FOD Extra_1_Chapter(1-1) - ရုတ်တရက် အလည်လာခြင်း

15.2K 1.1K 19
                                    

FOD Extra_1_Chapter(1-1) - ရုတ်တရက် အလည်လာခြင်း  (Zawgyi+Unicode)


 ကျိုးယွင်ရှန့်သည် Lord God ဖျက်ဆီးလိုက်သည့် ဒေတာများကို ပြန်လည်ပြင်ဆင်ပေးလိုက်ပြီးဖြစ်သည်။ အခု ဇာတ်လမ်းက ကျိုးယွင်ရှန့်ပြင်ဆင်ပြီးသည့် Virtual World ပုံရိပ်ယောင်လောကမှ ဆက်လက်ဖြစ်ပေါ်နေသည့် ဇာတ်လမ်းဖြစ်သည်။ ဒီဇာတ်လမ်းထဲတွင် ရွှယ်ဇီယွမ် Xue Zi Xuan သည် ကျိုးယွက်ရှန့်ကို ချစ်ခင်သွားပြီး Piano တီးပြီး သူချစ်သည့် ကောင်လေးနှင့် ပျော်ရွှင်စွာ နေထိုင်သွားသည့် ဇာတ်လမ်းဖြစ်သည်။ ယခု ပုံရိပ်ယောင်လောကထဲတွင်လည်း ကျိုးယွင်ရှန့်၏ အမွှာညီမ နှလုံးအစားထိုးကုသရန်လိုနေသည့် ညီမလေး၏ ကောက်ကျစ်ယုတ်မာမှုကို ကျိုးယွင်ရှန့် ဘယ်လို ရှောင်ရှားပြီး ဇာတ်လိုက်နှင့် အတူ ပျော်ရွှင်စွာနေထိုင်သွားမည်ကို ဖတ်ရှုရမည်ဖြစ်သည်။

---------------------------


"သတိချက် အခုချက်ချင်းပြန်သွားပြီး ပေးအပ်မယ့် တာဝန်ကို စောင့်နေပေးပါ။ မဟုတ်ရင် သင် အဆုံးသတ် သွားပါလိမ့်မယ်"

အေးစက်စက်အသံက သူ့ခေါင်းထဲအထိ သတိပေးလာသည်။ကောင်လေးက သူ့ ကိုယ်က မခံနိုင်လောက်တဲ့နာကျင်မှုကို ခံစားလာရတဲ့အထိ လှည်းပေါ်မှာ
မလှုပ်မယှက် ထိုင်နေဆဲပဲဖြစ်သည်။ နောက်ဆုံး သူ  တုန်ရီစွာ မေးလိုက်သည်။

"အကိုဟိုင်ဇီ  လမ်းဘေးမှာရပ်ပေးလို့ရမလား။ ကျွန်တော် မြို့ထဲ မလိုက်ချင်တော့ဘူး"

"ဘာလို့လဲ။ တစ်ခုခုမေ့ကျန်ခဲ့လို့လား။ အကို ပြန်လိုက်ပို့ပေးမယ်လေ ကိစ္စမရှိပါဘူး"

လှည်းကိုမောင်းနေတဲ့ လူရွယ်က လိုလားစွာ ပြန်ပြောခဲ့သည်။

ဒီနေရာက သဲတွေပဲပြည့်နေတဲ့ သဲကန္တာရဖြစ်ပြီး ရေ၊ လျှပ်စစ်မီး၊ အစားအစာနဲ့ လူတွေ မရှိသည့် နေရာဖြစ်သည်။ အရိုးကွဲအောင် အေးစက်နေတဲ့အနောက်မြောက်လေနဲ့ ဖုန်ကလွဲပြီး ဘာမှ မရှိပေ။
နိုင်ငံတော်အကြီးကဲတွေက ဆင်းရဲတဲ့လူတွေကိုကူညီဖို့ အမြဲတမ်း ဆွေးနွေးကြပြီး ဆယ်စုနှစ်ကြာအောင် ကူညီခဲ့ပေမယ့်
ဒီနေရာရဲ့ အခြေအနေကမူလအတိုင်းပါပဲ။ သက်ကြီးရွယ်အိုတွေက နေ့မနားညမနားအလုပ်လုပ်ပြီး မဝရေစာစားသောက်၇င်း သူတို့ရဲ့ ဘဝသက်တမ်းတစ်လျှောက်လုံး ဒီမှာပဲ နေသွားကြရသည်။
 လူရွယ်တွေကတော့ ဒီနေရာမှာကြာကြာမနေနိုင်သည့်အပြင် သူတို့သားသမီးကို မကျွေးနိုင်သောကြောင့်  ကလေးငယ်တွေ ကို ရွာမှာပဲ ထားရစ်ခဲ့ရပြီး မိဘများက မြို့တက်ပြီး အလုပ်လုပ်ကြရသည်။

