Chapter (15-2)_ မင်းကို ငါ စောင့်နေမယ်

3.1K 522 16
                                    

Chapter (15-2)_ မင်းကို ငါ စောင့်နေမယ်




သို့သော် ဒီအရာများသည် နောက်ဆုံးတွင် ကြီးကျယ်ခမ်းနားလှသည့် သူ၏ စိတ်ကူးယဉ်မှုများဖြစ်သည်။ ရွှယ်ဇီရွမ် သည်   စိတ်ပျက်အားငယ်မှု ချောက်ထဲမှ မရုန်းထွက်မီ အချိန်အတော်ကြာအောင် မြိုသိပ်ကာ တစ်သက်လုံး သူ့ကို စောင့်နိုင်သည်၊ နှစ်ဘဝ နှင့် သုံးဘဝ တစ်သက်လုံး စောင့်နိုင်သည် ။

"ဘယ်သွားနေနေ ကောင်းကောင်းစားဖို့၊ အချိန်မှန်အိပ်ဖို့ သတိရပါ။ အိပ်ယာဝင် နောက်ကျမနေပါနဲ့၊ ပျင်းနေလို့ အဝတ်အစား မလဲပဲ မအိပ်ပါနဲ့၊ အဲလိုအိပ်တာ အဆင်မပြေဘူး၊ အအေးပတ်လွယ်တယ်၊ အရေးကြီးဆုံးအချက်ကတော့ မင်းရဲ့  လုံခြုံရေးကို ဂရုစိုက်ပါ။"


ဒီစာကြောင်းကို စာရိုက်ပြီးနောက် မပို့နိုင်ဘဲ၊ ရွှယ်ဇီရွမ် သည် စိတ်ပျက်လက်ပျက်ဖြင့် သူ့အကောင့်ကို  ပိတ်လိုက်သည်။

သူသည် အရှုံးမပေးချင်သော်လည်း ရှောင်ရီက  တကယ်ကို စမတ်ကျတယ်ဆိုတာ သိလိုက်သည်၊ အံ့သြစရာကောင်းလောက်အောင် နည်းပညာပေါ် ကျွမ်းကျင်ပြီး သဲလွန်စတစ်ခုမျှ မကျန်တော့အောင် လုပ်ဆောင်နိုင်ခဲ့သည်။
 စဉ်းစားကြည့်လိုက်တော့.... ရှောင်ရီက  သရဲပူးနေသလို ထင်ရသည့် ကားကို လွတ်လပ်စွာ မောင်းနှင်နိုင်ပြီး၊ အရင်ဘဝတွင်ဖြစ်စေ ဤဘဝတွင်ဖြစ်စေ သရဲတစ္ဆေကဲ့သို့ ဒီအတိုင်း  ပျောက်ကွယ်သွားနိုင်သည်။ တစ်သက်လုံး သူဘယ်တော့မှ ရှောင်ရီက သာမန်လူလုံးဝ မ ဖြစ်ခဲ့ပေ။
 

ကျိုးယွင်ရှန့်က ရွှယ်ဇီရွမ် ရဲ့ Weibo ပို့စ်အသစ်ကို စကားလုံးတစ်လုံးချင်းဖတ်ပြီး သူ့ကိုတကယ်လေးစားမိတယ်၊ ဒီလောက်ဝေးကွာသွားတဲ့ပေမယ့် သူ့ရဲ့နားပူတတ်တဲ့ အကျင့်က မပြောင်းလဲနိုင်သေးပါဘူး။ ရွှယ် မိသားစုသည် မကြာသေးမီက အရှုပ်တော်ပုံများစွာကို ပြုလုပ်ထားသောကြောင့် ရွှယ်ဇီရွမ်  ၏ Weibo တွင် Follower တစ်သန်းကျော်အထိ မြင့်တက်လာခဲ့သော်လည်း ယခင်ကနှင့် တစ်ကမ္ဘာလုံးမှာ ရွှယ်ဇီရွမ် ရဲ့ Follower အများအပြားရှိခဲ့ပြီးဖြစ်သည်။

ဒီက ဆိုရှယ်မီဒီယာအကောင့်ကနေ ထွက်လာပြီးတာနဲ့ သူစောင့်နေတဲ့လူက ဟွမ်ရီဆိုတာ လူတိုင်းက ခန့်မှန်းပြီးသားဖြစ်မှာပါ။ ကောလဟာလများစွာ ပေါ်ပေါက်လာပေမယ့် ရွှယ်ဇီရွမ်ရဲ့ ဖန်အများစုက    ဆယ်ကျော်သက်လေးကို ပြန်လာစေဖို့ ဆုတောင်းပေးကြပြီး တချို့လူတွေက ဘယ်လိုမျိုးဇာတ်လမ်းတွေ ထပ်ပေါ်လာမလဲဆိုပြီး စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

 

