Chapter (13-3) - ဟွမ်ရီကို ပူးပေါင်းလုပ်ကြံကြခြင်း

3K 519 13
                                    


Chapter (13-3) - ဟွမ်ရီကို ပူးပေါင်းလုပ်ကြံကြခြင်း




လွန်ခဲ့သည့်ရက်အနည်းငယ်က သူ၏သားဖြစ်သူက  ဒီလုပ်ငန်းကို အဆင်ပြေချောမွေ့စွာ လည်ပတ် နိုင်စေရန်အတွက် ပေါင်းစည်းခြင်းအစီအစဉ်ကို ပယ်ချခဲ့ပြီး  ရွှွယ် လုပ်ငန်းစုကို အောင်မြင်မှုရဲ့ နောက်တစ်ဆင့်သို့ပို့ဆောင်မည်ဆိုပါက သုံးနှစ်ကြာမည်ဟု  သုတေသနပြုခဲ့သည်။ ရွှွယ်ရန်၏ CITIC လုပ်ငန်းကို လွှမ်းမိုးရန်မှာ ပြဿနာ မရှိနိုင်တော့ပေ။


 သို့သော် နောက်ဆုံးမဲပေးသည့်အချိန်တွင် သားဖြစ်သူက ထိုအကြံစည်အား ကန့်ကွက်မဲပေးခဲ့ပြီး အစုရှယ်ယာရှင်များ အားလုံးက သူ့သား၏ ဆန္ဒအတိုင်း ဝိုင်းဝန်းကာ ကန့်ကွက်မဲပေး ခဲ့ကြသည်။

သူ ပုံဖော်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ ပုံစံက တန်ဖိုး မရှိဘူးလို့ ဝေဖန်ခံခဲ့ရတယ်။ သူ့သားကို ဒီလောက် စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်တွေနဲ့ သူ့ကို အတိုက်ခံလုပ်လိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။


 အစည်းအဝေးအပြီးမှာ သူက လက်ဖက်ရည်ခွက်ကို ပစ်ပေါက်ခွဲလိုက်ပြီး ကုမ္ပဏီက ထွက်သွားဖို့  သူ့သားကို အသံကုန် အော်ဟစ်လိုက်သည်။

 

သားဖြစ်သူက စကားတစ်ခွန်းမှ မပြောဘဲ သူ့ကို သနားသည့်  အကြည့်ဖြင့်သာ ကြည့်နေလေသည်။ ရွယ်လွေ့သည် နှလုံးရောဂါ မရှိပေမယ့် နှလုံးခုန်ရပ်လုမတတ်  ဒေါသထွက်လာသည်ဟု  ခံစားခဲ့ရသည်။

ဟွမ်ရီသည် ရွှယ်မိသားစုကို ံရောက်လာသောအခါ သူ့သား၏ပြောင်းလဲမှု စတင်ခဲ့သည်။

ဒီကောင်လေးကို သူ့သားက ကြိုက်နေတာလား? ကောင်းတယ်....ဒါဆိုရင် သူက ဟွမ်ရီဆိုတဲ့ ကောင်လေးကို ဖျက်ဆီးပစ်လိုက်မယ်။ ဟွမ်ရီရဲ့ သေဆုံးခြင်းက သူ့သားကို သူ  မထိန်းချုပ်နိုင်တဲ့ အရာဆိုတာ ဒီကမ္ဘာကြီးမှာ အမြဲရှိနေတယ်ဆိုတာ နားလည်စေနိုင်လိမ့်မယ်။



ရွှယ်လီဒန်နီ၏ မျက်လုံးများက  အနည်းငယ် မှိန်သွားကာ သူမ ခေါင်းခါလိုက်ပြီးပြောလိုက်သည်။


 "မဟုတ်သေးဘူး၊ ကျွန်မ အိမ်တံခါးဝကို ရောက်တာနဲ့ ဇီရွ်က အပြင်ကို ထွက်လာတာနဲ့ တန်းတိုးတော့တာပဲ။   သူက ကျွန်မကို မျက်ခြေမပြတ်  စိုက်ကြည့်နေလို့ အလုပ်မဖြစ်ခဲ့ဘူး။  "



"ဒါဆို မြန်မြန်ပြီးအောင်လုပ်လိုက်၊ ကျင်းရီက မစောင့်နိုင်တော့ဘူး!"