အချိန်တွေကြာလာတဲ့အခါမှာတော့ ပြည်မနဲ့ ဒီနေရာက လုံးဝကွဲပြားလာ တော့သည်။  မလိုအပ်ဘူးရင်  ရွှာထဲကလူတွေက အပြင်မထွက် သလို အပြင်ကလူတွေ ကလည်း ဒီကို မလာကြ တော့ပေ။

ကောင်လေးက သံလွင်သီးရိုင်းတွေလာပို့တဲ့ အကိုဟိုင်ဇီ ကို လပေါင်းများစွာကြာအောင် စောင့်နေခဲ့ ရပြီး  သူလွတ်မြောက်ပြီလို့ တွေးခဲ့ပေမယ့် ထပ်ပြီးတော့ တားခံလိုက်ရသည်။

"အိမ်ကစပါးတွေကို လှန်းထားခဲ့တာ အခုမှ သတိရတယ်။ .နေ့လည်တောင် ရောက်နေပြီ။ ။ ကျွန်တော်  ဘယ်အချိန်ထိ လုပ်ရမလဲမသိသေးဘူး။ အကိုလည်း ကုန်တွေ ဆက်ပို့ရဦးမယ် မဟုတ်လား။ ဒါကြောင့်  သွားပါတော့။ ကျွန်တော့်ကို မပူပါနဲ့"

လူငယ်လေးရဲ့အသံကတည်ငြိမ်နေပေမယ့် အင်္ကျီနဲ့ဖုံးထားတဲ့ လက်တွေက တုန်ရီနေသည်။ systemရဲ့ခြိမ်းခြောက်မှုက မသေးပေ။ ခန္ဓာကိုယ်  နာကျင်မှုက ပျောက်သွား ပေမယ့် စိတ်ဝိဉာဉ်ကို ဆွဲဆုတ်ခံရတဲ့ နာကျင်မှုက ရှိနေဆဲပဲဖြစ်သည်။ သူ  ဒီနေရာမှ အတင်းအကျပ် ထွက်သွားမယ်ဆိုရင် သူ့ ဝိဉာဉ်  နောက်တစ်ကြိမ် အပိုင်းပိုင်းဖြစ်သွားမယ်ဆိုတာ သူသိသည်။

"မင်းအဲ့လောက်နမော်နမဲ့နိုင်လိမ့်မယ်လို့ အကို ထင်မထားဘူး။ ကိစ္စမရှိပါဘူး အကို မင်းကို ပြန်လိုက်ပို့ပေးမယ်"

လူရွယ်က လှည်းကိုပြန်လှည့်ပြီး  ရွာဘက်ကို ဦးတည်လိုက်သည်။ ဘီးအနောက်မှာတော့  လေကြောင့် ဖုန်တွေထသွားသည်။

ကောင်လေးက အံကြိတ်ပြီး သူ့လက်ကောက်ဝတ်ကိုကြည့်လိုက်သည်။
သူ့လက်ကောက်ဝတ်ပေါ်က နာရီလိုပစ္စည်းလေးကို သူကလွဲပြီး တခြား ဘယ်သူမှမမြင်နိုင်ပေ။ ဒါကို "ဗီလိန်system"ဟုခေါ်ပြီး လူငယ်လေးရဲ့ စိတ်ဝိဉာဉ်နဲ့ တိုက်ရိုက် ချိတ်ဆက်ထားသည်။ တကယ်လို့system ပေးတဲ့ တာဝန်တွေကို မအောင်မြင်ခဲ့ ရင် သူ့စိတ်ဝိဉာဉ်က ပျောက်ကွယ်သွားရ မည်ဖြစ်သည်။

