapter (11- 8) - စန္ဒယားပြိုင်ပွဲ

3.4K 608 11
                                    

Chapter (11- 8) - စန္ဒယားပြိုင်ပွဲ



ကျိုးယွင်ရှန့်သည်ပရိသတ်အား လေးစားစွာ ဦး ညွှတ်ပြီးနောက် စင်မြင့်နောက်သို့ ှဖြည်းဖြည်းချင်းလမ်းလျှောက်ထွက်လာခဲ့သည်။ ရွှယ်ကျင်းရီ၏မျက်နှာထက်၌ ကြောက်ရွံ့ဖွယ်အကြည့်တို့ဖြင့်ပြည့်နေပြီး စင်၏ ထောင့်၌ပုန်းအောင်းနေသည်ကို ကျိုးယွင်ရှန့် ၏ မျက်လုံးထောင့်ကနေ မြင်လိုက်ရသည်။ သူက မျက်ခုံးကို တွန့်လိုက်သည်။ သူက အခု ဆီမီးဖိုင်နယ်ပွဲကို တက်ခွင့်ရလိုက်သော်လည်း ရွှယ်ဇီရွမ် သည် မုတ်ဆိတ်ကြီးကိုသာ ိုမဆန့်ကျင်လျှင် သူ၏ရလဒ်သည် ရွှယ်ကျင်းရီ ဖော်ပြခဲ့သည့်အတိုင်း စင်ပေါ်က ကန်ထုတ်ခံရမည် ဖြစ်သည်။

 
ဒီလိုသာဖြစ်ခဲ့ရင် သူက မျက်နှာပျက်ရမည့်အပြင် ခံပြင်းဒေါသထွက်လွန်းလို့ သွေးပွက်ပွက် အန်မိလိမ့်မည်။

 သူက ဒီပြိုင်ပွဲကို အလေးအနက်ထားခဲ့တယ်။

နှစ်နာရီကြာပြီးနောက် အကြိုတင် ဆန်ကာတင်ရွေးချယ်ပွဲ ပြီးဆုံးခဲ့ပြီး  အကြိုဗိုလ်လုပွဲသို့ ပြိုင်ဘက်စုစုပေါင်းနှစ်ဆယ် ဝင်ပြိုင်ခွင့်ရခဲ့ကာ ကျိုးယွင်ရှန့်နှင့် ရွှယ်ကျင်းရီက အဆင့်  ပထမနှင့်စတုတ္ထ အသီးသီးရှိခဲ့ကြသည်။ အဆင့်များကြေညာသောအခါ စိတ်လှုပ်ရှားစွာ ှုအော်လိုက်သည့် အသံများနှင့်စိတ်ပျက်အားငယ်စွာ သက်ပြင်းချသံများ ထွက်ပေါ်လာသည်။ ထိုနေရာမှ တိတ်တဆိတ်ထွက်ခွာသွားသူ အချို့လည်း ရှိခဲ့သည်။

 ကျိုးယွင်ရှန့်က ဧည့်ခန်းမှလမ်းလျှောက်ထွက်လာပြီး ရွှယ်ဇီရွမ်  သူ့ကို စောင့်ကြိုနေသည့် စင်္ကြံနားကိုရောက်သော် သူ့ဆီကို တဟုန်ထိုးပြေးလာခဲ့သည်။ ကြက်ပေါက်လေးက သူ့အမေ ကြက်မကြီးဆီ ပြေးဝင်သွားသလို ကျိုးယွင်ရှန့်က လက်ကို ဆန့်တန်းကာ ရင်ဖွင့်ကြိုနေသည့် ရွှယ်ဇီရွမ် ၏ရင်ခွင်ထဲကို ခုန်ဝင်ပစ်လိုက်သည်။

 ရွှယ်ဇီရွမ် ကလည်း သူ့ ကြက်ပေါက်လေးကို ပွေ့ချီရန် ရှေ့သို့အလျင်အမြန် လာခဲ့လိုက်သည်။ လက်တစ်ဖက်ဖြင့် သူသည်ဆယ်ကျော်သက်လေး၏ နဖူးတွင်ရှုပ်ထွေးနေသော ဆံပင်များကို သပ်တင်ပေးခဲ့ပြီး အခြားတစ်ဖက်က လူငယ်လေး၏ တင်ပါးကို အောက်က ပင့်မထားသည်။

 
"မုတ်ဆိတ်ကြီးက ကျွနတော့်ကို ပြိုင်ပွဲဝင် စင်မြင့်ပေါ်ကနေ မောင်းထုတ်ချင် နေတာလား။ "

ကျိုးယွင်ရှန့်က ရွှယ်ဇီရွမ် ၏ ခါးကို သူ့ရဲ့သွယ်လျတဲ့ ခြေအစုံနှင့် ရစ်ပတ်သိုင်းဖက်ထားရင်း မကျေမနပ်လေး မေးလိုက်သည်။

 
"ငါ မင်းကို ပြောဖူးပါတယ်၊ သူက ဂီတကို တန်ဖိုး ထားပြီး သူ့ဝိညာဉ်ကို သုံးပြီး တီးခတ်တာကိုပဲ အလေးထား ပါတယ်ဆို...."

