(Zawgyi သမားမ်ား ေအာက္ကို ဆြဲခ်ေပးပါ)
FOD Extra 1_ Chapter (11-3) - စန္ဒရားပြိုင်ပွဲ
ကံမကောင်းစွာဖြင့် ရွှယ်ကျင်းရီထံတွင် တေးဂီတကိုစွဲလန်းနေသော အစ်ကိုကြီး မရှိတော့ပေ။ နောက်ဆုံးဘဝမှာ ရွှွယ်ဇီရွမ်ဟာ ဆယ်ကျော်သက် ကလေးကို လက်လွှတ်လိုက်ပြီး သူ့လက်တွေရဲ့ ပျော့ပြောင်းမှုတွေ ပျောက်ကွယ် သွားပြီးနောက် ဂီတဟာ သူ့အတွက်တစ်ခုတည်းသော အရာ မဟုတ်တော့ကြောင်း ရုတ်တရက် ရှာဖွေတွေ့ ရှိခဲ့သည်။ ဒါကြောင့် ဒီအခိုက်အတန့်မှာ သူက ဒေါသမထွက်ခဲ့သလို နည်းနည်းလေးမှ မမှုခဲ့ဘူး။
"မင်းသွားချင်ရင် သွားလေ။ ငါ မင်းနဲ့အတူ အဖော်လိုက်ပေးပါ့မယ်။ "
ဒီခရီးစဉ်အတွက် သူက ကောင်းလေးကို စိုးရိမ်နေခဲ့ရင်တောင်မှ ဟွမ်ရီရဲ့တောင်းဆိုမှုကို ရွှွယ်ဇီရွမ် ဘယ်လိုမှ မငြင်းဆန်နိုင်ပေ။
ရွှယ်ကျင်းရီက ဒေါသထွက်ပြီး ကြားလိုက်ရ သည့် စကားကိုပင် မယုံသင်္ကာဖြစ်လာခဲ့မိတယ်။ သူမသည် အချိန်ကြာမြင့်စွာ ဖိတ်ကြားစာကိုကိုင်ထားပြီး စကားမပြောနိုင်ခဲ့ပေ။
ကျိုးယွမ်ရှန့်က အရမ်းပျော်ခဲ့တယ်။ သူက ခြေဖျား ထောက်ပြီး ရွှွယ်ဇီရွမ်၏ပါးပြင်ကို အနမ်းပေး လိုက်သည်။ ဒါပေမယ့် ရွှွယ်ဇီရွမ်က သူ့ကို ပြန်မလွှတ်ပဲ သူ့ခေါင်းကိုနောက်က ဖိထားာ ဆက်လက် နမ်းရှုံ့ခဲ့တယ်။
ရွှွယ်ဇီရွမ်သည် သူပြောခဲ့သည့်အတိုင်းပြုလုပ်ပြီး အရွယ်ရောက်သူတွေ ပြိုင်တဲ့ပွဲမှာ ဒိုင်လုပ်ပေးပါ့မယ်ဆိုတဲ့ အလဲလှယ်နဲ့ နောက်ထပ် ပြိုင်ပွဲဝင် ဖိတ်စာကို ထိုညနေမှာ ရရှိခဲ့သည်။
သူ ဂီတလောကထဲမှ အငြိမ်းစားယူပြီးနောက် သူ့ရဲ့ဖျော်ဖြေပွဲအားလုံးကို ဖျက်သိမ်းခဲ့သည်။ ဒါပေမယ့် ဒီလို ပြိုင်ပွဲမှာ သူ၏မျက်နှာကိုပြသခဲ့လျှင် ပြိုင်ပွဲက အရမ်းကို ဂုဏ်တက်သွားမှာ သေချာသည်။
" ဒီကနေ့က စပြီး ကျွန်တော် စန္ဒယားကို အလေးအနက်လေ့ကျင့်မယ်။ အကိုကြီးက ကျွန်တော်နဲ့အတူ အဖော်လုပ်ပေးပါ။"
ကျိုးယွင်ရှန့်က ဖိတ်ကြားစာကို ထပ်ခါထပ်ခါကြည့်ရှုပြီး ပြော ခဲ့သည်။
"ဟုတ်တယ်။ ဒါပေမယ့် မင်းရဲ့လက်ရှိအဆင့်နဲ့ သွားပြိုင်ရင် ပြိုင်ပွဲအဆုံးထိ မသွားနိုင်မှာကို စိုးရတယ်... "
