FOD Extra 1 - Chapter (4-4) - ကိုယ့္ကို ကိုကိုလုိ႕ ေခၚ....

6K 1K 9
                                    

FOD Extra 1 - Chapter (4-4) - ကိုယ့္ကို ကိုကိုလုိ႕ ေခၚ....

ရႊယ္ဇီရႊမ္ ေျပာင္းလဲသြားတယ္လို႔ထင္တာ သူတစ္ေယာက္တည္းမဟုတ္ေပ။ Xiao Wang နဲ႔ ဖူဘိုတို႔လည္း သံသယျဖင့္ ေနာက္ကလိုက္လာၾကသည္။ Xiao Wang က သခင္ေလးကို ေဆးလိပ္မီးညႇိေပးရန္ ဆိုသည့္ အေၾကာင္းျပခ်က္ႏွင့္ လိုက္လာစဥ္ ဖူဘို႔ကို ရႊယ္လီဒန္နီက ေမးေနသည္။ သူမသား ဘယ္အခ်ိန္က ေဆးလိပ္ေသာက္တတ္သြားတာကို သူမသိခ်င္ေနသည္။ သူမသား သတိလစ္သြားၿပီး ျပန္သတိရလာေတာ့ ဘာေၾကာင့္ လူသစ္တစ္ေယာက္လို ေျပာင္းလဲသြားတာလဲဆိုတာ သူမ သိခ်င္ေနသည္။

ေလွကားကက်ဥ္းေပမယ့္ ရႊယ္ဇီရႊမ္က သူ႔ကုတ္အက်ႌကိုခြ်တ္ကာ ေလွကားထက္မွာခင္းၿပီး ဟြမ္ရီ႕ကို နံရံဘက္ပိုင္းမွာထိုင္ေစသည္။ သူေဆးလိပ္ေသာက္ေနစဥ္ ေကာင္ေလး ထြက္ေျပးသြားမည္ကိုေၾကာက္လို႔ ခုလိုစီစဥ္တာျဖစ္သည္။ ေကာင္ေလးထိုင္ခ်လိုက္ၿပီး ထြက္မေျပးတာေသခ်ာေတာ့မွ Xiao Wang ကို 'မီး' လို႔ေျပာလိုက္သည္။

Xiao Wang က စီးကရက္ကိုမီးညႇိေပးေတာ့ သခင္ေလးက လက္တစ္ဖက္နဲ႔ ေလကိုကာၿပီး မီးညႇိကာ စီးကရက္ေငြ႕ကိုရႈိက္ဖြာၿပီး ႏွာေခါင္းထဲကအေငြ႕ကို ထုတ္လိုက္သည္။ သခင္ေလးက ခုမွေဆးလိပ္ေသာက္ကာစလူလို မဟုတ္ဘဲ ဝါရင့္ေဆးလိပ္သမားလို ကြ်မ္းက်င္တာေတြ႕ေတာ့ အံ့အားသင့္ေနမိသည္။

ဖူဘိုက တြန္႔ဆုတ္စြာျဖင့္ တီးတိုးေျပာလိုက္သည္။

"သခင္ေလး ဘယ္တုန္းက ေဆးလိပ္ေသာက္တတ္သြားတာလဲ.. ေဆးလိပ္ေသာက္လြန္းရင္ က်န္းမာေရးကို ထိခိုက္လိမ့္မယ္.. ေဆးလိပ္ျဖတ္လိုက္တာ ေကာင္းပါတယ္.."

ရႊယ္ဇီရႊမ္က တိတ္ဆိတ္စြာ ေဆးလိပ္ဖြာရင္း ဖူဘို႔ကို လူစိမ္းတစ္ေယာက္လို စိုက္ၾကည့္လိုက္သည္။ သူ ဘယ္အခ်ိန္ကတည္းက ေဆးလိပ္ေသာက္တတ္သြားတာလဲ..။ သူ မမွတ္မိေတာ့ေပ။

အဆံုးမဲ့ ပူျပင္းနာက်င္မႈကို ခံစားေနရတဲ့အခ်ိန္ သူ႔ဦးေႏွာက္နဲ႔လည္ေခ်ာင္းကို ေလာင္ကြ်မ္းမတတ္ျဖစ္ေစတဲ့ မီးခိုးေငြ႕ေတြကပဲ သူ႔စိတ္ကို ၿငိမ္သက္ေစခဲ့သည္။ တိတ္ဆိတ္တဲ့ညေတြမွာ မဆံုးႏိုင္တဲ့ညႇင္းပန္းမႈကို ခံေနရခ်ိန္မွာ သူက အရက္နဲ႔မူးယစ္ေဆးကိုသံုးၿပီး သူ႔ဘဝကို အဆံုးသတ္ခ်င္စိတ္ေပၚခဲ့ေပမယ့္ ငရဲမွာတစ္ေယာက္တည္းေနရၿပီး ေကာင္ေလးကိုလြမ္းေနရမွာစိုးလို႔ သူ႔ခႏၶာကိုယ္ကို ထိန္းသိမ္းခဲ့ရသည္။