ရွှယ်ဇီရွမ် က အကြောင်းမပြန်ဘဲ သူ့ပို့စ်ကို ကြည့်နေတဲ့လူတွေအထဲမှာ ချစ်ရတဲ့ ဆယ်ကျော်သက်လေးလည်း ပါမယ်လို့  မျှော်လင့်ရင်း ID တစ်ခုပြီးတစ်ခု စိုက်ကြည့်နေခဲ့တယ်။

ကျိုးယွင်ရှန့် ၏လက်ချောင်းလေးများသည် မောက်စ်ပေါ်တွင် လှည့်ပတ်ကာ ကလစ်နှိပ်မည် ပြုသော်လည်း နောက်ဆုံးတွင် မနှိပ်ဘဲ၊ သူက ကွန်ပြူတာကို ပိတ်ကာ စောင်ကို လှန်လိုက်ပြီး မိနစ်အနည်းငယ်ကြာ အိပ်စက်ကာ ရုတ်တရက်    ဆံပင်များကို ဖွလိုက်ပြီး တွန့်ဆုတ်စွာဖြင့် ကိုယ်ပေါ်က အဝတ်များကို ချွတ်လိုက်သည် ။  

အိမ်ပြန်ရောက်တော့ ဆိုဖာပေါ်ထိုင်နေစဉ် ဖိနပ်ပြောင်းစီးဖို့၊ အိပ်ယာပေါ် မှာ   အဝတ်အစား ချွတ်ပေးဖို့၊  မျက်နှာသုတ်ပေးဖို့၊ ခြေထောက်ကို ရေနွေးစိမ်ပေးပြီ နှိပ်ပေးမယ့် တစ်စုံတစ်ယောက် အလိုလို ရောက်လာမယ်ဆိုရင်  အရမ်းအဆင်ပြေ လိမ့်မယ်။

ဒီအိမ်က ရွှယ်အိမ်တော်မို့လား။ ကျိုးယွင်ရှန့်က    ရင်တထိတ်ထိတ်နဲ့ အိပ်ယာပေါ်တက်လိုက်ပြီး သူ့အဝတ်နဲ့ ဘောင်းဘီကို မြေကြီးပေါ်ပစ်ချလိုက်ပြီး စိုးရိမ်မှုတွေအပြည့်နဲ့ စောင်အောက်ကို လှိမ့်ဝင်သွားတယ်။

United Kingdom မှာ လအတော်ကြာအောင် ဘာမှလုပ်စရာမရှိ လျှောက်လည်ရင်း ကတ်ထဲမှာ သုံးစရာ ပိုက်ဆံက သိပ်မကျန်တော့လို့ ကျိုးယွင်ရှန့်က  အိမ်တစ်လုံးငှားပြီး အဆင့်မြင့်စက်ကွန်ပြူတာ အနည်းငယ်ဝယ်ပြီး ဆော့ဖ်ဝဲအနည်းငယ်ရေးပြီး ငွေရအောင် ရောင်းဖို့ ရည်ရွယ်လိုက်တယ်။  

ကျိုးယွင်ရှန့်ကို ရှာဖွေဖို့ ရွှယ်ဇီရွမ် က  ဘယ်သောအခါမှ လက်မလျှော့ခဲ့ပေ၊  နောက်ဆုံး၊  ငှားရမ်းသည့် ကိုယ်ပိုင် စုံထောက်များနှင့် မရပ်မနား လိုက်ရှာနေပြီး သူ့ရဲ့နတ်ဘုရားနဲ့ တူတဲ့ ချာတိတ်လေးရဲ့ ရုပ်ပုံကို နေရာအနှံ့ဖြန့်ဝေကာ ရှာဖွေခဲ့သည်။
သူ့ရဲ့ အလုပ်ကနေ မောပန်းနွမ်းနယ်စွာ အိမ်ကိုပြန်လာတိုင်း ချာတိတ်လေးကို မတွေ့ရသေးဘူးဆိုတဲ့ စိတ်ပျက်စရာ ရလဒ်ကပဲ သူ့ကို အမြဲစောင့်ကြိုနေခဲ့သည်။

 

နှစ်တွေကြာလာပြီး  အချိန်တွေကုန်လာခဲ့တယ်၊ သူ မသိလိုက်ပါပဲ အချိန် နှစ်နှစ်ကြာသွားတယ်၊ ကျိုးယွင်ရှန့် ဟာ UK မှာ အမြစ်တွယ်ပြီး ကျောက်ချနေခဲ့တာ ကြာနေပြီ၊ သူ့မှာ ပုံသေအလုပ်မရှိ၊ တစ်ခါတလေမှာ ဆော့ဖ်ဝဲလ်အသေးစားတွေရောင်းတာ၊ တခါတရံ ကုမ္ပဏီတချို့က network ကာကွယ်ရေးစနစ်တွေ တည်ဆောက်ပေးတဲ့နေရာ  ကူညီပေးတာတွေကိုလုပ်ပြီး   တဖြည်းဖြည်းနဲ့ စည်းစိမ်ဥစ္စာများ စုဆောင်းလာခဲ့သည်။