ရွှယ်ဇီရွမ် က ချာတိတ်လေးကို ပွေ့ချီလျက်ကနေ  နေကာမျက်မှန်တပ်ထားသောသက်တော်စောင့်များ  ၀ န်းရံလျက် အခြားပြိုင်ပွဲဝင်များနှင့်မိသားစုဝင် အားလုံးနှင့် ခွဲထွက်ကာ အပြင်ကို ထွက်လာခဲ့ကြ သည်။

သူတို့သည် အလွန်လျှို့ဝှက်ပြီး  နေရာအနှံ့ပြန့်ကျဲ ရောက်ရှိနေသည့် သတင်းထောက်များ မရှိသော VIP လမ်းကြောင်းမှ ထွက်ခွာလာခဲ့သည်။

ရွှယ်ကျင်းရီက သူတို့နောက်ကနေ လိုက်လာပြီး အကြိမ်ကြိမ်အော်ခေါ်ခဲ့ပေမယ့် သူတို့ထဲက တစ်ယောက်မှပြန် လှည့် မကြည့်ခဲ့ကြဘူး။ သူမ အရမ်းဒေါသထွက်ပြီး  သံကုန်ဟစ်ကာ ရပ်ကျန်ရစ် ခဲ့သည်။ ဒီမြင်ကွင်းကြောင့်  အခြားပြိုင်ပွဲဝင် တော်တော်များများက သူမကို ဝိုင်းကြည့် ကာ တီးတိုးတီးတိုးနှင့် စကားတင်း ဆိုကြသည်။  သူမသည် သူမ၏မွေးစား အစ်ကိုနှင့် ဆန့်ကျင် ခဲ့သောကြောင့် ပစ်ပယ်ခံရသည် ကို လူအများစုက  ရိပ်မိခဲ့ကြသည်။  ကံကောင်းထောက်မစွာပဲ ရွှယ်လီဒန်နီက သူမကို အမြန်ချော့ခေါ်ကာ မျက်နှာမပျက်အောင် ကယ်တင်ပေးလိုက်သည်။

 
သက်တောင့်သက်သာရှိသော  nanny car ထဲတွင် ရွှယ်ဇီရွမ် သည်  သူ၏ကြက်ပေါက်လေးကို ပညာပေးနေဆဲဖြစ်သည်။

 "မင်းကို ငါပြောပါတယ်။ စိတ်ခံစားချက် အရမ်းပါတဲ့ တေးဂီတကို မရွေးပါနဲ့လို့...။ အခု မင်း ဆီမီးဖိုင်နယ်ကို ချောချောမွေ့မွေ့ တက်ရောက်နိုင်ဖို့ အတွက် ငါ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ပြီးပြီ။ ငါ Olsen ရဲ့ဆုံးဖြတ်ချက်ကို ၀ င် ရောက်စွက်ဖက်ခဲ့တယ်။ ဒီလိုမှ မဟုတ်ရင် အဓိက
ိဒိုင်လူကြီးအနေနဲ့ မင်းကို ပြိုင်ပွဲကနေ တန်းထုတ်ပစ်ဖို့ သူ့မှာ အခွင့်အာဏာရှိတယ်။ "

 
"အင်းပါ..အကိုကြီးက အရမ်းတော်တယ် ။ အကိုကြီးက အကောင်းဆုံးပဲ....  "

ကွန်ပျူတာနှင့် ဂိမ်း ဆော့နေရင်း ကျိုးယွင်ရှန့်က မော့မကြည့်ပဲ ရွှယ်ဇီရွမ် ကို ချီးကျူးစကားဆိုခဲ့သည်။

ပြိုင်ပွဲပြီးသည်နှင့်တပြိုင်နက် သူ၏နှလုံးသား၌ ခိုင်မာသော အားမလျော့ပဲ ရေကုန်ရေခမ်း လုပ်တတ် သည့် စွမ်းအင်များလည်း ပျောက်ကွယ်သွား သည်။ သူ့ တေးဂီတသံက ခံစားချက် မပါရုံလေးပဲ မဟုတ်လား။ သူ့ ဘဝတလျှောက် တေးဂီတနဲ့ အသက်မွေးပြုသွားမှာမှ မဟုတ်ပဲ။ ဘာလို့ ခေါင်းထဲ ထည့်ထားရမှာလဲ။


