Chapter (13-4)_ မကောင်းကြံသူတိုင်း ပြန်လည်ပေးဆပ်ရမယ်

2.6K 472 3
                                    

Chapter (13-4)_  မကောင်းကြံသူတိုင်း  ပြန်လည်ပေးဆပ်ရမယ်



 ကျိုးယွင်ရှန့်က အပေါ်ထပ် သူ့အိပ်ခန်းထဲမှာ ရေချိုးပြီးနောက် ရွှယ် မိသားစုကို ပထမဆုံးရောက်တုန်းက သူ ဝတ်ထားတဲ့ ပေါ့ပေါ့ပါးပါး အဝတ်အစားတွေကို ပြောင်းပြီးနောက်  တတိယထပ်ကို ဖြည်းညှင်းစွာတက်သွားပြီး ရွှယ်ဇီရွမ် သူ့အတွက် အသစ် ဝယ် ထားပေးခဲ့တဲ့ စန္ဒယားထားတဲ့ အခန်းကို တွန်းဖွင့်လိုက်ပါတယ်။


ဒီရက်တွေမှာတော့ သူတော်တော်လေး ကြီးထွားလာပြီး နုတ်စာရွက်ကို  ထိဖို့ လက်လှမ်းလိုက်ချိန်မှာ သူ့ အင်္ကျီလက်တွေက တိုတက်နေတာ  သိသာထင်ရှားစွာ မြင်လိုက်ရတယ်။

 ဒါပေမယ့် ရုပ်ရည်ချောမောသူတစ်ဦးက ဘာဝတ်ဝတ် အကုန် ကြည့်ကောင်းပြီးသားဖြစ်လို့ သူ အခုဝတ်ထားတဲ့ တောသားအရိုင်းစိုင်းပုံစံကလည်း သူ့ကိုယ်ပေါ်မှာ လိုက်ဖက်လို့နေတယ်။

 

သူက  ဖုန်းကို သီချင်း ဂီတနုတ်တွေ ထားသည့် စင်ပေါ်တွင် တင်ကာ ကင်မရာကို ဖွင့်ပြီး သူ လုပ်သမျှကို ဗီဒီယိုမှတ်တမ်းတင်ထားသည်။


ကျိုးယွင်ရှန့်က စန္ဒရားခလုတ်များကို အရှိန်အဟုန်ဖြင့် ဖိနှိပ်ကာ တီးခတ်ရင်း "ကျွန်တော် ထွက်သွားတော့မယ်" ဟု ဖြည်းညှင်းစွာပြောလိုက်သည်။




သူ့လက်ချောင်းထိပ်တွေရဲ့ အရှိန်က တဖြေးဖြေး တိုးကာ မြန်လာပြီး  တက်ကြွတဲ့ သံယောဇဉ်အဖြစ် ပေါင်းစပ်သွားပြီး "တယောတီးတဲ့အခါ ခံစားချက်တွေ ကို နက်နက်ရှိုင်းရှိုင်း မဖော်ထုတ်နိုင်ဘူးလို့ အကိုကြီး အမြဲပြောနေခဲ့တယ်၊ ဘာကြောင့်လဲ သိလား။ ?"

စန္ဒရားခလုတ်တွေကို အပြင်းအထန် ဖိနှိပ်ပြီး ထိတ်လန့်စရာကောင်းတဲ့ ဂီတမှတ်စုတွေကို ဆက်တိုက်တီးရင်း ရုတ်တရက် သူ့နှုတ်ခမ်းတွေကို ကော့ညွတ်လာအောင် ပြုံးလိုက်ရင်း ကျိုးယွင်ရှန့် ပြောလိုက်သည်။


"ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အစကတည်းက ခင်ဗျား ဘာကြောင့် ကျွန်တော့်ကို ဒီမိသားစုထဲ ခေါ်လာသလဲဆိုတာ သိနေလို့ပဲ။  ဒီသီချင်း 'Assassin in the Wind' သီချင်းက ရွှယ်အိမ်တော်က လူတိုင်းအတွက်ပါပဲ။ ရွှယ်မိသားစု၊ ကျွန်တော့်ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်တယ်။"

