Chapter (7-1)+(7-2)+(7-3) (Z+U)

5.8K 917 21
                                    

Chapter (7-1) - အနားယူသြားေသာ ေခါင္းေဆာင္

က်ိဳးယြင္ရွန႔္က ဖူဘို၏ ႐ြံရွာစက္ဆုပ္ေသာအၾကည့္ေအာက္ကေန သူ႔အခန္းဆီ ခပ္သြက္သြက္ေျပးလာခဲ့သည္။ အခန္းထဲေရာက္ေတာ့ အိပ္ယာထဲတိုးဝင္ကာ အိပ္လိုက္ခ်င္ေပမယ့္ ႐ႊယ္ဇီ႐ႊမ္ေျပာသည္ကိုသတိရၿပီး ေရပူဖြင့္ကာ ေျခေထာက္ကိုေႏြးသြားေအာင္ ခဏစိမ္လိုက္သည္။

႐ႊယ္ဇီ႐ႊမ္ေျပာတာ မွန္သည္ဟု က်ိဳးယြင္ရွန႔္ ဝန္ခံလိုက္ရသည္။ ေျခေထာက္ကို ေရေႏြးစိမ္ထားေသာေၾကာင့္ အေႏြးဓာတ္က တစ္ကိုယ္လုံးကိုပ်ံ႕သြားၿပီး ေရေႏြးႏွင့္ခ်ိဳးသည္ထက္ သက္ေတာင့္သက္သာရွိကာ ေႏြးလာေစသည္။ သူ႔ေျခေထာက္ေတြ နီျမန္းလာၿပီး ေခြၽးေပါက္ေတြပြင့္ကာ ပိုေခ်ာေမြ႕လာခဲ့သည္။ သူက ေသခ်ာေျခာက္ေအာင္သုတ္ၿပီး အိပ္ယာထက္ကေစာင္ေအာက္ထဲ တိုးဝင္လိုက္စဥ္ သူငိုက္ျမည္းလာေတာ့သည္။

"အရမ္းေႏြးတာပဲ.. ေနလို႔ေကာင္းလိုက္တာ.."

က်ိဳးယြင္ရွန႔္က မပီမသ ညည္းလိုက္ေပမယ့္ အိပ္မက္ထဲမွာ သူက ႏွင္းေတာၾကားမွာရပ္ေနၿပီး ႐ႊယ္ဇီ႐ႊမ္၏အက်ႌေအာက္ကို တိုးဝင္ကာ တင္းတင္းဖက္ထားရင္း သူ႔လက္ကို ဆုပ္ကိုင္ထားမိသည္။ က်ယ္ျပန႔္ေသ ာရင္ခြင္၊ သန္မာေသာလက္ေမာင္းၾကားက အေပြ႕အဖက္က သူ႔ကို လုံၿခဳံမႈကိုခံစားရေစသည္။ သူ႔ႏွလုံးသားထဲမွာ ဒီလူနဲ႔ေဝးရာကိုသြားဖို႔၊ သူ႔အခ်စ္ကို မယုံၾကည္ဖို႔ ေျပာေနသည့္စကားကို လ်စ္လွ်ဴရႈကာ ႐ႊယ္ဇီ႐ႊမ္ေဘးမွာေနခ်င္စိတ္တို႔ ေပၚေနမိသည္။ သူက ဒီကမာၻရဲ႕သားေတာ္ဆိုတာ သူ႔စိတ္ထဲမွာ အႀကိမ္ႀကိမ္ႏွလုံးသြင္းရင္း အိပ္ေပ်ာ္သြားေတာ့သည္။

ထိုအခ်ိန္မွာ ႐ႊယ္ဇီ႐ႊမ္က စာဖတ္ခန္းထဲဝင္ကာ သူ႔ဖခင္ကိုေမးလိုက္သည္။

"အေဖ ကြၽန္ေတာ့္ကို ရွာတာလား.."

"တံခါးကိုပိတ္လိုက္.."

႐ႊယ္ေလြ႕က စီးကရက္ကိုမႈတ္ထုတ္ရင္း ေျပာလိုက္သည္။ ႐ႊယ္ဇီ႐ႊမ္က တံခါးပိတ္ကာ စားပြဲေပၚကစီးကရက္ဘူးရွိရာကို လာရင္း သဘာဝက်က် စီးကရက္တစ္လိပ္မီးညႇိကာ ရႈိက္ဖြာလိုက္သည္။ သူ႔မ်က္ႏွာတစ္ဖက္က အေမွာင္ရိပ္က်ေနၿပီး က်န္မ်က္ႏွာတစ္ျခမ္းက စီးကရက္မီးခိုးၾကား ဝိုးတဝါးေပၚေနေပမယ့္ နတ္ဘုရားလိုေခ်ာေမာကာ ေအးစက္ေသာမ်က္ဝန္းက တစ္ဖက္သားကို ရွိန္ေလာက္သည့္အေရာင္အဝါတို႔ ေတာက္ပေနသည္။

"အေဖ ကြၽန္ေတာ့္ကို ဘာေၾကာင့္ရွာတာလဲ.."

႐ႊယ္ဇီ႐ႊမ္က အမူအယာကင္းမဲ့စြာျဖင့္ ႐ႊယ္ေလြ႕ကိုစိုက္ၾကည့္ကာ ေမးလိုက္သည္။ သူ႔မ်က္ဝန္းထဲက ေအးစက္စက္အရိပ္က တစ္ဖက္သားကို ေၾကာက္ေအာင္ေျခာက္ဖို႔ လုံေလာက္ေနေလၿပီ။ သူ႔မ်က္ဝန္းမ်ားက အေၾကာက္အ႐ြံ႕ကင္းကာ သား႐ိုင္းတစ္ေကာင္လို ေတာက္ေနသည္။

႐ႊယ္ေလြ႕သည္ တစ္ညတည္းႏွင့္ တည္ၾကည္ေသာအႏုပညာရွင္တစ္ဦးအျဖစ္မွ သားျဖစ္သူက သူခန႔္မွန္းလို႔မရေအာင္ နက္ရႈိင္းကာ အႏၲရာယ္ႀကီးေသာလူတစ္ေယာက္ပုံ ေျပာင္းသြားသည္ကို စိုက္ၾကည့္ေနသည္။

႐ႊယ္ေလြ႕ခန႔္မွန္းတာ မွန္သည္။ အရင္ဘဝကလည္း ႐ႊယ္ဇီ႐ႊမ္က သူ႔စြမ္းအားျဖင့္ ႐ႊယ္မိသားစုကို ကမာၻ႔ၾသဇာအာဏာႀကီးမားသည့္ မိသားစုအျဖစ္ကို ျမႇင့္တင္ေပးႏိုင္ခဲ့သည္။ ႐ႊယ္ဇီ႐ႊမ္က ငယ္စဥ္ကတည္းက ဆရာမရွိဘဲ အႏုပညာမွာ ထူးခြၽန္ထက္ျမက္သလို ဆရာမပါဘဲ စီးပြားေရးကို ကြၽမ္းက်င္စြာလုပ္ႏိုင္ခဲ့သည္။ သူ႔သားဆီက ေပါက္ကြဲထြက္လာသည့္စြမ္းအားမ်ားက ခန႔္မွန္းလို႔မရေအာင္ အားေကာင္းလွသည္။ ဒါက အံ့ၾသဖို႔ေကာင္းလွသည္။

အခုျပန္လည္ေမြးဖြားလာေတာ့ သူ႔စြမ္းအားက ႐ႊယ္ေလြ႕ထက္ပင္ အဆေပါင္းမ်ားစြာ ေက်ာ္လြန္လို႔ေနေလၿပီ။

"မင္း ဘယ္အခ်ိန္ကတည္းက ေဆးလိပ္ေသာက္တတ္သြားတာလဲ.."

႐ႊယ္ေလြ႕က စစ္ေဆးတာမဟုတ္ဘဲ ဒီအတိုင္းခ်စ္ခင္စြာၿပဳံးကာ ေမးလိုက္သည္။

"ဘယ္အခ်ိန္ကလဲ မသိေတာ့ဘူး.."

႐ႊယ္ဇီ႐ႊမ္က ေျဖရင္း စီးကရက္ကိုရႈိက္ဖြာလိုက္သည္။ ရွည္သြယ္ေသာလက္က စီးကရက္ကိုညႇပ္ထားပုံ၊ အဝါေရာင္မီးလုံးေအာက္ စီးကရက္မီးခိုးၾကားက သူ႔ပုံစံက ေတာက္ပလို႔ေနသည္။ နဂိုကမွ ႐ႊယ္ဇီ႐ႊမ္က အင္အားအရွိန္အဝါႀကီးေသာ အႏုပညာရွင္ျဖစ္ၿပီး သြားေလရာမွာ လူတိုင္း၏အာ႐ုံစိုက္မႈကို ရရွိသူျဖစ္သည္။ အခုေတာ့ သူက စႏၵရားပညာရွင္အျဖစ္ သ႐ုပ္ေဆာင္စရာမလိုေတာ့ေပ။ သူ နဂိုပုံစံအတိုင္းေန႐ုံျဖင့္ ပတ္ဝန္းက်င္တစ္ခုလုံးကို လႊမ္းမိုးေအာင္ လုပ္ေဆာင္လာႏိုင္သည္။
႐ႊယ္ေလြ႕က သူ႔သားႀကီးေရွ႕မွာ စိတ္မသက္မသာခံစားလာရၿပီး စီးကရက္ကိုျငႇိမ္းသတ္ကာ ေျပာလိုက္သည္။

"ေဆးလိပ္မေသာက္နဲ႔.. က်န္းမာေရးအတြက္ မေကာင္းဘူး.. မၾကာခင္ မင္းအတြက္ ေဆးလိပ္ျဖတ္ဖို႔ ငါစီစဥ္ေပးမယ္.."

႐ႊယ္ေလြ႕က ခါးသီးစြာေျပာလိုက္သည္။

႐ႊယ္ဇီ႐ႊမ္က နားမပါသူလို ၿငိမ္ေနသည္။ သူ႔ခႏၶာကိုယ္ကို ႀကံ့ခိုင္ေအာင္ ဘယ္လိုဂ႐ုစိုက္ရမည္ကို သူသိသည္။ ဆယ္ေက်ာ္သက္ေကာင္ေလးကို ကာကြယ္ေပးဖို႔ သူ အသက္ရွည္ရွည္၊ က်န္းက်န္းမာမာရွိရမည္။ ဒါမွ ဆယ္ေက်ာ္သက္ေကာင္ေလးရဲ႕ ဘဝတစ္သက္တာကို ေအးခ်မ္းေအာင္ေစာင့္ေရွာက္ႏိုင္မည္။ သူခ်စ္ေသာဟြမ္ရီ ေနာက္ဆုံးထြက္သက္ရႈိက္သည္အထိ ေဘးမွာေနေပးမည္။ ေနာက္မွ ဟြမ္ရီေနာက္ကေန သူ စိတ္ခ်စြာလိုက္သြားမည္။ ဘာျဖစ္ျဖစ္ သူ ဟြမ္ရီထက္ အသက္ပိုရွည္ရမည္။ ဟြမ္ရီက သူ႔အကာအကြယ္မလိုရင္ေတာင္မွ ေဘးကေန သူ ေစာင့္ေရွာက္ေပးခ်င္သည္။

အခန္းထဲက တိတ္ဆိတ္ေနၿပီး ေနရတာ မသက္မသာျဖစ္လာသည္။ ႐ႊယ္ေလြ႕က သူ႔ေရွ႕ကသားႀကီးက သူလုံးဝမသိသည့္ လူစိမ္းတစ္ေယာက္လို ခံစားလာရသည္။

သူတို႔ ခဏစကားေျပာၿပီးေနာက္ ႐ႊယ္ေလြ႕ကေျပာလိုက္သည္။

"မင္း ဟြမ္ရီကို ဘယ္ေခၚသြားတာလဲ.. မင္းညီမ ေနမေကာင္းျဖစ္ေနတာ မသိဘူးလား.."