ေဆးလိပ္ေသာက္ျခင္းကသာ သူ႔ကို စိတ္သက္သာရာရေစသည္။ ေမ်ာလြင့္ေနသည့္ စီးကရက္ေငြ႕ထဲမွာ အတိတ္ကိုျပန္ေတြးၿပီး လူငယ္ေလး သူ႔ႏွလံုးသားထဲ စတင္ဝင္ေရာက္လာခ်ိန္ကိုေတြးၿပီး ေပ်ာ္ရႊင္မႈကို ထပ္ခါထပ္ခါ ခံစားေနခဲ့သည္။ သူ႔မွာ ဒီမွတ္ဥာဏ္ကလြဲၿပီး ဘာမွမက်န္ရစ္ခဲ့ေတာ့ေပ။

အသက္ရႉၾကပ္တဲ့ခံစားခ်က္ေၾကာင့္ ရႊယ္ဇီရႊမ္ အေတြးထဲက ႏိုးထလာခဲ့သည္။ သူ စိတ္ပ်က္လက္ပ်က္ ရုန္းကန္ေနရသည့္ အခ်ိန္ကိုေက်ာ္ၿပီး ျပန္လည္ေမြးဖြားခဲ့ၿပီဆိုတာ သတိရလိုက္သည္။ ခုဘဝေတာ့ အရာအားလံုးကို ျပန္ျပင္ခြင့္ရေတာ့မည္။ သူက ေက်နပ္စြာ ခပ္တိုးတိုးရယ္ၿပီး စီးကရက္ျပာကို လက္ႏွင့္ေတာက္ကာ ေခြ်လိုက္သည္။ သူက ေဘးမွာထိုင္ေနသည့္ ခ်ာတိတ္ေလး၏ပုခံုးကို ဖက္ကာ လႈပ္လိုက္သည္။

ေျမျပင္ေပၚဖင္ထိုင္ခ်ၿပီး ပင္ပန္းႏြမ္းနယ္ေပမယ့္ ေပ်ာ္ရႊင္သည့္အမူအယာႏွင့္ ေဆးလိပ္ေသာက္ေနေသာ ရႊယ္ဇီရႊမ္က သူေဌးသားသခင္ေလးပံုစံထက္ ေရႊ႕ေျပာင္းအလုပ္သမားပံု ေပါက္ေနတာ က်ိဳးယြင္ရွန္႔ကို အံ့အားသင့္ေစသည္။ သူ ဘာေၾကာင့္ ဒီေလာက္ေျပာင္းလဲသြားရတာလဲ။ ဘာေၾကာင့္ရယ္မသိေပမယ့္ ရႊယ္ဇီရႊမ္ရဲ႕ပံုစံက ပိုၿပီးႏွစ္လိုဖြယ္ေကာင္းသည္။ သူ႔ကို ဘာေၾကာင့္ ဒီၿမိဳ႕ေတာ္ကိုေခၚလာတယ္ဆိုတာ သိေပမယ့္ ရႊယ္မိသားစုဝင္ေတြထက္ သူက ပိုေကာင္းသည္ဟု ယွဥ္ၾကည့္ေနမိသည္။

ဖူဘိုက ရင္ဘတ္ကိုလက္ႏွင့္ဖိကာ ေဒါသထြက္ေနမိသည္။ ဘယ္တုန္းက သခင္ေလး ေဆးလိပ္ေသာက္တာ ျမင္ဖူးလို႔လဲ။ ဘယ္တုန္းက ခုလိုညစ္ပတ္သည့္ေလွကားမွာ ဖင္ခ်ထိုင္တာ ျမင္ဖူးလို႔လဲ။ ဘယ္တုန္းက သူ႔ပံုစံကို ဘယ္သူျမင္ျမင္ ဂရုမစိုက္သည့္ပံု ျမင္ဖူးခဲ့လို႔လဲ။ သူက သူ႔ကုတ္အက်ႌကို ေျမျပင္ေပၚ ဟြမ္ရီထိုင္ဖို႔ေတာင္ ခင္းေပးၿပီး သူကေတာ့ ညစ္ပတ္သည့္ေလွကားထစ္မွာ ထိုင္ေနသည္။ သခင္ေလးက တကယ္ပဲ အစြန္းေရာက္ စိတ္ႏွစ္ခြျဖစ္ေနၿပီဟု ထင္လိုက္သည္။ သူက ဂရုမစိုက္လွ်င္ သူ႔ကို ဘယ္လိုအျပစ္တင္ေနပါေစ၊ သူက တစ္ခ်က္ေတာင္ လွည့္ၾကည့္မည္မဟုတ္ေပ။

အခုကစၿပီး သခင္ေလးကို ဘယ္သူကမွ ထိန္းလို႔မရႏိုင္ေတာ့ေပ။ ဖူဘိုက ဒီကိစၥက လူငယ္သဘာဝ ပုန္ကန္တာပဲလို႔ အတင္းေတြးၿပီး သူ႔ဘာသာ စိတ္သက္သာရာရေအာင္ လုပ္ယူေနရသည္။ သူဘာေျပာေျပာ မထူးတာသိလို႔ Xiao Wang ကို ေဘးမွာ လိုတာလုပ္ေပးဖို႔ထားရစ္ၿပီး မဒမ္ဆီကို ျပန္လာခဲ့သည္။

"မင္းေကာ တစ္လိပ္ယူမလား.."

