FOD Extra_ 1_ Chapter (9-5)_ ျပိဳင္ကားကို ျပန္လည္တပ္ဆင္ျပီးျခင္း (Z+U)

6K 1.1K 34
                                    

FOD Extra_ 1_ Chapter (9-5)_ ျပိဳင္ကားကို ျပန္လည္တပ္ဆင္ျပီးျခင္း (Z+U)

မၾကာေသးမီက က်ိဳးယြင္ရွန႔္သည္ ေကာင္းမြန္စြာေနထိုင္ခဲ့ရၿပီး ႐ႊယ္ဇီ႐ြမ္ က  ေနာက္ကြယ္တြင္ ဘာလုပ္ေပးခဲ့သည္ကို သူ လုံးဝ မသိခဲ့ေပ။ အစပိုင္းမွာေတာ့ ႐ႊယ္မိဘႏွစ္ပါးက ျပန္လာၿပီး မေကာင္းဆိုးဝါးေလး ဟြမ္ရီ  ကိုကိုင္တြယ္ရန္ ႀကိဳးစားေပမယ့္ သူတို႔အိမ္ျပန္ လာသည့္ ညတြင္ မေကာင္းေသာစိတ္ထားရွိၾကေပမယ့္ ေနာက္တစ္ေန႔တြင္ သူ႔ကို ဆက္ဆံပုံက လုံးဝကို ေျပာင္းလဲသြားၾကသည္။ သူ႔ကို ျမင္ေနေပမယ့္ မျမင္သလိုပဲ လ်စ္လ်ဴရႈထားၾက သူတို႔ကသူနဲ႔ အဆက္ဆံ မလုပ္ၾကေတာ့ေပ။

က်ိဳးယြင္ရွန႔္ ယခုလို  သေဘာထားမ်ိဳးကိုႀကိဳဆိုခဲ့သည္။ ႐ႊယ္လင္မယားတို႔ကို သူ သည္းခံၿပီး ဆက္ဆံစရာမလိုေတာ့ေပ။

ဒီတစ္ႀကိမ္မွာေတာ့ ႐ႊယ္က်င္းရီ ဖ်ားၿပီး အိပ္ရာထက္တြင္ တစ္လခန႔္ လဲွေနခဲ့ရသည္။ သူမ နားလန္ျပန္ထူလာေတာ့ က်ိဳးယြင္ရွန႔္ႏွင့္ မေဝးလြန္း မနီးလြန္းသည့္ ေနရာမ်ားတြင္ ရပ္ေနၿပီး သူမ မ်က္ႏွာထက္က ေတာက္ပစြာ ၿပဳံးေနသည္ကို ေတြ႕လိုက္ရသည္။ ဒါကိုျမင္ေတာ့ က်ိဳးယြင္ရွန႔္ ေခါင္းေမြးေထာင္လာသလို ခံစားလိုက္ရသည္။ သူမက လုံးဝကို စိတ္လြတ္ေနသည့္ ပုံေပၚသည္။   ဒါဟာ တကယ္ကိုေၾကာက္စရာ ေကာင္းတာပဲ။

ထို႔အျပင္ သူမက က်ိဳးယြင္ရွန႔္ကို  ပို  တြယ္ကပ္လာၿပီး သူ ဘယ္လိုေျပာေျပာ  " မ်က္ႏွာမပ်က္"ပဲ အရွက္လုံးလုံးမရွိသူႏွယ္ သူ႔ေဘး မွာ ေမာင္းထုတ္လို႔မရေအာင္ အတင္းကပ္ေနခဲ့သည္။   က်ိဳးယြင္ရွန႔္က သူမကို ည္မွ်ပင္ဆိုးဆိုးဝါးဝါးစကားေျပာႏိုင္ေသာ္လည္း သူမကို ေမာင္းထုတ္ႏိုင္ျခင္း မရွိခဲ့ပါ။