လူငယ်လေးက အနီရောင် နာရီကို စိုက်ကြည့်လိုက်သည်။ အခုသူ့အခြေနေ က ဖိအားပေးခံနေရသည်။ နာရီက အနီရောင်လင်းနေသရွှေ့ သူ အပြစ်ပေးခံနေရပြီး  နာကျင်မှုက တစ်နာရီ၊ ၂နာရီလောက်တော့ ဆက်ဖြစ်နေဦးမှာဖြစ်သည်။ ဒါက တာဝန်ကိုရှောင်လွဲသောကြောင့် အပြစ်ပေးခံရတာဖြစ်ပေမယ့် ခုတစ်ခါ နာရီက ထူးဆန်းစွာ အသံမြည်လာပြီး   မှန်သားပြင်က လုံးဝမည်းမှောင် သွားသည်။  ရုပ်ပိုင်းနာကျင်မှုနဲ့ စိတ်ဝိဉာဉ်နာကျင်မှုကလည်းချက်ချင်း ပျောက်ကွယ်သွားသည်။

ကောင်လေးက အံ့သြလို့ အေးခဲသွားပြီး အင်္ကျီလက်  ပြင်သလိုလိုနဲ့ နာရီကို တိတ်တဆိတ် ကလိလိုက်သည်။ နာရီက တကယ် အလုပ်မလုပ်တော့ဘူးလား ဆိုတာ သူသိချင်နေတယ်လေ။ ပျက်သွားရင်ပိုကောင်းသည်။ သူ့မှာ "ဗီလိန်system" လို့ခေါ် တဲ့  အရာတွေ များစွာရှိပြီး  ဘယ်လိုကံဆိုးမှုနဲ့ကြုံနေ ရမှန်း သူ မသိတော့ပေ။

Star Network ထဲကို 1 မိနစ်လောက်အချိန်အတွင်း သူ ပို့ခံလိုက်ရပြီး   .ဒီ"Lord God " ထိန်းချုပ်ထားသည့် ပုံရိပ်ယောင်လောကထဲ ပြစ်ထည့်ခံ လိုက်ရသည်။ သူက မတူညီတဲ့ကမ္ဘာတွေဆီသွားပြီး တာဝန်တွေကိုပြီးပြတ် အောင်လုပ်ဖို့ အပို့မခံရခင် systemနဲ့ပေါင်းစည်းဖို့ အတင်းအကျပ် ဖိအားပေးခံခဲ့ရ သည်။

ဒီဟာတွေကို တာဝန်တွေလို့လည်း ပြောလို့မရပေ။  Lord God က နောက်ဆုံး ရလဒ်ကို ဂရုမစိုက်ပဲ  သူထွက်ပြေးဖို့မကြိုးစားသရွေ့ သူ့အရည်အချင်းအတွက် ဆုပေးနေ ဆဲ ဖြစ်သောကြောင့် သူလည်း
တဖြည်းဖြည်းနဲ့ ဇာတ်ကြောင်းအတိုင်း လိုက်လုပ်နေ ရသည်။ အဘယ့်ကြောင့်ဆိုသော်  systemက သူ့ကို ဗီလိန်နေရာပေးထားပြီး နောက်ဆုံး အဆုံးသတ်က  ဇာတ်လိုက်သတ်တာကို ခံရဖို့ပဲဖြစ်သည်။

တာဝန်တွေအများကြီးလုပ်ပြီးလာတာနဲ့အမျှ ဟာကွက်မရှိဘဲ လွတ်မြောက်အောင် စီစဉ်နိုင်ပြီလို့ထင်ရပေမယ့် နောက်ဆုံးတော့ သူ့အားထုတ်မှုတွေအားလုံးကအလဟဿဖြစ်ကုန် သည်။