Xiao Wang က ဖူဘိုလိုမဟုတ္ေပ။ သူ႔ပါးစပ္မွာ စီးကရက္တစ္လိပ္တပ္ၿပီး ဟြမ္ရီကိုေမးလိုက္သည္။ က်ိဳးယြင္ရွန္႔က သူမ်ားေဆးလိပ္ေသာက္တာကို စိတ္မပ်က္ေပမယ့္ သူကေတာ့ လံုးဝ ေဆးလိပ္မေသာက္တတ္ေပ။ သူက လက္ေဝွ႔ယမ္းၿပီး ျငင္းမယ္အလုပ္ ရႊယ္ဇီရႊမ္က ဦးေအာင္ေျပာလိုက္သည္။

"ေရွာင္ရီက ေဆးလိပ္မေသာက္ဘူး.. အက်င့္ဆိုးေတြ မသင္ေပးနဲ႔.."

ဒါေပမယ့္ သူေလးက ေဆးျပင္းလိပ္ကို လွိမ့္ေပးၿပီး ျဖတ္ေပးရာမွာ တကယ္ေတာ္သည္။ သူက Xue Yu အတြက္ ေသခ်ာသင္ယူခဲ့သည္။

ရႊယ္ဇီရႊမ္က အတိတ္ကိုသတိရလိုက္ၿပီး ရုတ္တရက္ထရပ္ကာ ေကာင္ေလးရဲ႕ ေနာက္ေလွကားထစ္ေတြမွာ ေျပာင္းထိုင္ၿပီး ေကာင္ေလးရဲ႕ကိုယ္ေလးကို သူ႔ေျခေထာက္ႏွစ္ဖက္ၾကားထားတာ အေပၚမွသိုင္းဖက္ထားလိုက္သည္။ ဒါမွ သူ႔ရင္ထဲ ေအးစက္ေၾကာက္ရြံ႕ျခင္းေတြ ေလ်ာ့ပါးသြားသလိုပင္။ သူက ေကာင္ေလးကို ရင္ခြင္ထဲေပြ႕ဖက္ရင္း ေဆးလိပ္ကိုရႈိက္ဖြာကာ မမွတ္မိခ်င္သည့္ အတိတ္ျဖစ္ရပ္ကို ပါသြားလိုပါသြားျငား ေဆးလိပ္ေငြ႕ကို မႈတ္ထုတ္လိုက္ေတာ့သည္။

က်ိဳးယြင္ရွန္႔၏မ်က္ႏွာေပၚမွာ အနက္ေရာင္လႈိင္းေတြေပၚလာၿပီး ဖက္ထားသည့္လက္ေမာင္းၾကားမွ ႏွစ္ခါေလာက္ ရုန္းၾကည့္ေပမယ့္ ပိုတင္းတင္းဖက္ခံလိုက္ရလို႔ ၿငိမ္သြားရေတာ့သည္။ ရႊယ္ဇီရႊမ္က သတိျပန္ရလာကတည္းက သူ႔ကို မကိုင္ထား၊ မဖက္ထားရလွ်င္ ေသေတာ့မလိုခံစားေနရတာ ထင္ရွားသည္။ သူ႔အသားကို ထိေတြ႕ေနရတာကို ပိုမိုစြဲလန္းလာသလို ထင္ရသည္။ ဒါက ပိုေျပာတာမဟုတ္ေပ။ သူ႔လႈပ္ရွားမႈတိုင္းက အင္အားျပည့္ဝေနၿပီး က်ိဳးယြင္ရွန္႔ကို သူ႔ေဘးမွာ တစ္ခ်ိန္လံုး ပူးခ်ည္ထားခ်င္သလို လုပ္ေနေတာ့သည္။

ၾကာလာေလ သူ႔ပံုစံက ပိုဆိုးလာေလျဖစ္လို႔ က်ိဳးယြင္ရွန္႔က သူ႔ကို တိုက္တြန္းၾကည့္လိုက္သည္။

"Mr.Xue.. ဦးေႏွာက္ CT ဓာတ္မွန္ မရိုက္ၾကည့္ခ်င္ဘူးလားဟင္.."