ရွှယ်လွေ့က တင်းမာသောအသံဖြင့် ဆက်ပြောလိုက်သည်။


"ကောင်းပြီ၊ ချက်ချင်းပဲ စီစဉ်လိုက်ပါ့မယ်"

ဖုန်းချလိုက်ပြီး ရွှယ်လီဒန်နီက ယာဉ်မောင်းကို မြို့ပတ်လမ်း ကနေ အနည်းငယ်ကွေ့ဖို့ ညွှန်ကြားပြီးနောက် ရွယ် နေအိမ်ကို ပြန်လှည့်ခဲ့ တယ်။



ထွက်သွားပြီး ချက်ချင်း ပြန်လာတဲ့ နှစ်ယောက်ကို မြင်တော့ အိမ်စောင့်က အံ့သြသွားပြီး မေးခဲ့သည်။


"သခင်မ၊ သခင်မလေး၊ ဘယ်လိုဖြစ်ပြီး ပြန်လာတာလဲ"


ဧည့်ခန်းထဲမှာ PSP  ဂိမ်းကို ကစားနေတဲ့ ဆယ်ကျော်သက် ကောင်လေးကို သူတို့ နှစ်ယောက်က  အခက်တွေ့အောင်  စကားလုံးတွေ ထပ်ပြောမှာကို သူမ ကြောက်နေခဲ့သည်။

 

ရွှယ်လီဒန်နီက နှုတ်ခမ်းကို မဲ့လိုက်ပြီး ပြောလိုက်သည်။



"ကျင်းရီက ဂီတမှတ်စုတွေ ယူဖို့ မေ့သွားလို့ ငါတို့ ပြန်လှည့်လာခဲ့တာပဲ။   တေးသွားစာရွက်တွေက အများကြီးဆိုတော့  အရမ်းလေးတယ်၊ မင်းတက်သွားပြီး သူ့ကို ကူသယ်ပေး"

အဆုံးတွင် သမီးဖြစ်သူ၏ ပခုံးကို လက်ဖြင့်ပုတ်ကာ  အရိပ်အမြွက်ပြောခဲ့တယ်။

"မင်းနဲ့အိမ်တော်ထိန်းက တက်သွားပြီး ယူလိုက်။  မေမေ ပင်ပန်းနေပြီး ခဏလောက် အနားယူချင်တယ်"  



ရွယ်ကျင်းရီက ခေါင်းညိတ်ပြီး ချီတုံချတုံ ဖြစ်နေသော အိမ်တော်ထိန်းကို ဒုတိယထပ်သို့ ဆွဲခေါ်သွား လိုက်သည်။

ထိုအခါမှ ရွယ်လီဒန်နီၤ သည် ဧည့်ခန်းထဲသို့ ဝင်ပြီး ကျိုးယွင်ရှန့်၏ ဆန့်ကျင်ဘက်တွင် ထိုင်လိုက်သည်။


 " မင်းစန္ဒယားပြိုင်ပွဲမှာ အနိုင်ရခဲ့တယ်။ အဲ့ဒီက ပေးတဲ့ ဆုကို မင်းသိတယ် မဟုတ်လား ? လွန်ခဲ့တဲ့ ရက်အနည်းငယ်က Curtis Institute of Music က မင်းကို ကျောင်းဝင်ခွင့်တစ်စောင် ပို့ခဲ့တယ်၊ မင်းသွားချင် တာလား?"

"ကျွန်တော် အစ်ကိုကြီးကို မထားခဲ့ချင်ဘူး၊ အင်္ဂလိပ်စကားလည်း မပြောတတ်ဘူး"


ကျိုးယွင်ရှန့်က  သူ့ PSP ဂိမ်းကို ဖယ်လိုက်ပြီး ယဉ်ယဉ်ကျေးကျေး ငြင်းဆိုလိုက်သည်။

"မသွားချင်ဘူးဆိုရင် ငြင်းဆိုလိုက်ကြောင်း    စာရွက်ထဲမှာ လက်မှတ်ထိုးရလိမ့်မယ်"


ရွှယ်လီဒန်နီက သူ့အိတ်ထဲက စာရွက်စာတမ်းအိတ်ကို ထုတ်လိုက်ပြီး ထပ်မေးလိုက်သည်။



 "မင်းတကယ် မသွားချင်ဘူးလား"



