Chapter (3-2)- သူနဲ႕ေတြ႕မွျဖစ္မယ္

7.2K 1K 1
                                    

Chapter (3-2) - သူနဲ႕ေတြ႕မွျဖစ္မယ္

ဖူဘိုက မီးဖိုထဲက ခ်က္ခ်င္းေျပးထြက္လာၿပီး ကုတင္ေဘးက အေရးေပၚခလုတ္ကို ႏွိပ္လိုက္သည္။ ငါးစကၠန္႔အတြင္း ဆရာဝန္ႏွင့္ သူနာျပဳမ်ားက အေရးေပၚကိရိယာမ်ားျဖင့္ ေျပးဝင္လာၿပီး ကယ္ဆယ္ေရးလုပ္လိုက္ေတာ့ ႏွလံုးခုန္စက္မွ ေအာ္သံတိတ္သြားၿပီး သတိလစ္ေနသည့္လူရြယ္ေလး၏မ်က္လံုးက ညင္သာစြာ ပြင့္လာခဲ့သည္။

သူက ေဆး႐ံုခန္း၏ မ်က္ႏွာၾကက္ျဖဴျဖဴကို ေငးၾကည့္စဥ္ ဆရာဝန္မ်ား၏ စိတ္လႈပ္ရွားစြာ ေမးျမန္းသည့္အသံကိုၾကားမွ သူ႔ညာဘက္ကို တင္းၾကပ္စြာဆုပ္ကိုင္ထားသည့္ ရႊယ္က်င္းရီကို ေအးစက္စြာစိုက္ၾကည့္လိုက္ေတာ့ သူမက လန္႔ၿပီး ေအာ္မိမတတ္ျဖစ္သြားသည္။

"မင္း ဘာေၾကာင့္ ဒီေရာက္ေနတာလဲ.."

ရႊယ္ဇီရႊမ္က အေျခအေနကို မသိေသးေပမယ့္ သူမလက္ကိုေတာ့ ဖယ္ရွားပစ္လိုက္သည္။ သူသတိရရလာခ်င္း ေတြ႕ခ်င္သည့္လူက ရႊယ္က်င္းရီအပါအဝင္ မည္သူမွမဟုတ္ေပ။ ေရွာင္ရီဆိုသည့္ သူ႔ခ်စ္သူကိုသာ ဦးဆံုးေတြ႕ခ်င္သည္။ သူေသဆံုးသြားခဲ့ၿပီးတာေတာင္ ဒီလူေတြက သူ႔ကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း မရွိေစခ်င္ဘူးလား။ သူက လွည့္ၾကည့္လိုက္ေတာ့ လူအုပ္ႀကီးရဲ့ေနာက္ကေန စိတ္ပ်က္စြာ ေငးစိုက္ၾကည့္ေနသည့္ ဖူဘိုကို ေတြ႕လိုက္ရသည္။

ရႊယ္က်င္းရီသည္ မႏွစ္ၿမိဳ႕ဖြယ္ေလသံျဖင့္ ေျပာလိုက္သည့္ အစ္ကိုႀကီး၏ေလသံေၾကာင့္ ရင္ဘတ္ကို လက္ႏွင့္ဆုပ္ကာ ေနာက္ကိုႏွစ္လွမ္းဆုတ္သြားၿပီး လက္မခံႏိုင္ဟန္ျဖင့္ ေခါင္းယမ္းလိုက္သည္။ သူမအစ္ကိုႀကီးက တစ္ရက္တည္းႏွင့္ သူမလံုးဝမသိတဲ့လူအျဖစ္ကို ေျပာင္းလဲသြားခဲ့ေလၿပီ။

ဆရာဝန္ေပါင္းစံုက လူနာကုတင္ေဘးမွာထိုင္ၿပီး ေမးခြန္းေတြေမးၾက၊ စမ္းသပ္ေနၾကစဥ္ သူတို႔ထဲကတစ္ေယာက္က ရႊယ္ဇီရႊမ္၏မ်က္လံုးကို ပင့္ၾကည့္လိုက္သည္။ နာက်င္မႈတစ္ခုက တစ္ကိုယ္လံုးျပန္႔သြားေသာေၾကာင့္ ရႊယ္ဇီရႊမ္က သူတို႔ကို ေအးစက္စြာျဖင့္ ၾကည့္ေနရင္း သူက စိတ္႐ႈပ္ေထြးရာမွ သံသယ၊ ထိုမွတစ္ဆင့္ မယံုၾကည္မႈအျဖစ္ ေျပာင္းလဲသြားသည္။

"ကၽြန္ေတာ္ ေကာင္းေနၿပီ.. ခင္ဗ်ားတို႔အားလံုး ထြက္သြားၾက.."

