Chapter (5-5) - ေက်ာင္းတက္ရေတာ့မွာမို႕ ျမိဳ႕ထဲေျပာင္းေနလိုက္ပါ

6.2K 959 10
                                    

Chapter (5-5) - ေက်ာင္းတက္ရေတာ့မွာမို႕ ျမိဳ႕ထဲေျပာင္းေနလိုက္ပါ

System က သူ႔ေပၚ ၾကင္နာလာတယ္ဆိုေပမယ့္ Lord God ခ်ထားသည့္စည္းမ်ဥ္းမ်ားကို ထိပါးလာလွ်င္ သူ႔ကို တစ္စစီလုပ္ပစ္မွာပဲျဖစ္သည္။ အခု က်ိဳးယြင္ရွန္႔ စဥ္းစားသမွ်က Lord God ရဲ့စည္းမ်ဥ္းေတြကို ေဖာက္ဖ်က္သည္ဟုယူဆေနၿပီး က်ိဳးယြင္ရွန္႔က ဓာတ္လိုက္သလို ခံစားလိုက္ရၿပီး ခရီးေဆာင္ေသတၱာေပၚ ထိုင္ေနရာကေန ခုန္ထလိုက္သည္။ ရႊယ္ဇီရႊမ္ သူ႔ကို အေဝးကိုေခၚသြားလွ်င္ ႏွလံုးကိုေပးရန္ဆိုသည့္ သူ႔ mission ကို ၿပီးေအာင္လုပ္ႏိုင္မည္မဟုတ္ေပ။

တကယ္လို႔ သူက ရႊယ္ဇီရႊမ္ကို ဒူးေထာက္ေတာင္းပန္ရင္ သူ႔ကို ဒီမွာဆက္ေနဖို႔ သေဘာတူႏိုင္ေလာက္လား။ ဒီလိုလုပ္လည္း ရႊယ္ဇီရႊမ္ သေဘာမတူေလာက္ေပ။

ရႊယ္ဇီရႊမ္က ဆက္ဆံေရးကိုျပင္ဆင္ခဲ့ေပမယ့္ သူေနဖို႔ေနရာတစ္ခုကို အျခားေနရာမွာပဲ ရွာေပးခဲ့သည္။ ဒီရႊယ္အိမ္ေတာ္မွာ ရႊယ္က်င္းရီသာ သခင္မေလးျဖစ္ၿပီး သူက ရႊယ္က်င္းရီ၏အစ္ကိုအျဖစ္ပင္ ေနခြင့္မရွိေပ။ ဒီအေၾကာင္းကို စဥ္းစားေလ ေဒါသပိုထြက္လာေလျဖစ္သည္။ AI နာရီကျပသည့္ သူ႔သက္တမ္းလက္က်န္ကိုၾကည့္ရင္း system က သူ႔ဘဝကို တကယ္ၿခိမ္းေျခာက္ေနၿပီဟု စဥ္းစားလိုက္မိသည္။ "ဒီကေနထြက္မသြားရင္ မေသဘူး.." ဆိုေတာ့ သူလုပ္ရမွာက တစ္ခုတည္းက်န္ေတာ့သည္။

က်ိဳးယြင္ရွန္႔က ဦးေႏွာက္ကို အလုပ္ေပးေနခ်ိန္ ရႊယ္ဇီရႊမ္၏ကားက အိမ္ေရွ႕ကိုေမာင္းလာခဲ့သည္။ နာရီဝက္အတြင္း ရႊယ္ဇီရႊမ္စိတ္ေျပာင္းေအာင္ မလုပ္ႏိုင္ရင္ သူ ေသရြာကိုသြားရေတာ့မွာ ေသခ်ာသည္။ စိတ္လႈပ္ရွားေနေပမယ့္ က်ိဳးယြင္ရွန္႔က တည္ၿငိမ္ခ်င္ေယာင္ေဆာင္ကာ ခရီးေဆာင္အိတ္ကိုသယ္ကာ ကားရွိရာကို ေလွ်ာက္လာခဲ့သည္။

