Chapter (3-4)- အိမ္ကို ျပန္လာရသည့္ ခံစားခ်က္

6.9K 1K 4
                                    

Chapter (3-4) - အိမ္ကို ျပန္လာရသည့္ ခံစားခ်က္



႐ႊယ္က်င္းရီ၏မ်က္ႏွာသည္ အနီေရာင္ျဖစ္သြားၿပီး ရွက္႐ြံ႕စြာျဖင့္ မိမိဖက္တြယ္သည္ကို ေရွာင္တိမ္းသြားသည့္ အကိုႀကီးကို ေငးၾကည့္ကာ စကားမဆိုႏိုင္ေအာင္ျဖစ္ေနသည္။ ႐ႊယ္လီဒန္နီသည္ သားျဖစ္သူ၏ အေမးေၾကာင့္ စိတ္မရွည္စြာ ျပန္ေျဖလိုက္သည္။

"သား ေမ့သြားၿပီလား။ ဘာလို႔ သူ႔ကို ႐ုတ္တရက္ေမးတာလဲ။ သူက အခု စံအိမ္ေတာ္မွာ ခ်ဳပ္ထားတယ္ေလ။ ဘယ္လိုျဖစ္ျဖစ္ သူထြက္ေျပးလို႔ မရပါဘူး  "

ဟြမ္ရီက သူမ ေမြးစားသမီးရဲ႕ အကိုရင္းျဖစ္ေနတာေၾကာင့္ ခုလိုေျပာလိုက္တာ မသင့္ေတာ္ဘူးလို႔ ေတြးမိလို႔ ဖူဘိုကို တခ်က္ၾကည့္လိုက္သည္။ ဖူဘိုက အလိုက္တသိျဖင့္ ထိုေကာင္ေလးကို စံအိမ္ေတာ္မွာ ေသခ်ာေစာင့္ၾကပ္ကာ ထားရွိေၾကာင္း ႐ႊယ္ဇီ႐ြမ္ကို ေျဖၾကားလိုက္သည္။


သူတို႔ရဲ႕တုံ႔ျပန္မႈကိုျမင္ေတာ့ ႐ႊယ္ဇီ႐ြမ္၏ ႏွလုံးသားက နိမ့္ဆင္းသြားသလို ခံစားလိုက္ရသည္။ သူတို႔ စတင္ေနၿပီလား။ ရက္စက္သည့္ အႀကံစည္ျဖင့္ ေသြးေအးစြာ သတ္ျဖတ္ကာ ႏွလုံးကို ထုတ္ယူလိုက္ျခင္းျဖင့္ ေကာင္ေလးကို ေသေအာင္ႀကံစည္ခဲ့လို႔ သူခ်စ္တဲ့ေကာင္ေလး  သူ႔ကို ထာဝရစြန႔္ခြာသြားေစခဲ့သည္။ ႐ႊယ္ရန္ႏွင့္ ထိုေကာင္ေလး၏   ကမာၻႀကီးကို လႈပ္ခါေစေသာ မဂၤလာပြဲကို အမွတ္ရ ေသာအခါ သူ၏ႏွလုံး နာက်င္လာၿပီး ႐ႊယ္ဇီ႐ြမ္  ၏ ခႏၶာကိုယ္သည္ မထိန္းခ်ဳပ္ႏိုင္ေလာက္ေအာင္ တုန္ယင္လာခဲ့သည္။

"ကြၽန္ေတာ္ အခုေဆး႐ုံက ဆင္းခ်င္တယ္!"

သူသည္ အဝတ္မ်ားကိုေသသပ္စြာေခါက္ျခင္း မရွိဘဲ သူ၏ေသတၱာထဲသို႔ က်ပန္းထည့္ကာ ေျပာလိုက္သည္။ ႐ႊယ္ဇီ႐ြမ္၏ ယခုပုံစံက ႐ြယ္လီဒန္နီ ဘယ္လိုမွ မထင္ထားသည့္ လုပ္ရပ္ျဖစ္ေသာေၾကာင့္ ေသလုေအာင္စိတ္ ပူေနေပမယ့္ ေခါင္းမာသည့္ သားျဖစ္သူကို တားမရသျဖင့္ သူမ၏ လက္ေထာက္ကို ေဆး႐ုံဆင္းဖို႔ စီစဥ္ခိုင္းလိုက္ရေတာ့သည္။