အန္တရာယ်ရှိပြီး တိုတောင်းသော တေးသွားသည် ပြောင်းလဲသွား သည်။


 ဆယ်ကျော်သက်ကောင်လေးရဲ့ အေးစက်စက်  မျက်နှာကို မပြမီ နောက်ဆုံး ဂီတမှတ်စုကို ပြင်းပြင်းထန်ထန် တီးခတ်ခဲ့သည်။


 "ဒီသီချင်းက ဘယ်လိုလဲ၊ ခံစားချက်က အခုထိ ရှိနေတုန်းပဲ"

သူသည် နူတ်ခမ်းကို တွန့်ကာ ရွဲ့စောင်းစွာ ရယ်မောကာ သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး သူ့အိပ်ခန်းဆီ ပြန်သွားကာ စာအုပ်စင်ကို ကင်မရာဖြင့်  ညွှန်ပြလိုက်သည်။

သူ၏ဖြူသောလက်ချောင်းထိပ်များဖြင့် စာအုပ်စင်ပေါ်က  နိုင်ငံခြားဘာသာ စကားများဖြစ်သော အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ရုရှ ...... စာအုပ်တွေကို  တစ်အုပ်ပြီး  တစ်အုပ်ပေါ်တွင် လက်နှင့် အသာယာ တိုကထိ  လိုက် သည်။ ကျိုးယွင်ရှန့်က စာအုပ်တစ်အုပ်ကိုဆွဲထုတ်ကာ စာမျက်နှာတစ်ခုကိုဖွင့်ကာ သွက်သွက်လက်လက် ရွတ်ဆိုကာ ပြုံးကာ ပြောလိုက်သည်။


  "အန်တီရွှယ်....  အံ့ဩနေသလား....ကျွန်တော်   နိုင်ငံရပ်ခြားဘာသာစကားကို တတ်ကျွမ်းဖို့ မမျှော်လင့်ထားခဲ့ဘူး မဟုတ်လား။  ဒီစာအုပ်တွေကို ကျွန်တော် တနေကုန်ဖတ်နေခဲ့တာကို ခင်ဗျားတို့ သတိမထားမိကြဘူးဆိုတော့ ခင်ဗျားတို့  ကျွန်တော့်ကို ဂရုမစိုက်တဲ့ ခင်ဗျားတို့ကိုယ်ကိုပဲ  အပြစ်တင်လိုက်ကြပေတော့။ အိုး...ဟုတ်သားပဲ.. ကျွန်တော့်လို့ တောသားအရိုင်းအစိုင်း ကို ဘယ်သူက ဂရုစိုက်မှာလဲ။ မကြာခင် မြေကြီးမှာ မြုပ်ပစ်လိုက်ရတော့မယ့် လူသေတစ်ယောက် အနေနဲ့ ကျွန်တော့်ကို ခင်ဗျားတို့လိုချင်ခဲ့တာ မဟုတ်လား။  အခုလည်း  ကိုယ်တွင်းအင်္ဂါ လှူဒါန်းမှုသဘောတူညီချက်ကို  အင်္ဂလိပ်လို ရေးထားတဲ့ စာချုပ်မှာ ကျွန်တော့ သဘောတူညီမှု လက်မှတ်ကို ခင်ဗျားတို့ မလိမ့်တပတ်နဲ့ အရယူလိုက်ပြီ မဟုတ်လား။ ဒါက သိပ်ဉာဏ်ကောင်းတဲ့ လုပ်ရပ်လို့ ခင်ဗျားတို့ ထင်နေတာလား။ "


ကျိုးယွင်ရှန့်ရဲ့ တောက်ပသော မက်မွန်ပွင့်လို  မျက်လုံးများသည် အနည်းငယ် ကွေးညွှတ်သွားကာ၊ သူ၏ နတ်ဆိုးပမာ ချောမောသော မျက်နှာလေးက ကင်မရာမှတ်တမ်းထဲမှာ ဆက်လက်ပြောဆိုခဲ့သည်၊

  "စိတ်မပူပါနဲ့၊  ကျွန်တော် အန်တီ့ကို မရယ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်မှာ ကျွန်တော့်ထက် ဉာဏ်ကောင်းတဲ့သူတွေ အများကြီး  မရှိဘူးမဟုတ်လား"