အဲ့ဒီအခ်ိန္ ကားတစ္စီးက ဝင္းထဲဝင္လာၿပီး ရႊယ္ဇီရႊမ္၏ကားေရွ႕ကို ပိတ္ရပ္လိုက္သည္။ ကားထဲမွ ရႊယ္ေလြ႕က ရႊယ္က်င္းရီကိုတြဲကာ ထြက္လာသည္။ ဖူဘိုက ဘီးတပ္ကုလားထိုင္ကို ကားေပၚမွခ်ကာ ရႊယ္က်င္းရီေဘး တြန္းလာသည္။ ရႊယ္လီဒန္နီက ေစာင္တစ္ထည္ကိုကိုင္ကာ ေနာက္ကလိုက္လာခဲ့သည္။

"ေနာက္က်ေနၿပီ.. မင္းတို႔က ဘယ္သြားမလို႔လဲ.."

ရႊယ္ေလြ႕က ေလးနက္စြာေမးလိုက္သည္။

ရႊယ္လီဒန္နီက ရႊယ္က်င္းရီကို ဘီးတပ္ကုလားထိုင္ေပၚ ထိုင္ခိုင္းၿပီး ေစာင္ကိုၿခံဳေပးေနရာက လွည့္ၾကည့္ကာ စိတ္ဆိုးစြာေျပာလိုက္သည္။

"မင္း ဘာေၾကာင့္ ဒီလိုဝတ္ထားတာလဲ.. ဒီအဝတ္ေတြက ဘယ္ကရလာတာလဲ.. မင္း ဆံပင္ျဖတ္လိုက္တာလား.. မင္းကို ဘယ္သူခြင့္ျပဳလို႔လဲ.."

သူမက အံတင္းတင္းႀကိတ္ကာ မုန္းတီးစြာေျပာလိုက္သည္။ သူမပံုစံက ခ်က္ခ်င္း ဟြမ္ရီ့ကို တစ္စစီလုပ္ပစ္ေတာ့မလိုပင္။

ရႊယ္ေလြ႕က ေဒါသထြက္ေနသည့္ဇနီးကို တစ္ခ်က္ႏွစ္သိမ့္ကာ ကားထဲကထြက္လာသည့္သားကို စိုက္ၾကည့္ကာ ေမးလိုက္သည္။

"မင္း သူ႔ကိုေခၚၿပီး ၿမိဳ႕ထဲမွာ သြားေနမလို႔လား.."

သူက ဟြမ္ရီရဲ့ပံုစံနဲ႔ ဝတ္စားပံုေျပာင္းလဲသြားတာကို ျမင္ကတည္းက ဒီေကာင္ေလးက ဒီရႊယ္အိမ္ေတာ္မွာဆက္ေနရင္ သူတို႔အတြက္ ပတ္ဝန္းက်င္က သတိျပဳမိလာႏိုင္ၿပီး အႏၱရာယ္ရွိတာကို ေသခ်ာသိသည္။ ဒါေၾကာင့္ သူတို႔သားက ဒီေကာင္ေလးကို ၿမိဳ႕ထဲကတိုက္ခန္းမွာ ေခၚသြားၿပီးေနတာက ေဘးကင္းတယ္ဆိုတာ သိသည္။ အေျခအေနက ေနာက္ဆုတ္လို႔မရမွေတာ့ ဒီအတိုင္း အဆင္ေျပေအာင္လုပ္႐ံုပဲ ရွိေတာ့သည္။ သူက ရႊယ္ဇီရႊမ္က ညီမျဖစ္သူ ရႊယ္က်င္းရီကိုစြန္႔ပစ္ကာ ခုမွသိသည့္ သူစိမ္းေကာင္ေလးကိုေရြးမည္ဟု မယံုၾကည္ေပ။ ဒါေၾကာင့္ ဇနီးျဖစ္သူကဲ့သို႔ ေဒါသမထြက္ေပ။ ၾကည့္ရတာ သူ႔သားက တစ္ခုခုကိုႀကံစည္ကာ ခုလိုလုပ္ေနသည္ဟုသာ ထင္သည္။