တကယ္လို႔ သူက ဦးေႏွာက္နဲ႔အာရံုေၾကာဌာနမွာ ဓာတ္မွန္သြားရိုက္ရင္ တခဏေတာ့ က်ိဳးယြင္ရန္႔လည္း လြတ္လပ္စြာေနရမလားလို႔ ေမွ်ာ္လင့္ကာ ေျပာလိုက္သည္။

"ကိုယ့္ကို ကိုကိုလို႔ေခၚ.."

ရႊယ္ဇီရႊမ္၏ ထြက္သက္ေလေႏြးေႏြးက ေဆးလိပ္နံ႔ႏွင့္ေရာကာ က်ိဳးယြင္ရွန္႔၏နားရြက္နားကို တိုးေဝွ႔လာၿပီး နားရြက္ကို နီရဲလာေစသည္။

က်ိဳးယြင္ရွန္႔က နားရြက္ကိုလက္ႏွင့္ပြတ္ကာ ေျပာလိုက္သည္။

"Mr.Xue လို႔ေခၚရမယ္ဆိုၿပီး ကြ်န္ေတာ့္ကို ေျပာခဲ့တယ္မဟုတ္လား.."

"အဲ့ဒီရႊယ္ဇီရႊမ္က ငတံုး.. သူေျပာခဲ့တာကို မင္း ဂရုမစိုက္ပါနဲ႔ ကိုယ့္ကို ကိုကိုလို႔ေခၚရင္ ကိုယ္ CT ရိုက္မယ္.."

ရႊယ္ဇီရႊမ္က သေဘာေကာင္းစြာ ေျပာလိုက္သည္။

က်ိဳးယြင္ရွန္႔က ရႊယ္မိသားစုကို စိတ္ထဲမွာမထည့္ထားလို႔ တစ္ဖက္လူကိုဘယ္လိုေခၚေခၚ သူ႔အတြက္ ကိစၥမရွိေပ။ သူက ရွက္ခ်င္ေယာင္ေဆာင္ၿပီး ႏူးညံ့သည့္အသံေလးျဖင့္ 'ကိုကို' ဟုေခၚလိုက္သည္။

ရႊယ္ဇီရႊမ္က ေပ်ာ္ရႊင္စြာျပံဳးလိုက္ၿပီး သူ႔မ်က္ဝန္းထဲ မ်က္ရည္တို႔ေဝ့ကာ ျမင္ကြင္းတို႔ဝါးလာသလို ခံစားလိုက္ရသည္။ သူက ဆတ္ခနဲထကာ ေကာင္ေလးကိုဆြဲေခၚၿပီး CT ရိုက္ဖို႔ ထြက္လာခဲ့သည္။ ေလွကားထစ္မွာခင္းထားသည့္ သူ႔ကုတ္အက်ႌကို ျပန္ယူဖို႔စိတ္မကူးေပ။ Xiao Wang က ထိတ္လန္႔ကာ ေအာ္ေမးလိုက္သည္။

"သခင္ေလး.. CT သြားရိုက္မလို႔လား.."

သူ႔ကို CT ရိုက္ဖို႔ မဒမ္ရႊယ္လီဒန္နီႏွင့္ သူ႔ညီမရႊယ္က်င္းရီတို႔ ဘယ္ေလာက္ေျပာေျပာ တုတ္တုတ္မလႈပ္ခဲ့သမွ် ခုေတာ့ ဒီေတာသားမင္စာေလးက 'ကိုကို' တစ္ခြန္းေခၚရံုႏွင့္ ခ်က္ခ်င္းထသြားသည္။ သခင္ေလးက ဒီေကာင္ေလးကို ဘယ္ေလာက္က်တယ္ဆိုတာ ျပေနတာပဲ။ သ င္ေလးက ဒီေကာင္ေလးကို လွည့္စားေနတာမ်ားလား..။

ရႊယ္ဇီရႊမ္က ျပန္မေျဖဘဲ ေကာင္ေလးလက္ကိုဆြဲကာ ဓာတ္ေလွကားထဲ ဝင္သြားေတာ့သည္။ ဓာတ္ေလွကားထဲက တျခားလူေတြ ေကာင္ေလးကိုမထိမိေစဖို႔ သူက ဟြမ္ရီ႕ကို ေထာင့္မွာထားၿပီး လက္ႏွစ္ဖက္နဲ႔ နံရံကိုေထာက္ထားကာ ေကာင္ေလးဦးေခါင္းထက္က ႏူးညံ့သည့္ဆံပင္မ်ားကို ေငးၾကည့္ကာ ေမးလိုက္သည္။

"ေရွာင္ရီက ကိုယ့္ကို စိတ္ပူလို႔လားဟင္.."

"အင္း.."