ရံဖန်ရံခါတွင် သူသည် သူ၏ငွေများကို စီမံခန့်ခွဲရန်အတွက် စတော့ရှယ်ယာအနည်းငယ်ကို ဝယ်ယူသော်လည်း သူ၏စုဆောင်းငွေအများစုကို ခေတ်မီဆုံးနည်းပညာပစ္စည်းများ၊ ဇိမ်ခံကားများ၊ ဇိမ်ခံအိမ်များနှင့် ရှေးဟောင်းရဲတိုက်များနှင့် အိမ်ခြံမြေများကို ဝယ်ယူပြီး သူ့ရဲ့ စုဆောင်းငွေအများစုကို အသုံးချတတ်သည်။ ပိုက်ဆံဆိုတာ သူ့အတွက် အမှတ် သင်္ကေတတစ်ခုပဲ၊ အချိန်တိုင်း ငွေရှာဖို့ အချိန်ဖြုန်းနေပြီး ကြာလာတော့ ဒီဘဝကို သူ  ငြီးငွေ့လာခဲ့ပြီ။

ဒီနေ့က ခရစ္စမတ်အကြိုနေ့ဖြစ်ပြီး နှစ်လနီးပါး အိမ်မှာ အောင်းနေပြီးနောက် အပြင်ထွက် ချိန်းတွေ့ဖို့ ဆုံးဖြတ်ခဲ့တယ်။ ယူကေကို ရောက်ကတည်းက သူ့ရဲ့ပထမဆုံးချိန်းတွေ့တာဖြစ်ပြီး၊ အွန်လိုင်းမှာတွေ့တဲ့သူငယ်ချင်းက အပြင်မှာ သူ တခါမှမတွေ့ဖူးပေမယ့် သူပြောတဲ့ စကားလုံးတွေက ရယ်စရာကောင်းပြီး   ပညာတတ်လူကြီးလူကောင်းတစ်ယောက်ဖြစ်မယ်လို့ ထင်ရတယ်။


ကျိုးယွင်ရှန့် သည် အိပ်ရာပေါ်တွင် ရွှယ်ဇီရွမ် ကဲ့သို့ နူးညံ့သိမ်မွေ့ပြီး စာနာတတ်သည့် လူကြီးလူကောင်းတစ်ဦးကို နှစ်သက်သည်၊ အိပ်ရာထဲတွင် သန်မာပြီး ရူးသွပ်ကာ အနုပညာရှင်တစ်ယောက်၏ အချစ်ဇာတ်လမ်းနှင့် ဖြူစင်သန့်ရှင်းမှုကိုလည်း နှစ်သက်သည်။ သူ့ဆံပင်ကို ပြင်ဆင်ပြီးတဲ့အခါမှာတော့ ရွှယ်ဇီရွမ် ကို အိမ်ထောင်ဖက်ရွေးချယ်တဲ့ စံနှုန်းတွေကို ပြန်သတိထားလိုက်မိပြီး ရွှယ်ဇီရွမ်ကို စိတ်ထဲကနေ ကျိန်ဆဲလိုက်မိသည်။ သူ့စိတ်ထဲမှာ ရွှယ်ဇီရွမ်ရဲ့ပုံစံက စွဲထင်နေပြီ မဟုတ်လား။

"ဘာလို့ အမြဲတမ်း သရဲတစ္ဆေလို ငါ့ စိတ်ထဲ အမြဲ တွယ်ကပ်နေတာလဲ၊ ခင်ဗျားက ကျွန်တော့်ဘဝထဲက အပြီးပိုင် ထွက်သွားပြီ မဟုတ်လား၊ အခုထိ ကျွန်တော့်ကို လွှမ်းမိုးဖို့  စဉ်းစားနေတုန်းပဲလား"

သူ့နုူတ်ခမ်းက တဆတ်ဆတ်တုန်နေသော်လည်း သတိလက်လွတ်နှင့် သူက ဝေးပေါ်အကောင့်ကို ဖွင့်ကာ ရွှယ်ဇီရွမ် ၏ အကောင့်မှာ ဘာတင်ထားမလဲဆိုတာ မရည်ရွယ်ပဲ ကြည့်လိုက်မိသည်။
 

