Twins of Different Fates

41K 1.6K 19
                                    

အမႊာနွစ္ဦး၏ ကံတရား

ဆင္းရဲတဲ့ မိသားစု တစ္စုက အမႊာသားနဲ႕သမီး နွစ္ဦး ေမြးဖြားခဲ့ေပမယ့္ ဆင္းရဲငတ္မြတ္လြန္းလို႕ ကေလးနွစ္ဦးကို ဆက္လက္မေကြ်းေမြးနုိင္ေတာ့တဲ့ အေျခေနတစ္ခုမွာ သူတို႕ရင္ေသြးနွစ္ဦးကို အေသခံမယ့္အစား ကေလးတစ္ဦးကို ခ်မ္းသာတဲ့ မိသားစုဆီကို ေမြးစားဖို႕ ေပးလိုက္ရတယ္။

သားကို ေပးမလား၊ သမီးကို ေပးမလားလို႕ ဆံုးျဖတ္ခ်ိန္မွာ သမီးျဖစ္သူက ေမြးရာပါ နွလံုးအားနည္းလို႕ သူတုိ႕လက္ထဲမွာဆို အသက္ရွင္ေအာင္ မေမြးနုိင္တာ ေသခ်ာတယ္။ ဒါေႀကာင့္ လူခ်မ္းသာေတြလက္ထဲမွာ သူတုိ႕သမီးေလး အသက္ရွည္ရွည္ေနရပါေစဆိုတဲ့ စိတ္နဲ႔ ေရာဂါသည္ သမီးေလးကို ေမြးစားဖုိ႕ ေပးလိုက္ရတယ္။

ဆင္းရဲသားလင္မယားက သားေလး 10 နွစ္သားေလာက္မွာ ေသဆံုးသြားျပီး ကေလးေလးက ေဆြမ်ိဳးေတြလက္ထဲမွာ မေသရံုတျမည္နဲ႕ ႀကီးျပင္းလာရတယ္။ အဲ့ဒီအခ်ိန္ ညီမေလးကို ေမြးစားလုိက္တဲ့ ခ်မ္းသာတဲ့ အနုပညာရွင္မိသားစုက အမႊာေယာက်ာ္းေလးကို ရြာထိ ျပန္လာရွာျပီး ေမြးစားဖို႕ေခၚသြားတယ္။

သူတို႕က အမႊာေယာက်ား္ေလးကို စိတ္ရင္းေကာင္းနဲ႕ ေခၚတာ မဟုတ္ပဲ သူတို႕ တုန္ေနေအာင္ခ်စ္ရတဲ့ အမႊာမိန္းကေလးရဲ႕နွလံုးေနရာမွာ ဒီ ေကာင္ေလးရဲ႕နွလံုးကို ထုတ္ယူျပီး အစားထိုးဖို႕ ဆိုတဲ့ ဆုိးယုတ္တဲ့ ရည္ရြယ္ခ်က္နဲ႕ ေခၚေဆာင္လာတာ ျဖစ္တယ္။

ဒီေကာင္ေလးက သူ႕ညီမေလးကို ခ်စ္ျပီး ဘယ္လိုေသာ ရက္စက္မႈေတြႀကားမွာ အသက္ရွင္ဖို႕ ရုန္းကန္ေနရမယ္ဆိုတာကို ဒီဇာတ္လမ္းေလးမွာ ရႈစားရမွာျဖစ္တယ္။

က်ိဳးယြင္ရွန္႕က ဒီဇာတ္လမ္းထဲမွာ အမႊာေကာင္ေလး ေနရာက ပါဝင္ရမွာ ျဖစ္ျပီး သူ႕ရဲ႕ဘဝအဆက္ဆက္က ခ်စ္ရတဲ့ ဒက္ဒီက ဘယ္ေနရာကေန သူ႕ခ်စ္သူေလးကို ကာကြယ္ေပးမလဲ။

ညီမျဖစ္သူက သူ႕အစ္ကို ဘာေႀကာင့္ မုန္းတီးျပီး ေသေစခ်င္သလဲ.....

တစ္မိတည္းေပါက္တဲ့ အမႊာေလးနွစ္ေယာက္ရဲ႕ ကံတရားက သူတုိ႕စိတ္ရင္းကို မူတည္ျပီး မတူတဲ့ ကံေတြကို ျဖစ္ေစတယ္ဆိုတာ ဒီဇာတ္လမ္းေလးက မီးေမာင္းထုိိိိးျပေနမွာျဖစ္ပါတယ္။

အားလံုး ေစာင့္ေမွ်ာ္ရႈစားေပးႀကပါလို႕ ေျပာရင္း...