က်ိဳးယြင္ရွန္႔က ဒီလိုေလးပဲ ျပန္ေျဖလိုက္သည္။ ဓာတ္ေလွကားထဲ လူပိုၾကပ္လာလို႔ သူတို႔ႏွစ္ေယာက္ၾကားက ပိုပိုနီးလာၿပီး တစ္ေယာက္ထြက္သက္က တစ္ေယာက္ကို ရိုက္ခတ္သည္အထိ ပူးကပ္လာသည္။ ဒီလူငယ္ေလး၏ ပူေႏြးသည့္ကိုယ္ေငြ႕ႏွင့္ သင္းသည့္ ကိုယ္နံ႔က က်ဳိးယြင္ရွန္႔ကို မသက္မသာျဖစ္ လာေစ သည္။ ေခ်ာေမာလွပလြန္းသည့္ ရုပ္ရည္၊ သြယ္ေျဖာင့္သည့္ အရပ္၊ ႏူးညံ့ၾကင္နာလာသည့္ စိတ္သေဘာထားႏွင့္ ေပါင္းစပ္လိုက္ေသာ အခါ ဒီလူက က်ရႈံးဖို႔ တကယ္ကို ဆြဲေဆာင္မႈ အားႀကီး လို႔ေနေလၿပီ။

==========================

FOD Extra 1 - Chapter (4-4) - ကိုယ့်ကို ကိုကိုလို့ ခေါ်....

ရွှယ်ဇီရွှမ် ပြောင်းလဲသွားတယ်လို့ထင်တာ သူတစ်ယောက်တည်းမဟုတ်ပေ။ Xiao Wang နဲ့ ဖူဘိုတို့လည်း သံသယဖြင့် နောက်ကလိုက်လာကြသည်။ Xiao Wang က သခင်လေးကို ဆေးလိပ်မီးညှိပေးရန် ဆိုသည့် အကြောင်းပြချက်နှင့် လိုက်လာစဉ် ဖူဘို့ကို ရွှယ်လီဒန်နီက မေးနေသည်။ သူမသား ဘယ်အချိန်က ဆေးလိပ်သောက်တတ်သွားတာကို သူမသိချင်နေသည်။ သူမသား သတိလစ်သွားပြီး ပြန်သတိရလာတော့ ဘာကြောင့် လူသစ်တစ်ယောက်လို ပြောင်းလဲသွားတာလဲဆိုတာ သူမ သိချင်နေသည်။

လှေကားကကျဉ်းပေမယ့် ရွှယ်ဇီရွှမ်က သူ့ကုတ်အင်္ကျီကိုချွတ်ကာ လှေကားထက်မှာခင်းပြီး ဟွမ်ရီ့ကို နံရံဘက်ပိုင်းမှာထိုင်စေသည်။ သူဆေးလိပ်သောက်နေစဉ် ကောင်လေး ထွက်ပြေးသွားမည်ကိုကြောက်လို့ ခုလိုစီစဉ်တာဖြစ်သည်။ ကောင်လေးထိုင်ချလိုက်ပြီး ထွက်မပြေးတာသေချာတော့မှ Xiao Wang ကို 'မီး' လို့ပြောလိုက်သည်။

Xiao Wang က စီးကရက်ကိုမီးညှိပေးတော့ သခင်လေးက လက်တစ်ဖက်နဲ့ လေကိုကာပြီး မီးညှိကာ စီးကရက်ငွေ့ကိုရှိုက်ဖွာပြီး နှာခေါင်းထဲကအငွေ့ကို ထုတ်လိုက်သည်။ သခင်လေးက ခုမှဆေးလိပ်သောက်ကာစလူလို မဟုတ်ဘဲ ဝါရင့်ဆေးလိပ်သမားလို ကျွမ်းကျင်တာတွေ့တော့ အံ့အားသင့်နေမိသည်။

ဖူဘိုက တွန့်ဆုတ်စွာဖြင့် တီးတိုးပြောလိုက်သည်။

"သခင်လေး ဘယ်တုန်းက ဆေးလိပ်သောက်တတ်သွားတာလဲ.. ဆေးလိပ်သောက်လွန်းရင် ကျန်းမာရေးကို ထိခိုက်လိမ့်မယ်.. ဆေးလိပ်ဖြတ်လိုက်တာ ကောင်းပါတယ်.."

ရွှယ်ဇီရွှမ်က တိတ်ဆိတ်စွာ ဆေးလိပ်ဖွာရင်း ဖူဘို့ကို လူစိမ်းတစ်ယောက်လို စိုက်ကြည့်လိုက်သည်။ သူ ဘယ်အချိန်ကတည်းက ဆေးလိပ်သောက်တတ်သွားတာလဲ..။ သူ မမှတ်မိတော့ပေ။

အဆုံးမဲ့ ပူပြင်းနာကျင်မှုကို ခံစားနေရတဲ့အချိန် သူ့ဦးနှောက်နဲ့လည်ချောင်းကို လောင်ကျွမ်းမတတ်ဖြစ်စေတဲ့ မီးခိုးငွေ့တွေကပဲ သူ့စိတ်ကို ငြိမ်သက်စေခဲ့သည်။ တိတ်ဆိတ်တဲ့ညတွေမှာ မဆုံးနိုင်တဲ့ညှင်းပန်းမှုကို ခံနေရချိန်မှာ သူက အရက်နဲ့မူးယစ်ဆေးကိုသုံးပြီး သူ့ဘဝကို အဆုံးသတ်ချင်စိတ်ပေါ်ခဲ့ပေမယ့် ငရဲမှာတစ်ယောက်တည်းနေရပြီး ကောင်လေးကိုလွမ်းနေရမှာစိုးလို့ သူ့ခန္ဓာကိုယ်ကို ထိန်းသိမ်းခဲ့ရသည်။

