FOD Extra_1_Chapter(1-3) (Zawgyi+Unicode)

6.3K 875 0
                                    

FOD Extra_1_Chapter(1-3) (Zawgyi+Unicode)



ကျိုးယွင်ရှန့် သဘောတူလိုက်ပေမယ့် ကားပေါ်တက်တဲ့အခါ  ဒုက္ခတွေ့တော့သည်။ သူက အာဟာရဓာတ်ချို့တဲ့တာကြောင့်  ခန္ဓာကိုယ်ဖွံ့ဖြိုးခြင်း နှေးကွေးပြီး  အသက်16နှစ်ဖြစ်ပေမယ့် အရပ်က 1.6 meter လောက်ပဲရှိသည်။ ခန္ဓာကိုယ်က  ပါးလှပ်ပြီး လေတိုက်ရင်တောင် လွင့်ထွက်သွားတော့မလိုပိန်ပါးကာ  ပါးနှစ်ဖက်မှာ အနီရောင်အစက်အပြောက်လေးတွေရှိနေပြီး  ရုပ်ဆိုးတဲ့ပုံပေါက်နေသည်။

ကျိုးယွင်ရှန့် ရဲ့ ကိုယ် တစ်ဝက်ပဲကားပေါ်ရောက်ပြီး ကားပေါ်ကို တက်နိုင်ဖို့   ဟိုဟိုဒီဒီ ကိုင်ကြည့်ကာ   နေ့တစ်ဝက်အချိန်ယူမလိုဖြစ်နေတဲ့ အဖြစ်ကို မြင်တော့ လက်ထောက် လုပ်သူက  မျက်လုံးထဲမှာ  အထင်သေးခြင်း အပြည့်နဲ့ ထပ်ရယ်ပြန်သည်။ ရုပ်ချောတဲ့လူငယ်က မျက်နှာသေနဲ့ ကားမြန်မြန်ထွက်ဖို့ လက်ထောက်ကို
အမိန့်ပေး လိုက်သည်။ ရှောင်လျှို ရွာက  အဝေးမှာကျန်ရစ်ခဲ့ပြီး ကျိုးယွင်ရှန့် က ပြတင်းပေါက်ကိုမှီပြီး သက်တောင့်သက်သာ ထိုင်ကာ   ကားနောက်ကို အော်ပြီးပြေးလိုက်နေတဲ့ ဦးလေးတွေနဲ့အဒေါ်တွေကို ကြည့်နေသည်။

"Yi-Zi ဘဏ်စာအုပ်ဘယ်မှာလဲ။ သားက မြို့ပေါ်မှာ နေရတော့မှာ။ ပိုက်ဆံမှမလိုတော့တာ။ ဘဏ်စာအုပ်ကိုဘာလို့မထားခဲ့တာလဲ။ သားရဲ့ ညီလေးညီမလေးတွေကို ကျောင်းထားရဦးမယ်လေ"

ဘာကျောင်းထားပေးမှာလဲ။ အလုပ်သမားခေါင်းနဲ့ဆက်သွယ်ပြီး
နောက်နှစ် သူတို့သားသမီးတွေကို မြို့တက် အလုပ်လုပ်ခိုင်းတော့မှာ
မသိဘူးများထင်နေလား။ ကျိုးယွင်ရှန့် သိပြီးသားဖြစ်ပေမယ့် ထုတ်ပြောမည့်အစား  အမျိုးတွေကို လက်ပြပြီး အပြစ်ကင်းစွာပြုံးပြလိုက်သည်။

နာရီအတော်ကြာခရီးဆက်ပြီးနောက် အစိုးရရုံးစိုက်ရာ မြို့ကိုရောက်ရှိလာသည်။ ထိုမြို့မှတဆင့် လေယာဉ်နဲ့ စီးရသည်။ ထို့နောက် တစ်ရက်နဲ့တစ်ည သွားပြီးနောက် မြို့တော်ကိုရောက်လာသည်။ ရုပ်ချောသည့်လူငယ်က ခရီးစကတည်းက ဘာစကား မှ မပြောပေ။ ကျိုးယွင်ရှန့်က စကားပြောဖို့လုပ်တိုင်း လက်ထောက်က ဝင်ပြီး စကားလွှဲပစ်ကာ ရုပ်ချောတဲ့လူငယ်လေးကို မနှောင့်ယှက်အောင် လုပ်လိုက်သည်။