ရႊယ္ဇီရႊမ္က ျပတ္သားစြာေျပာလိုက္သည္။ ရႊယ္ဇီရႊမ္ သတိျပန္ရလာေပမယ့္ စိတ္အေျခအေန သိပ္မေကာင္းတာ သတိထားမိေတာ့ ဆရာဝန္ေတြက သူ႔စိတ္ၿငိမ္သြားမွ ဆက္လက္စစ္ေဆးမည္ဟု ေတြးကာ အခန္းထဲမွ ထြက္သြားၾကသည္။

သူတို႔အားလံုးထြက္သြားမွ ရႊယ္ဇီရႊမ္က ထထိုင္လိုက္ၿပီး သူ႔လက္ဖဝါးေတြမွာ အမာရြတ္က်န္ေသးလားဆိုတာ စစ္ေဆးၾကည့္ေတာ့ ဘာအမာရြတ္မွမရွိတာကို ေတြ႕လိုက္ရသည္။ ေနာက္ဆံုး ရႊယ္ဇီရႊမ္က အေျခအေနမွန္ကို သေဘာေပါက္သြားၿပီး ဝမ္းသာလြန္းလို႔ မ်က္ရည္က်လာမိသည္။ သူက ကုတင္ေပၚကဆင္းၿပီး ေဆး႐ံုအဝတ္ႏွင့္ ထြက္လာခဲ့သည္။

"သခင္ေလး.. ဘယ္သြားမလို႔လဲ.. ဖိနပ္စီးဖို႔ေမ့ေနၿပီ.. ေဆး႐ံုၾကမ္းျပင္က ေအးတယ္.."

ဖူဘိုက ေျခညွပ္ဖိနပ္ကိုကိုင္ကာ သူ႔ေနာက္ေျပးလိုက္လာၿပီး ေျပာလိုက္သည္။

ရႊယ္က်င္းရီက ျဖဴေဖ်ာ့သည့္မ်က္ႏွာႏွင့္ ထိတ္လန္႔ေျခာက္ျခားစြာ ေနာက္ကလိုက္လာသည္။ အစ္ကိုႀကီးသတိရလာတုန္းက ေမးလိုက္သည့္ေလသံက သူမ လံုးဝ ေမွ်ာ္လင့္မထားမိခဲ့ေပ။ ဒီေလသံထဲမွာ သူမကိုေတြ႕လိုက္ရလို႔ ဝမ္းေျမာက္ဝမ္းသာျဖစ္သြားတာ တစ္စက္ေလးမွမရွိဘဲ စိတ္ပ်က္ေနျခင္းက အထင္းသားေပၚေနသည္။ သူမကိုျမင္ရေလ ပိုစိတ္ပ်က္ေလဆိုသည့္ ခံစားခ်က္မ်ိဳး ပါဝင္ေနသည္။

သူမက ငယ္စဥ္ကတည္းက ေနမေကာင္းလို႔ တစ္မိသားစုလံုးကို ဒုကၡေရာက္ေစခဲ့သည္။ ဒါေၾကာင့္ ငယ္စဥ္ကတည္းက သူမက လူေတြကိုေစာင့္ၾကည့္ၿပီး သူမကို မႏွစ္သက္တာ၊ ျငင္းပယ္တာမျဖစ္ေအာင္ ႀကိဳးစားေနထိုင္ခဲ့ရလို႔ လူကဲခတ္တဲ့ေနရာမွာ ေတာ္သည္။ သူမ ပိုၿပီးဖ်ားနာေလ မိသားစုက ပိုခ်စ္ခင္ဂ႐ုစိုက္ေလဆိုတာ သိရေတာ့ သူမရဲ့စိုးရိမ္မႈ ေလ်ာ့သြားခဲ့ရသည္။ အထူးသျဖင့္ ေသြးေအးၿပီး လူေတြကိုလ်စ္လွ်ဴ႐ႈတတ္တဲ့ အစ္ကိုႀကီးက ႏူးညံ့စြာျဖင့္ သူမကို ဂ႐ုစိုက္ေပးျခင္းက သူမကို ဂုဏ္ယူေပ်ာ္ရႊင္ရေစသည္။