ရႊယ္ဇီရႊမ္သည္ မျမင္ရတာၾကာၿပီျဖစ္ေသာ ဖခင္ကို စိုက္ၾကည့္ေနလိုက္သည္။ သူ႔ဖခင္ ရႊယ္ေလြ႕က ႏုပ်ိဳေနဆဲျဖစ္ကာ စြမ္းအားအျပည့္၊ ခြန္အားအျပည့္ႏွင့္ သူ႔ဘဝကိုသူ အေက်နပ္ႀကီးေက်နပ္ေနသည့္ အခ်ိန္ျဖစ္သည္။ ရႊယ္ေလြ႕က သူ႔ဘဝမွာ အရက္စက္၊ အၾကမ္းၾကဳတ္ဆံုးလုပ္ရပ္ကို လုပ္သည့္အခ်ိန္တစ္ခုလည္းျဖစ္သည္။ အခုလည္း သူ႔သားက ဒီေတာသားေကာင္ေလးကို တစ္ေနရာေခၚသြားကာ ခ်ဳပ္ထားမည္ဟု ယံုၾကည္ၿပီး စိတ္ေအးလက္ေအးရွိေနပံုရသည္။

ေနအိမ္အက်ယ္ခ်ဳပ္ထားဖို႔တဲ့လား..။ ဒီလိုကိစၥမ်ိဳးက ရွိမလာႏိုင္ေပ။ သူက ဆယ္ေက်ာ္သက္ေကာင္ေလးကို သူ႔ေတာင္ပံေအာက္မွာ ဘယ္သူမွ အႏၱရာယ္ျပဳမရေအာင္ ဝွက္ထား၊ ကာကြယ္ထားၿပီး ေကာင္ေလးကို အျမင့္ဆံုးကို လြတ္လပ္စြာ ပ်ံသန္းသြားေအာင္ ကူညီေပးမွာျဖစ္သည္။

ဒါေပမယ့္ ရႊယ္ဇီရႊမ္က စႏၵယားပညာရွင္ျဖစ္လို႔ သူ႔မွာ ေငြေၾကး၊ အာဏာ၊ အဆက္အသြယ္ကို သံုးဖို႔လိုေနလို႔ သူ႔ရင္ထဲကအေတြးကို သူ႔မိဘေတြသိေအာင္လုပ္လို႔မရေပ။ သူတို႔ထင္ခ်င္သလို လႊတ္ထားၿပီး သူ႔ခ်စ္သူေလး အနာဂတ္မွာ လြတ္လပ္စြာေနဖို႔ ဖန္တီးေပးရမည္။

ရႊယ္ဇီရႊမ္က ၾကားဝင္စြက္ဖက္မႈေၾကာင့္ သူခ်စ္တဲ့ေကာင္ေလးကို ဆံုး႐ံႈးလိုက္ရကတည္းက ရႊယ္ဇီရႊမ္က ေငြႏွင့္အာဏာ၏တန္ဖိုးကို ပိုသိလာသည္။ အရင္ဘဝလို အႏုပညာအတြက္ေမြးဖြားၿပီး အႏုပညာအတြက္ ေသဆံုးတဲ့ဘဝ သူ ျပန္မေရာက္ႏိုင္ေတာ့ေပ။ သူခ်စ္တဲ့ေကာင္ေလးအတြက္ ေမြးဖြားၿပီး သူခ်စ္တဲ့ေကာင္ေလးအတြက္ ေသဆံုးရမည္။

"ဟုတ္ကဲ့.. ကၽြန္ေတာ္ သူ႔ကို ၿမိဳ႕ထဲကအိမ္ကို ေခၚသြားမလို႔.. ဒီမွာေနရတာ အဆင္မေျပဘူး.."

ရႊယ္ဇီရႊမ္က ဟန္မပ်က္ေျပာလိုက္သည္။

"ေကာင္းၿပီ.. လံုၿခံဳတဲ့ေနရာကို ရွာၿပီးေန.."