"မင်းက ငါ့ကိုထပ်ပြီး လှောင်ပြောင်လိုက်တာ ပေါ့လေ...ဟုတ်လား...  "

ရွှယ်ဇီရွမ် က ကောင်လေးကို  သူ့ပေါင်ပေါ်သို့ ဆွဲတင်လိုက်ပြီး ချာတိတ်လေး၏ ပါးလွှာသော နူတ်ခမ်းလေးကို ခပ်ဖိဖိ ကိုက်လိုက်သည်။

 
" ဒေါသထွက်တာကို ရပ်လိုက်ပါတော့။ အကိုကြီးက   အဘွားကြီးတစ်ယောက်လို ပွစိပွစိလုပ်နေတော့တာပဲ။  သူက ကျွန်တော့်ကို သုညအမှတ်ပေးချင်ရင်လည်း သူ့ကို ခွင့်ပြုပါ။ ဘာပဲဖြစ်ဖြစ် ပြိုင်ပွဲမှာ အမြင့်ဆုံးရမှတ်နဲ့အနိမ့်ဆုံးရမှတ်ကို ထည့်မတွက်ဘူး မဟုတ်လား၊ ဒါကြောင့်သူ့ရဲ့ ရိုက်ချက်က ကျွန်တော့်ကို မထိခိုက်စေပါဘူး။ "

ကျိုးယွင်ရှန့်က  ရွှယ်ဇီရွမ် ၏ နှာသီးဖျားကို ပြန် ကိုက်ကာ ပြောလိုက်သည်။

"မင်း မှားတယ်။ သူက အခြား ဒိုင်တွေပေါ်ကို အများကြီး လွှမ်းမိုးနိုင်တယ်။ သူက   စိတ်ဝိညာဉ်ရဲ့ အရှင်သခင် Olsen ဖြစ်တယ်။  သူက မင်း တေးဂီတက မကောင်းဘူးလို့ပြောရင် အခြားဒိုင်လူကြီးတွေလည်း သူနဲ့အတူ မင်းကို မကောင်းဘူးလို့ ပြောလိမ့်မယ်။  ကံကောင်းထောက်မစွာနဲ့  သူ့အဖွဲ့ဝင် ဒိုင်တွေက သုံးယောက်ပဲပါတယ်။ အခြားသုံး ဦး က အကယ်ဒမီအဖွဲ့ခွဲက ှကျော်ကြားတဲ့ ဒိုင်တွေဖြစ်ပြီး သူတို့က တီးခတ်တဲ့  စံနှုန်းများနဲ့ နည်းစနစ်တွေကို ပိုပြီး အာရုံစိုက်တယ်။ သူတို့ ီဒီမှာ အတူရှိနေ တာနဲ့ပဲ မင်းက အမှတ်မြင့်လိမ့်မယ်လို့ အာမမခံနိုင်ဘူး၊ ဒါပေမယ့် ဖိုင်နယ်ကိုတက်ဖို့ မျှော်လင့်ချက် နည်းနည်းလေးတော့ရှိတယ်။ "

ရွှယ်ဇီရွမ် က သေချာဂရုတစိုက် ခွဲခြမ်းစိတ်ဖြာကာ ရှင်းပြပေးခဲ့သည်။

"မျှော်လင့်ချက်သေးသေးလေးက ဘယ်လောက်လဲ"

ယခုမှသာ ကျိုးယွင်ရှန့်က ပြိုင်ပွဲမှာ ချန်ပီယံဆုရဖို့ ခက်ခဲတယ်ဆိုတာကို သတိထားမိလာသည်။

" ငါးဆယ် ငါးဆယ်လောက်"

"ငါးဆယ် ငါးဆယ်ပဲ ရှိတာလား"

"မင်းက ဟိုဟိုဒီဒီ လျှောက်ကစားနေတာပါလို့ ငါ မင်းကို မပြောဘူးလား။ မင်းက ဘာ့ကြောင့်အံ့သြနေတာလဲ "

ရွှယ်ဇီရွမ် က မျက်ခုံးပင့်လိုက်သည်။

"ဒါပေမယ့် ကျွန်တော်က ရွှယ်ကျင်းရီကို  သူမရဲ့ ချန်ပီယံဆုဖလားကို ရအောင်  ယူမယ်လို့ ပြောခဲ့ပြီးပြီ"

ကျိုးယွင်ရှန့်က ရွှယ်ကျင်းရီက   Olsen နဲ့ လက်တွဲပြီး သူ့ကို ဆန့်ကျင်နေသလားလို့တောင် ခံစားလိုက်ရ သည်။