ဒါေပမယ့္ အခုၾကည့္လိုက္ေတာ့ သူမအစ္ကိုက သူမကို မုန္းတီးေနတာကို ဖံုးကြယ္ေနသလိုပင္။ သူမ ဘာမွားသြားခဲ့မိလို႔လဲ။ သူမစိတ္ထဲ စြဲေနသည့္အေတြးက သူမကို အခ်က္ေပးေနသလိုပင္။

ရႊယ္ဇီရႊမ္က 19 ထပ္ကေန ေလွကားတေလွ်ာက္ ေအာက္ကိုဆင္းလာၿပီး ဧည့္ခန္းမႀကီးကို ျဖတ္ေျပးခဲ့သည္။ သူ႔ရဲ့အ႐ူးအမူးပံုစံေၾကာင့္ လူေတြစိတ္ဝင္စားလာၿပီး ရပ္ကာ ဝိုင္းၾကည့္လာၾကသည္။ သူ႔ပံုစံေၾကာင့္ လံုၿခံဳေရးေတြက သူ႔ကို တားဆီးၾကၿပီး ေဝၚကီေတာ္ကီျဖင့္ 16 ထပ္က စိတ္ေရာဂါသည္လူနာ ထြက္ေျပးလာသလားဟုပင္ ေမးလိုက္ၾကသည္။ ရႊယ္ဇီရႊမ္က ႐ုန္းကန္ေနေပမယ့္ လူႏွစ္ေယာက္ ဝိုင္းခ်ဳပ္ထားတာေၾကာင့္ ဖမ္းခံလိုက္ရသည္။

"ရွင္တို႔ ဘာလုပ္ေနၾကတာလဲ.. သူ႔ကိုလႊတ္လိုက္စမ္း.."

ရႊယ္လီဒန္နီက တ႐ုတ္ျပည္ကို အျမန္ျပန္လာၿပီး ေလဆိပ္ကေန ဒီကိုတန္းလာခဲ့ေပမယ့္ မထင္မွတ္ထားဘဲ သူမသားကို ေဆး႐ံုႀကီး၏ဧည့္ခန္း လူအုပ္ႀကီးအလည္မွာ စိတ္မေကာင္းစရာပံုစံႏွင့္ ေတြ႕လိုက္ရေတာ့ သည္းမခံႏိုင္ဘဲ ေအာ္ဟစ္လိုက္သည္။

ဆံပင္ေတြ႐ႈပ္ေထြးေနၿပီး အဝတ္ေတြက ဖ႐ိုဖရဲႏွင့္ ႐ူးသြပ္လုနီးပါးပံုစံ၊ စီးက်လုလုမ်က္ရည္ေတြျပည့္ေနသည့္ မ်က္ဝန္းႏွင့္ သူမသားကိုေတြ႕ရေတာ့ မယံုႏိုင္ေအာင္ျဖစ္ခဲ့သည္။ သူမသိထားသည့္သားက ေရာက္ေလရာမွာ ေတာက္ပထင္ရွားသည့္ အရွိန္အဝါကို ပိုင္ဆိုင္ထားၿပီး ခုလိုပံု တစ္ခါမွ မေတြ႕ခဲ့ဖူးေပ။ အခု သူမသားက အံကိုတင္းတင္းႀကိတ္ထားၿပီး နဖူးကေသြးေၾကာေတြက ေပါက္ကြဲလုနီးပါး ေထာင္ထေနသည္။

"အေမလား.."