႐ႊယ္က်င္းရီကို အႏိုင္က်င့္ျခင္းကေန သူ ဘာမွ မရခဲ့ေသာအခါ သူ႔ လုပ္ရပ္ကို အရွိန္ျမႇင့္လိုက္ဖို႔သာရွိသည္။ သူက ႐ႊယ္က်င္းရီေသာက္ရ သည့္ ႏွလုံးေရာဂါ အသက္ကယ္ေဆးေနရာတြင္ ႐ိုး႐ိုးဗီတာမင္ေဆး မ်ား ႏွင့္ လဲလွယ္လိုက္သည္။ ဒီလုပ္ရပ္ေၾကာင့္ သူက  ျပင္းထန္စြာအျပစ္ေပး ခံရလိမ့္မည္။ ဒီဇာတ္လမ္းထဲက ဇာတ္လိုက္မကို သတ္ဖို႔ရည္႐ြယ္တာက ခြင့္မလႊတ္ႏိုင္ေသာ ရာဇဝတ္မႈျဖစ္သည္။ System သည္ စြမ္းအင္ မည္မွ်ရွိေသးသလဲ ဆိုတာကို သိဖို႔ က်ိဳးယြင္ရွန႔္က ခုလို စမ္းသပ္လိုက္ျခင္းျဖစ္သည္။  

ျပင္းထန္ေသာနာက်င္မႈမ်ားၾကားတြင္ က်ိဳးယြင္ရွန႔္သည္ လ်င္ျမန္စြာပင္ ႏွလုံးေဖာက္ရာတြင္ အေရးေပၚေသာက္ရသည့္ ကယ္ဆယ္ေရးေဆးမ်ား ကို မူလေနရာသို႔ျပန္ပို႔ေပးလိုက္သည္။ အဲဒီေနာက္ သူက   ဟာသတစ္ခု လုပ္ေနတယ္လို႔ System ကို ေျပာခဲ့သည္။ သူသည္ system ကိုအႀကိမ္ မ်ားစြာ ေဒါသထြက္ခဲ့ၿပီးေနာက္ လိုင္းျပတ္ေတာက္သြားသည္။ ျပန္ဖြင့္တဲ့အခါ နာရီမ်က္ႏွာကေမွးမွိန္ေနသည္။

တစ္ေန႔ၿပီးတစ္ေန႔ System ကအားနည္းလာၿပီး က်ိဳးယြင္ရွန႔္လည္း သူ႔ ရဲ႕ ၀ ိညာဥ္စြမ္းအားမ်ားကို System၏ အဓိက အတြင္းပိုင္း အလႊာဆီကို တြန္းပိုကာ ထိုးေဖာက္လိုက္သည္။

ဒီေန႔မွာ က်ိဳးယြင္ရွန႔္က   ကားေအာက္ေျခမွာလဲေလ်ာင္းေနၿပီးေနာက္ဆုံး အစိတ္အပိုင္းကို တပ္ဆင္ေနသည္။ ႐ႊယ္က်င္းရီႏွင့္ ေရွာင္တုံးက ကားဂိုေဒါင္ေထာင့္က ဆိုဖာေပၚမွာ ၿငိမ္သက္စြာထိုင္ေနသည္။ ႐ႊယ္က်င္းရီ၏ ကိုယ္ေပၚကို ေစာင္လႊမ္းထားၿပီး သူမက ေမးေစ့ေအာက္မွာ လက္ေထာက္ကာ ကားေအာက္က အမႊာအကို လုပ္ေနသည္ကို စိုက္ၾကည့္ေနသည္။

သူမသည္ယခင္ကဲ့သို႔ ျပည့္စုံစြာ တပ္ဆင္ထားၿပီးေသာ အနီေရာင္ ေနာက္ဆုံးေပၚ ၿပိဳင္ကားေလးကိုၾကည့္သည္။ သူမသည္ ဟြမ္ရီလို ေတာသား ငတုံးက ေဈးႀကီးသည့္ ကားအစိတ္ပိုင္းမ်ားကို အပုံလိုက္လုပ္ၿပီးေနာက္ ျပန္လည္တပ္ဆင္ႏို္င္လိမ့္မည္ဆိုတာကို မယုံႏိုင္ေပ။ ေသခ်ာတာေက မူလ ကား Company က ပညာရွင္မ်ားကို ဖိတ္ေခၚကာ 2 လအခ်ိန္ယူၿပီး ကားကို ျပန္တပ္ဆင္ရမည္ဟု ယုံၾကည္ထားသည္။