ဆေးလိပ်သောက်ခြင်းကသာ သူ့ကို စိတ်သက်သာရာရစေသည်။ မျောလွင့်နေသည့် စီးကရက်ငွေ့ထဲမှာ အတိတ်ကိုပြန်တွေးပြီး လူငယ်လေး သူ့နှလုံးသားထဲ စတင်ဝင်ရောက်လာချိန်ကိုတွေးပြီး ပျော်ရွှင်မှုကို ထပ်ခါထပ်ခါ ခံစားနေခဲ့သည်။ သူ့မှာ ဒီမှတ်ဉာဏ်ကလွဲပြီး ဘာမှမကျန်ရစ်ခဲ့တော့ပေ။

အသက်ရှူကြပ်တဲ့ခံစားချက်ကြောင့် ရွှယ်ဇီရွှမ် အတွေးထဲက နိုးထလာခဲ့သည်။ သူ စိတ်ပျက်လက်ပျက် ရုန်းကန်နေရသည့် အချိန်ကိုကျော်ပြီး ပြန်လည်မွေးဖွားခဲ့ပြီဆိုတာ သတိရလိုက်သည်။ ခုဘဝတော့ အရာအားလုံးကို ပြန်ပြင်ခွင့်ရတော့မည်။ သူက ကျေနပ်စွာ ခပ်တိုးတိုးရယ်ပြီး စီးကရက်ပြာကို လက်နှင့်တောက်ကာ ချွေလိုက်သည်။ သူက ဘေးမှာထိုင်နေသည့် ချာတိတ်လေး၏ပုခုံးကို ဖက်ကာ လှုပ်လိုက်သည်။

မြေပြင်ပေါ်ဖင်ထိုင်ချပြီး ပင်ပန်းနွမ်းနယ်ပေမယ့် ပျော်ရွှင်သည့်အမူအယာနှင့် ဆေးလိပ်သောက်နေသော ရွှယ်ဇီရွှမ်က သူဌေးသားသခင်လေးပုံစံထက် ရွှေ့ပြောင်းအလုပ်သမားပုံ ပေါက်နေတာ ကျိုးယွင်ရှန့်ကို အံ့အားသင့်စေသည်။ သူ ဘာကြောင့် ဒီလောက်ပြောင်းလဲသွားရတာလဲ။ ဘာကြောင့်ရယ်မသိပေမယ့် ရွှယ်ဇီရွှမ်ရဲ့ပုံစံက ပိုပြီးနှစ်လိုဖွယ်ကောင်းသည်။ သူ့ကို ဘာကြောင့် ဒီမြို့တော်ကိုခေါ်လာတယ်ဆိုတာ သိပေမယ့် ရွှယ်မိသားစုဝင်တွေထက် သူက ပိုကောင်းသည်ဟု ယှဉ်ကြည့်နေမိသည်။

ဖူဘိုက ရင်ဘတ်ကိုလက်နှင့်ဖိကာ ဒေါသထွက်နေမိသည်။ ဘယ်တုန်းက သခင်လေး ဆေးလိပ်သောက်တာ မြင်ဖူးလို့လဲ။ ဘယ်တုန်းက ခုလိုညစ်ပတ်သည့်လှေကားမှာ ဖင်ချထိုင်တာ မြင်ဖူးလို့လဲ။ ဘယ်တုန်းက သူ့ပုံစံကို ဘယ်သူမြင်မြင် ဂရုမစိုက်သည့်ပုံ မြင်ဖူးခဲ့လို့လဲ။ သူက သူ့ကုတ်အင်္ကျီကို မြေပြင်ပေါ် ဟွမ်ရီထိုင်ဖို့တောင် ခင်းပေးပြီး သူကတော့ ညစ်ပတ်သည့်လှေကားထစ်မှာ ထိုင်နေသည်။ သခင်လေးက တကယ်ပဲ အစွန်းရောက် စိတ်နှစ်ခွဖြစ်နေပြီဟု ထင်လိုက်သည်။ သူက ဂရုမစိုက်လျှင် သူ့ကို ဘယ်လိုအပြစ်တင်နေပါစေ၊ သူက တစ်ချက်တောင် လှည့်ကြည့်မည်မဟုတ်ပေ။

အခုကစပြီး သခင်လေးကို ဘယ်သူကမှ ထိန်းလို့မရနိုင်တော့ပေ။ ဖူဘိုက ဒီကိစ္စက လူငယ်သဘာဝ ပုန်ကန်တာပဲလို့ အတင်းတွေးပြီး သူ့ဘာသာ စိတ်သက်သာရာရအောင် လုပ်ယူနေရသည်။ သူဘာပြောပြော မထူးတာသိလို့ Xiao Wang ကို ဘေးမှာ လိုတာလုပ်ပေးဖို့ထားရစ်ပြီး မဒမ်ဆီကို ပြန်လာခဲ့သည်။

"မင်းကော တစ်လိပ်ယူမလား.."