ထိုပုဂ္ဂိုလ်သည် အနုပညာလောကမှ အနားယူခဲ့ပေမယ့် သူက နာမည်ကျော် စန္ဒယားပညာရှင်ဖြစ်ဆဲဖြစ်သည်။  အရင်တုန်းက တစ်နှစ်အတွင်း သူ့ဆိုရှယ်မီဒီယာမှာ ဘာပုံစ်မှတင်တာ မတွေ့ခဲ့ရဘဲ ခုလို အနုပညာလောကကို ကျောခိုင်းပြီး စီးပွားရေးလုပ်ငန်းကိုကူးပြောင်းဝင်ရောက်လာပြီးမှာ ရွှယ်ဇီရွမ် က ဆိုရှယ်မီဒီယာအကောင့်မှာ အမြဲတမ်း တနေ့သုံးကြိမ် ပို့စ်တင်လေ့ရှိသည်။   နေ့စဉ် နံနက်၊ နေ့လည်နှင့် ည အချိန်မှန် စာတွေ တင်လေ့ရှိပြီး    ရံဖန်ရံခါတွင်   ဓာတ်ပုံများကို မျှဝေရန်၊ ခံစားချက်နှင့်အတွေ့အကြုံကိုပြောပြန်ရန် ပို့စ်တင်လေ့ရှိနေသည်။

ယနေ့ ည 7:30 တွင် ရွှယ်ဇီရွမ်ရဲ့အကောင့်မှာ ပို့စ်အသစ် သုံးခုရှိနေသည်။

  "မင်္ဂလာနံနက်ခင်းပါ။ မနက်စာစားဖို့ သတိရပါ" ဆိုတဲ့ စာကြောင်းလေး ပို့ပြီး ဒီလုပ်ရိုးလုပ်စဉ်အတိုင်း လုပ်လေ့ရှိတဲ့ ပရိသတ်တွေက "မင်္ဂလာနံနက်ခင်းပါ" လို့ ပြန်ဖြေကြတယ်။

နေ့လည် 12:00 မှာ   နေ့လယ်စာ ပုံကို တင်ထားခဲ့သည်၊ ရိုးရိုး ထမင်းဖြူ၊ ပဲငံပြာရည်နှင့်နှပ်ထားသည့် ဝက်ခြေထောက်စွပ်ပြုတ် ပုံပါဝင်ပြီး စာသားကလည်း အရမ်းတိုတယ်။

 - နေ့လည်စာစားပြီး တစ်ရေးတစ်မောအိပ်လိုက်ဦး။  အလုပ်ရှုပ်မနေပါနဲ့။

ညနေခင်းတွင် ပို့စ်တစ်ခုတင်ထားသည်။

 - အေးချမ်းလှတဲ့ ခရစ္စမတ်အကြိုညနေချမ်းလေး....ဟု ရေးသားထားပြီး ခရစ္စမတ်ဦးထုပ်ကို ဝတ်ဆင်ထားသည့် ထိုလူရဲ့ ပုံပါရှိသည်။

ပရိသတ်တွေက ချီးကျူးစကား တစ်ချို့ရေးကြကာ သူ့ကို ဝိုင်းပြီး ဆုတောင်းပေးကြသည်။
 တစ်ချို့က ဒီလူက အရမ်းချစ်စရာကောင်းတယ်လို့ ချီးကျူးကြပြီး ဟွမ်ရီကို အိမ် အမြန်ပြန်ဖို့ ခေါ်ကြတယ်။

ဒီနတ်ဘုရားကြီးက  ဘယ်သူ့ကို နေ့တိုင်းနေ့တိုင်းစောင့်မျှော်ပြီး စိတ်ပူနေလဲ ဆိုတာ သူ့ပရိတ်သတ်တွေအားလုံးက သိကြတယ်၊ တစ်နှစ်မှာ ၃၆၅ ရက်လုံးလုံး..သူတို့နတ်ဘုရားကြီးက သူ့ရင်ထဲက ခံစားချက်တွေ၊ အတွေးတွေကို ပြောပြဖို့ ဒီနည်းကိုပဲ အားကိုးရတယ်ဆိုတာ အားလုံးသဘောပေါက်ကြတယ်။

နှစ်နှစ်ကြာမှ ရွှယ်ဇီရွမ် က နွေးထွေးကြင်နာတတ်သော ချစ်သူ ဆိုတဲ့ ဘွဲ့ကို ရရှိခဲ့သည်။ ပထမတော့ လူတချို့က သူ့လုပ်ရပ်တွေက ရှိုးသက်သက်လုပ်နေသည်ဟု ဆိုကြပြီး ရွှယ် လုပ်ငန်းစုက သူတို့လုပ်ငန်း ပုံရိပ်ကို ပြန်လည်မြှင့်တင်ဖို့ လုပ်ပြနေတာဟု လှောင်ပြောင်ကြသည်။ ဒါပေမယ့်    ရက်ပေါင်း ခုနှစ်ရာကျော်ကြာ ဒီအပြုမူကို  စွဲမြဲစွာ လုပ်ဆောင်လာပြီးနောက်မှာ  လှောင်ပြောင်သော အသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ကြည့်ရှုသူရင်ကို ထိမိလာစေပြီး  စာနာစိတ်တို့ အစားထိုး ဝင်ရောက် လာကြသည်။