ရႊယ္ေလြ႕က ဘာမွဆက္မေျပာေတာ့ဘဲ သားျဖစ္သူကို ခ်စ္ခင္စြာ ပုခံုးတစ္ခ်က္ပုတ္လိုက္သည္။ က်ိဳးယြင္ရွန္႔ သံသယရွိသလိုပဲ သူတုိ႔က ဒီအိမ္ထက္လံုၿခံဳတဲ့ေနရာကို ရွာထားၿပီးၿပီ။ သူ အခု ဒူးေထာက္ေတာင္းပန္ရေတာ့မွာလား..။

System က သူ႔ဘာသာ ေဖာက္ခြဲဖ်က္ဆီးၿပီး သူ႔စိတ္ဝိညာဥ္ကိုပါ ဖ်က္ဆီးပစ္မယ့္ေဘးက ပိုပိုနီးလာေလၿပီ။ သူ႔လက္ေကာက္ဝတ္က အခ်ိန္ေရတြက္သံက ပိုပိုျမန္လာသလိုပင္။ က်ိဳးယြင္ရွန္႔က သူ႔လက္ေကာက္ဝတ္ကိုဆုပ္ကိုင္ကာ ဒူးေတြညြတ္က်လာခ်င္သည္။ သူ ဒူးေထာက္ေတာင္းပန္ခ်င္ေနမိၿပီ။ ဒါေပမယ့္ သူ႔ကိုယ္သူ စိတ္တင္းကာ မတ္တပ္ရပ္ၿပီး ေမးလိုက္သည္။

"အစ္ကိုႀကီး.. ကၽြန္ေတာ္တို႔ ၿမိဳ႕ထဲကိုေျပာင္းတာ ညီမေလးဆီသြားတာ ပိုအဆင္ေျပေအာင္မဟုတ္လား.. အခု ညီမေလး အိမ္ျပန္လာၿပီဆုိေတာ့ ကၽြန္ေတာ္တို႔ သြားဦးမွာလား.."

ရႊယ္ဇီရႊမ္က ဘာမွမေျပာေပမယ့္ ရႊယ္ေလြ႕က ဝင္ေျပာလိုက္သည္။

"မင္း ၿမိဳ႕ထဲေျပာင္းရမွာေပါ့ကြ.. မၾကာခင္ မင္း ေက်ာင္းတက္ရေတာ့မယ္.. ဒါေၾကာင့္ ႀကိဳတင္ျပင္ဆင္စရာေတြလုပ္ဖို႔ ၿမိဳ႕ထဲသြားေနရမယ္.. မၾကာခင္ က်င္းရီလည္း ေနေကာင္းလာေတာ့မယ္.. အဲ့ဒီအခါ သူမလည္း မင္းတို႔နဲ႔ လာေနလိမ့္မယ္.. အခု က်င္းရီက ေမာေနတာဆိုေတာ့ ဒီမွာေအးေဆးေနရမွာ.. မင္းရွိလည္း သူ႔ကို ဘာမွလုပ္မေပးႏိုင္ဘူး.. ဒါေၾကာင့္ မင္းက ၿမိဳ႕ထဲအရင္သြားေနၿပီး ပတ္ဝန္းက်င္နဲ႔ ရင္းႏွီးေအာင္လုပ္ထား.. က်င္းရီေနေကာင္းၿပီး ေက်ာင္းလာတက္ခ်ိန္ မင္းက အစစအရာရာ ေစာင့္ေရွာက္ေပးႏိုင္တာေပါ့ မဟုတ္ဘူးလား.."

=====================

Chapter (5-5) - ကျောင်းတက်ရတော့မှာမို့ မြို့ထဲပြောင်းနေလိုက်ပါ

System က သူ့ပေါ် ကြင်နာလာတယ်ဆိုပေမယ့် Lord God ချထားသည့်စည်းမျဉ်းများကို ထိပါးလာလျှင် သူ့ကို တစ်စစီလုပ်ပစ်မှာပဲဖြစ်သည်။ အခု ကျိုးယွင်ရှန့် စဉ်းစားသမျှက Lord God ရဲ့စည်းမျဉ်းတွေကို ဖောက်ဖျက်သည်ဟုယူဆနေပြီး ကျိုးယွင်ရှန့်က ဓာတ်လိုက်သလို ခံစားလိုက်ရပြီး ခရီးဆောင်သေတ္တာပေါ် ထိုင်နေရာကနေ ခုန်ထလိုက်သည်။ ရွှယ်ဇီရွှမ် သူ့ကို အဝေးကိုခေါ်သွားလျှင် နှလုံးကိုပေးရန်ဆိုသည့် သူ့ mission ကို ပြီးအောင်လုပ်နိုင်မည်မဟုတ်ပေ။