သူက ဖုန်းကို မြှောက်လိုက်ပြီး သူ့မျက်နှာချင်းဆိုင် စားပွဲပေါ်တင်လိုက်ပြီး စင်ပေါ်ရှိ စက်ပိုင်းဆိုင်ရာ စာအုပ်တွေကို ထုပ်ပိုးပြီး ဆက်ပြောလိုက်တယ်။


 " ကျွန်တော် ရွှယ်မိသားစုထဲကို စဝင်တဲ့ ပထမဆုံးနေ့က စပြီး ခင်ဗျားတို့ ဘာဖြစ်ချင်နေသလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ခင်ဗျားတို့ အားလုံး ကကျွန်တော့်ရှေ့မှာ  အလိမ်အညာတွေ ပြောဆိုလုပ်ကိုင်နေကြတာကို မြင်ရတော့ ကျွန်တော်    ဘယ်လောက် ရွံရှာသလဲဆိုတာ ခင်ဗျားတို့ သိရဲ့လား။ ကျွန်တော် ကျိန်ဆိုလိုက်တယ်။ ဒီအတွက် ခင်ဗျားတို့ အားလုံး ပြန်ပေးဆပ်ရစေမယ်   "



ကျိုးယွင်ရှန့်က ပြန်လှည့်လာပြီး သူ့အမူအရာက အေးစက်သွားကာ ရုတ်တရက် လက်ကိုဝှေ့ယမ်းကာ အပြုံးလေးက ပိုပြီး ညို့ငင်နိုင်စွမ်း ပြင်းလာခဲ့သည်။

 "ဟင့်အင်း၊  အဲ့ဒါတွေကို လုပ်နေလည်း အဓိပ္ပါယ် မရှိတော့ဘူး၊   စကားများများပြောပြီး လက်တုန့်ပြန်နိုင်တဲ့ ဗီလိန်ရယ်လို့ ဘယ်မှာ ရှိလို့လဲ။ နောက်ဆုံးတော့ ဇာတ်လိုက်က ဗီလိန်ကို သတ်ပစ်လိုက်တာပဲ မဟုတ်လား။ ဒါပေမယ့် ကျွန်တော်က ခင်ဗျားတို့ကို ဒီလိုလုပ်လို့ရမယ့်  အခွင့်အရေး မပေးဘူး။  ဟုတ်တယ်...ကျွန်တော်က  ဗီလိန်လည်း မဟုတ်ဘူး၊ ကျွန်တော်က မတရားခံရတဲ့  သားကောင်ဖြစ်ပြီး ခင်ဗျားတို့က လူသတ်သမားတွေ ပဲ"

သူ ဖတ်တာ မပြီးသေးတဲ့ စက်ပိုင်းဆိုင်ရာ စာအုပ်တချို့ကို သူ့ကျောပိုးအိတ်ထဲထည့်ရင်း အလိုလို သက်ပြင်းလေးချရင်း  ဆက်ပြောလိုက်သည်။



"ရွှယ်ဇီရွမ်..... ခင်ဗျား.. ကျွန်တော့်ကို ချစ်တယ်လို့ပြောပေမယ့် စိတ်မကောင်းပါဘူး၊ အဲ့ဒီ အချစ်ဆိုတာက လူသတ်မှုနဲ့စခဲ့တာဆိုတော့ ကျွန်တော်လည်း မမေးရဲတော့ဘူး။ ကျွန်တော် တကယ်ကို သိချင်လိုက်တာ၊ ခင်ဗျား ချစ်ရတဲ့သူနဲ့ ခင်ဗျားရဲ့ နာမည် ဂုဏ်သတင်း ခင်ဗျား ဘယ်ဟာကို ရွေးမလဲ"



သူက ပထမဆုံး  ကင်မရာကို ကြည့်လိုက်ပြီးနောက်  "နှုတ်ဆက်တယ်" လို့ တိုးတိုးပြောပြီး ဖုန်းကို ပိတ်လိုက်တယ်။

ထုပ်ပိုးပြီးချိန်မှာတော့ အစ်ကိုဖြစ်သူကို သွားတွေ့ဖို့ ရုံးကိုသွားဦးမယ်လို့ အိမ်တော်ထိန်းကို သံသယအောင် ပြောဆိုကာ သူကိုယ်တိုင် ကားမမောင်းပဲ  အသစ်ငှားထားသော ဒရိုင်ဘာကို သူ ပြန်လည် မွမ်းမံထားသော စူပါကားကို မောင်းစေလိုက်သည်။ ဒရိုင်ဘာက သူ့ကားကို လှည့်ပတ်ကြည့်ရင်း သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေသည်။

"ခင်ဗျား ဘာလုပ်နေတာလဲ?"