ရွှွယ်ဇီရွမ်ဟာဆယ်ကျော်သက်ကလေးက အမြဲတမ်းနံပါတ်တစ်ဖြစ်ချင်တယ်ဆိုတာ သူသိတယ်၊ သူက အဆုံးသတ်ထိ မယှဉ်ပြိုင်နိုင်ရင် ပထမနေရာ ရရှိရန်အခွင့်အလမ်းမရှိပါ။
" ကျွန်တော့်လက်ရှိ အဆင့်က ဘာဖြစ်နေလို့လဲ။ ခက်ခဲတဲ့တီးလုံးတွေကိုတောင် ကျွန်တော် တီးနိုင်တယ်။ ကျွန်တော့်ကို လျှော့မတွက်ပါနဲ့! "
ကျိုးယွင်ရှန့်က ပေါက်ကွဲကာ ပြောခဲ့သည်။
သူသည်စန္ဒရားအဖုံးကိုဖွင့်လိုက်ပြီး သူ၏လက်ချောင်းကလေးများက ခလုတ်တွေပေါ် ပြေးလွားကာ သူ့ရဲ့ ကျွမ်းကျင်မှုကိုပြသခဲ့သည်။ သူသည် ဂီတနုတ်ထဲက ပါသမျှ အကုန်ကို မျိုးစုံတို့ထိကာ တီးခတ်ပြရင်း သူ လုပ်နိုင်တယ် ဆိုတာကို ပြသခဲ့သည်။
သူ၏လက်ချောင်းများသည်တောက်ပသောပန်းပွင့်များကဲ့သို့ အနက်ရောင်နှင့်အဖြူရောင် စန္ဒရား ခလုတ်များပေါ်တွင် လှပသွက်လက်စွာ ကခုန်နေခဲ့သည်။ သူ့လက်ချောင်းလေးတွေက အလွန်လျှင်မြန် ရွေ့လျားခဲ့ပြီး ပုံရိပ်ယောင်လေးတွေ ချန်ခဲ့သလို ထင်ရသည်။
သူသည်လက်များကိုဖြန့ ်၍ အမြင့်သံမှ အနိမ့်သံသို့ တီးခတ်သွားခဲ့သည်။ သူသည် လက်များ စည်းချက်နှင့်အတူ ခြေထောက်ကလည်း ဘေ့စ်သံကို တီးခတ်နေသေးသည်။
သူ့ဆံပင်တွေက တလွင့်လွှင့်ဖြစ်နေပြီး ခေါင်းလေးကို ခါယမ်းနေသဖြင့် တဖြည်းဖြည်း ပိုပိုပြီးရှုပ်ထွေး လာသည်။ သူ့ပုံက ဂီတမှာ ဈာန်ဝင်စားနေတဲ့ အရူးကလေးနှင့်ပင် တူနေသည်။
မကြာခင် ဂီတသံ အဆုံးသတ်သွားခဲ့သည်၊ အမှန်တော့ သူတီးနေတာက သီချင်းတစ်ပုဒ် မဟုတ်ပေ၊ ခက်ခဲသည့် လက်ချောင်းလေ့ကျင့်ခန်း များကို ပေါင်းစပ်လိုက်သော ကောင်လေးက လက်တန်း ရေးစပ်ထားသော ဂီတလေ့ကျင့်သည့် တီးလုံးသာဖြစ်သည်။
ကျိုးယွင်ရှန့်က သူ၏မေးစေ့ကိုမြှောက်ပြီး ကျောရိုးကိုဖြောင့်စေပြီး မာနထောင်လွှားသော မျက်လုံးများဖြင့် ရွှွယ်ဇီရွမ်ကို- တွေ့လား...ဒါက ကျွန်တော့် အစွမ်းတွေပဲ...လို့ ပြောနေသလို လှမ်း ကြည့်လိုက်သည်။
ရွှွယ်ဇီရွမ်သည် သူ၏လည်ချောင်းထဲမှ ကျေနပ်သည့် ရယ်သံ ထွက်လာခဲ့သည်။ အခုတော့ကောင်လေးက ဂုဏ်ယူတဲ့ကြက်ပေါက်ကလေးနှင့် တူနေသည်။ တကယ်လို့ မင်းက သူ့တီးလုံးက မလုံလောက်ဘူးလို့ ပြောရင် သူက အတောင်ပံတွေကို မင်းကို သေချာပေါက် ရိုက်ခတ်ပြီး မင်းကို နူတ်သီးနဲ့ ဆိတ်လိမ့်မယ်...