"သူမ ေနေကာင္းတဲ့အခ်ိန္ ရွိေသးလို႔လား.. သူမ ေနမေကာင္းျဖစ္တိုင္း လူတိုင္းက သူ႔ေဘးမွာပဲေနၿပီး မစားမေသာက္ရေတာ့ဘူးလား.."

႐ႊယ္ဇီ႐ႊမ္က စီးကရက္မီးခိုးကို မႈတ္ထုတ္လိုက္ၿပီး သူ႔မ်က္ဝန္းထဲမွာ ေလွာင္ရယ္ရိပ္ျဖင့္ ေျပာလိုက္သည္။

႐ႊယ္ေလြ႕က မီးခိုးမ်ားကို လက္ႏွင့္ေဝွ႔ယမ္းကာ ျပန္ေျပာလိုက္သည္။

"ငါ ဒီလိုဆိုလိုတာမဟုတ္ပါဘူး.. သူမက မင္းကို အရမ္းတြယ္တာတယ္ေလ.. သူမသတိရေတာ့ မင္းကိုမေတြ႕လို႔ အရမ္းငိုၿပီး ထပ္သတိလစ္မလို ျဖစ္သြားေသးတယ္.. ကေန႔ သူမက ၂ခါတိတိ သတိေမ့ခဲ့တယ္.. ေရွ႕ေလွ်ာက္ သူမေဘးမွာအခ်ိန္ေပးၿပီး အေဖာ္ျပဳေပးဦး.. ေနာက္မၾကာခင္ သူမ ေနေကာင္းလာလို႔ရွိရင္ ခြဲစိတ္မႈလုပ္ၾကတာေပါ့.. ဒါဆို ေနာင္မွာ သူမ ခုလို သတိလစ္သြားမွာ စိတ္ပူစရာမလိုေတာ့ဘူး.."

႐ႊယ္ဇီ႐ႊမ္က စီးကရက္ကို ခပ္ျပင္းျပင္းရႈိက္သြင္းကာ မီးခိုးေငြ႕မ်ားစြာမႈတ္ထုတ္ၿပီး သူ႔မ်က္ဝန္းထဲက ေပါက္ကြဲခ်င္သည့္အရိပ္ကို ဖုံးကြယ္ထားသည္။ သူ႔အေဖရဲ႕နက္ခ္တိုင္ကို ဆုပ္ကိုင္ၿပီး ေမးလိုက္ခ်င္သည္။

႐ႊယ္က်င္းရီရဲ႕အသက္ပဲ အသက္တစ္ေခ်ာင္းလား၊ ဟြမ္ရီရဲ႕အသက္ကေရာ တန္ဖိုးမရွိဘူးလား..။

ဒီကေလးဟြမ္ရီက သူ႔အေသြးအသား၊ သူ႔ႏွလုံးထဲထိ နက္ရႈိင္းစြာ စိုက္ဝင္ေနသည့္ အပ္မ်ိဳးလို သူႏွင့္ တစ္သားတည္းျဖစ္သည္ဆိုတာ သူတို႔မသိၾကဘူးလား။ ဟြမ္ရီေသသြားရင္ သူ ဘယ္လိုမွ အသက္မရွင္ႏိုင္ေတာ့ေပ။ ဟြမ္ရီရဲ႕အသက္ကို ယူဖို႔ႀကိဳးစားတာက သူ႔အသက္ကိုယူဖို႔ႀကိဳးစားတာနဲ႔ အတူတူပဲျဖစ္သည္။ သူက ဟြမ္ရီ၏အခ်စ္ကိုရဖို႔ ႀကိဳးစားေနခ်ိန္မွာ သူ႔မိသားစုက ဟြမ္ရီ၏အသက္ကိုယူဖို႔ ႀကိဳးစားေနၾကသည္။

ေလာေလာဆယ္ သူ႔အေဖကို တစ္စစီဆြဲၿဖဲလိုက္ခ်င္စိတ္ကို ေအာင့္အည္းထားရင္း ႐ႊယ္ဇီ႐ႊမ္ ေမးလိုက္သည္။

"အေဖေျပာလို႔ၿပီးၿပီလား.."

႐ႊယ္ေလြ႕က ႐ႊယ္ဇီ႐ႊမ္၏ ေအးစက္စက္ေျပာဟန္ေၾကာင့္ ေဒါသထြက္ကာ စားပြဲကို လက္ဝါးႏွင့္႐ိုက္ကာ ဆူမည္အျပဳ ႐ႊယ္ဇီ႐ႊမ္က ႐ုတ္တရက္ေျပာလိုက္သည္။

"ကြၽန္ေတာ္ ဂီတေလာက,ကေန အနားယူေတာ့မယ္.. မိသားစုလုပ္ငန္းကို တရားဝင္လႊဲယူေတာ့မယ္.."

"မင္း ဘာေျပာလိုက္တယ္.."

႐ႊယ္ေလြ႕က အေလာတႀကီး ေမးလိုက္သည္။

"ကြၽန္ေတာ္ ဂီတေလာက,ကေန အနားယူၿပီး မိသားစုစီးပြားေရးကို လႊဲယူေတာ့မယ္.."

အင္အားႀကီးရန္သူကို ရင္ဆိုင္ဖို႔ အာဏာက အေရးႀကီးတာသိလို႔ ႐ႊယ္ဇီ႐ႊမ္က ရွင္းေအာင္ထပ္ေျပာလိုက္သည္။

================================

Chapter (7-2) –  ကြၽန္ေတာ္ CEO ရာထူးနဲ႔ အလုပ္စဝင္ခ်င္တယ္

"ေကာင္းၿပီ.. အေဖ လိုအပ္တဲ့ကိစၥကို စီစဥ္လိုက္မယ္.."

႐ႊယ္ေလြ႕က ဒီကိစၥေၾကာင့္ အေႏွာင့္အယွက္မျဖစ္ပါ။ သူ႔သားက ဂီတကိုပဲစိတ္ဝင္စားၿပီး မိသားစုလုပ္ငန္းကို အုပ္ခ်ဳပ္ဖို႔ စိတ္မဝင္စားေသာေၾကာင့္ သူက လိုအပ္တာကို ေထာက္ပံ့ေပးေနေပမယ့္ သူက တျဖည္းျဖည္းအသက္ႀကီးလာေလၿပီ။ တကယ္လို႔ သူေသသြားတဲ့အခါ စီးပြားေရးေလာကထဲက ဝံပုေလြေတြကို သူ႔သားက ဘယ္လိုမွ ယွဥ္ႏိုင္မည္မဟုတ္ေပ။ ထိုအခါ ႐ႊယ္မိသားစုက ပ်က္စီးသြားမွာေသခ်ာသည္။ ဒါေၾကာင့္ အခ်ိန္မေႏွာင္းခင္ သူ႔သားက စီးပြားေရးလုပ္ငန္းကို ဦးစီးခ်င္တယ္ဆိုေတာ့ ႐ႊယ္ေလြ႕ ဝမ္းသာသြားခဲ့သည္။ ဝံပုေလြရဲ႕သားက ဝံပုေလြပဲျဖစ္ရမည္။
သူ႔လုပ္ငန္းကို သူ႔သားပဲ ဆက္ခံရမည္။

သူ႔သားက စီးပြားေရးကို စိတ္မဝင္စားရသည့္အထဲ ေနမေကာင္းပါျဖစ္ေတာ့ ႐ႊယ္ေလြ႕ စိတ္ဓာတ္က်ခဲ့ရသည္။ ေနာက္ဆုံး သူ႔သားကို စီးပြားေရးလုပ္ဖို႔ ဆြဲေဆာင္လို႔မရလွ်င္ ေနာက္မိန္းမယူၿပီး သားတစ္ေယာက္ထပ္ေမြးဖို႔ပင္ တိတ္တိတ္ႀကံစည္ထားခဲ့ေသးသည္။

ဒါေပမယ့္ ႐ႊယ္လီဒန္နီ၏မိသားစုက ၿမိဳ႕ေတာ္မွာ အင္အားႀကီးၾကၿပီး တရားမဝင္ကေလးတစ္ေယာက္ကသာ အိမ္တံခါးဝကိုေရာက္လာၿပီး အေမြလုခဲ့ရင္ ေသခ်ာေပါက္ ၿမိဳ႕ေတာ္တစ္ခုလုံး ေျဗာင္းဆန္သြားမွာပင္။ ဒါေၾကာင့္ ႐ႊယ္ေလြ႕က ဦးေႏွာက္ေျခာက္ေနခိုက္ သူ႔သားက အျမင္မွန္ရကာ စီးပြားေရးကိုဦးစီးခ်င္သည္ဟု ေျပာလာေတာ့ သူ႔ရင္ထဲကျပႆနာကို ရွင္းလိုက္ႏိုင္ေလၿပီ။ သူ႔သားက ထုံအသူမဟုတ္ေသာေၾကာင့္ အရည္အခ်င္းရွိေသာ စီးပြားေရးသမားျဖစ္ေအာင္ သင္ေပးႏိုင္မည္ဟု ယုံၾကည္သည္။

"မင္း ေအာက္ေျခကေနစၿပီး ေလ့လာခ်င္လား.."