ကျိုးယွင်ရှန့်က  မျက်ခုံးတစ်ချက်ပင့်ကာ မေးလိုက်သည်။

"ဟွမ်သခင်လေး.....သခင်လေးရဲ့ ဒီကားက အရမ်း မိုက်တယ်၊ ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။"


ကားမောင်းသူသည် အသက်သုံးဆယ်ကျော်အရွယ်  တပ်ထွက် စစ်သားတစ်ဦးဖြစ်ပြီး ထူထဲသော မျက်ခုံးမွှေးများ၊ မျက်လုံးကြီးကြီးနှင့် တချက်ကြည့်ရုံနှင့် ယုံကြည်ရလောက်သော ရုပ်ရည်ကို ပိုင်ဆိုင်သည်။

 

ဒါပေမယ့် ရွှယ်လွေ့က ဒီလူကို လာဘ်ထိုးခဲ့တာ ကြာပြီဆိုတာကို သိခဲ့ပြီး အင်္ဂါအစိတ်အပိုင်း လှူဒါန်းဖို့ သဘောတူညီချက်ကို ဆေးကောင်စီအဖွဲ့မှာ သူတို့   အစီရင်ခံပြီး တရားဝင်ထုတ်ပြန်ပြီးနောက်မှာ သူ့ကို  ကားထဲထည့်ကာ ကားမတော်တဆမှုဖြစ်ဖို့အတွက် ဒီလူကို တာဝန်ပေးခဲ့တာဖြစ်သည်။

 
ဒီဒရိုင်ဘာက သူ့ကို သံသယကင်းစွာ သတ်ပစ်ရမယ့် လူဖြစ်သည်။



"ဒီနေ့ ကားမောင်းဖို့ အခွင့်အရေး ပေးမယ်။ ဘယ်လိုလဲ"


ကျိုးယွင်ရှန့်က ကားဆီကို လမ်းလျှောက်လာရင်း ကျောပိုးအိတ်ကို ခရီးသည်တင် ထိုင်ခုံပေါ် ပစ်ချကာ ရယ်မောကာ ပြောလိုက်သည်။



"ကျွန်တော့် အကိုကြီးရဲ့ ရုံးကို ခေါ်သွားပေးပါ။ ယာဉ်ထိန်းရဲက အခုနောက်ပိုင်း တင်းကြပ်နေတယ်။ ကျွန်တော့်မှာ ယာဉ်မောင်းလိုင်စင် မရှိဘူး"

ကိုယ်တွင်းအစိတ်ပိုင်း လှူဒါန်းမှု စာရွက်စာတမ်းမှာ လက်မှတ်ရေး ထိုးထားပြီး ဥပဒေကြောင်းအရ သက်ရောက်မှု မရှိတာကြောင့် ယာဉ်မောင်းက ကားပေါ် မတက်ခဲ့ပါဘူး။ အခုပဲ သူ အရိပ်တကြည့်ကြည့်လုပ်နေတဲ့ ကားကောင်းလေးက ဒီကောင်လေးကို လုပ်ကြံချိန်မှာ တစ်ခါတည်း    ပျက်သွားမယ်ဆိုရင် နည်းနည်းတော့ နှမျောစရာ ကောင်းမယ်ထင်တယ်။ ကားက မတိုက်ခင် အကြိမ်အနည်းငယ် မောင်းကြည့်ခွင့်ရမယ်ဆိုရင် မဆိုးဘူးဟု တွေးကာ ထိုလူက ချက်ချင်း ဝင်ထိုင်လိုက်သည်။


 