ရင္းႏွီးေနသည့္အသံေၾကာင့္ ရႊယ္ဇီရႊမ္ စိတ္ထဲ ၿငိမ္သက္သြားၿပီး ေခါင္းကိုလွည့္ကာ လူအုပ္ၾကားမွာရွာလိုက္ေတာ့ သူမကိုေတြ႕သြားသည္။ ရႊယ္ဇီရႊမ္၏အမူအယာက ပိုမို႐ႈပ္ေထြးလာၿပီး ဘာေၾကာင့္ေသဆံုးသြားသူမ်ား တစ္ေယာက္ၿပီးတစ္ေယာက္ သူ႔ေရွ႕ျပန္ေပၚလာသည္ကိုျမင္ေတာ့ သူ႔အေတြးက ပိုခိုင္မာလာခဲ့သည္။ သူ အရာအားလံုးမျဖစ္ပ်က္ေသးခင္ အတိတ္ကာလကို ျပန္လည္ေရာက္ရွိေနခဲ့သည္။
===============

Chapter (3-2) - သူနဲ့တွေ့မှဖြစ်မယ်

ဖူဘိုက မီးဖိုထဲက ချက်ချင်းပြေးထွက်လာပြီး ကုတင်ဘေးက အရေးပေါ်ခလုတ်ကို နှိပ်လိုက်သည်။ ငါးစက္ကန့်အတွင်း ဆရာဝန်နှင့် သူနာပြုများက အရေးပေါ်ကိရိယာများဖြင့် ပြေးဝင်လာပြီး ကယ်ဆယ်ရေးလုပ်လိုက်တော့ နှလုံးခုန်စက်မှ အော်သံတိတ်သွားပြီး သတိလစ်နေသည့်လူရွယ်လေး၏မျက်လုံးက ညင်သာစွာ ပွင့်လာခဲ့သည်။

သူက ဆေးရုံခန်း၏ မျက်နှာကြက်ဖြူဖြူကို ငေးကြည့်စဉ် ဆရာဝန်များ၏ စိတ်လှုပ်ရှားစွာ မေးမြန်းသည့်အသံကိုကြားမှ သူ့ညာဘက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားသည့် ရွှယ်ကျင်းရီကို အေးစက်စွာစိုက်ကြည့်လိုက်တော့ သူမက လန့်ပြီး အော်မိမတတ်ဖြစ်သွားသည်။

"မင်း ဘာကြောင့် ဒီရောက်နေတာလဲ.."

ရွှယ်ဇီရွှမ်က အခြေအနေကို မသိသေးပေမယ့် သူမလက်ကိုတော့ ဖယ်ရှားပစ်လိုက်သည်။ သူသတိရရလာချင်း တွေ့ချင်သည့်လူက ရွှယ်ကျင်းရီအပါအဝင် မည်သူမှမဟုတ်ပေ။ ရှောင်ရီဆိုသည့် သူ့ချစ်သူကိုသာ ဦးဆုံးတွေ့ချင်သည်။ သူသေဆုံးသွားခဲ့ပြီးတာတောင် ဒီလူတွေက သူ့ကို ငြိမ်းငြိမ်းချမ်းချမ်း မရှိစေချင်ဘူးလား။ သူက လှည့်ကြည့်လိုက်တော့ လူအုပ်ကြီးရဲ့နောက်ကနေ စိတ်ပျက်စွာ ငေးစိုက်ကြည့်နေသည့် ဖူဘိုကို တွေ့လိုက်ရသည်။

ရွှယ်ကျင်းရီသည် မနှစ်မြို့ဖွယ်လေသံဖြင့် ပြောလိုက်သည့် အစ်ကိုကြီး၏လေသံကြောင့် ရင်ဘတ်ကို လက်နှင့်ဆုပ်ကာ နောက်ကိုနှစ်လှမ်းဆုတ်သွားပြီး လက်မခံနိုင်ဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။ သူမအစ်ကိုကြီးက တစ်ရက်တည်းနှင့် သူမလုံးဝမသိတဲ့လူအဖြစ်ကို ပြောင်းလဲသွားခဲ့လေပြီ။

ဆရာဝန်ပေါင်းစုံက လူနာကုတင်ဘေးမှာထိုင်ပြီး မေးခွန်းတွေမေးကြ၊ စမ်းသပ်နေကြစဉ် သူတို့ထဲကတစ်ယောက်က ရွှယ်ဇီရွှမ်၏မျက်လုံးကို ပင့်ကြည့်လိုက်သည်။ နာကျင်မှုတစ်ခုက တစ်ကိုယ်လုံးပြန့်သွားသောကြောင့် ရွှယ်ဇီရွှမ်က သူတို့ကို အေးစက်စွာဖြင့် ကြည့်နေရင်း သူက စိတ်ရှုပ်ထွေးရာမှ သံသယ၊ ထိုမှတစ်ဆင့် မယုံကြည်မှုအဖြစ် ပြောင်းလဲသွားသည်။

"ကျွန်တော် ကောင်းနေပြီ.. ခင်ဗျားတို့အားလုံး ထွက်သွားကြ.."