နောက်ဆုံးကမ္ဘာမှာ သူ မကျေနပ်ချက်ပေါင်းများစွာနဲ့သေခဲ့ပြီး ဇာတ်လမ်းအဆုံးသတ်သွားတဲ့အခါ  Lord Godက သူ့ကို 5မှတ်ပဲ ပေးခဲ့တယ်။သူ အမှတ်တွေပိုရလေလေ သူ့စိတ်ဝိဉာဉ်က သန်မာလေလေဖြစ်ပြီး သူသာ အမှတ်တစ်သိန်းလောက်စုနိုင်မယ်ဆိုရင် Lord Godရဲ့ ထိန်းချုပ်မှုနယ်ထဲကထွက်ပြီး ကမ္ဘာအစစ်ဆီ ပြန်လို့ရလောက်သည်။ တခြားသူသာဆိုရင် Lord Godရဲ့ကတိကို  ယုံကြည်ကြမှာဖြစ်ပေမယ့်
သူကတော့ မယုံကြည်ပေ။  သူက အရမ်း smart ကျပြီး
 အမှတ်တွေလို့ခေါ်တဲ့အရာတွေက Lord God ကိုယ်တိုင်ပေးတာမဟုတ်ဘူး လို့ သူသဘောမပေါက်ခင်အထိ တာဝန်နည်းနည်းလောက်ပဲ ပြီးသည်။
သူ ပုံရိပ်ယောင် လောကထဲ ဇာတ်လမ်းတစ်ခုပြီး တစ်ခု လူဝင်စားပြီးတိုင်း သူ့စိတ်ဝိဉာဉ်ရဲ့အစွမ်းက ဖြည်းဖြည်းချင်း သန်မာလာခဲ့သည်။

Lord Godက သူ့ကို ထူးဆန်းတဲ့ ပုံရိပ်ယောင်လောကထဲမှာ စမ်းသပ်နေတာဖြစ်ပြီး  Lord God ရဲ့ စိတ်ဝိဉာဉ်အစွမ်းတိုးလာအောင်
သူ့ကို အန္တရာယ်မျိုးစုံ ရင်ဆိုင်ခိုင်းတာဖြစ်သည်။ ဒီလိုလုပ်တာက  ဝက်တွေ၊အိမ်မွေးတိရစ္ဆာန်တွေကို  သတ်မစားခင် ဝဖြိုးနေအောင် မွေးထားတာနဲ့ တူသည်။ အမှတ်တစ်သိန်းလောက်စုမိပေမယ့်  သူ့မျှော်လင့်ချက်တွေ မဖြစ်နိုင်တော့ဘူးဟု သူထင်လာသည်။

အာ့ကြောင့်..သူ့ကိုယ်သူ ကယ်တင်ရမည်။

သူ့လက်ကောက်ဝတ်ပေါ်က systemက အဟန့်အတားတစ်ခုပေမယ့်  Lord Godရဲ့ ကန့်သတ်ချက်တွေကိုချိုးဖြတ်ဖို့ အဓိက အချက်လည်း ဖြစ်နေသည်။ သူ့တာဝန်ပြီးသွားတဲ့အခါတိုင်း Systemက Lord Godရဲ့ နယ်ပယ်ထဲကို ပြန်ပို့ပြီး နောက်တာဝန်အတွက် အချက်အလက်တွေကို ယူခိုင်းသည်။ system က Lord God  နဲ့ ဝိဉာဉ်စွမ်းအားပေါင်းစပ်တာတွေ၊ သူ့ကိုယ်ပိုင်ဝိဉာဉ်စွမ်းအားနဲ့ ပေါင်းစပ်တာတွေကိုကြည့်ပြီး ကျိုးယွင်ရှန့် ပညာရလိုက်သည်။

အခု သူ့ဝိဉာဉ်ကsystemရဲ့ အပြည့်အဝထိန်းချုပ်မှုအောက်မှာရှိနေပေမယ့်  ဝိဉာဉ် ချိတ်ဆက်မှုလုပ်လိုက်သည်နှင့် systemရဲ့အတွင်းပိုင်းက ဖော်ပြချက်ကို သူကြည့်လို့ရနေသည်။။ ဒီစနစ် ဘယ်လို အလုပ်လုပ် တယ်ဆိုတာ  တစ်ခါလောက်တွေ့သွားရင် သူ့အတွက် hackဖို့ ပြဿနာမရှိပေ။