 ဇိမ္ခံကားတစ္စီး ေဆး႐ုံ ဝင္ေပါက္တြင္ တျဖည္းျဖည္း ရပ္တန႔္သြားသည္။ ယာဥ္ေမာင္းသည္ ကားေပၚမွဆင္းၿပီး သူ၏အလုပ္ရွင္အတြက္ တံခါးဖြင့္လိုက္ေတာ့ ႐ႊယ္ဇီ႐ြမ္က ကားထဲ အျမန္ဝင္လိုက္သည္။ သူ႔ေနာက္မွ ႐ြယ္က်င္းရီ ကပ္လိုက္လာၿပီး ကားထဲဝင္မည္အျပဳ   "ေရွ႕တန္းကိုသြားပါ" ဟု  ေျပာလိုက္သည္။ သူက ေမြးစားညီမအတြက္ မည္သည့္ခံစားခ်က္မ်ိဳးမွ မရွိသည့္အျပင္ သူမကို မုန္းဖို႔ေတာင္ အားစိုက္ထုတ္ခ်င္စိတ္မရွိေပ။ မုန္းတယ္ဆိုတာ လူတစ္ေယာက္ကို အသိမွတ္ျပဳရာေရာက္ေနေသးသည္။ ႐ႊယ္က်င္းရီက သူ႔အမုန္းကိုပင္ ရရွိဖို႔ မထိုက္တန္ေပ။ ျဖစ္ႏိုင္မယ္ဆိုရင္ သူမႏွင့္ တူညီသည့္ ေနရာမွာေတာင္ မရွိခ်င္ေပ။ အခု အတူရွိရေတာ့ သူမ လုံးလုံးမရွိသလို လ်စ္လ်ဴရႈၿပီး သူမႏွင့္ တတ္ႏိုင္သမွ် ဆက္သြယ္ေျပာဆိုျခင္း မရွိေအာင္ ေရွာင္လိုက္သည္။

႐ႊယ္က်င္းရီသည္ ကားေမာင္းသမားဖြင့္ေပးသည့္ ကားေရွ႕ခန္းတြင္ စိတ္မေကာင္းစြာေငးၾကည့္ကာ ဝင္ထိုင္လိုက္သည္။ သူမ၏ သနားကမား အမူယာက ႐ႊယ္ဇီ႐ြမ္ ကို ႀကင္နာမႈမျဖစ္ေစရံုသာမက အရင္ဘဝက  သူမက သူ၏ အားနည္းကာ သနားစရာပံုစံကို အကာကြယ္ယူကာ သူမ၏အကိုရင္းကို အသံုးခ်ကာ ေနာက္ကြယ္မွေနျပီး လူသတ္မႈကို ရက္စက္စြာလုပ္ေဆာင္ခဲ့သည္ကို ျပန္သတိရလာေစသည္။

အကယ္၍ သူမအတြက္မဟုတ္ခဲ့ပါက သူႏွင့္ ေရွာင္ရီတို႔၏ ဆက္ဆံေရး သည္ျပန္လည္ျပဳျပင္လို႕ မရနုိင္သည့္ အဆင့္ကို ေရာက္သြားမည္ မဟုတ္ေပ။ ဒီအတြက္ သူလည္း အျပစ္မကင္းသလို ခံစားေနရသည္။ သူ႕အျပစ္လည္း ပါေသာေႀကာင့္ သူမကို အျပစ္တင္လည္း မထူးေတာ့ေပ။

ရႊယ္ဇီရြမ္သည္ အခုခံစားခ်က္ေႀကာင့္ မ်က္လုံးပူလာျပီး ငိုခ်င္စိတ္ ေပါက္လာေပမယ့္ ေအာင့္ထားလိုက္သည္။ အာကာသနယ္ေျမထဲတြင္ ရွိစဥ္ အရမ္းကို ျပိဳလဲေနသည့္ အေျခေနမွာေတာင္ ဘယ္လို ဆက္လက္ ရွင္သန္ရမည္ကို သူ သင္ယူခဲ့ျပီးျဖစ္သည္။  သူ႕ခ်စ္သူက သူနဲ႕ေဝးေန ရေပမယ့္ အင္တာနက္နွင့္ ဝိုင္ဖုိင္ရေနသေရႊ႕ အေဝးကေန သတင္း အခ်က္လက္ေတြ ကို ရယူျပီး သူ႕ကို ေတာက္ေလွ်ာက္ ေစာင့္ေရွာက္ေပး ခဲ့သည္။ ထိုေကာင္ေလး ေသျပီလို႕ ႀကားလိုက္ရတဲ့ ေန႕က သူ႕နွလံုးသား လည္း ေအးစက္သြားခဲ့သည္။