ရွှယ်ဇီရွှမ်က ပြတ်သားစွာပြောလိုက်သည်။ ရွှယ်ဇီရွှမ် သတိပြန်ရလာပေမယ့် စိတ်အခြေအနေ သိပ်မကောင်းတာ သတိထားမိတော့ ဆရာဝန်တွေက သူ့စိတ်ငြိမ်သွားမှ ဆက်လက်စစ်ဆေးမည်ဟု တွေးကာ အခန်းထဲမှ ထွက်သွားကြသည်။

သူတို့အားလုံးထွက်သွားမှ ရွှယ်ဇီရွှမ်က ထထိုင်လိုက်ပြီး သူ့လက်ဖဝါးတွေမှာ အမာရွတ်ကျန်သေးလားဆိုတာ စစ်ဆေးကြည့်တော့ ဘာအမာရွတ်မှမရှိတာကို တွေ့လိုက်ရသည်။ နောက်ဆုံး ရွှယ်ဇီရွှမ်က အခြေအနေမှန်ကို သဘောပေါက်သွားပြီး ဝမ်းသာလွန်းလို့ မျက်ရည်ကျလာမိသည်။ သူက ကုတင်ပေါ်ကဆင်းပြီး ဆေးရုံအဝတ်နှင့် ထွက်လာခဲ့သည်။

"သခင်လေး.. ဘယ်သွားမလို့လဲ.. ဖိနပ်စီးဖို့မေ့နေပြီ.. ဆေးရုံကြမ်းပြင်က အေးတယ်.."

ဖူဘိုက ခြေညှပ်ဖိနပ်ကိုကိုင်ကာ သူ့နောက်ပြေးလိုက်လာပြီး ပြောလိုက်သည်။

ရွှယ်ကျင်းရီက ဖြူဖျော့သည့်မျက်နှာနှင့် ထိတ်လန့်ခြောက်ခြားစွာ နောက်ကလိုက်လာသည်။ အစ်ကိုကြီးသတိရလာတုန်းက မေးလိုက်သည့်လေသံက သူမ လုံးဝ မျှော်လင့်မထားမိခဲ့ပေ။ ဒီလေသံထဲမှာ သူမကိုတွေ့လိုက်ရလို့ ဝမ်းမြောက်ဝမ်းသာဖြစ်သွားတာ တစ်စက်လေးမှမရှိဘဲ စိတ်ပျက်နေခြင်းက အထင်းသားပေါ်နေသည်။ သူမကိုမြင်ရလေ ပိုစိတ်ပျက်လေဆိုသည့် ခံစားချက်မျိုး ပါဝင်နေသည်။

သူမက ငယ်စဉ်ကတည်းက နေမကောင်းလို့ တစ်မိသားစုလုံးကို ဒုက္ခရောက်စေခဲ့သည်။ ဒါကြောင့် ငယ်စဉ်ကတည်းက သူမက လူတွေကိုစောင့်ကြည့်ပြီး သူမကို မနှစ်သက်တာ၊ ငြင်းပယ်တာမဖြစ်အောင် ကြိုးစားနေထိုင်ခဲ့ရလို့ လူကဲခတ်တဲ့နေရာမှာ တော်သည်။ သူမ ပိုပြီးဖျားနာလေ မိသားစုက ပိုချစ်ခင်ဂရုစိုက်လေဆိုတာ သိရတော့ သူမရဲ့စိုးရိမ်မှု လျော့သွားခဲ့ရသည်။ အထူးသဖြင့် သွေးအေးပြီး လူတွေကိုလျစ်လျှူရှုတတ်တဲ့ အစ်ကိုကြီးက နူးညံ့စွာဖြင့် သူမကို ဂရုစိုက်ပေးခြင်းက သူမကို ဂုဏ်ယူပျော်ရွှင်ရစေသည်။