"ခင်ဗျားက စစ်တပ်ထဲမှာ ကားမောင်းတဲ့လူလား "

ကျိုးယွင်ရှန့်က အမှတ်မထင်မေးလိုက်သည်။

 

"ဟုတ်ပါတယ်၊ ကျွန်တော်တို့တပ်တွေမှာလည်း ကားကောင်းကောင်း တစ်စီးရှိတယ်၊ ဒါပေမယ့် ထိပ်ဆုံး အကောင်းဆုံးကားကတော့  Hummer ပါ၊ ဒီ  စူပါကားနဲ့ ယှဉ်လို့ မရပါဘူး။ လီဗာကို နင်းလိုက်တာနဲ့ ဒီကားက လျှပ်စီးလက်သလို အရှိန်နဲ့ ပြေးထွက်သွားတာပဲ....  !"


ဒရိုင်ဘာသည် အင်ဂျင်ကို နှိုးလိုက်ပြီး  မျက်စိတစ်မှိတ်အတွင်းမှာပင် အိမ်ကြီးထဲမှ ကားကိုမောင်း ထွက်သွားခဲ့သည်။


ကျိုးယွင်ရှန့် က ပြုံးပြုံးရွှင်ရွှင်နဲ့ ဘာမှပြန်မပြောဘဲ  လိုက်လာခဲ့ရင်း မြို့ထဲရောက်တဲ့အခါမှာတော့ ကားသမားကို လမ်းဘေးမှာရပ်ခိုင်းပြီး ပြောလိုက်သည်။



"ရေတစ်ပုလင်း ဝယ်လိုက်ဦးမယ်။ ခင်ဗျားရော  လိုချင်လား"

"မလိုချင်ပါဘူး။ ကျေးဇူးတင်ပါတယ် ဟွမ်သခင်လေး"

 ကားသမားက သူ့လက်ကို ယဉ်ယဉ်ကျေးကျေး ဝှေ့ယမ်းသည်။



ကျိုးယွင်ရှန့် သည် စူပါမားကတ်သေးသေးလေးထဲသို့ ဝင်ကာ သူ့ကျောပိုးအိတ်ထဲမှ PSP ထိန်းချုပ်ရေး ကရိယာလေးကို ထုတ်ကာ ပေါ့ပေါ့ပါးပါး ဆော့ကစားနေလေသည်။ တစ်ချိန်တည်းမှာပင်၊ ယာဉ်မောင်းထိုင်ခုံရှိ ယာဉ်မောင်းသည် စတီယာရင်ဘီးကို ကိုင်ထားရင်း သူ့ထိုင်ခုံ ခါးပတ်က အလိုအလျောက် တင်းကျပ်လာသည်ကို ခံစားရပြီး  မမြင်နိုင်သော လက်တစ်စုံက စက်ကို နှိုးလိုက်သလို  အင်ဂျင်က ဆူညံသံပေးကာ စက်နှိုးလာခဲ့သည်။

 

"ဘာဖြစ်နေတာလဲ?"

ယာဉ်မောင်းနေရာမှာ ထိုင်နေတဲ့ ဒရိုင်ဘာက  ထိတ်လန့်တုန်လှုပ်သွားကာ   လီဗာကို ဖြုတ်ရန် ကြိုးစားပြီး    ထိုင်ခုံခါးပတ်ကို ဖြုတ်ရန် ကြိုးစားပေမယ့် သူ့  လှုပ်ရှားမှုအားလုံးသည် အချည်းနှီးဖြစ်သွားခဲ့သည်။ သူ့ရဲ့  ထိုင်ခုံခါးပတ်က ပိုမိုတင်းကျပ်လာကာ  ကားက  ရှေ့ဂီယာသို့ အလိုအလျောက် ပြောင်းလဲသွားကြောင်း တွေ့လိုက်ရသည်။ ပြီးတော့  အနီရောင် စူပါကားကြီးက လျှပ်စီးကြောင်းကဲ့သို့  တဟုတ်ထိုး ပြေးထွက်သွားတော့သည်။
 