ပြတ်သားတိကျတဲ့ စကားလုံးတွေနဲ့ မဖော်ပြပေမယ့် ဒီလို စကားလုံးတွေကြားထဲမှာ    ဖုံးကွယ်ထားတဲ့ အချစ်က ဖတ်ရသူ ၊ မြင်ရသူ ရင်ကို ထိခိုက်ကြေကွဲစေပါတယ်။

 အခြားသူများကလည်း ရွှယ်ဇီရွမ် က ရွံစရာ လိင်တူချစ်သူ ဖြစ်ကြောင်းပြောဆိုပုတ်ခတ်ကာ ပြောဆိုကြပေမယ့် ဒီလိုဟာကို ရွှယ်ဇီရွမ်က လျစ်လျူရှုနိုင်သော်လည်း ဆယ်ကျော်သက်လေးကို  ပုတ်ခတ်သည့် အကြောင်းရာ ခေါင်းစဉ်နဲ့တင်လိုက်တာနဲ့ ဥပဒေအကြောင်းရာအရ အရေးယူမည်ဆိုတဲ့ ရှေ့နေ၏စာနှင့် သတိပေးစာကို ထိုအကောင့်တွေက ချက်ချင်းလက်ခံရရှိခဲ့သည်။

လူသတ်မှုကိစ္စ စတင်ပေါ်ပေါက်လာသောအခါတွင် ရွှယ် လုပ်ငန်းစုအပေါ်ကို သက်ရောက်မှုအချို့ကို ခံစားခဲ့ရသော်လည်း ယခုအခါတွင် သူသည် ကြီးမားပြီး ထိတွေ့၍မရသော တည်ရှိမှုတစ်ခုအဖြစ် ကာလကြာရှည်စွာ တည်ရှိနေခဲ့ပြီး ရွှယ်မျိုးနွယ်စု၏ ဘိုးဘေး ရွှယ်ရန်ကပင်  မကြာခဏ ညည်းတွားကာ ကြောက်ရွံ့နေရသည့် အဖြစ်ကြောင့် ရွှယ်ဇီရွမ် ကို မည်သူမျှ အဆန့်ကျင်ရဲတော့ပေ။   အဲဒီ ရွံ့ရှာဖွယ်လူတွေ၊ လိင်တူချစ်သူရွံ့မုန်းသူတွေက အလိုလိုပင် တိတ်တဆိတ် ပျောက်ကွယ်ကာ ရွှယ်ဇီရွမ် ကိုထပ်မံ မထိရဲကြတော့ပေ။
 

"ဒီနေ့ မနက်စာ မစားရသေးဘူး၊ခင်ဗျားက မနက် ရး၃၀ မှာ ထတယ်၊ ကျွန်တော်က မနက် ရး၃၀မှ အလုပ်ပြီးလို့   အိပ်ပျော်သွားတယ်။"


ကျိုးယွင်ရှန့်က ဆီတွေအိကာ စားချင်စဖွယ် နေ့လည်စာ ပုံကို စိုက်ကြည့်ရင်း တီးတိုးပြောလိုက်တယ်။

 "ဗြိတိန်မှာ ငရုတ်ဆီ မစားရဘူး၊ ဗိုက်ဆာလွန်းလို့ နေ့လယ်စာလည်း မစားပဲ အိပ်ခဲ့တယ်၊ ခင်ဗျားလည်း ပျော်ရွှင်စရာ ခရစ္စမတ်အကြိုနေ့ပါ။ ဒါပေမဲ့ ကျွန်တော် ပြောတာက နောက်ကျသွားမှာကို  ကျွန်တော် စိုးရိမ်မိတယ်၊ ခင်ဗျားနေတဲ့နေရာမှာဆိုရင် အခုချိန်က  ခရစ္စမတ်နေ့  ရောက်နေလောက်ပြီ မဟုတ်လား။"

တရုတ်ပြည်က နောက်တနေ့ကူးလို့ ခရစ္စမတ်နေ့ရောက်နေပေမယ့် ကျိုးယွင်ရှန့်နေထိုင်တဲ့ ယူကေမှာ အချိန်နောက်ကျလို့ အခုက ခရစ္စမတ်အကြိုနေ့မှာပဲ ရှိသေးတယ်။

သူက ကွန်ပြူတာကို ပိတ်လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်တယ်။ အားလပ်ရက်ရာသီဆိုရင် သူက အိမ်လွမ်းဆုံး အချိန်ဖြစ်သည်၊ အမှန်လည်း အခု သူက  အကျဉ်းထောင်လိုနေခဲ့ရသည့် ရွှယ်အိမ်တော်ကို လွှမ်းဆွတ်ရင်း အအေးဒဏ်ခံစားနေရသည်။

 