Xiao Wang က ဖူဘိုလိုမဟုတ်ပေ။ သူ့ပါးစပ်မှာ စီးကရက်တစ်လိပ်တပ်ပြီး ဟွမ်ရီကိုမေးလိုက်သည်။ ကျိုးယွင်ရှန့်က သူများဆေးလိပ်သောက်တာကို စိတ်မပျက်ပေမယ့် သူကတော့ လုံးဝ ဆေးလိပ်မသောက်တတ်ပေ။ သူက လက်ဝှေ့ယမ်းပြီး ငြင်းမယ်အလုပ် ရွှယ်ဇီရွှမ်က ဦးအောင်ပြောလိုက်သည်။

"ရှောင်ရီက ဆေးလိပ်မသောက်ဘူး.. အကျင့်ဆိုးတွေ မသင်ပေးနဲ့.."

ဒါပေမယ့် သူလေးက ဆေးပြင်းလိပ်ကို လှိမ့်ပေးပြီး ဖြတ်ပေးရာမှာ တကယ်တော်သည်။ သူက Xue Yu အတွက် သေချာသင်ယူခဲ့သည်။

ရွှယ်ဇီရွှမ်က အတိတ်ကိုသတိရလိုက်ပြီး ရုတ်တရက်ထရပ်ကာ ကောင်လေးရဲ့ နောက်လှေကားထစ်တွေမှာ ပြောင်းထိုင်ပြီး ကောင်လေးရဲ့ကိုယ်လေးကို သူ့ခြေထောက်နှစ်ဖက်ကြားထားတာ အပေါ်မှသိုင်းဖက်ထားလိုက်သည်။ ဒါမှ သူ့ရင်ထဲ အေးစက်ကြောက်ရွံ့ခြင်းတွေ လျော့ပါးသွားသလိုပင်။ သူက ကောင်လေးကို ရင်ခွင်ထဲပွေ့ဖက်ရင်း ဆေးလိပ်ကိုရှိုက်ဖွာကာ မမှတ်မိချင်သည့် အတိတ်ဖြစ်ရပ်ကို ပါသွားလိုပါသွားငြား ဆေးလိပ်ငွေ့ကို မှုတ်ထုတ်လိုက်တော့သည်။

ကျိုးယွင်ရှန့်၏မျက်နှာပေါ်မှာ အနက်ရောင်လှိုင်းတွေပေါ်လာပြီး ဖက်ထားသည့်လက်မောင်းကြားမှ နှစ်ခါလောက် ရုန်းကြည့်ပေမယ့် ပိုတင်းတင်းဖက်ခံလိုက်ရလို့ ငြိမ်သွားရတော့သည်။ ရွှယ်ဇီရွှမ်က သတိပြန်ရလာကတည်းက သူ့ကို မကိုင်ထား၊ မဖက်ထားရလျှင် သေတော့မလိုခံစားနေရတာ ထင်ရှားသည်။ သူ့အသားကို ထိတွေ့နေရတာကို ပိုမိုစွဲလန်းလာသလို ထင်ရသည်။ ဒါက ပိုပြောတာမဟုတ်ပေ။ သူ့လှုပ်ရှားမှုတိုင်းက အင်အားပြည့်ဝနေပြီး ကျိုးယွင်ရှန့်ကို သူ့ဘေးမှာ တစ်ချိန်လုံး ပူးချည်ထားချင်သလို လုပ်နေတော့သည်။

ကြာလာလေ သူ့ပုံစံက ပိုဆိုးလာလေဖြစ်လို့ ကျိုးယွင်ရှန့်က သူ့ကို တိုက်တွန်းကြည့်လိုက်သည်။

"Mr.Xue.. ဦးနှောက် CT ဓာတ်မှန် မရိုက်ကြည့်ချင်ဘူးလားဟင်.."

တကယ်လို့ သူက ဦးနှောက်နဲ့အာရုံကြောဌာနမှာ ဓာတ်မှန်သွားရိုက်ရင် တခဏတော့ ကျိုးယွင်ရန့်လည်း လွတ်လပ်စွာနေရမလားလို့ မျှော်လင့်ကာ ပြောလိုက်သည်။

"ကိုယ့်ကို ကိုကိုလို့ခေါ်.."