႐ႊယ္ေလြ႕က ဖုန္းနံပါတ္တစ္ခုကိုေခၚရင္း ေမးလိုက္သည္။ သူ႔သားက စီးပြားေရးလုပ္ငန္းကို အေျခခံကစၿပီး နားလည္ဖို႔ ေအာက္ေျခကစၿပီး ေလ့လာမည္ဟု ထင္ထားသည္။ ဒါမွာ အလားအလာေကာင္းမ်ားစြာကို ေသခ်ာျမင္ႏိုင္လိမ့္မည္။

႐ႊယ္ဇီ႐ႊမ္က ဟက္ဟက္ပက္ပက္ ရယ္ေမာလိုက္သည္။ အရင္ဘဝက သူတို႔မိသားစုလုပ္ငန္း ဖ်က္ဆီးခံရသည့္အခ်ိန္က သူက လက္ေအာက္ခံတခ်ိဳ႕ႏွင့္ ပိုင္ဆိုင္မႈမ်ားကို ႏိုင္ငံျခားတိုင္းျပည္သို႔ တိတ္တဆိတ္ေ႐ႊ႕ေျပာင္းကာ ႏိုင္ငံတကာအင္အားႀကီးေသာ လုပ္ငန္းႀကီးကို ထူေထာင္ႏိုင္ခဲ့သည္။ ဘာေၾကာင့္ ေအာက္ေျခက စတင္ရမွာလဲ။

႐ႊယ္က်င္းရီက ေနမေကာင္းျဖစ္ပါတယ္ဆိုၿပီး ဝုန္းဒိုင္းက်ဲေနၿပီးေနာက္ မၾကာခင္ ေနျပန္ေကာင္းသည္ဟု ဟန္ေဆာင္ႏိုင္သည္။ ဒါေၾကာင့္ သူမ ျပန္မေကာင္းလာခင္ ႐ႊယ္မိသားစုလုပ္ငန္း၏အာဏာကို သူ ဆုပ္ကိုင္မိထားဖို႔ အေရးႀကီးသည္။

"စီးပြားေရးဌာနကိုပဲ တိုက္႐ိုက္ဝင္လိုက္မယ္.."

႐ႊယ္ဇီ႐ႊမ္က စီးကရက္ျပာေတာင့္ကို ေခြၽကာ ခိုင္မာစြာေျပာလိုက္သည္။
"မင္း HR ဌာနပိုင္းမွာ စဝင္တာ ပိုေကာင္းမယ္လို႔ထင္တယ္.. ဒါမွ company ထဲက အဓိကလူေတြကို ပိုသိၿပီး သူတို႔ဘာႀကံေနသလဲဆိုတာ ေလ့လာႏိုင္မယ္.. စီးပြားေရးဌာနထဲ တိုက္႐ိုက္ဝင္ရင္ မင္း သူတို႔ကို ရင္မဆိုင္ႏိုင္မွာစိုးတယ္.."

႐ႊယ္ေလြ႕က သူ႔သားကို ေသြးေဆာင္လိုက္သည္။ ဒီ႐ႊယ္စီးပြားေရးလုပ္ငန္းစုႀကီးက ႐ႊယ္ေလြ႕တစ္ေယာက္တည္း ပိုင္တာမဟုတ္ေပ။ ႐ႊယ္မိသားစု၏ အဓိကအိမ္ေတာ္၊ တတိယအိမ္ေတာ္ႏွင့္ စတုတၳအိမ္ေတာ္ခြဲတို႔က စီးပြားေရးဌာနတြင္းမွာရွိၿပီး အားလုံးက အာဏာအတြက္ ယွဥ္ၿပိဳင္ေနၾကသည္။ အခ်င္းခ်င္း လွည့္စားမႈမ်ား၊ လွ်ိဳ႕ဝွက္ႀကံစည္မႈမ်ားျဖင့္ ျပည့္ႏွက္ေနသည္။ သူ႔သားလို အႏုပညာသမားတစ္ဦးက စီးပြားေရးေလာက၏ သစၥာေဖာက္မႈကို ဘယ္လိုလက္ခံ ကိုင္တြယ္ႏိုင္မွာလဲ။

တကယ္လို႔ သူ႔သားက ဂ႐ုတစိုက္ျပင္ဆင္ျခင္းမရွိဘဲ အဓိကစီးပြားေရးဌာနထဲ ဝင္လိုက္လွ်င္ ေအာက္ေျခထိျပဳတ္က်သြားႏိုင္သည္။ ဒါဆိုရင္ သူတို႔မိသားစုကို ဘယ္သူမွ မယုံၾကည္ၾကေတာ့ဘဲ တတိယအိမ္ေတာ္ခြဲႏွင့္ အျခားသူမ်ားအတြက္ အျမင့္တက္ဖို႔ အခြင့္ေကာင္းျဖစ္သြားလိမ့္မည္။ ဒါေၾကာင့္ ရွယ္ယာရွင္မ်ား၏ယုံၾကည္မႈႏွင့္ ေထာက္ခံခ်က္ကိုရဖို႔ ေအာက္ေျခကေန တစ္ဆင့္ခ်င္းတက္သြားေစခ်င္သည္။ ဒါဆို တခါတေလရႈံးနိမ့္ရင္ေတာင္ ျပန္လည္ႀကိဳးစားႏိုင္ေသးသည္။

"ကြၽန္ေတာ္ ေအာင္ျမင္သည္ျဖစ္ေစ၊ က်ရႈံးသည္ျဖစ္ေစ ေနာက္ဆုံးရလဒ္က ဘာျဖစ္မယ္ဆိုတာ ကြၽန္ေတာ္သိၿပီးသားပါ.. ဒါေၾကာင့္ ကြၽန္ေတာ့္ကို ႐ုံးခ်ဳပ္က CEO ရာထူးနဲ႔ဝင္ႏိုင္ဖို႔ စီစဥ္ေပးပါ.. သံစုံတီးဝိုင္းမွာ လုပ္လက္စကို လက္စသတ္ၿပီး ေနာက္ ၃ရက္မွာ company ကိုဝင္ပါ့မယ္.."

႐ႊယ္ဇီ႐ႊမ္က အခန္းျပင္ကိုေလွ်ာက္သြားရင္း ေျပာလိုက္သည္။

သူ႔သားက သံစုံတီးဝိုင္းကေတာင္ ထြက္ဖို႔စီစဥ္ေနတယ္ဆိုေတာ့ စီးပြားေရးေလာကထဲဝင္ခ်င္တာ တကယ္ထင္သည္။ ဒီအေတြးေၾကာင့္ ႐ႊယ္ေလြ႕ စိတ္သက္သာရာရသြားသည္။ သူ႔သားက CEO ျဖစ္ခ်င္ရင္ CEO ျဖစ္ေစရမည္။ ေဘးကေန စိတ္ခ်ရတဲ့လက္ေထာက္ေတြ စီစဥ္ထားရင္ အေျခအေနကို ကိုင္တြယ္ႏိုင္မွာပါ။ အရမ္းႀကီး အပ်က္ဘက္ကေတြးစရာ မလိုေသးေပ။ သူ႔သားက ဝင္ၿပီးေနာက္တစ္ေန႔ company ကထြက္မလားေတာင္ မသိရေသးေပ။

႐ႊယ္ေလြ႕က ဖုန္းဆက္ၿပီး သူ႔သားေျပာသလိုလုပ္ဖို႔ စီစဥ္လိုက္သည္။

စာဖတ္ခန္းကေန ႐ႊယ္ဇီ႐ႊမ္ထြက္လာၿပီး ဟြမ္ရီ၏အိပ္ခန္းရွိရာကိုသြားဖို႔ ေလွကားကေနဆင္းလာခ်ိန္မွာ ႐ႊယ္က်င္းရီက ေကာ္ရစ္ဒါေထာင့္ေလးမွာ ငုတ္တုတ္ထိုင္ကာ ဒူးကို လက္ႏွင့္ပိုက္ကာ အိပ္ေပ်ာ္ေနသည္ကို ေတြ႕လိုက္ရသည္။ သူမက ဒူးေခါင္းမွာမ်က္ႏွာအပ္ကာ ေဆာင္းတြင္းျဖစ္ေပမယ့္ ညဝတ္အက်ႌတစ္ထည္ေလးႏွင့္ ေအးစက္တုန္ယင္စြာ အိပ္ေပ်ာ္ေနသည္။

႐ႊယ္ဇီ႐ႊမ္က သူမေဘးကေန ေအးေဆးစြာျဖတ္ေလွ်ာက္လာသည္။ သူမကိုယ္ေပၚ သူ႔အေပၚဝတ္ကုတ္ျဖင့္ ၿခဳံလႊမ္းကာ သူမအိပ္ယာထက္ကိုေပြ႕ခ်ီသြားေပးဖို႔ စိတ္ကူးပင္မရွိေပ။

သူမအေပၚထားသည့္ သံေယာဇဥ္အားလုံး ေပ်ာက္သြားတာၾကာခဲ့ေလၿပီ။ သူမက သူ႔ဘာသာႏွိပ္စက္ၿပီး သူမေဘးကလူေတြကိုလည္း ႏွိပ္စက္ဖို႔စီစဥ္ထားေသးသည္။ ဒီအခ်က္ကိုေတြးမိေတာ့ သူမကို ပိုမုန္းလာမိသည္။

႐ႊယ္က်င္းရီက ႐ႊယ္ဇီ႐ႊမ္ထင္သလို အိပ္ေပ်ာ္ေနတာမဟုတ္ဘဲ ဟန္ေဆာင္ေနျခင္းျဖစ္သည္။ သူမက ေကာ္ရစ္ဒါေထာင့္မွာ ေအးစက္တုန္ယင္စြာ သူ႔ကိုေစာင့္ရင္း အိပ္ေပ်ာ္သြားတာျမင္ရင္ အစ္ကိုႀကီး၏ သနားဂ႐ုဏာစိတ္ကို ေသခ်ာေပါက္လႈံ႕ေဆာ္ေပးႏိုင္မည္ဟု ထင္ထားသည္။ သူမကိုေပြ႕ခ်ီကာ ေႏြးေထြးေသာအိပ္ယာထက္ သယ္သြားေပးသည့္အခါ သူမက ႏိုးခ်င္ေယာင္ေဆာင္ၿပီး အစ္ကိုႀကီးကို သူမဘယ္ေလာက္ ဝမ္းနည္းေနရသည္ကိုေျပာကာ ခြၽဲႏြဲ႕လိုက္မည္ဟု ေတြးထားသည္။

ဒါေပမယ့္ သူမအစ္ကိုႀကီးက သူမကို အဖက္မလုပ္ဘဲ ေဘးကေန မျမင္သလိုျဖတ္ေလွ်ာက္သြားမည္ဟု ထင္မထားခဲ့ေပ။

ဒါ ဘယ္လိုျဖစ္ႏိုင္မွာလဲ။ သူမကို ဘာေၾကာင့္ ခုလိုထားသြားရစ္တာလဲ။ သူမခႏၶာကိုယ္က အပူအေအးဒဏ္ကို ခံႏိုင္ရည္မရွိတာကို မမွတ္မိေတာ့ဘူးလား။ သူမက ေကာ္ရစ္ဒါမွာ တစ္ညလုံးအိပ္ေပ်ာ္ေနၿပီး ဖ်ားသြားမွာ၊ အိပ္ယာထဲလဲသြားမွာကို သူ မစိုးရိမ္ဘူးလား။ သူမေရာဂါ ပိုဆိုးလာမွာကို မစိုးရိမ္ဘူးလား။

=======================

Chapter (7-3) – ေရွာင္ရီ အခန္းကို ခိုးဝင္ေသာ အကိုႀကီး

ရႊယ္က်င္းရီ ဘယ္ေလာက္ပဲတုန္လႈပ္ပါေစ၊ သူမအစ္ကုိက သူမကို တကယ္လ်စ္လွ်ဴ႐ႈကာ ထြက္သြားေလၿပီ။

ရႊယ္က်င္းရီက ေခါင္းကို အားယူေထာင္မတ္ကာ တိုးတိုးလွမ္းေျပာလိုက္သည္။

"အစ္ကိုႀကီး ျပန္လာၿပီလား.. ညီမေလး အစ္ကိုႀကီးကို ဒီမွာ တစ္ညလံုးေစာင့္ေနတာ.."