ကားစက်သံပြင်းပြင်းကို ကြားလိုက်ရပြီး ကားထွက်သွားချိန်မှာ စတိုးဆိုင်ထဲကနေ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က ထိတ်လန့်တကြားအော်ပြီး   ကားခိုးခံလိုက်ရသည့်အတွက်  ဒေါသအရမ်းထွက်နေသလို ခုန်ပေါက်ကျိန်ဆဲနေတာကို အနားက လူတွေအားလုံး  တွေ့လိုက်ရတယ်။ လူအနည်းငယ်က သူ့ကို ရဲခေါ်ဖို့ သတိပေးသလို ဆဲလ်ဖုန်းတွေကို လှုပ်ယမ်းပြီး သူ့အနီးနားကို ဝိုင်းဖွဲ့ကာ မေးနေကြတယ်။



အနီရောင်စူပါကားသည် တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ နှုန်းဖြင့် မြို့တွင်းကို လှည့်ပတ်သွားလာကာ ကား ကြပ်နေသောနေရာတွင် ရှိနေသည့်အခါတိုင်း သူ့ရှေ့ရှိ အတားအဆီးများကို အလိုအလျောက် ရှောင်ရှားနိုင်သော်လည်း အရှိန်လျှော့ခြင်း သို့မဟုတ် မီးပွိုင့်ကို စောင့်ခြင်းမျိုး ဘယ်သောအခါမှ ပြုလုပ်ခြင်းမရှိပေ။

လမ်းဆုံများစွာကို ဆက်တိုက်ဖြတ်ပြေးပြီး မီးနီကို ဖြတ်မောင်းကာ  ယာဉ်ထိန်းရဲများစွာက  အနီရောင်စူပါကားကို ပိတ်ဆို့ရန်အတွက် မြို့တွင်းရှိ သူတို့၏လုပ်ဖော်ကိုင်ဖက်များအား ရေဒီယိုမှ အသံလွှင့်ကာ သတင်းပေးခဲ့ရသည်။ ထိုကဲ့သို့သော ဇိမ်ခံကားများကို တတ်နိုင်သူအများစုမှာ တော်ဝင်မြို့တော်ရှိ အထက်တန်းစားလူတန်းစားများဖြစ်ကြပြီး မြို့အုပ်ချုပ်ရေး ခေါင်းဆောင် အသစ်များသည် မကြာသေးမီကမှ လူမှုအသိုင်းဝိုင်းကို တင်းကြပ်စွာ စီမံခန့်ခွဲရန် ရာထူးကို တာဝန်ယူထားသောကြောင့် ယခုအချိန်ကာလတွင် မဆင်မခြင် လမ်းမထက်တွင် ကားကို မောင်းနှင်နေခြင်းက အာဏာပိုင်အသစ်ကို သွေးတိုးစမ်းနေတာနဲ့ တူနေသည်။


ဘယ်မိသားစုကများ   သြဇာကြီးလွန်းလို့ ခုလို မျိုး မကြောက်မရွံ့ လုပ်ရဲတာလဲ။ သူတို့က ထိုကားမောင်းသူကို  အရေးယူလို့မရမှာကို ကြောက်တယ်။

သူတို့ လိုက်ဖမ်းနေသည့် ကားက ချောချောမောမော ရပ်တန့်ပေးပါက ဒဏ်ကြေးငွေပေးဆောင်ရုံဖြင့် ယာဉ်မောင်းလိုင်စင်ကို သိမ်းယူရုံနဲ့ ပြီးသွားမှာဖြစ်ပေမယ့် တကယ်လို့ ပြင်းထန်သော ယာဉ်မတော်တဆမှုများ ဖြစ်လာပါက ဒီလောက်နဲ့ လွယ်လွယ်ဖြေရှင်းနိုင်မည် မဟုတ်တော့ပေ။


 ဒီတာဝန်ကို ဘယ်သူကမှ မယူရဲကြပေ။

 

ယာဉ်ထိန်းရဲများက   အန္တရာယ်မဖြစ်ခင် တားဆီးဖို့ ပြင်ဆင်နေချိန်မှာ သူတို့ ကြောက်တဲ့ မတော်တဆမှုကြီးက တကယ်ဖြစ်သွားခဲ့သည်။