သူ့ကိုမလိုလားကြပေမယ့် ဘာကြောင့်အဝေးကြီးအထိ လာပြီး ခေါ်ခဲ့ကြတာလဲ။ ကျိုးယွင်ရှန့်  နားလည်လိုက်တာက သူ့ဆီမှာ သူတို့လိုချင်တဲ့ အရာတစ်ခုခုရှိရမည်။ သူနဲ့ သူ့ညီမ က ငယ်ငယ်ကတည်းကကွဲသွားကြပြီး မတွေ့ဖြစ်တာ ဆယ်စုနှစ်တောင် ကြာနေပြီ။ ဒီလိုမောင်နှမက သွေးရင်းဖြစ်ပေမယ့်  ဘာခံစားချက်မှ မရှိနိုင်ပေ။  သူအသက်ရှင်မှန်းသိလို့ သူ့ညီမကပြန်ခေါ်ပေးဖို့တောင်းဆို ခဲ့ပေမယ့် ဆုံးပါးသွားတဲ့မိဘနှစ်ပါးအကြောင်းကို တစ်ခွန်းမှမပြောသွား သဖြင့်  အခြေအနေက ထူးဆန်းနေသည်။

ဒါကိုစဉ်းစားမိတော့ ဒီမိသားစုနဲ့ပတ်သတ်ပြီး ကျိုးယွင်ရှန့်  စိုးရိမ်မှုလာခဲ့သည်။ ဒါပေမယ့် ခဏကြာတော့  စိုးရိမ်နေလည်း အလကားပဲဟုတွေးလိုက်သည်။  ဗီလိန် system ထိန်းချုပ်ထားသဖြင့်  မီးပင်လယ်ရှိနေရင်တောင် ဒီလမ်းကို  သူလျှောက်ရမှာဖြစ်သည်။

လင်းလက်နေတဲ့ မီးအလင်းရောင်တွေကို ငေးကြည့်ရင်း ကျိုးယွင်ရှန့်  သက်ပြင်းချလိုက်မိသည်။ ကားက စည်ကားတဲ့မြို့ကြီးကနေ မြို့ဆင်ခြေဖုံးရပ်ကွက်ဘက်ကို လာခဲ့သည်။  ကွေ့ကောက်သည့် တောင်ပတ်လမ်းကနေ ဖြတ်သွားပြီးနောက် ဂေါက်ကွင်းတစ်ခုသို့ ရောက်သွားသည်။ ရုပ်ချောတဲ့လူငယ်ရဲ့စံအိမ်က ဂေါက်ကွင်းရဲ့ ဧရိယာထဲမှာ  ရှိသဖြင့် သဘာဝရှုခင်းအရသော်လည်းကောင်း၊ တည်နေရာအရသော်လည်းကောင်း  ပိုက်ဆံရှိရုံနဲ့ ဝယ်လို့တော့မ ရနိုင်ပေ။

ကျိုးယွင်ရှန့် ဒီလူရဲ့မိသားစုကိုလက်ခံရတော့သည်။ သူက
လွှမ်းမိုးနိုင်ရုံတင်မက အရမ်းချမ်းသာတဲ့မိသားစုက ဖြစ်နေသည်။ မျှော်လင့်ထားတဲ့အတိုင်း သူ့ရဲ့အမွှာညီမက ဒီကမ္ဘာရဲ့ဇာတ်လိုက်မဖြစ်ပြီး ဝေးလံတဲ့ရွာလေးမှာမွေးဖွားခဲ့ရပေမယ့်  အရေးပါတဲ့မိသားစုက မွေးစား  ခံရသည်။ ဒီလိုကံကောင်းခြင်းမျိုးက ကောင်းကင်ဘုံနဲ့ ဆန့်ကျင်နေသည်။   လူတွေက ဝေးလံတဲ့ဒေသက ကလေးတွေ မွေးစားတာကိုနှစ်သက်ကြပြီး
တစ်ချို့က နိုင်ငံခြားက ကလေးတွေကိုတောင် မွေးစားကြသဖြင့် ဒီအချက်က နားလည်ဖို့မခက်ပေ။