ဟွမ်ရီလေးရဲ့ ကျွမ်းကျင်မှုများက အလွန်ကောင်း သည်။ တကယ်တော့ သူသည် အသေးဆုံး စက်မှုအစိတ်အပိုင်းများကို ခေတ်မီသော တူရိယာများထဲသို့ စုစည်းနိုင်ခဲ့ပြီး သူသည် ခက်ခဲသောစန္ဒရားတေးဂီတကို ဖျော်ဖြေနိုင်ခဲ့သည်။
သို့သော်ပြသနာမှာ ဟွမ်ရီထံတွင် ခံစားချက်များ မရှိခြင် ဖြစ်သည်။ သူ၏လက်ချောင်းထိပ်များမှ စီးသော တေးဂီတသံစဉ်များသည် ဖျော်ဖြေသူတစ် ဦး ၏ဂီတကို နှလုံးသားနှင့် နားလည်ပြီး တီးခတ်ခြင်းထက် ကွန်ပြူတာနှင့် ဖန်တီးပြီး ထွက်လာသည့်အသံနှင့်တူနေသည်။
ရွှွယ်ဇီရွမ်က ဒီဘဝမှာကောင်လေးက ဘာမှားနေမှန်း မသိခဲ့ဘူးဖြစ်နေသည်။ ရွှွယ်ဇီရွမ်က ကျိုယွင်ရှန့်က စက်မှုလက်မှုပိုင်းကို အရမ်းလေ့လာခဲ့သလို့ သူ့စိတ်တွေက တိကျသေချာမှုကိုပဲ အရမ်းစွဲနေပြီး ခစားချက်ပိုင်း တောင့်တင်းနေသည်ဟု ထင်နေမိသည်။
သို့မဟုတ် ဟွမ်ရီက သူ၏စိတ်နှလုံးကို မည်သူ့ကိုမျှ ဖွင့်ဟပြခြင်းမရှိပဲ ဒီလောကကို မည်သည့်အခါမှ လက်မခံခဲ့ပဲ ပိတ်ဆို့နေခဲ့လို့ အခုလို တိကျသေချာပြီး စက်ယန္တရားဆန်သွားတာ ဖြစ်နိုင်သည် ဟု တွေးနေသည်။
ဟွမ်ရီသည် မိမိကိုယ်ထဲက အရာအားလုံးကို ဖယ်ရှား ပစ်လိုက်ပုံရသည်။ အဲ့ဒီထဲမှာ ရွှယ်မိသားစုနှင့် သူလည်း ပါနေပုံရသည်။
ရွှွယ်ဇီရွမ်သည် ဟွမ်ရီလေးနှင့် အလွန်နီးကပ်စွာ ထိုင်နေ ပါလျက် ကလေးလေးနှင့် အရမ်း ဝေးကွာ နေသည်ဟု ခံစားနေရသည်။ သူက ဟွမ်ရီလေး ဘာကိုတွေးနေသည်ကို မသိဖြစ်နေသည်။
ရွှွယ်ဇီရွမ် သည် သူ၏လက်ကို အလွယ်တကူဆန့ ်၍ ဟွမ်ရီကို ပွေ့ဖက်နိုင်သည်။ ဒါပေမယ့် ဘယ်လိုပဲ ဟွမ်ရီလေးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက် ထားပါစေ.. သူ မပိုင်ဆိုင်ဘူးဆိုသည့် အတွေးများပေါ်ပေါက်လာသည်နှင့်အမျှ ရွှွယ်ဇီရွမ် ဘာကိုမှ ဆက်ပြီး မစဉ်းစားဝံ့တော့ပါ။
သူကကောင်လေးကို အနောက်ဘက် မှ သိုင်းဖက် လိုက်ကာ ဟွမ်ရီလေး၏ပါးလွှာသော လည်ပင်းလေးကို ညင်ညင်သာသာနမ်းရှုပ်နမ်းနေစဉ် သူကပြောလိုက်သည်။
" ရှောင်ရီရဲ့ လက်ချောင်းစွမ်းရည်က ဒီကမ္ဘာပေါ်တွင်အကောင်းဆုံးပဲ "
ဒါက မဟုတ်မှန်ပြောတာ လုံးဝ မဟုတ်ပေ။ ဟွမ်ရီက