တကယ်လို့ သူက ရွှယ်ဇီရွှမ်ကို ဒူးထောက်တောင်းပန်ရင် သူ့ကို ဒီမှာဆက်နေဖို့ သဘောတူနိုင်လောက်လား။ ဒီလိုလုပ်လည်း ရွှယ်ဇီရွှမ် သဘောမတူလောက်ပေ။

ရွှယ်ဇီရွှမ်က ဆက်ဆံရေးကိုပြင်ဆင်ခဲ့ပေမယ့် သူနေဖို့နေရာတစ်ခုကို အခြားနေရာမှာပဲ ရှာပေးခဲ့သည်။ ဒီရွှယ်အိမ်တော်မှာ ရွှယ်ကျင်းရီသာ သခင်မလေးဖြစ်ပြီး သူက ရွှယ်ကျင်းရီ၏အစ်ကိုအဖြစ်ပင် နေခွင့်မရှိပေ။ ဒီအကြောင်းကို စဉ်းစားလေ ဒေါသပိုထွက်လာလေဖြစ်သည်။ AI နာရီကပြသည့် သူ့သက်တမ်းလက်ကျန်ကိုကြည့်ရင်း system က သူ့ဘဝကို တကယ်ခြိမ်းခြောက်နေပြီဟု စဉ်းစားလိုက်မိသည်။ "ဒီကနေထွက်မသွားရင် မသေဘူး.." ဆိုတော့ သူလုပ်ရမှာက တစ်ခုတည်းကျန်တော့သည်။

ကျိုးယွင်ရှန့်က ဦးနှောက်ကို အလုပ်ပေးနေချိန် ရွှယ်ဇီရွှမ်၏ကားက အိမ်ရှေ့ကိုမောင်းလာခဲ့သည်။ နာရီဝက်အတွင်း ရွှယ်ဇီရွှမ်စိတ်ပြောင်းအောင် မလုပ်နိုင်ရင် သူ သေရွာကိုသွားရတော့မှာ သေချာသည်။ စိတ်လှုပ်ရှားနေပေမယ့် ကျိုးယွင်ရှန့်က တည်ငြိမ်ချင်ယောင်ဆောင်ကာ ခရီးဆောင်အိတ်ကိုသယ်ကာ ကားရှိရာကို လျှောက်လာခဲ့သည်။

အဲ့ဒီအချိန် ကားတစ်စီးက ဝင်းထဲဝင်လာပြီး ရွှယ်ဇီရွှမ်၏ကားရှေ့ကို ပိတ်ရပ်လိုက်သည်။ ကားထဲမှ ရွှယ်လွေ့က ရွှယ်ကျင်းရီကိုတွဲကာ ထွက်လာသည်။ ဖူဘိုက ဘီးတပ်ကုလားထိုင်ကို ကားပေါ်မှချကာ ရွှယ်ကျင်းရီဘေး တွန်းလာသည်။ ရွှယ်လီဒန်နီက စောင်တစ်ထည်ကိုကိုင်ကာ နောက်ကလိုက်လာခဲ့သည်။

"နောက်ကျနေပြီ.. မင်းတို့က ဘယ်သွားမလို့လဲ.."

ရွှယ်လွေ့က လေးနက်စွာမေးလိုက်သည်။

ရွှယ်လီဒန်နီက ရွှယ်ကျင်းရီကို ဘီးတပ်ကုလားထိုင်ပေါ် ထိုင်ခိုင်းပြီး စောင်ကိုခြုံပေးနေရာက လှည့်ကြည့်ကာ စိတ်ဆိုးစွာပြောလိုက်သည်။

"မင်း ဘာကြောင့် ဒီလိုဝတ်ထားတာလဲ.. ဒီအဝတ်တွေက ဘယ်ကရလာတာလဲ.. မင်း ဆံပင်ဖြတ်လိုက်တာလား.. မင်းကို ဘယ်သူခွင့်ပြုလို့လဲ.."