"မလုပ်ချင်ဘူး၊ ဘယ်မှာလက်မှတ်ထိုးရမလဲ"


ကျိုးယွင်ရှန့်က   စာရွက်တွေကို အမြန်လှန်လိုက်ပြီး လက်မှတ်ထိုးဖို့နေရာရှာနေ ပုံရတယ်။ သူက အင်္ဂလိပ်လို ဘယ်လိုမှ နားမလည်နိုင်ဘူး။ ရွယ်မိသားစုမှ ဒီမိုက်မဲသည့် လူတွေက ကျိုးယွင်ရှန့်ကို ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းဆိုင်ရာ သဘောတူညီချက် စာရွက်ကို အင်္ဂလိပ်လို ရေးသားထားသည့် စာရွက်တွင် သူ့ကို လိမ်လည်ကာ လက်မှတ်ထိုးစေပြီး ယူသွားကြသည်။

 

သူ ဒီစာတမ်းကို လက်မှတ် ထိုးထားသရွေ့ တကယ်လို့ သူက မမျှော်လင့်ဘဲ သေဆုံးသွားခဲ့ရင်  အစားထိုးလို့ရတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို လိုအပ်နေတဲ့ သူတွေကို လှူဒါန်းသွားမှာ ဖြစ်ပြီး ကျန်ရစ်သည့် အလောင်းကို ဆေး ကျောင်းသားတွေကို ခွဲစိတ်လေ့လာဖို့ ဆေးကျောင်းကို ပို့ဆောင်ပေးမှာ ဖြစ် တယ်။

သူသေဆုံးပြီးနောက် လူ့အဖွဲ့အစည်းအတွက် သင့်လျော်သော ကိုယ်အင်္ဂါလှူဒါန်းခြင်းက ကောင်းမွန်သည့် လုပ်ရပ်ဖြစ်ပြီး ဒါကို ကျိုးယွင်ရှန့်က  ဆန့်ကျင်ခြင်းမရှိသော်လည်း ဤစာတမ်းတွင် ဖော်ပြထားသည့်အချက်တွေက  ကောင်းမွန်သော ရည်ရွယ်ချက် ဖြင့် မဟုတ်ပဲ တမင်သက်သက် ယုတ်မာကောက်ကျစ်စွာဖြင့် လုပ်ဆောင်ထား ကြသည်။


 ဆရာဝန်များက သူ့ရဲ့ သေကြောင်းကြေညာ ပြီးသည်နှင့် ဆွေမျိုးတစ်ဦး အနေဖြင့် ရွယ်ကျင်းရီသည် သူ၏နှလုံးကိုရရှိရန် ဦးစားပေးခံရ မည်ဖြစ်သည်။

အခုအချိန်မှာ သူတို့စဉ်းစားရမယ့် တစ်ခုတည်းသော ပြဿနာက သူ့ကို ကျိုးကြောင်းဆီလျော်စွာနဲ့ တရားဥပဒေအရ ဘယ်လိုသေစေမလဲ ဆိုတာပဲဖြစ်သည်။



ကျိုးယွင်ရှန့် သည်  အတွေးလေး တစ်ချက်နှင့်ပင် နည်းလမ်းပေါင်း ရာနှင့်ချီ၍ တီထွင်ဖန်တီးနိုင်ခဲ့သူဖြစ်လို့ အခု ရွှယ်မိသားစုလို  တစ်ကမ္ဘာလုံးနဲ့  အဆက်အသွယ်ရှိကာ ပိုက်ဆံရှိသောသူအဖို့ သူ့ကို သေစေချင်တယ်ဆိုရင်   လူတွေက သူတို့အတွက် ကိုယ်စား သတ်ဖြတ်သည့် အလုပ် လုပ်ပေးချင်ကြလိမ့်မည်။


 

"ဒီမှာ လက်မှတ်ထိုးပါ၊ လက်မှတ်မထိုးခင် မင်း သေချာစဉ်းစားရမယ်၊ လက်မှတ်ထိုးပြီးရင် နောက်ကြောင်းပြန်လှည့်ဖို့  အရမ်းနောက်ကျသွား ပြီ "

ရွှယ်လီဒန်နီက ခပ်တိုးတိုး အသံဖြင့် သတိပေးသည်။

"နောင်တ မရပါဘူး။"