ဒါပေမယ့် အခုကြည့်လိုက်တော့ သူမအစ်ကိုက သူမကို မုန်းတီးနေတာကို ဖုံးကွယ်နေသလိုပင်။ သူမ ဘာမှားသွားခဲ့မိလို့လဲ။ သူမစိတ်ထဲ စွဲနေသည့်အတွေးက သူမကို အချက်ပေးနေသလိုပင်။

ရွှယ်ဇီရွှမ်က 19 ထပ်ကနေ လှေကားတလျှောက် အောက်ကိုဆင်းလာပြီး ဧည့်ခန်းမကြီးကို ဖြတ်ပြေးခဲ့သည်။ သူ့ရဲ့အရူးအမူးပုံစံကြောင့် လူတွေစိတ်ဝင်စားလာပြီး ရပ်ကာ ဝိုင်းကြည့်လာကြသည်။ သူ့ပုံစံကြောင့် လုံခြုံရေးတွေက သူ့ကို တားဆီးကြပြီး ဝေါ်ကီတော်ကီဖြင့် 16 ထပ်က စိတ်ရောဂါသည်လူနာ ထွက်ပြေးလာသလားဟုပင် မေးလိုက်ကြသည်။ ရွှယ်ဇီရွှမ်က ရုန်းကန်နေပေမယ့် လူနှစ်ယောက် ဝိုင်းချုပ်ထားတာကြောင့် ဖမ်းခံလိုက်ရသည်။

"ရှင်တို့ ဘာလုပ်နေကြတာလဲ.. သူ့ကိုလွှတ်လိုက်စမ်း.."

ရွှယ်လီဒန်နီက တရုတ်ပြည်ကို အမြန်ပြန်လာပြီး လေဆိပ်ကနေ ဒီကိုတန်းလာခဲ့ပေမယ့် မထင်မှတ်ထားဘဲ သူမသားကို ဆေးရုံကြီး၏ဧည့်ခန်း လူအုပ်ကြီးအလည်မှာ စိတ်မကောင်းစရာပုံစံနှင့် တွေ့လိုက်ရတော့ သည်းမခံနိုင်ဘဲ အော်ဟစ်လိုက်သည်။

ဆံပင်တွေရှုပ်ထွေးနေပြီး အဝတ်တွေက ဖရိုဖရဲနှင့် ရူးသွပ်လုနီးပါးပုံစံ၊ စီးကျလုလုမျက်ရည်တွေပြည့်နေသည့် မျက်ဝန်းနှင့် သူမသားကိုတွေ့ရတော့ မယုံနိုင်အောင်ဖြစ်ခဲ့သည်။ သူမသိထားသည့်သားက ရောက်လေရာမှာ တောက်ပထင်ရှားသည့် အရှိန်အဝါကို ပိုင်ဆိုင်ထားပြီး ခုလိုပုံ တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ အခု သူမသားက အံကိုတင်းတင်းကြိတ်ထားပြီး နဖူးကသွေးကြောတွေက ပေါက်ကွဲလုနီးပါး ထောင်ထနေသည်။

"အမေလား.."

ရင်းနှီးနေသည့်အသံကြောင့် ရွှယ်ဇီရွှမ် စိတ်ထဲ ငြိမ်သက်သွားပြီး ခေါင်းကိုလှည့်ကာ လူအုပ်ကြားမှာရှာလိုက်တော့ သူမကိုတွေ့သွားသည်။ ရွှယ်ဇီရွှမ်၏အမူအယာက ပိုမိုရှုပ်ထွေးလာပြီး ဘာကြောင့်သေဆုံးသွားသူများ တစ်ယောက်ပြီးတစ်ယောက် သူ့ရှေ့ပြန်ပေါ်လာသည်ကိုမြင်တော့ သူ့အတွေးက ပိုခိုင်မာလာခဲ့သည်။ သူ အရာအားလုံးမဖြစ်ပျက်သေးခင် အတိတ်ကာလကို ပြန်လည်ရောက်ရှိနေခဲ့သည်။
===============


ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now