သူမက အံတင်းတင်းကြိတ်ကာ မုန်းတီးစွာပြောလိုက်သည်။ သူမပုံစံက ချက်ချင်း ဟွမ်ရီ့ကို တစ်စစီလုပ်ပစ်တော့မလိုပင်။

ရွှယ်လွေ့က ဒေါသထွက်နေသည့်ဇနီးကို တစ်ချက်နှစ်သိမ့်ကာ ကားထဲကထွက်လာသည့်သားကို စိုက်ကြည့်ကာ မေးလိုက်သည်။

"မင်း သူ့ကိုခေါ်ပြီး မြို့ထဲမှာ သွားနေမလို့လား.."

သူက ဟွမ်ရီရဲ့ပုံစံနဲ့ ဝတ်စားပုံပြောင်းလဲသွားတာကို မြင်ကတည်းက ဒီကောင်လေးက ဒီရွှယ်အိမ်တော်မှာဆက်နေရင် သူတို့အတွက် ပတ်ဝန်းကျင်က သတိပြုမိလာနိုင်ပြီး အန္တရာယ်ရှိတာကို သေချာသိသည်။ ဒါကြောင့် သူတို့သားက ဒီကောင်လေးကို မြို့ထဲကတိုက်ခန်းမှာ ခေါ်သွားပြီးနေတာက ဘေးကင်းတယ်ဆိုတာ သိသည်။ အခြေအနေက နောက်ဆုတ်လို့မရမှတော့ ဒီအတိုင်း အဆင်ပြေအောင်လုပ်ရုံပဲ ရှိတော့သည်။ သူက ရွှယ်ဇီရွှမ်က ညီမဖြစ်သူ ရွှယ်ကျင်းရီကိုစွန့်ပစ်ကာ ခုမှသိသည့် သူစိမ်းကောင်လေးကိုရွေးမည်ဟု မယုံကြည်ပေ။ ဒါကြောင့် ဇနီးဖြစ်သူကဲ့သို့ ဒေါသမထွက်ပေ။ ကြည့်ရတာ သူ့သားက တစ်ခုခုကိုကြံစည်ကာ ခုလိုလုပ်နေသည်ဟုသာ ထင်သည်။

ရွှယ်ဇီရွှမ်သည် မမြင်ရတာကြာပြီဖြစ်သော ဖခင်ကို စိုက်ကြည့်နေလိုက်သည်။ သူ့ဖခင် ရွှယ်လွေ့က နုပျိုနေဆဲဖြစ်ကာ စွမ်းအားအပြည့်၊ ခွန်အားအပြည့်နှင့် သူ့ဘဝကိုသူ အကျေနပ်ကြီးကျေနပ်နေသည့် အချိန်ဖြစ်သည်။ ရွှယ်လွေ့က သူ့ဘဝမှာ အရက်စက်၊ အကြမ်းကြုတ်ဆုံးလုပ်ရပ်ကို လုပ်သည့်အချိန်တစ်ခုလည်းဖြစ်သည်။ အခုလည်း သူ့သားက ဒီတောသားကောင်လေးကို တစ်နေရာခေါ်သွားကာ ချုပ်ထားမည်ဟု ယုံကြည်ပြီး စိတ်အေးလက်အေးရှိနေပုံရသည်။

နေအိမ်အကျယ်ချုပ်ထားဖို့တဲ့လား..။ ဒီလိုကိစ္စမျိုးက ရှိမလာနိုင်ပေ။ သူက ဆယ်ကျော်သက်ကောင်လေးကို သူ့တောင်ပံအောက်မှာ ဘယ်သူမှ အန္တရာယ်ပြုမရအောင် ဝှက်ထား၊ ကာကွယ်ထားပြီး ကောင်လေးကို အမြင့်ဆုံးကို လွတ်လပ်စွာ ပျံသန်းသွားအောင် ကူညီပေးမှာဖြစ်သည်။

ဒါပေမယ့် ရွှယ်ဇီရွှမ်က စန္ဒယားပညာရှင်ဖြစ်လို့ သူ့မှာ ငွေကြေး၊ အာဏာ၊ အဆက်အသွယ်ကို သုံးဖို့လိုနေလို့ သူ့ရင်ထဲကအတွေးကို သူ့မိဘတွေသိအောင်လုပ်လို့မရပေ။ သူတို့ထင်ချင်သလို လွှတ်ထားပြီး သူ့ချစ်သူလေး အနာဂတ်မှာ လွတ်လပ်စွာနေဖို့ ဖန်တီးပေးရမည်။