"မင္းက ညဝတ္အက်ႌထူထူဝတ္ၿပီး အပူေပးစက္နားမွာ ထိုင္ေစာင့္သင့္တယ္.. ဒါမွမဟုတ္ရင္ ဧည့္ခန္းထဲမွာ ေစာင့္ေနသင့္တယ္မဟုတ္လား.. ညသန္းေခါင္ႀကီး ညဝတ္အက်ႌပါးပါးေလးဝတ္ၿပီး ေကာ္ရစ္ဒါမွာ ဘာေၾကာင့္ေစာင့္ေနတာလဲ.. မင္းက ငါ့ကို အေႏွာင့္အယွက္ေပးခ်င္ေနတာလား.. မင္းကိုယ္မင္း ဂ႐ုမစိုက္ရင္ ဘယ္သူက ဂ႐ုစိုက္ႏိုင္မွာလဲ.."

ရႊယ္ဇီရႊမ္က ေကာင္မေလးကို ခံစားခ်က္မေဖာ္ျပသည့္မ်က္ႏွာျဖင့္ ေျပာလိုက္သည္။

"ညီမေလး ေတာင္းပန္ပါတယ္.. အေမနဲ႔ဖူဘိုက ညီမေလးကို ဧည့္ခန္းထဲမွာ မေစာင့္ေစခ်င္ဘူး.. သူတို႔က ညီမေလးကို အတင္းအိပ္ခိုင္းေနတယ္.. ဒါေၾကာင့္ အစ္ကိုႀကီးေျခသံကို မၾကားလိုက္ရမွာစိုးလို႔ ဒီမွာ တိတ္တိတ္ေလး လာေစာင့္ေနတာပါ.. ညီမေလး ကုိယ့္ဘာသာ ဂ႐ုစိုက္ပါ့မယ္.. ညီမေလးကို စိတ္မဆိုးပါနဲ႔ေတာ့.. ညီမေလး အမွားလုပ္မိရင္ ေျပာပါ.. ညီမေလး အားလံုးျပင္ပါ့မယ္.."

ရႊယ္က်င္းရီက ေရွ႕တစ္လွမ္းတိုးကာ ရႊယ္ဇီရႊမ္၏အက်ႌစကို ဆြဲရန္ ျပင္လိုက္သည္။ ဒါက ခါတိုင္း သူမလုပ္ေနက် အမူအက်င့္ျဖစ္သည္။
ရႊယ္ဇီရႊမ္က ေနာက္တစ္လွမ္းဆုတ္ကာ ေအးစက္စြာေျပာလိုက္သည္။

"မင္းအခန္းထဲ ျပန္သြားေတာ့.."

မွားေနတာရွိရင္ ျပန္ျပင္မယ္ ဟုတ္လား..။ ဒီစကားေတြက မ်က္ကန္းေနသည့္ သူ႔မိဘေတြကိုပဲ အ႐ူးလုပ္ႏိုင္မည္။ ရႊယ္က်င္းရီ၏ ယုတ္မာေသာစိတ္ထားက သူမအေသြးအသားထဲ နစ္ဝင္ေနမွေတာ့ သူမ ဘယ္ေတာ့မွ ျပန္ျပင္မည္မဟုတ္ေပ။

"ညီမေလး မျပန္ႏိုင္ဘူး.. အစ္ကိုႀကီးနဲ႔ စကားေျပာခ်င္တယ္.."

ရႊယ္က်င္းရီက မ်က္ႏွာေလးကိုေမာ့ကာ ငိုမဲ့မဲ့ႏွင့္ ေျပာလိုက္သည္။

"ငါ မင္းကို ဘာမွေျပာစရာမရွိဘူး.."

ရႊယ္ဇီရႊမ္က ေနာက္ကိုလွည့္ရင္း ေနာက္ဆံုးအႀကိမ္ အႀကံေပးလိုက္သည္။

"ဒီခႏၶာက မင္းခႏၶာပဲ.. မင္းမွတန္ဖိုးမထားရင္ ဘယ္သူမွ တန္ဖိုးမထားဘူးဆိုတာ မွတ္ထား.. ကုိယ့္ဘာသာပဲ ျပဳျပင္ေျပာင္းလဲၿပီး ေနေကာင္းေအာင္ေနရမယ္.. တကယ္လို႔ မင္းဘာသာ ပိုဆိုးေအာင္လုပ္ခ်င္ရင္လည္း မင္းအပိုင္ပဲ.. ဒါက ငါေပးႏိုင္တဲ့ ေနာက္ဆံုးအႀကံပဲ.."

ဒါကေတာ့ စိတ္ရင္းႏွင့္ေပးသည့္ အႀကံပင္။ ရႊယ္က်င္းရီက ခုလိုဆက္လုပ္သြားရင္ သူမဘဝက ပိုပိုဆိုးလာလိမ့္မည္။ တကယ္လို႔ သူမက အရင္ဘဝလိုပဲ ဆက္လုပ္ေနမယ္ဆိုရင္ သူက သူမအေပၚ ၾကင္နာႏိုင္မည္မဟုတ္ေပ။

ရႊယ္က်င္းရီက ပါးစပ္ကို လက္ႏွင့္အုပ္ထားလိုက္သည္။ ဒီစကားလံုးေတြက နာက်င္ေစသည္ဆိုေပမယ့္ သူမအတြက္ေကာင္းေစခ်င္လို႔ ေျပာသည္ဟု ခံစားလိုက္ရသည္။ အစ္ကိုႀကီး၏ေလသံက ႏွင္းေတြထက္ ေအးစက္တယ္ဆိုေပမယ့္ သူမအတြက္ ခြန္အားျဖစ္လာခဲ့သည္။ အစ္ကိုႀကီးက သူမကို က်န္းမာႀကံ့ခိုင္ေစခ်င္လို႔ ေျပာသည္ဟု ေတြးကာ သူမအိပ္ခန္းထဲဝင္သြားၿပီး ေစာင္ၿခံဳေအာက္ဝင္ကာ မ်က္လံုးမွိတ္လိုက္ေတာ့သည္။

သူမ၏ႏွလံုးသားထဲမွာ ဒီထက္က်န္းမာခ်င္စိတ္တို႔ ေပၚလာခဲ့သည္။ အစ္ကိုႀကီးက သူမကို မထားရစ္ခဲ့သေရြ႕ သူမကို႐ိုက္လည္း ဘာမွမျဖစ္ေပ။

"အစ္ကိုႀကီး.. အစ္ကုိႀကီးက ညီမေလးကို ဂ႐ုမစိုက္ဘူးလို လိမ္ေျပာေနတာမလား.. ဒါ ညီမေလးကို ေကာင္းေစခ်င္လို႔ အၾကမ္းနည္းနဲ႔ေျပာေနတာမလား.. ညီမေလးရဲ့ကိုယ္ကို ဂ႐ုမစိုက္လို႔ ခပ္ၾကမ္းၾကမ္းေျပာေနတာ ညီမေလးသိတယ္.. စိတ္ခ်ပါ.. ညီမေလး အစ္ကိုႀကီးရဲ့စကားကို နာခံပါ့မယ္.. ညီမေလးရဲ့ခႏၶာကိုယ္ကို ဂ႐ုစိုက္ပါ့မယ္.. ညီမေလးကို စိတ္မဆိုးပါနဲ႔ေတာ့.. အစ္ကုိႀကီးက ညီမေလးေနေကာင္းတာျမင္ခ်င္မွန္း သိပါတယ္.."

ဒီစကားေတြေျပာရင္း ရႊယ္က်င္းရီ အိပ္ေပ်ာ္သြားေတာ့သည္။
ရႊယ္ဇီရႊမ္က ရႊယ္က်င္းရီ သူ႔စကားကို အဓိပၸါယ္ေကာက္မွားသြားတာကို မသိေပ။ သိလည္း ဂ႐ုမစိုက္ေပ။ သူက ညအိပ္မေပ်ာ္ေအာင္ျဖစ္ေနသည္။ ဟြမ္ရီက သူ႔အခန္းေအာက္ထပ္မွာရွိေပမယ့္ သူစိတ္ခ်ၿပီး မအိပ္ႏိုင္ေအာင္ျဖစ္ေနသည္။ အရင္ဘဝကေတာ့ ခ်စ္သူေလးႏွင့္ တစ္မိုးေအာက္မွာေနခြင့္ရဖို႔ ကာလၾကာရွည္ ေစာင့္ေနခဲ့ရသည္။ ခုေတာ့ တစ္မိုးေအာက္မွာရွိေနလည္း မေက်နပ္ႏိုင္ေတာ့ေပ။

သူေတာင့္တခဲ့ေသာေကာင္ေလးကို ျမင္ခ်င္ခဲ့သည္။ မ်က္ျမင္ေတြ႕ရေတာ့ ထိကိုင္ခ်င္သည္။ ထိကိုင္ရေတာ့ နမ္းခ်င္လာသည္။ နမ္းမိေတာ့ ပိုင္ဆိုင္ခ်င္လာသည္။ ၿပီးေတာ့ ကမာၻအဆက္ဆက္ထိ ပိုင္ဆိုင္ခ်င္သည္။ ဒီေကာင္ေလးနဲ႔ပတ္သက္ၿပီး သူ႔ဆႏၵက အဆံုးမရွိေအာင္ျဖစ္ေနမိသည္။

ရင္ဘတ္ထဲကအပူမီးကို ထိန္းဖို႔ စီးကရက္ကို မီးညႇိကာ ျပတင္းေပါက္ရွည္ႀကီးနားမွာရပ္ျပီး အျပင္ဘက္မွာက်သည့္ႏွင္းမ်ားကို ေငးၾကည့္ေနမိသည္။ ႏွင္းက်တာေႏွးေကြးၿပီး သူ႔အဆုတ္ထဲထိ ဝင္ေနသည့္မီးခိုးေငြ႕က သူ႔ရင္ထဲကအထီးက်န္မႈကို မခ်ဳပ္ၿငိမ္းႏိုင္ေပ။
ရႊယ္ဇီရႊယ္၏မ်က္လံုးက နီရဲလာၿပီး အသက္ျပင္းျပင္း႐ိႈက္ကာ စီးကရက္ကိုၿငိႇမ္းသတ္လို႔ ေအာက္ထပ္ကိုဆင္းလာၿပီး ဟြမ္ရီ၏အိပ္ခန္းတံခါးဝေရွ႕မွာ ရပ္ကာ တံခါးကို လက္ႏွင့္ထိထားမိသည္။

တံခါးကို ဖြင့္လို႔ေတာ့မရေပ။ ဟြမ္ရီက တံခါးကိုေသာ့ခတ္ကာ အိပ္သြားလို႔ ရႊယ္ဇီရႊမ္က ညသန္းေခါင္ႀကီး ဖူဘိုကိုႏိႈးကာ ေသာ့ေတာင္းလိုက္သည္။

"သခင္ေလး.. ဘယ္ကေသာ့ကို လိုခ်င္တာလဲ.."