ရွှယ်ဇီရွှမ်၏ ထွက်သက်လေနွေးနွေးက ဆေးလိပ်နံ့နှင့်ရောကာ ကျိုးယွင်ရှန့်၏နားရွက်နားကို တိုးဝှေ့လာပြီး နားရွက်ကို နီရဲလာစေသည်။

ကျိုးယွင်ရှန့်က နားရွက်ကိုလက်နှင့်ပွတ်ကာ ပြောလိုက်သည်။

"Mr.Xue လို့ခေါ်ရမယ်ဆိုပြီး ကျွန်တော့်ကို ပြောခဲ့တယ်မဟုတ်လား.."

"အဲ့ဒီရွှယ်ဇီရွှမ်က ငတုံး.. သူပြောခဲ့တာကို မင်း ဂရုမစိုက်ပါနဲ့ ကိုယ့်ကို ကိုကိုလို့ခေါ်ရင် ကိုယ် CT ရိုက်မယ်.."

ရွှယ်ဇီရွှမ်က သဘောကောင်းစွာ ပြောလိုက်သည်။

ကျိုးယွင်ရှန့်က ရွှယ်မိသားစုကို စိတ်ထဲမှာမထည့်ထားလို့ တစ်ဖက်လူကိုဘယ်လိုခေါ်ခေါ် သူ့အတွက် ကိစ္စမရှိပေ။ သူက ရှက်ချင်ယောင်ဆောင်ပြီး နူးညံ့သည့်အသံလေးဖြင့် 'ကိုကို' ဟုခေါ်လိုက်သည်။

ရွှယ်ဇီရွှမ်က ပျော်ရွှင်စွာပြုံးလိုက်ပြီး သူ့မျက်ဝန်းထဲ မျက်ရည်တို့ဝေ့ကာ မြင်ကွင်းတို့ဝါးလာသလို ခံစားလိုက်ရသည်။ သူက ဆတ်ခနဲထကာ ကောင်လေးကိုဆွဲခေါ်ပြီး CT ရိုက်ဖို့ ထွက်လာခဲ့သည်။ လှေကားထစ်မှာခင်းထားသည့် သူ့ကုတ်အင်္ကျီကို ပြန်ယူဖို့စိတ်မကူးပေ။ Xiao Wang က ထိတ်လန့်ကာ အော်မေးလိုက်သည်။

"သခင်လေး.. CT သွားရိုက်မလို့လား.."

သူ့ကို CT ရိုက်ဖို့ မဒမ်ရွှယ်လီဒန်နီနှင့် သူ့ညီမရွှယ်ကျင်းရီတို့ ဘယ်လောက်ပြောပြော တုတ်တုတ်မလှုပ်ခဲ့သမျှ ခုတော့ ဒီတောသားမင်စာလေးက 'ကိုကို' တစ်ခွန်းခေါ်ရုံနှင့် ချက်ချင်းထသွားသည်။ သခင်လေးက ဒီကောင်လေးကို ဘယ်လောက်ကျတယ်ဆိုတာ ပြနေတာပဲ။ သ င်လေးက ဒီကောင်လေးကို လှည့်စားနေတာများလား..။

ရွှယ်ဇီရွှမ်က ပြန်မဖြေဘဲ ကောင်လေးလက်ကိုဆွဲကာ ဓာတ်လှေကားထဲ ဝင်သွားတော့သည်။ ဓာတ်လှေကားထဲက တခြားလူတွေ ကောင်လေးကိုမထိမိစေဖို့ သူက ဟွမ်ရီ့ကို ထောင့်မှာထားပြီး လက်နှစ်ဖက်နဲ့ နံရံကိုထောက်ထားကာ ကောင်လေးဦးခေါင်းထက်က နူးညံ့သည့်ဆံပင်များကို ငေးကြည့်ကာ မေးလိုက်သည်။

"ရှောင်ရီက ကိုယ့်ကို စိတ်ပူလို့လားဟင်.."

"အင်း.."

ကျိုးယွင်ရှန့်က ဒီလိုလေးပဲ ပြန်ဖြေလိုက်သည်။ ဓာတ်လှေကားထဲ လူပိုကြပ်လာလို့ သူတို့နှစ်ယောက်ကြားက ပိုပိုနီးလာပြီး တစ်ယောက်ထွက်သက်က တစ်ယောက်ကို ရိုက်ခတ်သည်အထိ ပူးကပ်လာသည်။ ဒီလူငယ်လေး၏ ပူနွေးသည့်ကိုယ်ငွေ့နှင့် သင်းသည့် ကိုယ်နံ့က ကျိုးယွင်ရှန့်ကို မသက်မသာဖြစ် လာစေ သည်။ ချောမောလှပလွန်းသည့် ရုပ်ရည်၊ သွယ်ဖြောင့်သည့် အရပ်၊ နူးညံ့ကြင်နာလာသည့် စိတ်သဘောထားနှင့် ပေါင်းစပ်လိုက်သော အခါ ဒီလူက ကျရှုံးဖို့ တကယ်ကို ဆွဲဆောင်မှု အားကြီး လို့နေလေပြီ။

==========================


ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now