ကျိုးယွင်ရှန့် က မထင်မှတ်ဘဲ ပြုံးပြီး ရွယ်လီဒန်နီ ထောက်ပြသည့် နေရာတွင်  သူ့နာမည်ဖြင့် ရေးထိုးခဲ့သည်။ သူ့ကို သတ်နိုင်သည်ဖြစ်စေ မသတ်နိုင်သည်ဖြစ်စေ  အမှန်တရားထွက်ပေါ်ပြီးနောက် ဒီစာချုပ်ရဲ့ တရားဝင်မှုက အလိုလျောက်ပျက်ပြယ်သွားမည် ဖြစ်လို့   လက်မှတ် ထိုးလိုက်လည်း  ကိစ္စမရှိပေ။



ရွယ်လီဒန်နီသည့် ဟွမ်ရီ လက်မှတ်ထိုးလိုက်သည့်  စာရွက်စာတမ်းကို အဖန်ဖန်အတည်ပြုပြီးနောက် သူမ၏ပိုက်ဆံအိတ်ထဲသို့ အမြန်ထည့်လိုက်သည်၊ တစ်ချိန်တည်းတွင် ရွယ်ကျင်းရီ နှင့် အိမ်တော်ထိန်း တို့သည် ခရီးဆောင်အိတ်များနှင့်အတူ ဆင်းလာသည်။


"မေမေ ပြီးပြီလား"

ရွယ်ကျင်းရီက ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ကောင်းပြီ၊ ဘာမှ ထပ်ယူစရာမှ မရှိတော့ဘူး၊ သွားကြရအောင်။"


ရွယ်လီဒန်နီသည် သူမ၏လက်ကို ဝှေ့ယမ်းပြီး ရွယ်အိမ်တော် မှ ခြေလှမ်းသွက်သွက်ဖြင့် ထွက်ခွာသွားခဲ့သည်။



သူတို့ထွက်သွားပြီးနောက် ကျိုးယွင်ရှန့်သည် သူ၏ဆဲလ်ဖုန်းကို ထုတ်ကာ မန်မိုရီကတ်ထဲမှ အသံနှင့် ဗီဒီယိုဖိုင်များကို တစ်ခုချင်း စစ်ဆေးရန် ထုတ်ယူလိုက်သည်။ သူသည် ရွယ်ကျင်းရီသာ  ရူးသွပ်သည်ဟု ထင်ခဲ့သည်။


ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ ရွယ်လီဒန်နီကပါ  သူမနှင့်အတူ ဒီလို အကောက်ကြံတာကို သူ ဆွဲထုတ်နိုင်ခဲ့သည်။ မဟုတ်ဘူး၊ ဒါက တကယ်တော့ အံ့သြစရာ မဟုတ်ပါဘူး၊ သူတို့မှာ တူညီတဲ့ ရည်ရွယ်ချက် ရှိတယ်။ ဒါကြောင့် အနှေးနဲ့အမြန်ဆိုသလိုပဲ သူတို့ ပူးပေါင်း သွားနိုင်တယ်။ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဒီလူသတ်မှုအစီအမံကို ပြီးပြည့်စုံစွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။

သို့သော် ကံမကောင်းစွာဖြင့်၊ သူတို့ရင်ဆိုင်နေရသူက သူတို့ ဘယ်လိုယုတ်မာသည့် ဖြစ်စေ သည်းခံပေးမည့် သူတော်စင်လို လူမျိုးမဟုတ်ပေ။ သူက ကျိုးယွင်ရှန့်ဖြစ်နေတာ သူတို့  ကံဆိုးတာပဲ။


ကျိုးယွင်ရှန့်က အိမ်ပေါက်ဝမှာ ရပ်ကာ တဖြည်းဖြည်း ဝေးသွားသည့် ရွှယ်လီဒန်နီတို့ ကားကို ကြည့်ကာ သူ့မျက်နှာထက်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာခဲ့သည်။



 

သူ၏ဝိညာဉ်ရေးစွမ်းအားသည် မလှုပ်မရှားဖြစ်နေပြီး ဆိုးယုတ်သော villain system ၏ နောက်ဆုံးအလွှာအချို့ကိုဖြတ်ကျော်ရန်  ကြိုးစားနေရသည်။  