ဖူဘိုက ေသာ့တြဲကိုထုတ္ကာ ရွင္းျပလိုက္သည္။

"ဒီေသာ့က ပထမထပ္က အခန္းေသာ့ေတြ၊ ဒီဟာက ဒုတိယထပ္နဲ႔ တတိယထပ္က ေသာ့ေတြပါ.. စာဖတ္ခန္းကေတာ့ လက္ေဗြရာနဲ႔မွ ဖြင့္လို႔ရတယ္.. စာဖတ္ခန္းထဲ ဝင္ခြင့္ရဖို႔ သခင္ႀကီးခြင့္ျပဳမွရမယ္.. ဒီေသာ့ေတြက အိမ္သားတိုင္းမွာ တစ္စံုစီရွိတယ္.. သခင္ေလးက မေတာင္းလို႔ ကၽြန္ေတာ္က ေပးဖို႔ေမ့ေနတာ.. ဒီတစ္စံုကို ကၽြန္ေတာ့္ကို ျပန္ေပးဖို႔မလိုပါဘူး.."

ဖူဘိုက ေသာ့မ်ားကို ေပးလိုက္သည္။

ရႊယ္ဇီရႊမ္က ေသာ့ကိုယူရင္း ဟြမ္ရီ၏အခန္းေသာ့ကို မွန္ေအာင္ အေတာ္ႀကိဳးစားလိုက္ရသည္။

ဝံပုေလြဂူထဲမွာ အိပ္စက္ေနရလို႔ က်ိဳးယြင္ရွန္႔က ဘယ္လိုလုပ္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ရဲမွာလဲ။ တံခါးေသာ့ဖြင့္သံၾကားေတာ့ သူက ခ်က္ခ်င္းႏိုးလာၿပီး တံခါးေနာက္မွာ ခ်က္ခ်င္းပုန္းလိုက္သည္။

တံခါးက အသာေလးပြင့္သြားၿပီး စႀကၤန္ကမီးေရာင္က ေမွာင္ေသာအိပ္ခန္းထဲ တိုးဝင္လာခဲ့သည္။ ထို႔ေနာက္ တံခါးဝမွာ အရပ္ျမင့္ျမင့္ႏွင့္ ေယာက္်ားတစ္ေယာက္၏ပံုရိပ္ကို ျမင္လိုက္ရၿပီး သူက အိပ္ခန္းထဲ ျဖည္းညင္းစြာဝင္လာခဲ့သည္။

==========================

Chapter (7-1) - အနားယူသွားသော ခေါင်းဆောင်

ကျိုးယွင်ရှန့်က ဖူဘို၏ ရွံရှာစက်ဆုပ်သောအကြည့်အောက်ကနေ သူ့အခန်းဆီ ခပ်သွက်သွက်ပြေးလာခဲ့သည်။ အခန်းထဲရောက်တော့ အိပ်ယာထဲတိုးဝင်ကာ အိပ်လိုက်ချင်ပေမယ့် ရွှယ်ဇီရွှမ်ပြောသည်ကိုသတိရပြီး ရေပူဖွင့်ကာ ခြေထောက်ကိုနွေးသွားအောင် ခဏစိမ်လိုက်သည်။

ရွှယ်ဇီရွှမ်ပြောတာ မှန်သည်ဟု ကျိုးယွင်ရှန့် ဝန်ခံလိုက်ရသည်။ ခြေထောက်ကို ရေနွေးစိမ်ထားသောကြောင့် အနွေးဓာတ်က တစ်ကိုယ်လုံးကိုပျံ့သွားပြီး ရေနွေးနှင့်ချိုးသည်ထက် သက်တောင့်သက်သာရှိကာ နွေးလာစေသည်။ သူ့ခြေထောက်တွေ နီမြန်းလာပြီး ချွေးပေါက်တွေပွင့်ကာ ပိုချောမွေ့လာခဲ့သည်။ သူက သေချာခြောက်အောင်သုတ်ပြီး အိပ်ယာထက်ကစောင်အောက်ထဲ တိုးဝင်လိုက်စဉ် သူငိုက်မြည်းလာတော့သည်။

"အရမ်းနွေးတာပဲ.. နေလို့ကောင်းလိုက်တာ.."

ကျိုးယွင်ရှန့်က မပီမသ ညည်းလိုက်ပေမယ့် အိပ်မက်ထဲမှာ သူက နှင်းတောကြားမှာရပ်နေပြီး ရွှယ်ဇီရွှမ်၏အင်္ကျီအောက်ကို တိုးဝင်ကာ တင်းတင်းဖက်ထားရင်း သူ့လက်ကို ဆုပ်ကိုင်ထားမိသည်။ ကျယ်ပြန့်သေ ာရင်ခွင်၊ သန်မာသောလက်မောင်းကြားက အပွေ့အဖက်က သူ့ကို လုံခြုံမှုကိုခံစားရစေသည်။ သူ့နှလုံးသားထဲမှာ ဒီလူနဲ့ဝေးရာကိုသွားဖို့၊ သူ့အချစ်ကို မယုံကြည်ဖို့ ပြောနေသည့်စကားကို လျစ်လျှူရှုကာ ရွှယ်ဇီရွှမ်ဘေးမှာနေချင်စိတ်တို့ ပေါ်နေမိသည်။ သူက ဒီကမ္ဘာရဲ့သားတော်ဆိုတာ သူ့စိတ်ထဲမှာ အကြိမ်ကြိမ်နှလုံးသွင်းရင်း အိပ်ပျော်သွားတော့သည်။

ထိုအချိန်မှာ ရွှယ်ဇီရွှမ်က စာဖတ်ခန်းထဲဝင်ကာ သူ့ဖခင်ကိုမေးလိုက်သည်။

"အဖေ ကျွန်တော့်ကို ရှာတာလား.."

"တံခါးကိုပိတ်လိုက်.."

ရွှယ်လွေ့က စီးကရက်ကိုမှုတ်ထုတ်ရင်း ပြောလိုက်သည်။ ရွှယ်ဇီရွှမ်က တံခါးပိတ်ကာ စားပွဲပေါ်ကစီးကရက်ဘူးရှိရာကို လာရင်း သဘာဝကျကျ စီးကရက်တစ်လိပ်မီးညှိကာ ရှိုက်ဖွာလိုက်သည်။ သူ့မျက်နှာတစ်ဖက်က အမှောင်ရိပ်ကျနေပြီး ကျန်မျက်နှာတစ်ခြမ်းက စီးကရက်မီးခိုးကြား ဝိုးတဝါးပေါ်နေပေမယ့် နတ်ဘုရားလိုချောမောကာ အေးစက်သောမျက်ဝန်းက တစ်ဖက်သားကို ရှိန်လောက်သည့်အရောင်အဝါတို့ တောက်ပနေသည်။

"အဖေ ကျွန်တော့်ကို ဘာကြောင့်ရှာတာလဲ.."

ရွှယ်ဇီရွှမ်က အမူအယာကင်းမဲ့စွာဖြင့် ရွှယ်လွေ့ကိုစိုက်ကြည့်ကာ မေးလိုက်သည်။ သူ့မျက်ဝန်းထဲက အေးစက်စက်အရိပ်က တစ်ဖက်သားကို ကြောက်အောင်ခြောက်ဖို့ လုံလောက်နေလေပြီ။ သူ့မျက်ဝန်းများက အကြောက်အရွံ့ကင်းကာ သားရိုင်းတစ်ကောင်လို တောက်နေသည်။

ရွှယ်လွေ့သည် တစ်ညတည်းနှင့် တည်ကြည်သောအနုပညာရှင်တစ်ဦးအဖြစ်မှ သားဖြစ်သူက သူခန့်မှန်းလို့မရအောင် နက်ရှိုင်းကာ အန္တရာယ်ကြီးသောလူတစ်ယောက်ပုံ ပြောင်းသွားသည်ကို စိုက်ကြည့်နေသည်။

ရွှယ်လွေ့ခန့်မှန်းတာ မှန်သည်။ အရင်ဘဝကလည်း ရွှယ်ဇီရွှမ်က သူ့စွမ်းအားဖြင့် ရွှယ်မိသားစုကို ကမ္ဘာ့သြဇာအာဏာကြီးမားသည့် မိသားစုအဖြစ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။ ရွှယ်ဇီရွှမ်က ငယ်စဉ်ကတည်းက ဆရာမရှိဘဲ အနုပညာမှာ ထူးချွန်ထက်မြက်သလို ဆရာမပါဘဲ စီးပွားရေးကို ကျွမ်းကျင်စွာလုပ်နိုင်ခဲ့သည်။ သူ့သားဆီက ပေါက်ကွဲထွက်လာသည့်စွမ်းအားများက ခန့်မှန်းလို့မရအောင် အားကောင်းလှသည်။ ဒါက အံ့သြဖို့ကောင်းလှသည်။

အခုပြန်လည်မွေးဖွားလာတော့ သူ့စွမ်းအားက ရွှယ်လွေ့ထက်ပင် အဆပေါင်းများစွာ ကျော်လွန်လို့နေလေပြီ။

"မင်း ဘယ်အချိန်ကတည်းက ဆေးလိပ်သောက်တတ်သွားတာလဲ.."

ရွှယ်လွေ့က စစ်ဆေးတာမဟုတ်ဘဲ ဒီအတိုင်းချစ်ခင်စွာပြုံးကာ မေးလိုက်သည်။

"ဘယ်အချိန်ကလဲ မသိတော့ဘူး.."

ရွှယ်ဇီရွှမ်က ဖြေရင်း စီးကရက်ကိုရှိုက်ဖွာလိုက်သည်။ ရှည်သွယ်သောလက်က စီးကရက်ကိုညှပ်ထားပုံ၊ အဝါရောင်မီးလုံးအောက် စီးကရက်မီးခိုးကြားက သူ့ပုံစံက တောက်ပလို့နေသည်။ နဂိုကမှ ရွှယ်ဇီရွှမ်က အင်အားအရှိန်အဝါကြီးသော အနုပညာရှင်ဖြစ်ပြီး သွားလေရာမှာ လူတိုင်း၏အာရုံစိုက်မှုကို ရရှိသူဖြစ်သည်။ အခုတော့ သူက စန္ဒရားပညာရှင်အဖြစ် သရုပ်ဆောင်စရာမလိုတော့ပေ။ သူ နဂိုပုံစံအတိုင်းနေရုံဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးအောင် လုပ်ဆောင်လာနိုင်သည်။
ရွှယ်လွေ့က သူ့သားကြီးရှေ့မှာ စိတ်မသက်မသာခံစားလာရပြီး စီးကရက်ကိုငြှိမ်းသတ်ကာ ပြောလိုက်သည်။

"ဆေးလိပ်မသောက်နဲ့.. ကျန်းမာရေးအတွက် မကောင်းဘူး.. မကြာခင် မင်းအတွက် ဆေးလိပ်ဖြတ်ဖို့ ငါစီစဉ်ပေးမယ်.."