အခု သူျပန္လာၿပီ။ လူငယ္ေလးလည္း ဒီမွာရွိေနသည္။ ဒီထက္ေကာင္း တဲ့အရာ ဘာမွမရွိေတာ့သလို၊ အံ့ၾသစရာမရွိေတာ့ေပ။ ရႊယ္ဇီရြမ္သည္ သူ၏လက္သီးကို တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ထားျပီး  စိတ္လႈပ္ရွားမႈေၾကာင့္ မငိုမိေအာင္ အသက္ကို ျပင္းျပင္းရႈျပီး ထိန္းေနရသည္။

" သား၊ ဘာျဖစ္တာလဲ၊  မသက္မသာ ျဖစ္လာလို႕လား။ အေမတို႔ေဆး႐ုံကိုျပန္သြားမလား"

ရႊယ္လီဒန္နီ ကစိုးရိမ္တႀကီးေျပာလိုက္သည္။ ရြယ္က်င္းရီအတြက္ အိမ္တြင္ ကိုယ္ပိုင္ေဆးခန္းကို အထူးေဆာက္လုပ္ထားေပမယ့္ ႏွလုံးေရာဂါကုသရန္အတြက္ ကိရိယာမ်ားႏွင့္ေဆးဝါးမ်ားသာရွိသည္။ သူမသားက ဘာမွန္းမသိေမ့ေျမာသြားရာက သတိရလာျပီး စိတ္လႈပ္ရွားမႈကို မထိန္းခ်ဳပ္ႏိုင္ေသာ အေျခအေနတြင္ေဆး႐ုံ တက္ေနတာက  ပို၍ လုံၿခဳံသည္။

"ဒရိုင္ဗာ ျမန္ျမန္ေမာင္းပါ  "

 ရႊယ္ဇီရြမ္ ကအေျဖမပဲ ကားျမန္ျမန္ေမာင္းဖို႕ ေလာေဆာ္လိုက္သည္။

"သား ဘာျဖစ္လို႕လဲ... မင္းမ်က္နွာ ျဖဴေဖ်ာ့ေနတာေတာင္ ဆရာဝန္ မျပခ်င္တာ အေမ့ကို စိတ္ပူလို႕ ေသေစခ်င္တာလား  "

သူမ၏သားက ယခင္ကဲ့သို႕ ေအးတိေအးစက္နွင့္ လ်စ္လ်ဴရႈသည့္ပံုစံ ျဖစ္ေနေသာ္လည္း  ရႊယ္ဇီရြမ္ က ေႀကာက္ရြံ႕တုန္လႈပ္ေနသည္ကို   ရႊယ္လီဒန္နီက ပထမဆံုးျမင္ဖူးလိုက္ျခင္းျဖစ္သည္။

သူ ဘာကိုေၾကာက္ေနတာလဲ။

"အေမ၊ ကြ်န္ေတာ္ အဆင္ေျပတယ္။ ကြ်န္ေတာ္ အိမ္ျပန္နားခ်င္တယ္။ "

 ရႊယ္ဇီရြမ္ က အိမ္ကို အျမန္ျပန္ျပီး သူခ်စ္သည့္ လူငယ္ေလးနွင့္ ေတြ႕ခ်င္လွျပီ။ ဒါမွ ကြဲေႀကေနသည့္ သူ႕နွလံုးသားလည္း ျပန္ေကာင္းလာလိ္မ့္မည္။ နာက်င္ေနရသည့္ သူ႕စိတ္ဝိဥာဥ္လည္း ျငိမ္းခ်မ္းမႈရလိမ့္္္မည္။ ဒီလူငယ္ေလးေႀကာင့္ ေပါက္ဖြားလာသည့္ အခ်စ္၊ ဒီလူငယ္ေလးေႀကာင့္ ေသဆံုးသြားရသည့္ အခ်စ္တို႕ တဖန္ ျပန္လည္ျဖစ္တည္လာျပီး နွစ္ကိုယ့္တစိတ္ျပန္ျဖစ္သြားနုိင္မည္ဟု ေတြးကာ ရင္ထဲပန္းေတြပြင့္လာသလို ခံစားလိုက္ရသည္။