ပြိုင်ပွဲအပြီးတွင်၊ villain system  သည် လမ်းချော်နေသော ဇာတ်လမ်းနဲ့ ဇာတ်လိုက်မရဲ့ ကံကြမ္မာကို မည်သို့ပြုပြင်ရမည်ကို တွက်ချက်ရန် အလုပ်များနေခဲ့သည်။ ရံဖန်ရံခါ၊ ရှုတ်ထွေးသော ကုဒ်အမျိုးမျိုးသည် သူ၏ဖန်သားပြင်ပေါ်တွင်  တစ်ခုပြီးတစ်ခု ထူထပ်စွာ ပေါ်လာသည်။ ဒါက villain system ရဲ့ ကာကွယ်ရေးစနစ်က တဖြည်းဖြည်း ပြိုကျနေတာကို ညွှန်ပြနေပုံရတယ်။



ရုတ်တရက် သူ့ခေါင်းထဲတွင် သိမ်မွေ့သော "ကလစ်" အသံတစ်ခု ထွက်ပေါ်လာပြီး သူသေချာ ဂရုမစိုက်မိပါက လွဲချော်နေပေလိမ့်မည်။ ကျိုးယွင်ရှန့်က ခဏလောက် ထိတ်လန့်သွားပြီး အသံတိုးတိုးလေးနဲ့ ရယ်လိုက်တယ်။


သူ့နဖူးပေါ် လက်တစ်ဖက်တင်လိုက်ကာ  တံခါးဘောင်ပေါ်မှ လက်တစ်ဖက်ကို ကိုင်ကာ မျက်လုံးမှ မျက်ရည်များ ထွက်လာသည်အထိ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သူ့လက်ကောက်ဝတ်ရှိ AI လက်ပတ်က  အကြိမ်ရာနှင့်ချီပြီး ရုတ်တရက် တောက်လောင်နေသည့် စူးရှထက်မြက်သော အလင်းတန်းတစ်ခု ထွက်လာသည်ကို မည်သူမျှ မမြင်နိုင်ပေ။ villain system ၏ စွမ်းအင်ကို အင်အားမစိုက်ထုတ်ရပဲ မထင်မှတ်စွာဖြင့် ကျိုးယွင်ရှန့်က အောင်မြင်စွာ ထိန်းချုပ်လိုက်နိုင်ခဲ့သည်။


 

ကျိုးယွင်ရှန့် သည် Lord God ထံမှ စေလွှတ်ထားသည့် ဆိုးသွမ်းသော villain system အတွင်း ထည့်သွင်းထားသော  ကုတ် အားလုံးကို   လျင်မြန်စွာ ဖျက်လိုက်ပြီး ကွန်ပြူတာ အကူအညီဖြင့် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်သည့် အရာအား သိမ်းယူကာ သူ လိုချင်သည့် ဇာတ်လမ်းသွားကို ပြောင်းလဲရေးဆွဲလိုက်သည်။

 အခုအခိုက်အတန့်မှ စ၍ သူ့ဆီမှာ ဘုရားခန္ဓာနှင့် စိတ်ဝိညာဉ် နှစ်ခုလုံးကို သူ ပိုင်ဆိုင်နိုင်လိုက်ပြီး ထိန်းချုပ်မှု အားလုံးကနေ သူက လွှတ်ထွက်သွားခဲ့တယ်။


 

"ဒီနေ့မျိုးကို ဒီလောက်မြန်မြန်ရောက်လာမယ်လို့ ငါ  မမျှော်လင့်ထားမိဘူး။ ဘယ်နတ်ဘုရားက အဓိက Lord God ကို ကြိုတင် ဖယ်ရှားပစ်လိုက်တာလဲ။   မဟုတ်ရင် ငါဒီလောက် လွယ်လွယ်နဲ့ အနိုင်ရမှာ မဟုတ်ဘူး။"

ပြန်လည်တောက်ပနေသော သူ့လက်ကောက်ဝတ်က AI လက်ပတ်ကို ကျိုးယွင်ရှန့်က   ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။



သို့သော် သူ မျှော်မှန်းကြည့်နေသည့် သူ့ကိုကူညီပေးနေသည့် မဟာနတ်ဘုရားကြီးဆိုတာ အနာဂါတ်က သူကိုယ်တိုင်ပဲ ဆိုတာ လုံးဝ မသိခဲ့ပေ။