 လက်ကောက်ဝတ်က နာရီကို အချက်အများကြီးနှိပ်ပေမယ့် systemက ဘာမှ အချက်မပြ တော့လို့ ပျက်စီးသွားတာ သေချာလောက်သည် ။ဒါမျိုးဖြစ်တာ အရမ်းရှားပြီး systemတိုင်းက Lord Godရဲ့
တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာရှိတတ်သဖြင့် systemအလုပ်မလုပ်တာက Lord Godတစ်ခုခုဖြစ်နေပြီဆိုတဲ့ သဘောဖြစ်သည်။ လုံးဝကျွမ်းကျင်တဲ့သူက Lord Godရဲ့ဗဟိုစနစ်ကို ဖျက်စီးဖို့စီစဉ်နေတာများလား??
 ဒါမျိုးကို အရမ်းတော်သည့် သူများသာ လုပ်ဆောင်နိုင်မှာဖြစ်သည်။ 

လူငယ်လေးက သူ မသိတဲ့ပညာရှင်ကိုချီးကျူးနေပေမယ့် Lord Godကို ဖျက်စီးနေတဲ့သူက
အနာဂတ်က သူကိုယ်တိုင် ဆိုတာကို မသိခဲ့ပေ။ ဒါကြောင့် သူ ကံကြမ္မာကလည်း အခုအချိန်ကစပြီး ပြောင်းသွားခဲ့တော့သည်။

နာရီက တဂျီဂျီနဲ့ နှစ်ခါမြည်ပြီး ပြန်ကောင်းလာတော့ လူငယ်လေးရဲ့ အပျော်တွေက ပျောက်သွားပြီး  လက်ကောက်ဝတ်ကို ခပ်ကြမ်းကြမ်း ပွတ်လိုက်ပေမယ့် ကံကောင်းပြီး အရင်လို အပြစ်ပေးတာ မခံရတော့ပေ။

လှည်းက ရွာထိပ်တွင် ရပ်သွားပြီး ရွာထဲက လမ်းများကတော့ လူသွားလမ်းသာသာ လမ်းကျဉ်းလေးပဲဖြစ်သောကြောင့် လူရွယ်က  လမ်းဘေးမှာပဲ လှည်းကိုရပ်လိုက်ကာ စိတ်ပျက်နေတဲ့ ကောင်လေးကို  ပုတ်ပေးရင်း ပြုံးပြလိုက်သည်။

"ကဲ အိမ်ကိုမြန်မြန်ပြန်တော့"

"ဟုတ်ကဲ့ သွားပြီ အကို။ ဖြည်းဖြည်းမောင်းဦး"

ကောင်လေးက လှည်းပေါ်ကခုန်ဆင်းပြီး ပြုံးလိုက်တဲ့အခါ  ဖြူဖွေးတဲ့ သွားလေးတွေပေါ်လာသည်။

လူရွယ်က ခေါင်းငြိမ့်ပြလိုက်ပြီး လှည်းကိုမောင်းထွက် သွားတော့သည်။ လှည်းကြောင့် ဖုန်ထသွားပြီးကောင်လေးင နှာချေမိလိုက်သည်။

"ဖွီး...ဒီနေ့ သဲတွေအများကြီး ငါ့ပါးစပ်ထဲဝင်ကုန်ပြီ။ ဘာမှ စားဖို့တောင် မလိုတော့ဘူး"

ကောင်လေးက ဖုန်မှုန့်တွေကိုထွေးထုတ်ပြီး သူ့အိမ်ဆီ ခပ်ဖြည်းဖြည်း လျှောက်လာခဲ့သည်။

အိမ်ဆိုပေမယ့်  မီးဖိုတစ်လုံးပဲရှိတဲ့ မြေကြီးနဲ့ ဆောက်ထားတဲ့ ကောင်လေးတစ်ယောက်တည်း နေတဲ့ ဂူတစ်လုံးပါပဲ။  ကောင်လေးရဲ့နာမည်အရင်းက "ကျိုးယွင်ရှန့် "ပြီး
 ဒီခန္ဓာကိုယ်ပိုင်ရှင်ကိုတော့ "ဟွမ်ရီ"လို့ခေါ်သည်။ သူက မိဘတွေမြို့တက်အလုပ်လုပ်နေလို့ ရွာမှာ ချန်ထားရစ်ခံရတဲ့ ကလေးတစ်ယောက်လည်းဖြစ်သည်။