အခြေခံလေ့ကျင့်ခန်းများကို လိုက်လျောညီထွေ ဖြစ်အောင် ပြုလုပ်ပြီး သူ့ကိုယ်ပိုင်အတွေးအခေါ်များ အရ အလွန်ခက်ခဲသော အပိုင်းအစတစ်ခုထဲသို့ ပြန်လည်စီစဉ်ပေါင်းစပ် နိုင်ခဲ့သည်။ အဆိုပါ ဆယ်ကျော်သက်လေးရဲ့လက်ချောင်းကျွမ်းကျင်မှုက တကယ့်ကို အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေ ခဲ့သည်။ ရွှွယ်ဇီရွမ်ရဲ့စွမ်းရည်တွေထက် အနည်းငယ် တောင် ပိုကောင်းပါသေးသည်။
သို့သော် သူ၏တေးဂီတထဲတွင် စိတ်လှုပ်ရှားစေသည့် ခံစားချက် ဝိဉာဉ်မပါရှိခြင်းက အားနည်းချက် တစ်ခုဖြစ်နေသည်။ ရွှွယ်ဇီရွမ်က ကလေးကို လိမ္မာပါးနပ်စွာနဲ့ ဘယ်လိုထောက်ပြရမလဲဆိုတာ စဉ်းစားနေမိသည်။ ဒါမှ သူ့လက်မောင်းကြားက ချာတိတ်လေးက မပေါက်ကွဲလာမှာဖြစ်သည်။
ဆယ်ကျော်သက်လေးသည် သူ၏ယခင်ဘဝ ကဲ့သို့ကြီးကျယ်အောင်မြင်သည့် စန္ဒယားပညာရှင်ဖြစ်လာနိုင်မလား, ဒါမှမဟုတ် ကောင်လေးရဲ့စန္ဒရားသံက အေးစက်ပြီး ကြမ်းတမ်းနေမလား...
ဘာပဲဖြစ်ဖြစ် ဒီကလေးက သူ ချစ်ရ၊ ချစ်မြတ်နိုး ခဲ့ရသော လူငယ်လေးသာ ဖြစ်သည်။ သူက ဟွမ်ရီလေးရဲ့ဖြစ်တည်မှုကို ချစ်မြတ်နိုးတာဖြစ်သည်။ ဒီကောင်လေးရဲ့ တောက်ပနေသော အရည်ချင်းကြောင့် ချစ်တာ မဟုတ်ပေ။
ကောင်လေးက တေးဂီတကို လုံးလုံး မသိသည့် သူဖြစ်နေရင်လည်း ဘာဖြစ်လဲ။ သူ့ရင်ခွင်ထဲမှာ ဟွမ်ရီလေး ရှိနေသရွေ့ အားလုံး အဆင်ပြေသည်။
ဆယ်စုနှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရပြီး နာကျင်ဖွယ်အမှတ်တရများတွင် အကြိမ်ကြိမ်နစ်မွန်းခဲ့ရပြီးနောက် ရွှွယ်ဇီရွမ်က တကယ့်အချစ်ဆိုတာ ဘာလဲဆိုတာကို သိနားလည်ခဲ့ရုံသာမက လူတစ်ယောက်ကို ဘယ်လိုချစ်ရမလဲဆိုတာကိုပင် သိခဲ့လေပြီ။
သူ၏ယခင်ဘဝ၌ ဒါကို အရမ်း နောက်ကျပြီးမှ သိခဲ့ရသည်။ ဒါပေမယ့် ဒီဘဝမှာနေတာ့ အရမ်း မမြန်လွန်း အရမ်းနောက်မကျလွန်းပဲ အနေတော် ဖြစ်ခဲ့သည်။
ဤအချက်ကို ပြန်လည်တွေးတော ဆင်ခြင်မိပြီး ရွှွယ်ဇီရွမ်သည် လူငယ်လေးရဲ့ လည်ပင်းကြားမှာ မျက်နှာကို နှစ်မြှုပ်ကာ ညင်သာစွာပြုံးလိုက်သည်။
(English Translatorက နောက်တပိုင်း တင်ပေးတာနဲ့ ချက်ချင်း ဘာသာပြန်ပေးပါ့မယ်။ )
**-**