ရွှယ်လွေ့က ခါးသီးစွာပြောလိုက်သည်။

ရွှယ်ဇီရွှမ်က နားမပါသူလို ငြိမ်နေသည်။ သူ့ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် ဘယ်လိုဂရုစိုက်ရမည်ကို သူသိသည်။ ဆယ်ကျော်သက်ကောင်လေးကို ကာကွယ်ပေးဖို့ သူ အသက်ရှည်ရှည်၊ ကျန်းကျန်းမာမာရှိရမည်။ ဒါမှ ဆယ်ကျော်သက်ကောင်လေးရဲ့ ဘဝတစ်သက်တာကို အေးချမ်းအောင်စောင့်ရှောက်နိုင်မည်။ သူချစ်သောဟွမ်ရီ နောက်ဆုံးထွက်သက်ရှိုက်သည်အထိ ဘေးမှာနေပေးမည်။ နောက်မှ ဟွမ်ရီနောက်ကနေ သူ စိတ်ချစွာလိုက်သွားမည်။ ဘာဖြစ်ဖြစ် သူ ဟွမ်ရီထက် အသက်ပိုရှည်ရမည်။ ဟွမ်ရီက သူ့အကာအကွယ်မလိုရင်တောင်မှ ဘေးကနေ သူ စောင့်ရှောက်ပေးချင်သည်။

အခန်းထဲက တိတ်ဆိတ်နေပြီး နေရတာ မသက်မသာဖြစ်လာသည်။ ရွှယ်လွေ့က သူ့ရှေ့ကသားကြီးက သူလုံးဝမသိသည့် လူစိမ်းတစ်ယောက်လို ခံစားလာရသည်။

သူတို့ ခဏစကားပြောပြီးနောက် ရွှယ်လွေ့ကပြောလိုက်သည်။

"မင်း ဟွမ်ရီကို ဘယ်ခေါ်သွားတာလဲ.. မင်းညီမ နေမကောင်းဖြစ်နေတာ မသိဘူးလား.."

"သူမ နေကောင်းတဲ့အချိန် ရှိသေးလို့လား.. သူမ နေမကောင်းဖြစ်တိုင်း လူတိုင်းက သူ့ဘေးမှာပဲနေပြီး မစားမသောက်ရတော့ဘူးလား.."

ရွှယ်ဇီရွှမ်က စီးကရက်မီးခိုးကို မှုတ်ထုတ်လိုက်ပြီး သူ့မျက်ဝန်းထဲမှာ လှောင်ရယ်ရိပ်ဖြင့် ပြောလိုက်သည်။

ရွှယ်လွေ့က မီးခိုးများကို လက်နှင့်ဝှေ့ယမ်းကာ ပြန်ပြောလိုက်သည်။

"ငါ ဒီလိုဆိုလိုတာမဟုတ်ပါဘူး.. သူမက မင်းကို အရမ်းတွယ်တာတယ်လေ.. သူမသတိရတော့ မင်းကိုမတွေ့လို့ အရမ်းငိုပြီး ထပ်သတိလစ်မလို ဖြစ်သွားသေးတယ်.. ကနေ့ သူမက ၂ခါတိတိ သတိမေ့ခဲ့တယ်.. ရှေ့လျှောက် သူမဘေးမှာအချိန်ပေးပြီး အဖော်ပြုပေးဦး.. နောက်မကြာခင် သူမ နေကောင်းလာလို့ရှိရင် ခွဲစိတ်မှုလုပ်ကြတာပေါ့.. ဒါဆို နောင်မှာ သူမ ခုလို သတိလစ်သွားမှာ စိတ်ပူစရာမလိုတော့ဘူး.."

ရွှယ်ဇီရွှမ်က စီးကရက်ကို ခပ်ပြင်းပြင်းရှိုက်သွင်းကာ မီးခိုးငွေ့များစွာမှုတ်ထုတ်ပြီး သူ့မျက်ဝန်းထဲက ပေါက်ကွဲချင်သည့်အရိပ်ကို ဖုံးကွယ်ထားသည်။ သူ့အဖေရဲ့နက်ခ်တိုင်ကို ဆုပ်ကိုင်ပြီး မေးလိုက်ချင်သည်။

ရွှယ်ကျင်းရီရဲ့အသက်ပဲ အသက်တစ်ချောင်းလား၊ ဟွမ်ရီရဲ့အသက်ကရော တန်ဖိုးမရှိဘူးလား..။

ဒီကလေးဟွမ်ရီက သူ့အသွေးအသား၊ သူ့နှလုံးထဲထိ နက်ရှိုင်းစွာ စိုက်ဝင်နေသည့် အပ်မျိုးလို သူနှင့် တစ်သားတည်းဖြစ်သည်ဆိုတာ သူတို့မသိကြဘူးလား။ ဟွမ်ရီသေသွားရင် သူ ဘယ်လိုမှ အသက်မရှင်နိုင်တော့ပေ။ ဟွမ်ရီရဲ့အသက်ကို ယူဖို့ကြိုးစားတာက သူ့အသက်ကိုယူဖို့ကြိုးစားတာနဲ့ အတူတူပဲဖြစ်သည်။ သူက ဟွမ်ရီ၏အချစ်ကိုရဖို့ ကြိုးစားနေချိန်မှာ သူ့မိသားစုက ဟွမ်ရီ၏အသက်ကိုယူဖို့ ကြိုးစားနေကြသည်။

လောလောဆယ် သူ့အဖေကို တစ်စစီဆွဲဖြဲလိုက်ချင်စိတ်ကို အောင့်အည်းထားရင်း ရွှယ်ဇီရွှမ် မေးလိုက်သည်။

"အဖေပြောလို့ပြီးပြီလား.."

ရွှယ်လွေ့က ရွှယ်ဇီရွှမ်၏ အေးစက်စက်ပြောဟန်ကြောင့် ဒေါသထွက်ကာ စားပွဲကို လက်ဝါးနှင့်ရိုက်ကာ ဆူမည်အပြု ရွှယ်ဇီရွှမ်က ရုတ်တရက်ပြောလိုက်သည်။

"ကျွန်တော် ဂီတလောက,ကနေ အနားယူတော့မယ်.. မိသားစုလုပ်ငန်းကို တရားဝင်လွှဲယူတော့မယ်.."

"မင်း ဘာပြောလိုက်တယ်.."

ရွှယ်လွေ့က အလောတကြီး မေးလိုက်သည်။

"ကျွန်တော် ဂီတလောက,ကနေ အနားယူပြီး မိသားစုစီးပွားရေးကို လွှဲယူတော့မယ်.."

အင်အားကြီးရန်သူကို ရင်ဆိုင်ဖို့ အာဏာက အရေးကြီးတာသိလို့ ရွှယ်ဇီရွှမ်က ရှင်းအောင်ထပ်ပြောလိုက်သည်။

================================

Chapter (7-2) –  ကျွန်တော် CEO ရာထူးနဲ့ အလုပ်စဝင်ချင်တယ်

"ကောင်းပြီ.. အဖေ လိုအပ်တဲ့ကိစ္စကို စီစဉ်လိုက်မယ်.."

ရွှယ်လွေ့က ဒီကိစ္စကြောင့် အနှောင့်အယှက်မဖြစ်ပါ။ သူ့သားက ဂီတကိုပဲစိတ်ဝင်စားပြီး မိသားစုလုပ်ငန်းကို အုပ်ချုပ်ဖို့ စိတ်မဝင်စားသောကြောင့် သူက လိုအပ်တာကို ထောက်ပံ့ပေးနေပေမယ့် သူက တဖြည်းဖြည်းအသက်ကြီးလာလေပြီ။ တကယ်လို့ သူသေသွားတဲ့အခါ စီးပွားရေးလောကထဲက ဝံပုလွေတွေကို သူ့သားက ဘယ်လိုမှ ယှဉ်နိုင်မည်မဟုတ်ပေ။ ထိုအခါ ရွှယ်မိသားစုက ပျက်စီးသွားမှာသေချာသည်။ ဒါကြောင့် အချိန်မနှောင်းခင် သူ့သားက စီးပွားရေးလုပ်ငန်းကို ဦးစီးချင်တယ်ဆိုတော့ ရွှယ်လွေ့ ဝမ်းသာသွားခဲ့သည်။ ဝံပုလွေရဲ့သားက ဝံပုလွေပဲဖြစ်ရမည်။
သူ့လုပ်ငန်းကို သူ့သားပဲ ဆက်ခံရမည်။

သူ့သားက စီးပွားရေးကို စိတ်မဝင်စားရသည့်အထဲ နေမကောင်းပါဖြစ်တော့ ရွှယ်လွေ့ စိတ်ဓာတ်ကျခဲ့ရသည်။ နောက်ဆုံး သူ့သားကို စီးပွားရေးလုပ်ဖို့ ဆွဲဆောင်လို့မရလျှင် နောက်မိန်းမယူပြီး သားတစ်ယောက်ထပ်မွေးဖို့ပင် တိတ်တိတ်ကြံစည်ထားခဲ့သေးသည်။

ဒါပေမယ့် ရွှယ်လီဒန်နီ၏မိသားစုက မြို့တော်မှာ အင်အားကြီးကြပြီး တရားမဝင်ကလေးတစ်ယောက်ကသာ အိမ်တံခါးဝကိုရောက်လာပြီး အမွေလုခဲ့ရင် သေချာပေါက် မြို့တော်တစ်ခုလုံး ဗြောင်းဆန်သွားမှာပင်။ ဒါကြောင့် ရွှယ်လွေ့က ဦးနှောက်ခြောက်နေခိုက် သူ့သားက အမြင်မှန်ရကာ စီးပွားရေးကိုဦးစီးချင်သည်ဟု ပြောလာတော့ သူ့ရင်ထဲကပြဿနာကို ရှင်းလိုက်နိုင်လေပြီ။ သူ့သားက ထုံအသူမဟုတ်သောကြောင့် အရည်အချင်းရှိသော စီးပွားရေးသမားဖြစ်အောင် သင်ပေးနိုင်မည်ဟု ယုံကြည်သည်။

"မင်း အောက်ခြေကနေစပြီး လေ့လာချင်လား.."