အသက်၆နှစ်မှာ systemကြောင့် ကျိုးယွင်ရှန့်  ဒီကမ္ဘာကို ရောက်လာ ပြီးတော့ ဟွမ်ရီအဖြစ် ဆယ်နှစ်နေခဲ့ရသည်။ ဆယ်နှစ်အတွင်း အဖြစ်ပျက် အများကြီးဖြစ်ခဲ့သည်။ ပထမ  မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မိဘတွေ
ကားတိုက် သေသွားပြီး အဖေဘက်ကအဘိုးအဘွားတွေလည်း ဆုံးပါးသွားသည်။ လွန်ခဲ့တဲ့၂နှစ် က ဒီမူလခန္ဓာကိုယ်ကို မွေးစားမယ့် အမေဘက်ကအဘိုးအဘွားတွေလည်း ကွယ်လွန်သွားပြန်သည်။ သူတို့ မြေးအတွက် ဒီဂူလေးပဲ ချန်ထားခဲ့သည်။

ဒီကလေးကိုမွေးစား ခွင့်ရဖို့ လုယက်နေကြတဲ့ ဦးလေး၂ယောက်နဲ့ အဒေါ်တစ်ယောက်ရှိပေမယ့် ကျိုးယွင်ရှန့်က သူတို့အားလုံးကို ငြင်းလိုက်သည်။ အစောပိုင်း က သူတို့က ကျိုးယွင်ရှန့်ကိုမွေးစားဖို့ စိတ်ကူးထဲ မထည့်ကြ ပေမယ့် သူ့မိဘတွေကို ကားတိုက်မိပြီး သေဆုံးစေတဲ့လူက လျော်ကြေး $70,00 ပေးပြီးတဲ့နောက် သူတို့အားလုံး သူ့ကိုွေမွးစားချင်ကြ ပေမယ့် သူတို့ရည်ရွယ်ချက်ကို သိထားပြီးဖြစ်လို့ ကျိုးယွင်ရှန့် အားလုံးကို ငြင်းလိုက်ခြင်းဖြစ်သည်။

ကျိုးယွင်ရှန့် က သူများလာကယ်မှာကို ထိုင်စောင့်နေရလောက်အောင် အားနည်းတဲ့သူမျိုးမဟုတ်သောကြောင့် ဘဏ်စာအုပ်ကိုသေချာထုတ်ပိုးပြီး "ရှောင်လျှို "ရွာကနေ ထွက်သွားဖို့ပြင်ဆင်ခဲ့ပေမယ့် system ရဲ့ တားမြစ်ခြင်းကို ခံလိုက်ရသည်။

ကျိုးယွင်ရှန့်သည် ယိုင်နဲ့နဲ့ သစ်သားတံခါးလေးကို တွန်းလိုက်ပြီး အေးစက်နေတဲ့ဖျာပေါ်မှာ ထိုင်ချလိုက်ပြီး မျက်လုံးတွေကို မှိတ်ကာ စဉ်းစားကြည့်လိုက်သည်။ systemက သူ့ကိုရှောင်လျှို ရွာကနေ  ထွက်သွားခိုင်းမှာမဟုတ်ဘူးဆိုလျှင်  ဇာတ်ကြောင်းအရ သူ ဒီမှာနေဖို့ လိုတယ်ဆိုတဲ့ သဘောလား။ ဒါဆို ဘာအတွက်လဲ ။ ဖြစ်နိုင်တာက ဒီကမ္ဘာရဲ့ ဇာတ်လိုက် က ရှောင်လျှိုရွာမှာ ရှိနေတာလား။ သူ့ကို ဖိနှိပ်ပြီး သန်မာလာအောင် လုပ်ပေးမလို့များလား?

ကျိုးယွင်ရှန့် မျက်နှာကို ပွတ်လိုက်သည်။ သူခန့်မှန်းတာက အဓိပ္ပါယ် မရှိဘူးလို့ခံစားရနေရသည်။ ရှောင်လျှို ရွာရဲ့ လူဦးရေဖွဲ့စည်းပုံက ရိုးရှင်းတယ်။ အသက်ကြီးတဲ့ လူတွေ နဲ့ ကလေးတွေမှအပ လူငယ် လူရွယ်တွေက အလုပ်လုပ်ဖို့ အိမ်ကနေထွက်သွားကြသည်။  ပြီးတော့ သူက ရွာထဲက ကလေးတွေထဲမှာ  အတော်ဆုံးဖြစ်ပြီး  ကျန်နေတဲ့ လူတွေက  ရွာကနေထွက်ပြီး လောကကြီးထဲကို လှည့်လည် မသွားနိုင်ကြပဲ တဖြည်းဖြည်းနဲ့ လူ့အဖွဲ့စည်းအပြင်ဘက်ကို ရောက်သွားကြခြင်းဖြစ်သည်။