အကယ္၍ သူ႕မွာ ေတာင္ပံတစ္စုံရႏိုင္မယ္ဆုိရင္  ယခုခ်က္ခ်င္း ပ်ံသန္းသြားျပီး ခ်စ္ရသည့္ ေကာင္ေလးကို သူ႔လက္မ်ားျဖင့္ ိုခိုင္ၿမဲစြာဖက္ထားကာ ရင္ဘတ္ထဲသိုဝွက္ထားျပီး တခါတည္း အပိုင္သိမ္းထားခ်င္ေတာ့သည္။

==========================

Chapter (3-4) - အိမ်ကို ပြန်လာရသည့် ခံစားချက်



ရွှယ်ကျင်းရီ၏မျက်နှာသည် အနီရောင်ဖြစ်သွားပြီး ရှက်ရွံ့စွာဖြင့် မိမိဖက်တွယ်သည်ကို ရှောင်တိမ်းသွားသည့် အကိုကြီးကို ငေးကြည့်ကာ စကားမဆိုနိုင်အောင်ဖြစ်နေသည်။ ရွှယ်လီဒန်နီသည် သားဖြစ်သူ၏ အမေးကြောင့် စိတ်မရှည်စွာ ပြန်ဖြေလိုက်သည်။

"သား မေ့သွားပြီလား။ ဘာလို့ သူ့ကို ရုတ်တရက်မေးတာလဲ။ သူက အခု စံအိမ်တော်မှာ ချုပ်ထားတယ်လေ။ ဘယ်လိုဖြစ်ဖြစ် သူထွက်ပြေးလို့ မရပါဘူး  "

ဟွမ်ရီက သူမ မွေးစားသမီးရဲ့ အကိုရင်းဖြစ်နေတာကြောင့် ခုလိုပြောလိုက်တာ မသင့်တော်ဘူးလို့ တွေးမိလို့ ဖူဘိုကို တချက်ကြည့်လိုက်သည်။ ဖူဘိုက အလိုက်တသိဖြင့် ထိုကောင်လေးကို စံအိမ်တော်မှာ သေချာစောင့်ကြပ်ကာ ထားရှိကြောင်း ရွှယ်ဇီရွမ်ကို ဖြေကြားလိုက်သည်။


သူတို့ရဲ့တုံ့ပြန်မှုကိုမြင်တော့ ရွှယ်ဇီရွမ်၏ နှလုံးသားက နိမ့်ဆင်းသွားသလို ခံစားလိုက်ရသည်။ သူတို့ စတင်နေပြီလား။ ရက်စက်သည့် အကြံစည်ဖြင့် သွေးအေးစွာ သတ်ဖြတ်ကာ နှလုံးကို ထုတ်ယူလိုက်ခြင်းဖြင့် ကောင်လေးကို သေအောင်ကြံစည်ခဲ့လို့ သူချစ်တဲ့ကောင်လေး  သူ့ကို ထာဝရစွန့်ခွာသွားစေခဲ့သည်။ ရွှယ်ရန်နှင့် ထိုကောင်လေး၏   ကမ္ဘာကြီးကို လှုပ်ခါစေသော မင်္ဂလာပွဲကို အမှတ်ရ သောအခါ သူ၏နှလုံး နာကျင်လာပြီး ရွှယ်ဇီရွမ်  ၏ ခန္ဓာကိုယ်သည် မထိန်းချုပ်နိုင်လောက်အောင် တုန်ယင်လာခဲ့သည်။

"ကျွန်တော် အခုဆေးရုံက ဆင်းချင်တယ်!"