  မြို့တွင်း လှည့်ပတ်နေသော စူပါကား တစ်စီးသည် Mercedes-Benz ကို ဝင်တိုက်မိရာ ကားနှစ်စီးလုံးရဲ့ အရှေ့ပိုင်းက  လုံးလုံး ပျက်စီး ကာ  တွန့်လိမ်သွားကာ ယာဉ်မောင်း မှာ ကားအတွင်း ပိတ်မိကာ သေဆုံးလျက် ရှိသည်။

Mercedes ၏ ပိုင်ရှင်သည် လေအိတ်ပေါ်တွင် လဲလျောင်းနေပြီး ခေါင်းမှ သွေးများထွက်နေကာ ဖုန်းခေါ်ဆိုမှုကို မည်သူမျှ တုံ့ပြန်ခြင်းမရှိပေ။ အရေးပေါ်လူနာတင်ယာဉ်များ ရောက်ရှိလာပြီး ယာဉ်ထိန်းရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး တစ်နာရီကျော်ကြာ တံခါးကို ဖောက်ကာ   ဖွင့်ကြည့်ပြီး ဒဏ်ရာရရှိသူများ ကို ကယ်တင် နိုင်ခဲ့သည်။

 

ကြည့်ရှုသူများသည် လူစုလူဝေးနှင့် မနီးမဝေးတွင် ရပ်ကာ ဗီဒီယိုရိုက်ရန် သူတို့ ဆဲလ်ဖုန်းများကို ကိုင်ဆောင်ကာ ရိုက်ကူးပြီး အင်တာနက်ပေါ်သို့  လွှင့်တင်နေကြသည်။


 အခုခေတ်မှာ ယာဉ်တိုက်မှုဆိုတာ ရှားရှားပါးပါး မဟုတ်ပေမယ့် ရှားရှားပါးပါး တိမ်းမှောက်တဲ့ ကားနှစ်စီးက ဇိမ်ခံကားတွေဖြစ်ပြီး တန်ဖိုးအနည်းဆုံး ငါးသန်းလောက်က ကြည့်ရှုသူတွေကို  ခေါင်းမူးသွားစေဖို့ လုံလောက်နေလေပြီ။



Mercedes Maybach သည် ကျည်ကာမှန် တပ်ဆင်ထားသည့် ထိပ်တန်း မော်ဒယ်ဖြစ်ပြီး ဈေးနှုန်းမှာ ခြောက်သန်းကျော်ဖြင့် ရောင်းချနေသည့် အပြင်  စူပါကားမှာ   ဈေးကွက်တွင် မရောင်းရဘဲ သီးသန့် မှာကြားမှ ပြုလုပ်ပေးသည့် ဝယ်သူ စိတ်ကြိုက် ကားဖြစ်ကာ  အနည်းဆုံး ခုနစ်သန်းမှ ရှစ်သန်းအထိ ဈေးနှုန်းရှိသည်။



ဒီတွက်ချက်မှုအရ ဒီနေ့ မတော်တဆ ယာဉ်တိုက်မှု ဆယ်သန်းကျော်မက တန်နေသဖြင့် ကြည့်နေသူ အားလုံးက စိတ်အားထက်သန်မှုတွေနဲ့  ပွက်ပွက်ဆူနေပြီး တုန်လှုပ်ချောက်ချားတဲ့ လေသံနဲ့ အင်တာနက်ပေါ်မှာ အရမ်းကို ဟော့သည့် သတင်းဖြစ်လာသည်။


အင်တာနက်ပေါ် လွှင့်တင်ထားသည့် ဗီဒီယိုတွေမှာ    ကြောက်စရာကောင်းတဲ့ ခေါင်းစီးသတင်းတွေနဲ့  မရေမတွက်နိုင်တဲ့ အင်တာနက်အသုံးပြုသူတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ သူတို့သည် မြို့တွင်းရှိ အနီရောင် စူပါကား ပြိုင်ကား၏ အပြုအမူကို ရွံရှာ နေခဲ့ကြပြီး အဆုံးထိ တိကျစွာ စုံစမ်းရန် ယာဉ်ထိန်းရဲဌာနကို အများပြည်သူက အကြိမ်ကြိမ် တောင်းဆိုနေခဲ့ကြသည်။



******-**********

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now