သူ့ကိုယ်သူ ဇာတ်လိုက်တွေ ထက် နိမ့်ကျတယ်လို့ ဘယ်တုံးကမှ မတွေးခဲ့ဖူး ပေ။ systemကသာ သူ့ကို ဦးနှောက်ခြောက်စေတဲ့ တာဝန်တွေ အမြဲ မလုပ်ခိုင်းရင်၊ ဇာတ်လိုက် အကျိုးရှိဖို့ သူ့ကို အတင်းအဓမ္မ မခိုင်းရင် သူက ဘယ်နည်းနဲ့မှ ဆိုးဝါးတဲ့ အဆုံးသတ်ေ တွကြုံရမှာမဟုတ်ပေ။  ကမ္ဘာအစစ်မှာဆိုရင် သူကအရမ်းအစွမ်းရှိတဲ့လူမျိုးဖြစ်လို့ ပုံရိပ်ယောင်ကမ္ဘာမှာ သူ မအောင်မြင် စရာမရှိပေ။

အတိတ်ကေ အောင်မြင်ခဲ့သည့် အချိန်တွေကို ပြန် မတွေးချင်တော့ပေ။ ပြန်တွေးတိုင်း သွားတွေနာလာတဲ့အထိ အံကြိတ်နေရသည်။
ကျိုးယွင်ရှန့် သူ့ပါးပြင်ကို ပွတ် လိုက်ပြီး စားစရာရှာဖို့ မီးဖိုချောင် ထဲ သွား လိုက်သည်။ အိုးထဲမှာ ဘာမှမရှိပေမယ့် ကြောင်အိမ်ထဲမှာတော့ မှိုတက်ခါနီး ဂျုံမှုန့်တစ်ဝက်လောက်နဲ့ ဂေါ်ဖီထုပ်တစ်ထုပ်ကိုတွေ့လိုက်ရသည်။ဒါတွေကို သုံးပြီး ခါက်ဆွဲပြုတ်တစ်ပန်းကန်  လုပ်နိုင်မှာဖြစ်သည်။

ကျိုးယွင်ရှန့် လက်ဆေးပြီး ဂျုံမှုန့်တွေကို ဇလုံထဲထည့်ကာ  ရေနဲ့ရောနယ် လိုက်သည်။ ပြီးတော့ ဘေးမှာချထားပြီး  ဂေါ်ဖီထုပ်ကို လှီးလိုက်တယ်။ ရုတ်တရက် သူ့အိမ်တံခါးအပြင်ဘက်မှာ လူတွေအများကြီးလာနေသလို ခြေသံတွေအများကြီး ကြားလိုက်ရသည်။

"ရီဇီ မြို့ကလူတွေ မင်းဆီအလည်လာတယ်။ ထွက်လာခဲ့ဦး"

အသံစူးစူးနဲ့ မီးဖိုချောင်တံခါး ပွင့်သွားပြီး လူတစ်စု ဝင်လာပြီး ဂေါ်ဖီထုပ် လှီးနေဆဲဖြစ်တဲ့ ကျိုးယွင်ရှန့်ကို အိမ်ရှေ့ခန်းဆီ အတင်း ဆွဲခေါ်သွားကြသည်။

" ဘယ်သူလဲ။ မြို့မှာ ကျွန်တော့် အမျိုးတွေမရှိပါဘူး"

ကျန်တဲ့စကားတွေကိုတော့ သူ မပြောပဲ မျိုသိပ်ထားလိုက်သည်။ ကျိုးယွင်ရှန့်
ဖိအားပေးခံရသလို  မွန်းကြပ် သွားသည်။ တန်ဖိုးကြီးပြီး အဆင့်တန်းမြင့်သည့် ခဲရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ထားတဲ့လူတစ်ယောက်က သူ့ရဲ့စုတ်ပြတ်ပြီး ညစ်ပတ်နေတဲ့ မြေကြီးအိမ်လေးထဲမှာ ရပ်နေသည်။

=================================

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now