သူသည် အဝတ်များကိုသေသပ်စွာခေါက်ခြင်း မရှိဘဲ သူ၏သေတ္တာထဲသို့ ကျပန်းထည့်ကာ ပြောလိုက်သည်။ ရွှယ်ဇီရွမ်၏ ယခုပုံစံက ရွယ်လီဒန်နီ ဘယ်လိုမှ မထင်ထားသည့် လုပ်ရပ်ဖြစ်သောကြောင့် သေလုအောင်စိတ် ပူနေပေမယ့် ခေါင်းမာသည့် သားဖြစ်သူကို တားမရသဖြင့် သူမ၏ လက်ထောက်ကို ဆေးရုံဆင်းဖို့ စီစဉ်ခိုင်းလိုက်ရတော့သည်။



 ဇိမ်ခံကားတစ်စီး ဆေးရုံ ဝင်ပေါက်တွင် တဖြည်းဖြည်း ရပ်တန့်သွားသည်။ ယာဉ်မောင်းသည် ကားပေါ်မှဆင်းပြီး သူ၏အလုပ်ရှင်အတွက် တံခါးဖွင့်လိုက်တော့ ရွှယ်ဇီရွမ်က ကားထဲ အမြန်ဝင်လိုက်သည်။ သူ့နောက်မှ ရွယ်ကျင်းရီ ကပ်လိုက်လာပြီး ကားထဲဝင်မည်အပြု   "ရှေ့တန်းကိုသွားပါ" ဟု  ပြောလိုက်သည်။ သူက မွေးစားညီမအတွက် မည်သည့်ခံစားချက်မျိုးမှ မရှိသည့်အပြင် သူမကို မုန်းဖို့တောင် အားစိုက်ထုတ်ချင်စိတ်မရှိပေ။ မုန်းတယ်ဆိုတာ လူတစ်ယောက်ကို အသိမှတ်ပြုရာရောက်နေသေးသည်။ ရွှယ်ကျင်းရီက သူ့အမုန်းကိုပင် ရရှိဖို့ မထိုက်တန်ပေ။ ဖြစ်နိုင်မယ်ဆိုရင် သူမနှင့် တူညီသည့် နေရာမှာတောင် မရှိချင်ပေ။ အခု အတူရှိရတော့ သူမ လုံးလုံးမရှိသလို လျစ်လျူရှုပြီး သူမနှင့် တတ်နိုင်သမျှ ဆက်သွယ်ပြောဆိုခြင်း မရှိအောင် ရှောင်လိုက်သည်။

ရွှယ်ကျင်းရီသည် ကားမောင်းသမားဖွင့်ပေးသည့် ကားရှေ့ခန်းတွင် စိတ်မကောင်းစွာငေးကြည့်ကာ ဝင်ထိုင်လိုက်သည်။ သူမ၏ သနားကမား အမူယာက ရွှယ်ဇီရွမ် ကို ကြင်နာမှုမဖြစ်စေရုံသာမက အရင်ဘဝက  သူမက သူ၏ အားနည်းကာ သနားစရာပုံစံကို အကာကွယ်ယူကာ သူမ၏အကိုရင်းကို အသုံးချကာ နောက်ကွယ်မှနေပြီး လူသတ်မှုကို ရက်စက်စွာလုပ်ဆောင်ခဲ့သည်ကို ပြန်သတိရလာစေသည်။

အကယ်၍ သူမအတွက်မဟုတ်ခဲ့ပါက သူနှင့် ရှောင်ရီတို့၏ ဆက်ဆံရေး သည်ပြန်လည်ပြုပြင်လို့ မရနိုင်သည့် အဆင့်ကို ရောက်သွားမည် မဟုတ်ပေ။ ဒီအတွက် သူလည်း အပြစ်မကင်းသလို ခံစားနေရသည်။ သူ့အပြစ်လည်း ပါသောကြောင့် သူမကို အပြစ်တင်လည်း မထူးတော့ပေ။

ရွှယ်ဇီရွမ်သည် အခုခံစားချက်ကြောင့် မျက်လုံးပူလာပြီး ငိုချင်စိတ် ပေါက်လာပေမယ့် အောင့်ထားလိုက်သည်။ အာကာသနယ်မြေထဲတွင် ရှိစဉ် အရမ်းကို ပြိုလဲနေသည့် အခြေနေမှာတောင် ဘယ်လို ဆက်လက် ရှင်သန်ရမည်ကို သူ သင်ယူခဲ့ပြီးဖြစ်သည်။  သူ့ချစ်သူက သူနဲ့ဝေးနေ ရပေမယ့် အင်တာနက်နှင့် ဝိုင်ဖိုင်ရနေသရွှေ့ အဝေးကနေ သတင်း အချက်လက်တွေ ကို ရယူပြီး သူ့ကို တောက်လျှောက် စောင့်ရှောက်ပေး ခဲ့သည်။ ထိုကောင်လေး သေပြီလို့ ကြားလိုက်ရတဲ့ နေ့က သူ့နှလုံးသား လည်း အေးစက်သွားခဲ့သည်။