ရွှယ်လွေ့က ဖုန်းနံပါတ်တစ်ခုကိုခေါ်ရင်း မေးလိုက်သည်။ သူ့သားက စီးပွားရေးလုပ်ငန်းကို အခြေခံကစပြီး နားလည်ဖို့ အောက်ခြေကစပြီး လေ့လာမည်ဟု ထင်ထားသည်။ ဒါမှာ အလားအလာကောင်းများစွာကို သေချာမြင်နိုင်လိမ့်မည်။

ရွှယ်ဇီရွှမ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ အရင်ဘဝက သူတို့မိသားစုလုပ်ငန်း ဖျက်ဆီးခံရသည့်အချိန်က သူက လက်အောက်ခံတချို့နှင့် ပိုင်ဆိုင်မှုများကို နိုင်ငံခြားတိုင်းပြည်သို့ တိတ်တဆိတ်ရွှေ့ပြောင်းကာ နိုင်ငံတကာအင်အားကြီးသော လုပ်ငန်းကြီးကို ထူထောင်နိုင်ခဲ့သည်။ ဘာကြောင့် အောက်ခြေက စတင်ရမှာလဲ။

ရွှယ်ကျင်းရီက နေမကောင်းဖြစ်ပါတယ်ဆိုပြီး ဝုန်းဒိုင်းကျဲနေပြီးနောက် မကြာခင် နေပြန်ကောင်းသည်ဟု ဟန်ဆောင်နိုင်သည်။ ဒါကြောင့် သူမ ပြန်မကောင်းလာခင် ရွှယ်မိသားစုလုပ်ငန်း၏အာဏာကို သူ ဆုပ်ကိုင်မိထားဖို့ အရေးကြီးသည်။

"စီးပွားရေးဌာနကိုပဲ တိုက်ရိုက်ဝင်လိုက်မယ်.."

ရွှယ်ဇီရွှမ်က စီးကရက်ပြာတောင့်ကို ချွေကာ ခိုင်မာစွာပြောလိုက်သည်။
"မင်း HR ဌာနပိုင်းမှာ စဝင်တာ ပိုကောင်းမယ်လို့ထင်တယ်.. ဒါမှ company ထဲက အဓိကလူတွေကို ပိုသိပြီး သူတို့ဘာကြံနေသလဲဆိုတာ လေ့လာနိုင်မယ်.. စီးပွားရေးဌာနထဲ တိုက်ရိုက်ဝင်ရင် မင်း သူတို့ကို ရင်မဆိုင်နိုင်မှာစိုးတယ်.."

ရွှယ်လွေ့က သူ့သားကို သွေးဆောင်လိုက်သည်။ ဒီရွှယ်စီးပွားရေးလုပ်ငန်းစုကြီးက ရွှယ်လွေ့တစ်ယောက်တည်း ပိုင်တာမဟုတ်ပေ။ ရွှယ်မိသားစု၏ အဓိကအိမ်တော်၊ တတိယအိမ်တော်နှင့် စတုတ္ထအိမ်တော်ခွဲတို့က စီးပွားရေးဌာနတွင်းမှာရှိပြီး အားလုံးက အာဏာအတွက် ယှဉ်ပြိုင်နေကြသည်။ အချင်းချင်း လှည့်စားမှုများ၊ လျှို့ဝှက်ကြံစည်မှုများဖြင့် ပြည့်နှက်နေသည်။ သူ့သားလို အနုပညာသမားတစ်ဦးက စီးပွားရေးလောက၏ သစ္စာဖောက်မှုကို ဘယ်လိုလက်ခံ ကိုင်တွယ်နိုင်မှာလဲ။

တကယ်လို့ သူ့သားက ဂရုတစိုက်ပြင်ဆင်ခြင်းမရှိဘဲ အဓိကစီးပွားရေးဌာနထဲ ဝင်လိုက်လျှင် အောက်ခြေထိပြုတ်ကျသွားနိုင်သည်။ ဒါဆိုရင် သူတို့မိသားစုကို ဘယ်သူမှ မယုံကြည်ကြတော့ဘဲ တတိယအိမ်တော်ခွဲနှင့် အခြားသူများအတွက် အမြင့်တက်ဖို့ အခွင့်ကောင်းဖြစ်သွားလိမ့်မည်။ ဒါကြောင့် ရှယ်ယာရှင်များ၏ယုံကြည်မှုနှင့် ထောက်ခံချက်ကိုရဖို့ အောက်ခြေကနေ တစ်ဆင့်ချင်းတက်သွားစေချင်သည်။ ဒါဆို တခါတလေရှုံးနိမ့်ရင်တောင် ပြန်လည်ကြိုးစားနိုင်သေးသည်။

"ကျွန်တော် အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ နောက်ဆုံးရလဒ်က ဘာဖြစ်မယ်ဆိုတာ ကျွန်တော်သိပြီးသားပါ.. ဒါကြောင့် ကျွန်တော့်ကို ရုံးချုပ်က CEO ရာထူးနဲ့ဝင်နိုင်ဖို့ စီစဉ်ပေးပါ.. သံစုံတီးဝိုင်းမှာ လုပ်လက်စကို လက်စသတ်ပြီး နောက် ၃ရက်မှာ company ကိုဝင်ပါ့မယ်.."

ရွှယ်ဇီရွှမ်က အခန်းပြင်ကိုလျှောက်သွားရင်း ပြောလိုက်သည်။

သူ့သားက သံစုံတီးဝိုင်းကတောင် ထွက်ဖို့စီစဉ်နေတယ်ဆိုတော့ စီးပွားရေးလောကထဲဝင်ချင်တာ တကယ်ထင်သည်။ ဒီအတွေးကြောင့် ရွှယ်လွေ့ စိတ်သက်သာရာရသွားသည်။ သူ့သားက CEO ဖြစ်ချင်ရင် CEO ဖြစ်စေရမည်။ ဘေးကနေ စိတ်ချရတဲ့လက်ထောက်တွေ စီစဉ်ထားရင် အခြေအနေကို ကိုင်တွယ်နိုင်မှာပါ။ အရမ်းကြီး အပျက်ဘက်ကတွေးစရာ မလိုသေးပေ။ သူ့သားက ဝင်ပြီးနောက်တစ်နေ့ company ကထွက်မလားတောင် မသိရသေးပေ။

ရွှယ်လွေ့က ဖုန်းဆက်ပြီး သူ့သားပြောသလိုလုပ်ဖို့ စီစဉ်လိုက်သည်။

စာဖတ်ခန်းကနေ ရွှယ်ဇီရွှမ်ထွက်လာပြီး ဟွမ်ရီ၏အိပ်ခန်းရှိရာကိုသွားဖို့ လှေကားကနေဆင်းလာချိန်မှာ ရွှယ်ကျင်းရီက ကော်ရစ်ဒါထောင့်လေးမှာ ငုတ်တုတ်ထိုင်ကာ ဒူးကို လက်နှင့်ပိုက်ကာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ သူမက ဒူးခေါင်းမှာမျက်နှာအပ်ကာ ဆောင်းတွင်းဖြစ်ပေမယ့် ညဝတ်အင်္ကျီတစ်ထည်လေးနှင့် အေးစက်တုန်ယင်စွာ အိပ်ပျော်နေသည်။

ရွှယ်ဇီရွှမ်က သူမဘေးကနေ အေးဆေးစွာဖြတ်လျှောက်လာသည်။ သူမကိုယ်ပေါ် သူ့အပေါ်ဝတ်ကုတ်ဖြင့် ခြုံလွှမ်းကာ သူမအိပ်ယာထက်ကိုပွေ့ချီသွားပေးဖို့ စိတ်ကူးပင်မရှိပေ။

သူမအပေါ်ထားသည့် သံယောဇဉ်အားလုံး ပျောက်သွားတာကြာခဲ့လေပြီ။ သူမက သူ့ဘာသာနှိပ်စက်ပြီး သူမဘေးကလူတွေကိုလည်း နှိပ်စက်ဖို့စီစဉ်ထားသေးသည်။ ဒီအချက်ကိုတွေးမိတော့ သူမကို ပိုမုန်းလာမိသည်။

ရွှယ်ကျင်းရီက ရွှယ်ဇီရွှမ်ထင်သလို အိပ်ပျော်နေတာမဟုတ်ဘဲ ဟန်ဆောင်နေခြင်းဖြစ်သည်။ သူမက ကော်ရစ်ဒါထောင့်မှာ အေးစက်တုန်ယင်စွာ သူ့ကိုစောင့်ရင်း အိပ်ပျော်သွားတာမြင်ရင် အစ်ကိုကြီး၏ သနားဂရုဏာစိတ်ကို သေချာပေါက်လှုံ့ဆော်ပေးနိုင်မည်ဟု ထင်ထားသည်။ သူမကိုပွေ့ချီကာ နွေးထွေးသောအိပ်ယာထက် သယ်သွားပေးသည့်အခါ သူမက နိုးချင်ယောင်ဆောင်ပြီး အစ်ကိုကြီးကို သူမဘယ်လောက် ဝမ်းနည်းနေရသည်ကိုပြောကာ ချွဲနွဲ့လိုက်မည်ဟု တွေးထားသည်။

ဒါပေမယ့် သူမအစ်ကိုကြီးက သူမကို အဖက်မလုပ်ဘဲ ဘေးကနေ မမြင်သလိုဖြတ်လျှောက်သွားမည်ဟု ထင်မထားခဲ့ပေ။

ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူမကို ဘာကြောင့် ခုလိုထားသွားရစ်တာလဲ။ သူမခန္ဓာကိုယ်က အပူအအေးဒဏ်ကို ခံနိုင်ရည်မရှိတာကို မမှတ်မိတော့ဘူးလား။ သူမက ကော်ရစ်ဒါမှာ တစ်ညလုံးအိပ်ပျော်နေပြီး ဖျားသွားမှာ၊ အိပ်ယာထဲလဲသွားမှာကို သူ မစိုးရိမ်ဘူးလား။ သူမရောဂါ ပိုဆိုးလာမှာကို မစိုးရိမ်ဘူးလား။

=======================

Chapter (7-3) – ရှောင်ရီ အခန်းကို ခိုးဝင်သော အကိုကြီး

ရွှယ်ကျင်းရီ ဘယ်လောက်ပဲတုန်လှုပ်ပါစေ၊ သူမအစ်ကိုက သူမကို တကယ်လျစ်လျှူရှုကာ ထွက်သွားလေပြီ။

ရွှယ်ကျင်းရီက ခေါင်းကို အားယူထောင်မတ်ကာ တိုးတိုးလှမ်းပြောလိုက်သည်။

"အစ်ကိုကြီး ပြန်လာပြီလား.. ညီမလေး အစ်ကိုကြီးကို ဒီမှာ တစ်ညလုံးစောင့်နေတာ.."

"မင်းက ညဝတ်အင်္ကျီထူထူဝတ်ပြီး အပူပေးစက်နားမှာ ထိုင်စောင့်သင့်တယ်.. ဒါမှမဟုတ်ရင် ဧည့်ခန်းထဲမှာ စောင့်နေသင့်တယ်မဟုတ်လား.. ညသန်းခေါင်ကြီး ညဝတ်အင်္ကျီပါးပါးလေးဝတ်ပြီး ကော်ရစ်ဒါမှာ ဘာကြောင့်စောင့်နေတာလဲ.. မင်းက ငါ့ကို အနှောင့်အယှက်ပေးချင်နေတာလား.. မင်းကိုယ်မင်း ဂရုမစိုက်ရင် ဘယ်သူက ဂရုစိုက်နိုင်မှာလဲ.."