သူ မှိန်းနေချိန်တွင် ဖုန်းမြည်လာပြီး သူ့ချိန်းဆိုထားသည့်နေရာကို ပို့ပေးရန် မော်တော်ကားရောက်လာခဲ့သည်။ သူ အခုမှထပြီး ထွက်သွားတယ်။ သူ့ဆီမှာ အိမ်ကြီးများစွာနှင့် ကြီးမားကျယ်ပြန့်သော အိမ်ကြီးတစ်လုံးကို ဝယ်ယူထားသော်လည်း နောက်ဆုံးတွင် လန်ဒန်မြို့လယ်ရှိ စတုရန်းပေ နှစ်ရာရှိသော တိုက်ခန်းတွင် နေထိုင်ရတာကို နှစ်သက်ဆဲဖြစ်သည်။

အိမ်ကြီးလေလေ၊ စိတ်က ပိုအထီးကျန်လာပြီး သူ့ကိုယ်သူ စကားပြောတဲ့အခါ ပဲ့တင်သံတွေကို မကြားချင်တော့တဲ့ အထိ တဒင်္ဂအထီးကျန်မှုက သူ့ကို ပိုစိတ်မသက်မသာဖြစ်စေတယ်။

သူ့ကားကို အနီးဆုံး ကားပါကင်တွင် ရပ်နားလိုက်ပြီး ထောင့်စွန်းရှိ စားသောက်ဆိုင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ အားလပ်ရက်ကို ဆင်နွှဲရန် ဧည့်သည်များ စုရုံးရောက်ရှိနေကြစဉ် အစားအသောက်နှင့် ဝိုင်၏ရနံ့သည် စားသောက်ဆိုင်တစ်ဝိုက်တွင် ပျံ့လွင့်လာကာ တစ်ခါတစ်ရံ စကားနေသည့်  တီးတိုးသံတွေ၊  တစ်ခါတစ်ရံ ရယ်မောသံတွေ ထွက်ပေါ်နေသည်။ စားပွဲထိုးတစ်ယောက်က သူ့ကို နှုတ်ဆက်ပြီး ကြိုတင်မှာထားလားလို့ မေးခဲ့သည်။
 

"ငါ ချိန်းထားတာရှိတယ်။"

ကျိုးယွင်ရှန့်သည် သူ၏ ထူထဲသော မာဖလာကို ဖြည်လိုက်သည်။

စားပွဲထိုးစကားပြောတာကို မစောင့်ဘဲ တစ်ယောက်တည်းထိုင်နေတဲ့ လူဖြူလူငယ်တစ်ယောက်က "ချန်လား...?" ဟု လှမ်းခေါ်ခဲ့သည်။

"ကျွန်တော်ပါ။"

ကျိုးယွင်ရှန့်က ပြုံးပြီး တစ်ဖက်သို့ လျှောက်လာစဉ် တစ်ဖက်လူက အရပ်မြင့်မြင့် ချောမောပြီး ဝတ်ကောင်းစားလှကို ဝတ်ဆင်ထားသည်။ ထိုလူငယ်က စကားပြောယဉ်ကျေးပြီး  ဟန်မဆောင်တတ်ပဲ ပကတိရိုးသားသည့် ရုပ်သွင်နှင့်    အင်တာနက်ပေါ်မှ ပုံနှင့် တူညီလှသည်။

 

ထိုနေ့အတွက်တော့ အနည်းဆုံး သူငယ်ချင်း မရှိဖူးသော ကျိုးယွင်ရှန့် အတွက် သာယာလှသည်။ စားသောက်ဆိုင်မှ ထွက်လာစဉ်  လမ်းလျှောက်သွားမလား စဉ်းစားရင်း ရုတ်တရက် မော်တော်ဆိုင်ကယ်နှင့် လူတစ်စုက လမ်းထောင့်ကနေ ဗြုန်းခနဲ  အမြန်  ရောက်လာပြီး ပါးစပ်မှ ကြောက်လန့်စရာ ဆူညံစွာအော်ဟစ်နေကြသည်။

 

ကျိုးယွင်ရှန့် ဘာမှ မတုံ့ပြန်ရသေးခင် ထိုလူဖြူလူငယ်လေးသည် ကျိုးယွင်ရှန့်ကို ထားရစ်ကာ လျင်မြန်စွာ လမ်းကိုဖြတ်ပြေးကာ သူ ဘာမှ မလုပ်ကြောင်း လက်ကို မြှောက်ထားလိုက်သည်။

  လမ်းလယ်တွင် သူတစ်ယောက်တည်းကျန်ခဲ့သော ကျိုးယွင်ရှန့် သည် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်နေသည့် ဆိုင်ကယ်များမှ ဝန်းရံခံနေရပြီး ဆိုင်ကယ်တွေမှ ထွက်သည့် အိတ်ဇောငွေ့များက အရှိန်ပြင်းပြင်းဖြင့် သူ့နှာခေါင်းထဲ ဝင်လာပြီး အပြင်းထန် ချောင်းဆိုးစေခဲ့သည်။