ရွှယ်ဇီရွှမ်က ကြားဝင်စွက်ဖက်မှုကြောင့် သူချစ်တဲ့ကောင်လေးကို ဆုံးရှုံးလိုက်ရကတည်းက ရွှယ်ဇီရွှမ်က ငွေနှင့်အာဏာ၏တန်ဖိုးကို ပိုသိလာသည်။ အရင်ဘဝလို အနုပညာအတွက်မွေးဖွားပြီး အနုပညာအတွက် သေဆုံးတဲ့ဘဝ သူ ပြန်မရောက်နိုင်တော့ပေ။ သူချစ်တဲ့ကောင်လေးအတွက် မွေးဖွားပြီး သူချစ်တဲ့ကောင်လေးအတွက် သေဆုံးရမည်။

"ဟုတ်ကဲ့.. ကျွန်တော် သူ့ကို မြို့ထဲကအိမ်ကို ခေါ်သွားမလို့.. ဒီမှာနေရတာ အဆင်မပြေဘူး.."

ရွှယ်ဇီရွှမ်က ဟန်မပျက်ပြောလိုက်သည်။

"ကောင်းပြီ.. လုံခြုံတဲ့နေရာကို ရှာပြီးနေ.."

ရွှယ်လွေ့က ဘာမှဆက်မပြောတော့ဘဲ သားဖြစ်သူကို ချစ်ခင်စွာ ပုခုံးတစ်ချက်ပုတ်လိုက်သည်။ ကျိုးယွင်ရှန့် သံသယရှိသလိုပဲ သူတို့က ဒီအိမ်ထက်လုံခြုံတဲ့နေရာကို ရှာထားပြီးပြီ။ သူ အခု ဒူးထောက်တောင်းပန်ရတော့မှာလား..။

System က သူ့ဘာသာ ဖောက်ခွဲဖျက်ဆီးပြီး သူ့စိတ်ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်မယ့်ဘေးက ပိုပိုနီးလာလေပြီ။ သူ့လက်ကောက်ဝတ်က အချိန်ရေတွက်သံက ပိုပိုမြန်လာသလိုပင်။ ကျိုးယွင်ရှန့်က သူ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်ကာ ဒူးတွေညွတ်ကျလာချင်သည်။ သူ ဒူးထောက်တောင်းပန်ချင်နေမိပြီ။ ဒါပေမယ့် သူ့ကိုယ်သူ စိတ်တင်းကာ မတ်တပ်ရပ်ပြီး မေးလိုက်သည်။

"အစ်ကိုကြီး.. ကျွန်တော်တို့ မြို့ထဲကိုပြောင်းတာ ညီမလေးဆီသွားတာ ပိုအဆင်ပြေအောင်မဟုတ်လား.. အခု ညီမလေး အိမ်ပြန်လာပြီဆိုတော့ ကျွန်တော်တို့ သွားဦးမှာလား.."

ရွှယ်ဇီရွှမ်က ဘာမှမပြောပေမယ့် ရွှယ်လွေ့က ဝင်ပြောလိုက်သည်။

"မင်း မြို့ထဲပြောင်းရမှာပေါ့ကွ.. မကြာခင် မင်း ကျောင်းတက်ရတော့မယ်.. ဒါကြောင့် ကြိုတင်ပြင်ဆင်စရာတွေလုပ်ဖို့ မြို့ထဲသွားနေရမယ်.. မကြာခင် ကျင်းရီလည်း နေကောင်းလာတော့မယ်.. အဲ့ဒီအခါ သူမလည်း မင်းတို့နဲ့ လာနေလိမ့်မယ်.. အခု ကျင်းရီက မောနေတာဆိုတော့ ဒီမှာအေးဆေးနေရမှာ.. မင်းရှိလည်း သူ့ကို ဘာမှလုပ်မပေးနိုင်ဘူး.. ဒါကြောင့် မင်းက မြို့ထဲအရင်သွားနေပြီး ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင်လုပ်ထား.. ကျင်းရီနေကောင်းပြီး ကျောင်းလာတက်ချိန် မင်းက အစစအရာရာ စောင့်ရှောက်ပေးနိုင်တာပေါ့ မဟုတ်ဘူးလား.."

=====================


ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now