ကားက ရေပန်းကိုကွေ့ပတ်ပြီး တံခါးရှေ့မှာ ဖြည်းညင်းစွာ ရပ်သွားသည်။ ကျိုးယွင်ရှန့် ကားပေါ်ကခုန်ဆင်းလိုက် အချိန်မှာပဲ system က ဒုတိယမြောက်တာဝန်ပေးလာသည်။

"ဒီမိသားစုထဲ ဝင်ရောက်ရန်"


ဒီမိသားစုနဲ့ ဆက်ဆံရေးကောင်းအောင် လုပ်ပြီး သူတို့ အသိအမှတ်ပြု လာအောင် လုပ်ရမည်ဆိုသည့်သဘောဖြစ်သည်။ ကျိုးယွင်ရှန့်   ကြောက်ရွံ့ဟန်လုပ်လိုက်ပြီး ရုပ်ချောတဲ့လူငယ်ထံ လျှောက်သွားပြီး
 အဖြူရောင်လက်အိတ်ဝတ်ထားသည့်လက်ကို ဆုပ်ကိုင်လိုက်သည်။

ရုပ်ချောတဲ့လူငယ်က ပေစုတ်စုတ်နဲ့ ကောင်လေး ဒီလိုလုပ်လိမ့်မယ်လို့ မထင်ထားပေ။ သူ ချက်ချင်း လက်ကိုရုန်းဖယ်လိုက်ပြီး အေးစက်စက် ရွံ့ရှာတဲ့လေသံနဲ့ ပြတ်သားစွာပြောလိုက်သည်။

"ငါ့ကိုမထိနဲ့။ ဒါက မင်းလိုက်နာရမယ့် ပထမဆုံးစည်းကမ်းပဲ "
 

သူ လိုက်နာရမယ့်စည်းမျဉ်းတွေ ပြောလာပြီပေါ့။ ဒါဆိုရင် သူ့ကို ဘာအတွက်ခေါ်လာတာလဲ။ အိမ်မွေးတိရစ္ဆာန်အနေနဲ့လား ၊ အစေခံအနေနဲ့လား ။ ဒါမှမဟုတ်သူတို့ရည်ရွယ်ချက် အောင်မြင်ဖို့
လက်နက်ကိရိယာအနေနဲ့လား။ ကျိုးယွင်ရှန့် သူ့အနာဂတ်ကို သေသေချာချာ သိလာသလို   နောက်ကို ခြေနှစ်လှမ်းပြန်ဆုတ်ပြီး  ခေါင်းကိုငုံ့ထားလိုက်သည်။ သူ့ရဲ့မုန်းတီးနေတဲ့အမူအရာမပေါ်စေဖို့ နဖူးပေါ်ဝဲကျနေတဲ့ဆံစရှည်တွေနဲ့ ဖုံးထားလိုက်သည်။

 ဧည့်ခန်းထဲကိုလျှောက်လာချိန် လူငယ်အနောက်မှ ကျိုးယွင်ရှန့် လိုက်သွားပြီး လက်ထောက်က အိတ်ကိုဆွဲပြီးအနောက်ကနေ လိုက်လာသည်။

"ကြိုဆိုပါတယ် သခင်လေး။ ရေပူအဆင်သင့်ဖြစ်နေပါပြီ။ သခင်လေး ရေချိုးနေတဲ့အချိန် ကျွန်တော်တို့ စားစရာပြင်ထားလိုက်ပါ့မယ်"

ဆံပင်ဖြူတွေနဲ့လူကြီးတစ်ယောက်က ခပ်မတ်မတ်အနေအထားနဲ့ သူတို့ကိုကြိုဆိုဖို့ တံခါးဆီကိုလျှောက်လာပြီး ရိုသေစွာပြောလိုက်သည်။
 သူ့ခေါင်းကို မော့လိုက်ချိန် ကျိုးယွင်ရှန့်ကို မြင်သွားပြီး သူ့ရဲ့အကြည့်က ကျိုးယွင်ရှန့် ရဲ့ရင်ဘတ်ကို အကြာကြီး စိုက်ကြည့်ကာ အကဲခတ်နေသည်။
 
"ဒါက သခင်မလေးရဲအကိုလား"

"အင်း။ သူ ရေချိုးဖို့ သူ့အခန်းဆီခေါ်သွားလိုက်။ သူက ညစ်ပတ်နေတယ်"