သူသည် သူ့ပိုက်ဆံအိတ်ကိုထုတ်ကာ ရာနှင့်ချီသော ငွေစက္ကူများစွာကို ကောင်းကင်ပေါ်သို့ ပစ်ကျဲချကာ ဆိုင်ကယ်သမားများနှင့် လမ်းသွားလမ်းလာများမှ ပိုက်ဆံများကို လှမ်းကောက်နေစဉ် အခွင့်ကောင်းယူကာ ပြေးထွက်ခဲ့သည်။

မျက်နှာဖြူလူမျိုး လူငယ်လေးသည် ခဏမျှ အေးခဲသွားပြီး ကျိုးယွင်ရှန့်ဘက်ကို အလျင်အမြန် လှမ်းတောင်းပန်လိုက်သည်။

"ချန်....တောင်းပန်ပါတယ်၊ ငါ မင်းကို မထားခဲ့သင့်ဘူး......"

"မင်း တောင်းပန်စရာ မလိုပါဘူး၊ ငါတို့ တရုတ်မှာ ရှေးစကား ရှိတယ်၊ လူကြီးလူကောင်း တစ်ယောက်ဟာ အန္တရာယ်ရှိတဲ့ တံတိုင်းပေါ်မှာ မရပ်တည်ကြဘူး၊ လူတိုင်းရဲ့ မသိစိတ်က ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အဓိကပဲ၊ ငါသာဆိုရင် အဲ့လို လုပ်မိမှာပဲ "

ထိုအကြောင်းကို ပြောရင်း သူ့အမူအရာ ပျက်သွားသည်။

ဟုတ်တယ်၊ လူတိုင်းက ကိုယ့်ကိုယ်ကို မသိစိတ်က ကာကွယ်ကြလိမ့်မယ်၊ ဒါပေမယ့် ရွှယ်ဇီရွမ် က သူ့ဘေးကင်းမှုကို အမြဲတမ်း ပထမနေရာမှာ ထားခဲ့တယ်၊ လမ်းဖြတ်ကူးတဲ့အချိန်တုန်းက သူက ဆော့လက်စ psp ဂိမ်းစက် ကိုပဲ  စိုက်ကြည့်နေခဲ့ပြီး  လမ်းကိုကြည့်ဖို့ မေ့သွားတယ်၊ အရှိန်လွန်စွာ မောင်းနှင်နေသည့် ယာဉ်များကြားမှာ ရွှယ်ဇီရွမ် က သူ့ကို နောက်ပြန်ဆွဲထုတ်ပြီး သူ့လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကြောင့် ကားလာနေတဲ့ လမ်းကြောင်းကို သူ့ကိုယ်နှင့် ကာပြီး  ကျောခိုင်းထားခဲ့သည်။ တကယ်လို့ ထိုကားများ ဝင်တိုက်မိခဲ့ရင်တောင် အထိခိုက်ဆုံးက ရွှယ်ဇီရွမ် ပဲ ဖြစ်လိမ့်မည်။

 

အသက်ရှင်ခြင်း၊ သေခြင်း၏စက္ကန့်ပိုင်းတစ်ခုတွင်၊ လူ့အပြုအမူသည် ဦးနှောက်မှ ထိန်းချုပ်ထားခြင်းမဟုတ်ပေ၊ သူတို့ရွေးချယ်မှုက သူတို့ နှလုံးသားထဲက  အလေးနက်ဆုံး ထားရှိသည့် စိတ်အစွဲအလမ်းတစ်ခုဖြစ်သည်။ ရွှယ်ဇီရွမ် ၏စွဲလမ်းမှုသည် ဟွမ်ရီဆိုသည့် သူ့ကို ကာကွယ်ရန်ဖြစ်သည်၊ ဟုတ်တယ်။ ထိုအခိုက်အတန့်မှာ ကျိုးယွင်ရှန့်က  ရွှယ်ဇီရွမ်ရဲ့ ထိုနေ့က တုန့်ပြန်မှုကို  လျှပ်တပြက် သတိရသွားခဲ့သည်။

အန္တရာယ်ကြုံပြီးနောက် ရွှယ်ဇီရွမ်က မိုးကြိုးပစ်ခံရသလို တကိုယ်လုံးတုန်ယင်ကာ ရူးသွပ်စွာ သူ့ကို နမ်းရှုံ့ခဲ့ပုံ၊ psp စက်ကို သူ့လက်ထဲက ဆွဲယူပြီး အပိုင်းပိုင်းခွဲခဲ့ပုံကို ပြန်သတိရလာသည်။  ထိုအချိန်တွင် သူက ရွှယ်ဇီရွမ်  စိတ်ဆိုးပြီး လုပ်သည်ဟု  ခံစားမိသော်လည်း ယခုသေချာပြန်စဉ်းစား ကြည့်လိုက်တော့၊ သူ့နှလုံးသားထဲတွင် ရွှယ်ဇီရွမ် က သူ့အပေါ်ထားရှိသည့် အချစ်များ၊  ခံစားချက်များနှင့် ပြည့်နှက်လာခဲ့သည်။