 ( တကယ်တော့ အခု ကျိုးယွင်ရှန့်က ပုံရိပ်ယောင် လောကထဲမှာ ကျန်ရစ်ခဲ့တဲ့ အတိတ်က ကျိုးယွင်ရှန့်ဖြစ်တယ်။ တကယ့် ကျိုးယွင်ရှန့်အစစ်က Arc - 14 မှာ ဒီဇာတ်လမ်းကို ဖြေရှင်းခဲ့ပြီးသားဖြစ်တယ်။ သူက ဒယ်ဒီဖြစ်တဲ့ ရွှယ်ရန်နဲ့ ပေါင်းဖက်ပြီး ဒီဇာတ်လမ်းရဲ့ မစ်ရှင်ကို အောင်မြင်စွာကျော်ဖြတ်သွားပြီးဖြစ်တယ်။ အခုဆိုရင် တကယ့်ကျိုးယွင်ရှန့်အစစ်က လက်တွေ့ဘဝမှာ lord God ကို အနိုင်ယူလိုက်နိုင်ခဲ့ပြီး လုံးဝကို ဖျက်စီးပစ်နိုင်ခဲ့တယ်။ ဒါကြောင့် ပုံရိပ်ယောင် ကမ္ဘာတိုင်းမှာ Villain system ရဲ့ထိန်းချုပ်မှုက တဖြည်းဖြည်းလျော့နည်းလာတာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကို ညွှန်ကြားနိုင်တဲ့ lord God  မရှိတော့တဲ့အတွက်ပါပဲ။


အခု ကျိုးယွင်ရှန့်က ပုံရိပ်ယောင်ထဲက ကျိုးယွင်ရှန့်ဖြစ်ပြီး အားနည်းလာတဲ့ Villain system ကို ထိုးဖောက်ပြီး သူ့စိတ်နဲ့ကိုယ်ကို လုံးဝ ပြန်လည် ထိန်းချုပ်သွားနိုင်ခဲ့တယ်။ အခု ပုံရိပ်ယောင် ကမ္ဘာထဲမှာ ဒယ်ဒီက မရှိတော့ပဲ ပြန်လည်မွေးဖွားလာတဲ့ ရွှယ်ဇီရွမ်နဲ့ပဲ သူက လာတွေ့နေရတာပါ။ )




"ဒီအရာက တော်တော်အသုံးဝင်တယ်၊ အဲဒါကို ဉာဏ်ပညာရှိတဲ့ AI computer  ဦးနှောက်အဖြစ် သုံးလို့ရတာပဲ။  အဲဒါကို ချေမှုန်းပစ်လိုက်ရင် နှမျောစရာပဲ "


မူလက သူက Villain system  ကို ဖျက်ဆီးဖို့  ရည်ရွယ်ခဲ့ပေမယ့် အဆုံးမှာ သူစိတ်ပြောင်းသွားပြီး အဲ့ဒါကို ချန်ထားလိုက်တယ်။ သူက အထဲက code ကို ပြန်ရေးခဲ့ပြီး ဒါကို   007 လို့ အမည်ပေးခဲ့သည်။

သူ၏ဝိညာဉ်ရေးစွမ်းအားဖြင့် ပရိုဂရမ်အသစ်ကို ထည့်သွင်းပြီး 007 ကိုဖွင့်ပြီးနောက်၊ သူသည် သူ့ကိုယ်သူ အညောင်းဆန့်ကာ ပြောလိုက်သည်။


  "ရွှယ်မိသားစုကနေ ထွက်ခွာရန် အချိန်ကျလာပြီ  ထင်တယ်"  

သေခြင်းတရားကို ထိုင်ပြီး စောင့်နေရတာက ကျိုးယွင်ရှန့်ရဲ့ ပုံစံမဟုတ်ဘူး ။ သူသည် ရွှယ်မိသားစု မှလူတိုင်းကို စောင့်ကြည့်နေပြီး လာဘ်ပေးလာဘ်ယူခဲ့သူနှင့် သူတို့၏ လူသတ်မှုအစီအစဉ်ကို မည်သို့ဆောင်ရွက်ခဲ့သည်  စသည့် အစီစဉ်တိုင်းနဲ့ ပါဝင်သူတိုင်းရဲ့  လှုပ်ရှားမှုတိုင်းကို သိရှိခဲ့သည်။ စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးပြီးနောက် ရွှယ်မိသားစုတွင် မနေချင်တော့တာကြောင့်  ပစ္စည်းများထုပ်ပိုးရန် အပေါ်ထပ်သို့ တက်ခဲ့သည်။