အားလံုးကိုေက်းဇူးတင္လ်က္

May King


======================

အမွှာနှစ်ဦး၏ ကံတရား

ဆင်းရဲတဲ့ မိသားစု တစ်စုက အမွှာသားနဲ့သမီး နှစ်ဦး မွေးဖွားခဲ့ပေမယ့် ဆင်းရဲငတ်မွတ်လွန်းလို့ ကလေးနှစ်ဦးကို ဆက်လက်မကျွေးမွေးနိုင်တော့တဲ့ အခြေနေတစ်ခုမှာ သူတို့ရင်သွေးနှစ်ဦးကို အသေခံမယ့်အစား ကလေးတစ်ဦးကို ချမ်းသာတဲ့ မိသားစုဆီကို မွေးစားဖို့ ပေးလိုက်ရတယ်။

သားကို ပေးမလား၊ သမီးကို ပေးမလားလို့ ဆုံးဖြတ်ချိန်မှာ သမီးဖြစ်သူက မွေးရာပါ နှလုံးအားနည်းလို့ သူတို့လက်ထဲမှာဆို အသက်ရှင်အောင် မမွေးနိုင်တာ သေချာတယ်။ ဒါကြောင့် လူချမ်းသာတွေလက်ထဲမှာ သူတို့သမီးလေး အသက်ရှည်ရှည်နေရပါစေဆိုတဲ့ စိတ်နဲ့ ရောဂါသည် သမီးလေးကို မွေးစားဖို့ ပေးလိုက်ရတယ်။

ဆင်းရဲသားလင်မယားက သားလေး 10 နှစ်သားလောက်မှာ သေဆုံးသွားပြီး ကလေးလေးက ဆွေမျိုးတွေလက်ထဲမှာ မသေရုံတမြည်နဲ့ ကြီးပြင်းလာရတယ်။ အဲ့ဒီအချိန် ညီမလေးကို မွေးစားလိုက်တဲ့ ချမ်းသာတဲ့ အနုပညာရှင်မိသားစုက အမွှာယောကျာ်းလေးကို ရွာထိ ပြန်လာရှာပြီး မွေးစားဖို့ခေါ်သွားတယ်။

သူတို့က အမွှာယောကျာ်းလေးကို စိတ်ရင်းကောင်းနဲ့ ခေါ်တာ မဟုတ်ပဲ သူတို့ တုန်နေအောင်ချစ်ရတဲ့ အမွှာမိန်းကလေးရဲ့နှလုံးနေရာမှာ ဒီ ကောင်လေးရဲ့နှလုံးကို ထုတ်ယူပြီး အစားထိုးဖို့ ဆိုတဲ့ ဆိုးယုတ်တဲ့ ရည်ရွယ်ချက်နဲ့ ခေါ်ဆောင်လာတာ ဖြစ်တယ်။

ဒီကောင်လေးက သူ့ညီမလေးကို ချစ်ပြီး ဘယ်လိုသော ရက်စက်မှုတွေကြားမှာ အသက်ရှင်ဖို့ ရုန်းကန်နေရမယ်ဆိုတာကို ဒီဇာတ်လမ်းလေးမှာ ရှုစားရမှာဖြစ်တယ်။

ကျိုးယွင်ရှန့်က ဒီဇာတ်လမ်းထဲမှာ အမွှာကောင်လေး နေရာက ပါဝင်ရမှာ ဖြစ်ပြီး သူ့ရဲ့ဘဝအဆက်ဆက်က ချစ်ရတဲ့ ဒက်ဒီက ဘယ်နေရာကနေ သူ့ချစ်သူလေးကို ကာကွယ်ပေးမလဲ။

ညီမဖြစ်သူက သူ့အစ်ကို ဘာကြောင့် မုန်းတီးပြီး သေစေချင်သလဲ.....

တစ်မိတည်းပေါက်တဲ့ အမွှာလေးနှစ်ယောက်ရဲ့ ကံတရားက သူတို့စိတ်ရင်းကို မူတည်ပြီး မတူတဲ့ ကံတွေကို ဖြစ်စေတယ်ဆိုတာ ဒီဇာတ်လမ်းလေးက မီးမောင်းထိုးပြနေမှာဖြစ်ပါတယ်။

အားလုံး စောင့်မျှော်ရှုစားပေးကြပါလို့ ပြောရင်း...


အားလုံးကိုကျေးဇူးတင်လျက်

May King

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now