ရွှယ်ဇီရွှမ်က ကောင်မလေးကို ခံစားချက်မဖော်ပြသည့်မျက်နှာဖြင့် ပြောလိုက်သည်။

"ညီမလေး တောင်းပန်ပါတယ်.. အမေနဲ့ဖူဘိုက ညီမလေးကို ဧည့်ခန်းထဲမှာ မစောင့်စေချင်ဘူး.. သူတို့က ညီမလေးကို အတင်းအိပ်ခိုင်းနေတယ်.. ဒါကြောင့် အစ်ကိုကြီးခြေသံကို မကြားလိုက်ရမှာစိုးလို့ ဒီမှာ တိတ်တိတ်လေး လာစောင့်နေတာပါ.. ညီမလေး ကိုယ့်ဘာသာ ဂရုစိုက်ပါ့မယ်.. ညီမလေးကို စိတ်မဆိုးပါနဲ့တော့.. ညီမလေး အမှားလုပ်မိရင် ပြောပါ.. ညီမလေး အားလုံးပြင်ပါ့မယ်.."

ရွှယ်ကျင်းရီက ရှေ့တစ်လှမ်းတိုးကာ ရွှယ်ဇီရွှမ်၏အင်္ကျီစကို ဆွဲရန် ပြင်လိုက်သည်။ ဒါက ခါတိုင်း သူမလုပ်နေကျ အမူအကျင့်ဖြစ်သည်။
ရွှယ်ဇီရွှမ်က နောက်တစ်လှမ်းဆုတ်ကာ အေးစက်စွာပြောလိုက်သည်။

"မင်းအခန်းထဲ ပြန်သွားတော့.."

မှားနေတာရှိရင် ပြန်ပြင်မယ် ဟုတ်လား..။ ဒီစကားတွေက မျက်ကန်းနေသည့် သူ့မိဘတွေကိုပဲ အရူးလုပ်နိုင်မည်။ ရွှယ်ကျင်းရီ၏ ယုတ်မာသောစိတ်ထားက သူမအသွေးအသားထဲ နစ်ဝင်နေမှတော့ သူမ ဘယ်တော့မှ ပြန်ပြင်မည်မဟုတ်ပေ။

"ညီမလေး မပြန်နိုင်ဘူး.. အစ်ကိုကြီးနဲ့ စကားပြောချင်တယ်.."

ရွှယ်ကျင်းရီက မျက်နှာလေးကိုမော့ကာ ငိုမဲ့မဲ့နှင့် ပြောလိုက်သည်။

"ငါ မင်းကို ဘာမှပြောစရာမရှိဘူး.."

ရွှယ်ဇီရွှမ်က နောက်ကိုလှည့်ရင်း နောက်ဆုံးအကြိမ် အကြံပေးလိုက်သည်။

"ဒီခန္ဓာက မင်းခန္ဓာပဲ.. မင်းမှတန်ဖိုးမထားရင် ဘယ်သူမှ တန်ဖိုးမထားဘူးဆိုတာ မှတ်ထား.. ကိုယ့်ဘာသာပဲ ပြုပြင်ပြောင်းလဲပြီး နေကောင်းအောင်နေရမယ်.. တကယ်လို့ မင်းဘာသာ ပိုဆိုးအောင်လုပ်ချင်ရင်လည်း မင်းအပိုင်ပဲ.. ဒါက ငါပေးနိုင်တဲ့ နောက်ဆုံးအကြံပဲ.."

ဒါကတော့ စိတ်ရင်းနှင့်ပေးသည့် အကြံပင်။ ရွှယ်ကျင်းရီက ခုလိုဆက်လုပ်သွားရင် သူမဘဝက ပိုပိုဆိုးလာလိမ့်မည်။ တကယ်လို့ သူမက အရင်ဘဝလိုပဲ ဆက်လုပ်နေမယ်ဆိုရင် သူက သူမအပေါ် ကြင်နာနိုင်မည်မဟုတ်ပေ။

ရွှယ်ကျင်းရီက ပါးစပ်ကို လက်နှင့်အုပ်ထားလိုက်သည်။ ဒီစကားလုံးတွေက နာကျင်စေသည်ဆိုပေမယ့် သူမအတွက်ကောင်းစေချင်လို့ ပြောသည်ဟု ခံစားလိုက်ရသည်။ အစ်ကိုကြီး၏လေသံက နှင်းတွေထက် အေးစက်တယ်ဆိုပေမယ့် သူမအတွက် ခွန်အားဖြစ်လာခဲ့သည်။ အစ်ကိုကြီးက သူမကို ကျန်းမာကြံ့ခိုင်စေချင်လို့ ပြောသည်ဟု တွေးကာ သူမအိပ်ခန်းထဲဝင်သွားပြီး စောင်ခြုံအောက်ဝင်ကာ မျက်လုံးမှိတ်လိုက်တော့သည်။

သူမ၏နှလုံးသားထဲမှာ ဒီထက်ကျန်းမာချင်စိတ်တို့ ပေါ်လာခဲ့သည်။ အစ်ကိုကြီးက သူမကို မထားရစ်ခဲ့သရွေ့ သူမကိုရိုက်လည်း ဘာမှမဖြစ်ပေ။

"အစ်ကိုကြီး.. အစ်ကိုကြီးက ညီမလေးကို ဂရုမစိုက်ဘူးလို လိမ်ပြောနေတာမလား.. ဒါ ညီမလေးကို ကောင်းစေချင်လို့ အကြမ်းနည်းနဲ့ပြောနေတာမလား.. ညီမလေးရဲ့ကိုယ်ကို ဂရုမစိုက်လို့ ခပ်ကြမ်းကြမ်းပြောနေတာ ညီမလေးသိတယ်.. စိတ်ချပါ.. ညီမလေး အစ်ကိုကြီးရဲ့စကားကို နာခံပါ့မယ်.. ညီမလေးရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ပါ့မယ်.. ညီမလေးကို စိတ်မဆိုးပါနဲ့တော့.. အစ်ကိုကြီးက ညီမလေးနေကောင်းတာမြင်ချင်မှန်း သိပါတယ်.."

ဒီစကားတွေပြောရင်း ရွှယ်ကျင်းရီ အိပ်ပျော်သွားတော့သည်။
ရွှယ်ဇီရွှမ်က ရွှယ်ကျင်းရီ သူ့စကားကို အဓိပ္ပါယ်ကောက်မှားသွားတာကို မသိပေ။ သိလည်း ဂရုမစိုက်ပေ။ သူက ညအိပ်မပျော်အောင်ဖြစ်နေသည်။ ဟွမ်ရီက သူ့အခန်းအောက်ထပ်မှာရှိပေမယ့် သူစိတ်ချပြီး မအိပ်နိုင်အောင်ဖြစ်နေသည်။ အရင်ဘဝကတော့ ချစ်သူလေးနှင့် တစ်မိုးအောက်မှာနေခွင့်ရဖို့ ကာလကြာရှည် စောင့်နေခဲ့ရသည်။ ခုတော့ တစ်မိုးအောက်မှာရှိနေလည်း မကျေနပ်နိုင်တော့ပေ။

သူတောင့်တခဲ့သောကောင်လေးကို မြင်ချင်ခဲ့သည်။ မျက်မြင်တွေ့ရတော့ ထိကိုင်ချင်သည်။ ထိကိုင်ရတော့ နမ်းချင်လာသည်။ နမ်းမိတော့ ပိုင်ဆိုင်ချင်လာသည်။ ပြီးတော့ ကမ္ဘာအဆက်ဆက်ထိ ပိုင်ဆိုင်ချင်သည်။ ဒီကောင်လေးနဲ့ပတ်သက်ပြီး သူ့ဆန္ဒက အဆုံးမရှိအောင်ဖြစ်နေမိသည်။

ရင်ဘတ်ထဲကအပူမီးကို ထိန်းဖို့ စီးကရက်ကို မီးညှိကာ ပြတင်းပေါက်ရှည်ကြီးနားမှာရပ်ပြီး အပြင်ဘက်မှာကျသည့်နှင်းများကို ငေးကြည့်နေမိသည်။ နှင်းကျတာနှေးကွေးပြီး သူ့အဆုတ်ထဲထိ ဝင်နေသည့်မီးခိုးငွေ့က သူ့ရင်ထဲကအထီးကျန်မှုကို မချုပ်ငြိမ်းနိုင်ပေ။
ရွှယ်ဇီရွှယ်၏မျက်လုံးက နီရဲလာပြီး အသက်ပြင်းပြင်းရှိုက်ကာ စီးကရက်ကိုငြှိမ်းသတ်လို့ အောက်ထပ်ကိုဆင်းလာပြီး ဟွမ်ရီ၏အိပ်ခန်းတံခါးဝရှေ့မှာ ရပ်ကာ တံခါးကို လက်နှင့်ထိထားမိသည်။

တံခါးကို ဖွင့်လို့တော့မရပေ။ ဟွမ်ရီက တံခါးကိုသော့ခတ်ကာ အိပ်သွားလို့ ရွှယ်ဇီရွှမ်က ညသန်းခေါင်ကြီး ဖူဘိုကိုနှိုးကာ သော့တောင်းလိုက်သည်။

"သခင်လေး.. ဘယ်ကသော့ကို လိုချင်တာလဲ.."

ဖူဘိုက သော့တွဲကိုထုတ်ကာ ရှင်းပြလိုက်သည်။

"ဒီသော့က ပထမထပ်က အခန်းသော့တွေ၊ ဒီဟာက ဒုတိယထပ်နဲ့ တတိယထပ်က သော့တွေပါ.. စာဖတ်ခန်းကတော့ လက်ဗွေရာနဲ့မှ ဖွင့်လို့ရတယ်.. စာဖတ်ခန်းထဲ ဝင်ခွင့်ရဖို့ သခင်ကြီးခွင့်ပြုမှရမယ်.. ဒီသော့တွေက အိမ်သားတိုင်းမှာ တစ်စုံစီရှိတယ်.. သခင်လေးက မတောင်းလို့ ကျွန်တော်က ပေးဖို့မေ့နေတာ.. ဒီတစ်စုံကို ကျွန်တော့်ကို ပြန်ပေးဖို့မလိုပါဘူး.."

ဖူဘိုက သော့များကို ပေးလိုက်သည်။

ရွှယ်ဇီရွှမ်က သော့ကိုယူရင်း ဟွမ်ရီ၏အခန်းသော့ကို မှန်အောင် အတော်ကြိုးစားလိုက်ရသည်။

ဝံပုလွေဂူထဲမှာ အိပ်စက်နေရလို့ ကျိုးယွင်ရှန့်က ဘယ်လိုလုပ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ရဲမှာလဲ။ တံခါးသော့ဖွင့်သံကြားတော့ သူက ချက်ချင်းနိုးလာပြီး တံခါးနောက်မှာ ချက်ချင်းပုန်းလိုက်သည်။

တံခါးက အသာလေးပွင့်သွားပြီး စင်္ကြန်ကမီးရောင်က မှောင်သောအိပ်ခန်းထဲ တိုးဝင်လာခဲ့သည်။ ထို့နောက် တံခါးဝမှာ အရပ်မြင့်မြင့်နှင့် ယောက်ျားတစ်ယောက်၏ပုံရိပ်ကို မြင်လိုက်ရပြီး သူက အိပ်ခန်းထဲ ဖြည်းညင်းစွာဝင်လာခဲ့သည်။

==========================


ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now