သူ့မှာ ခရီးဆောင်အိတ်နည်းနည်း၊ အဝတ်အစားအနည်းငယ်၊ စာရွက်စာတမ်းအနည်းငယ်၊ ဘဏ်ကတ်တစ်ခု၊  အရမ်းကြီးမသေးတဲ့ ကျောပိုးအိတ်တစ်လုံးလိုတယ်။ ကတ်ထဲရှိငွေများသည် ဆော့ဖ်ဝဲလ် အသေးစားများရောင်းချခြင်းမှရရှိသောငွေဖြစ်ပြီး ပြိုင်ပွဲမှဆုငွေများနဲ့ ရွှယ်ဇီရွမ်မှပေးသော ငွေများကို လေးထောင့်ပုံ စားပွဲပေါ်တွင် ထားရစ်ခဲ့သည်။


သူက ရွယ်မိသားစုပိုင် ဘာကိုမှ မယူသွားခဲ့ဘူး။

အင်ပါယာမြို့တော်ကို လာခဲ့ပြီး နေခဲ့တာ အချိန် တစ်နှစ်ကျော်လာခဲ့ပြီး အခုဆိုရင် သူက အသက် 18 နှစ်ပြည့်ခဲ့ပြီး လအနည်းငယ်စွန်းလာခဲ့လေပြီ။ ဒါကို ကြည့်ပြီး  သူ တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ စိတ်ပျက်စရာကောင်းတဲ့ ခရီးတစ်ခုလို့ သူ ထင်ခဲ့ပေမယ့် ပျော်ရွှင်မှုနဲ့ မျှော်လင့်ချက်တွေ အပြည့်ရှိ နေမယ်လို့တော့ သူ တကယ်ကို မမျှော်လင့်ထားမိဘူး။


ဟုတ်တယ်.. သူ ဝန်ခံပါတယ်။ ကနဦး တွေ့တွေ့ခြင်းမှာ ရွှယ်ဇီရွမ်က သူ့ကို အေးစက်စက် ဆက်ဆံခဲ့တာလွဲရင် နောက်ပိုင်း ရွှယ်ဇီရွမ်က  သူ့အား ယခင်က မကြုံဖူးသော နွေးထွေးမှု တစ်ခုပေးခဲ့သည်။ သူနဲ့အတူရှိနေရင် သူတို့ကြုံတွေ့ခဲ့စဉ်က ဘယ်လောက်ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ် ဆိုတာ  အမြဲမေ့နေမိလိမ့်မယ်။

ရွယ်ကျင်းရီနှင့် ရွှယ်လီဒန်နီတို့က သဘောတူညီမှု မရှိခဲ့လျှင် သူနှင့်အတူနေခဲ့ပြီး ဘာမှမသိဟန်ဆောင်နေမည်ကို သူ ကြောက်နေခဲ့သည်။ ဒါပေမယ့် ဖြစ်နိုင်ပါ့မလား။ မကောင်းသော အကြောင်းတရားအားလုံးသည် မကောင်းသော ရလဒ်များ ဖြစ်လာလိမ့်မည်။ သူလည်း ထိုမိသားစုရဲ့ယုတ်မာမှုကို အနှေးနဲ့ အမြန် ရင်ဆိုင်ရမှာပဲလေ။


 

ဟုတ်ပါတယ်၊ ရွယ်ဇီရွမ်ကိုလည်း သူက ရင်ဆိုင်ရမှာပဲ၊ သူ့အပေါ်ကို  ရွှယ် မိသားစု လုပ်ခဲ့တာ အားလုံးကို ဖြေရှင်းနိုင်မယ်လို့ သူ ထင်ခဲ့တယ်၊ ဒီလို အတွေးဟာ နုံအ လွန်းပါတယ်။

 လူဆိုတာ  မကောင်းသော အကြံအစည်များ ပေါက်ဖွားလာသည်နှင့်အမျှ  သူတို့ နှလုံးသားသည် လည်း ပြောင်းလဲသွားလိမ့်မည်။ ဒါပေမယ့် သူတို့က ဆိုးယုတ်သော စိတ်နှလုံးဖြင့် ဆက်လက်ရှင်သန်သွားကြဦးမည် ဖြစ်သည်။



 
***********-***********


ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now