 
"သူမက ချန်ပီယံဆုရဖို့လား ? သူမရဲ့ အဆင့်ပေါ်မူတည်ပြီး ပြောရရင် ချန်ပီယံဆုကို ရဖို့မဖြစ်နိုင်ပါဘူး။ "

ရွှယ်ဇီရွမ် က ယုံကြည်မှုရှိရှိပြောလိုက်တယ်။

" မဟုတ်ဘူး၊ အကိုကြီးပြောတာ မှားတယ်။ သူမ ဟာ ချန်ပီယံဖြစ်ဖို့ အလားအလာ အရမ်းများပါတယ်။ "

တကယ်တော့ ဒါကချန်ပီယံပါ  ဖြစ်မယ့် ကံကြမ္မာပါ နေတာဖြစ်တယ်။  ကမ္ဘာ့အသိစိတ်နဲ့ သူ့ရဲ့ အဓိက ဇာတ်လိုက်မကို သေချာပေါက် ဆုဖလားကိုပြင်ဆင် ပေးထားလိမ့်မယ်။ တကယ်လို့ ကျိုးယွင်ရှန့်ကသာ  မနှောင့်ယှက်လျှင် ရွှယ်ကျင်းရီသည် ချန်ပီယံ ဆုဖလားကိုသေချာပေါက် ရနိုင်လိမ့်မည်၊ ထို့နောက် သူမသည် အခြားကံကြမ္မာ၏ သမီးတော်တစ်ယောက်လိုမျိုး မျက်နှာသာပေးမှုကိုပါ ိုရနိုင်လိမ့်မည်။ ဒါကို စဉ်းစားရင်း  ကျိုးယွင်ရှန့်က ရွှယ်ဇီရွမ် ကို လေးလေးနက်နက်ကြည့်လိုက်တယ်။


ကံကြမ္မာရဲ့ သမီးတော်လေးကို သတ်ခြင်းသည် ဒီကမ္ဘာကြီးကို ဖျက်ဆီးပစ်လိုက်တာနဲ့ အတူတူပဲ။  ထို့နောက် ကျိုးယွင်ရှန့်သည် ပျက်စီးနေသော ကမ္ဘာကြီးနှင့်အတူ ဒီမှာ ပိတ်မိကာ သေရလိမ့်မည်၊ ထို့ကြောင့် သူက ရွှယ်ကျင်းရီကို သတ်လို့မဖြစ်နိုင်ပေ။

 သို့သော်သူသည် တည်မြဲနေသော ကံကြမ္မာကို ပျက်စီးစေလျှင်ကော။ ကြိုတင်သတ်မှတ်ထားသော အစီအစဉ်တွင် ချို့ယွင်းချက်တစ်ခုပေါ်လာလျှင် ဘာဖြစ်မလဲ။ Systemက ဘာလုပ်မလဲ။ System က သူ့ကို ဖျက်ဆီးပစ်လိုက်မလား။ ဒီကနေ ဆွဲထုတ်သွားမလား။

 
ဒီအတွေးက့သူ့စိတ်ထဲကို ပေါ်လာတာနဲ့ Systemက သူ့ အသိစိတ်ထဲကို လျှပ်စစ်လှိုင်းဖြင့် ထိုးဖောက်သွားပြီး အပြစ်ပေးခဲ့သည်။ ဒီအပြစ်ပေးမှုကြောင့် ကျိုးယွင်ရှန့်က ချန်ပီယံဆုအတွက် ပိုတောင် ရအောင်လုပ်ဖို့ စိတ်အားထက်သန်လာခဲ့တယ်။

System သည် Host  ၏မရိုးမသားအတွေးများကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်း၏စွမ်းအင်ကုန်ဆုံးလုနီးပါး ဖြစ်နေသော်လည်း  အဆင့်သုံးပြစ်ဒဏ်ကို အကောင်အထည်ဖော်နေ ဆဲဖြစ်သည်။

ရွှယ်ဇီရွမ်၏နွေးထွေးကျယ်ပြန့်သော ရင်ဘတ်ထဲ ခပ်တင်းတင်းဖက်ထားတာ ခံနေရင်း ကျိုးယွင်ရှန့်က ူသူ့လက်အစံကို နာကျင်နေသည့်  ဝမ်းဗိုက်ပေါ်တင်လိုက်ပြီး နာကျင်မှုကို တောင့်ခံထားလိုက်သည်။

ကိုယ့် အပြစ်ပေးခံရစဉ် ကိုယ့်ကို ချစ်သောသူဆီက ခုလို  တင်းကျပ်စွာပွေ့ဖက်ခံရခြင်းက သူ့အတွက ်တကယ် ခံစားလို့ ကောင်းစေသည်။




**-**

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now