ရုပ်ချောတဲ့လူငယ်က မျက်မှောင်ကြုတ်ပြီးအမိန့်ပေးလိုက်တယ်။

"ကောင်းပါပြီခင်ဗျာ။ Mr.Huang ကျွန်တော်နဲ့လိုက်ခဲ့ပေးပါ"

လူကြီးက လမ်းပြကာ ခေါ်သွားသည်။

ကျိုးယွင်ရှန့် ခေါင်းငြိမ့်လိုက်ပြီး မျက်လုံးတွေက ဧည့်ခန်းထဲ ဝေ့ကြည့်နေသည်။ သူ့ရဲ့ အမွှာညီမ ကို မတွေ့ရပါလား။
သူတို့ဒီနေ့ရောက်မယ့်သတင်းကို လေယာဉ်ဆိုက်ပြီးပြီးချင်း လက်ထောက်က အကြောင်းကြားလိုက်သော်လည်း တစ်ယောက်မှ မတွေ့ရပေ။  သူ့ကို တကယ် ဂရုစိုက်တယ်ဆိုရင် ကြိုဆိုဖို့ ဧည့်ခန်းထဲမှာ စောင့်နေမှာဖြစ်ပြီး ဒီထက် သူ့အပေါ် ပိုကောင်းပြ မယ်ဆိုလျှင် တံခါးဝမှာ ရပ်စောင့်နေကြမှာ သေချာသည်။ အခုတော့ သူတို့စောင့်မနေကြပေ။ ရုပ်ချောတဲ့လူငယ်ကလွဲရင် ကျန်မိသားစုဝင်တွေ တစ်ယောက်မှ ပေါ်မလာပေ။ ဒါ့အပြင်  အိမ်တော်ထိန်း အဖိုးကြီး သူ့ကိုကြည့်တဲ့အကြည့်က လူသား တစ်ယောက် ကို ကြည့်တာထက်  လူသေတစ်ယောက် ကိုကြည့်တာ နဲ့ပိုတူကာ ထူးဆန်းနေသည်။  သူ့ရင်ဘတ်ကို အကြာကြီးကြည့်နေစဉ် အရိုးထဲထိစိမ့်လာပြီး အရေပြားပေါ်က အမွှေးတွေထောင်သွားသလိုခံစားလိုက်ရသည်။

သူတို့ ဘာတွေစီစဉ်နေကြတာလဲ။ ထောင်ချောက်ထဲ ကျပြီး ထွက်ပေါက် မရှိသည့် ခံစားချက် ကို ကျိုးယွင်ရှန့်မနှစ်သက်လေဘူး။
ဒါပေမယ့် ဗီလိန်system ကြောင့် တခြားသူတွေဖိနှိပ်သမျှ သူ ခံရဖို့ပဲရှိသည်။ ဒီလိုဘဝမျိုး ဘယ်တော့  အဆုံးသတ်မှာလဲ။ အဲ့အကြောင်းတွေးလိုက်တိုင်း ခါးသီးပြီး သည်းမခံနိုင်သည့် ခံစားချက်တွေ  ရင်ထဲက တိုးထွက်လာပေမယ့် သူ့မျက်နှာမှာ နှိမ့်ချသည့်အမူအရာကို တပ်ဆင်ထားသည်။

အိမ်တော်ထိန်းက ဒုတိယထပ်က အခန်းတစ်ခန်းဆီ သူ့ကိုခေါ်သွားပြီးပြောလိုက်သည်။

"အခုကစပြီး ဒီမှာပဲနေရ မယ်။ မရှင်းတာရှိရင် မေးလို့ရပါတယ်။ ကျွန်တော့်နာမည်က ဖူဘိုပါ။ ရွှယ်အိမ်တော်ရဲ့ အိမ်တော်ထိန်းပါ"

"ရွှယ်အိမ်တော်လား။ ကျွန်တော့်ညီမရဲ့မျိုးရိုးနာမည်က ရွှယ်လား။ သူမ နာမည် ဘယ်လိုခေါ်လဲ။အခု ညီမလေး ဘယ်မှာလဲ"
ကျိုးယွင်ရှန့် လေသံဖျော့ဖျော့လေးနဲ့မေးလိုက်သည်။

=======================

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now