အခု သူပြန်လာပြီ။ လူငယ်လေးလည်း ဒီမှာရှိနေသည်။ ဒီထက်ကောင်း တဲ့အရာ ဘာမှမရှိတော့သလို၊ အံ့သြစရာမရှိတော့ပေ။ ရွှယ်ဇီရွမ်သည် သူ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး  စိတ်လှုပ်ရှားမှုကြောင့် မငိုမိအောင် အသက်ကို ပြင်းပြင်းရှုပြီး ထိန်းနေရသည်။

" သား၊ ဘာဖြစ်တာလဲ၊  မသက်မသာ ဖြစ်လာလို့လား။ အမေတို့ဆေးရုံကိုပြန်သွားမလား"

ရွှယ်လီဒန်နီ ကစိုးရိမ်တကြီးပြောလိုက်သည်။ ရွယ်ကျင်းရီအတွက် အိမ်တွင် ကိုယ်ပိုင်ဆေးခန်းကို အထူးဆောက်လုပ်ထားပေမယ့် နှလုံးရောဂါကုသရန်အတွက် ကိရိယာများနှင့်ဆေးဝါးများသာရှိသည်။ သူမသားက ဘာမှန်းမသိမေ့မြောသွားရာက သတိရလာပြီး စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်သော အခြေအနေတွင်ဆေးရုံ တက်နေတာက  ပို၍ လုံခြုံသည်။

"ဒရိုင်ဗာ မြန်မြန်မောင်းပါ  "

 ရွှယ်ဇီရွမ် ကအဖြေမပဲ ကားမြန်မြန်မောင်းဖို့ လောဆော်လိုက်သည်။

"သား ဘာဖြစ်လို့လဲ... မင်းမျက်နှာ ဖြူဖျော့နေတာတောင် ဆရာဝန် မပြချင်တာ အမေ့ကို စိတ်ပူလို့ သေစေချင်တာလား  "

သူမ၏သားက ယခင်ကဲ့သို့ အေးတိအေးစက်နှင့် လျစ်လျူရှုသည့်ပုံစံ ဖြစ်နေသော်လည်း  ရွှယ်ဇီရွမ် က ကြောက်ရွံ့တုန်လှုပ်နေသည်ကို   ရွှယ်လီဒန်နီက ပထမဆုံးမြင်ဖူးလိုက်ခြင်းဖြစ်သည်။

သူ ဘာကိုကြောက်နေတာလဲ။

"အမေ၊ ကျွန်တော် အဆင်ပြေတယ်။ ကျွန်တော် အိမ်ပြန်နားချင်တယ်။ "

 ရွှယ်ဇီရွမ် က အိမ်ကို အမြန်ပြန်ပြီး သူချစ်သည့် လူငယ်လေးနှင့် တွေ့ချင်လှပြီ။ ဒါမှ ကွဲကြေနေသည့် သူ့နှလုံးသားလည်း ပြန်ကောင်းလာလိမ့်မည်။ နာကျင်နေရသည့် သူ့စိတ်ဝိဉာဉ်လည်း ငြိမ်းချမ်းမှုရလိမ့််မည်။ ဒီလူငယ်လေးကြောင့် ပေါက်ဖွားလာသည့် အချစ်၊ ဒီလူငယ်လေးကြောင့် သေဆုံးသွားရသည့် အချစ်တို့ တဖန် ပြန်လည်ဖြစ်တည်လာပြီး နှစ်ကိုယ့်တစိတ်ပြန်ဖြစ်သွားနိုင်မည်ဟု တွေးကာ ရင်ထဲပန်းတွေပွင့်လာသလို ခံစားလိုက်ရသည်။

အကယ်၍ သူ့မှာ တောင်ပံတစ်စုံရနိုင်မယ်ဆိုရင်  ယခုချက်ချင်း ပျံသန်းသွားပြီး ချစ်ရသည့် ကောင်လေးကို သူ့လက်များဖြင့် ိုခိုင်မြဲစွာဖက်ထားကာ ရင်ဘတ်ထဲသိုဝှက်ထားပြီး တခါတည်း အပိုင်သိမ်းထားချင်တော့သည်။

==========================


ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now