လူဖြူလူငယ်လေးသည် သူ့နားတွင် တစ်စုံတစ်ရာ တီးတိုးပြောနေသော်လည်း ကျိုးယွင်ရှန့်က မကြားနိုင်တော့ဘဲ နှုတ်ဆိတ်ကာ  အရှိန်ဖြင့် မောင်းထွက်လာခဲ့သည်။ သူအိမ်ပြန်ရောက်ပြီး သူ့ကွန်ပြူတာကိုဖွင့်ကြည့်လိုက်တော့ ရွှယ်ဇီရွမ် က စကားလုံးနှစ်လုံးပဲပါတဲ့ နောက်ထပ် Weibo ပို့စ်ကိုတင်ခဲ့သည်။

 လွမ်းတယ် - မင်းကိုလွမ်းတယ် ။

အတူတွဲတင်လာတဲ့ ပုံက ကြီးမားတဲ့ ထမင်းစား စားပွဲ၊ပေါ်တွင်  အရသာရှိတဲ့ ဟင်းတစ်ခွက်၊ နောက်ပန်းကန်ထဲကို လက်တစ်ဖက်က ပန်းကန်ကို ကိုင်ထားပေမယ့် နောက်ထိုင်ခုံက လွတ်နေပြီး သူစောင့်နေတဲ့ သူကတော့ အဝေးမှာ ရှိနေပါသေးသည့်ပုံပေါ်နေသည်။
 

မျက်ရည်ကျသော အီမိုဂျီကို တိုက်ဆိုင်စွာ ရွေးချယ်ကာ အောက်တွင် ပရိသတ်များက ဖြေကြားခဲ့သည်။

"ဟွမ်ရီ.... မင်းအစ်ကိုက မင်းကို ညစာစားဖို့ ခေါ်နေတယ်!"

အင်တာနက်သုံးစွဲသူတစ်ဦး၏ နာကျင်စွာတောင်းဆိုမှုကို လူအများက နောက်က လိုက်တင်ခဲ့သည်။
 

ကျိုးယွင်ရှန့်က Like မနှိပ်မီ ဆယ်မိနစ်ကြာအောင် ထိုပို့စ်ကို စိုက်ကြည့်နေခဲ့သည်။ သူသည် ရွှယ်ဇီရွမ် နှင့်ပတ်သက်သည့် သတင်းများကို စတင်ရှာဖွေခဲ့သည်။

လူငယ်လေးသည် ရန်လိုပြီး အေးစက်လာသည်နှင့်အမျှ၊ အချို့သောကုမ္ပဏီများအပါအဝင် ရွှယ် ၏ လုပ်ငန်းစုကို တိုးချဲ့လုပ်ဆောင်ရာတွင် တူညီသောကုမ္ပဏီများကို ပေါင်းစည်းလိုသောကြောင့် "လူသားစားမိကျောင်း" ဟု နာမည်တွင်ရသည်အထိ  စီးပွားရေးလောကတွင် အလွန်ဆိုးရွားသော နာမည်ဆိုးတစ်ခု တွင်လာခဲ့သည်။  

လွန်ခဲ့သောနှစ်နှစ်က ရွှယ်၏လုပ်ငန်းစုသည် ငွေကြေးနှင့်အိမ်ခြံမြေလုပ်ငန်းတွင် အဓိကလုပ်ကိုင်ခဲ့သော်လည်း ယခုအခါတွင် စက်ယန္တရားနှင့် အကြီးစားကုန်ထုတ်လုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိသည်။

ရွှယ်ဇီရွမ် သည် ကမ္ဘာ၏ အရပ်ရပ်သို့ သူ့စီးပွားရေးလက်တံကို ဖြန့်ကျက်ကာ သူ မုန်းတီးသည့် လုပ်ငန်းများကို   သားကောင်ကို  ဝါးမြိုသလို ဝါးမြိုပစ်လိုက်သည်။ တစ်ချိန်က စီးပွားရေး လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးက သူ့ကို တစ်ကမ္ဘာလုံးကို ဝယ်ဖို့ မုန်းတီးစွာလုပ်နေသူ လို့ ရွဲ့စောင်း ပြောခဲ့ဖူးတယ်။ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ၎င်းက အံ့အားသင့်ဖွယ် မျက်နှာအမူအရာဖြင့် ခေါင်းညိတ်ကာ ထိုပြောကြားချက်ကို သဘောတူခဲ့သည်။ အဲဒီညက သူ့အကောင့်ကနေ သူက ပို့စ်တင်ခဲ့သည်။

 ဒီ ကမ္ဘာမှာ မင်းကို ရှာမတွေ့ဘူးဆိုတော့ ငါက တစ်ကမ္ဘာလုံးကို ဝယ်ပစ်လိုက်မယ်။


*********-***********

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now