" ျပန္ျပင္ၿပီးၿပီလား" သူမက ညင္သာစြာေမးလိုက္သည္။

က်ိဳးယြင္ရွန႔္က  သူမကိုလ်စ္လ်ဴရႈကာ ။  ကားေအာက္မွထြက္လာၿပီး သူ၏ညစ္ပတ္ေနေသာအလုပ္ အဝတ္အစားမ်ားကိုခြၽတ္ကာ ကားထဲသို႔ ဝင္ရန္ လုပ္ခဲ့သည္။ သူက ႐ႊယ္ဇီ႐ြမ္ရဲ႕ထုံး ႏွလုံးမူၿပီး မျမင္၊မၾကား၊ မေျပာ ဆိုသည့္ပုံျဖင့္သာ ႐ႊယ္က်င္းရီကို ဆက္ဆံေနသည္။

႐ြယ္က်င္းရီသည္ သူမ၏ႏႈတ္ခမ္းကို ကိုက္လိုက္ၿပီး သူမ၏အမႊာအစ္ကို လုပ္ကိုင္ေနသည္ကို ၾကည့္ကာ ကားစက္မႏႈိးႏိုင္ပါေစႏွင့္ဟု ဆုေတာင္းေနသည္။  အေပၚယံတြင္ေတာ့ သူမကို အဖက္မလုပ္ေပမယ့္ အကိုျဖစ္သူကို အျပစ္မျမင္ေသာ သေဘာထားႀကီးသည့္ ၾကင္နာေသာ ညီမပုံစံ ဖမ္းထားသည္။

သို႔ေသာ္မၾကာမီတြင္ သူမ၏ ေအးေဆးတည္ၿငိမ္ေသာ မ်က္ႏွာအမူယာကို မထိန္းသိမ္းႏိုင္ေတာ့ေပ၊ က်ိဳးယြင္ရွန႔္က ကားစက္ကို ႏႈိးလိုက္ႏိုင္႐ုံမက ေ႐ြ႕ေအာင္ ေမာင္းႏိုင္ေသာေၾကာင့္ျဖစ္သည္။ ေတာ္သားတစ္ေယာက္က ဒီလို နည္းပညာျမင့္သည့္ကားအေၾကာင္းကို နားလည္ၿပီး တစ္စစီျဖဳတ္ ကာ အေကာင္းတိုင္းျဖစ္ေအာင္ ျပန္တပ္ႏိုင္သည့္ ျဖစ္ရပ္ကို သူမ မယုံႏိုင္ေအာင္ျဖစ္ေနသည္။  

႐ြယ္က်င္းရီသည္ ငယ္စဥ္ကတည္းက ခ်မ္းသာေသာ႐ြယ္ မိသားစု တြင္ႀကီး ျပင္း ခဲ့သည္။ ထို႔ေၾကာင့္ သူမသည္ သာမန္လူမ်ားထက္ ဗဟုသုတႏွင့္ အေတြ႕အႀကဳံပိုမိုက်ယ္ျပန႔္သည္။ ဒီေတာ့ သူမက  ကားကိုေျပာင္းလဲဖို႔  တိက်တဲ့နည္းစနစ္ေတြလိုမယ္ဆိုတာကို သူမ ဘယ္လို သတိမျပဳမိပဲ ေနမလဲ။

မူလ ကား ကုန္ထုတ္လုပ္မႈကုမၸဏီမွ အထူးအဖြဲ႕ေရာက္လာသည့္တိုင္ ကားကိုႏွစ္လၾကာေအာင္ ျပန္လည္ျပဳျပင္မြမ္းမံမွ ရမည္ကို သူမ့မသိခဲ့ပါ။ ဒါကို ဟြမ္ရီက တစ္လအတြင္း အဆင့္ျမင့္ႏိုင္တယ္ဆိုေတာ့ သူက ပါရမီရွင္လား။

႐ႊယ္က်င္းရီရဲ႕မ်က္လုံးေတြက မနာလိုစိတ္ေၾကာင့္ ရဲရဲနီေနသည္။ ေမာင္ႏွမခ်င္းအတူတူ ဟြမ္ရီက ဘာေၾကာင့္ ပါရမီရွင္ျဖစ္ၿပီး သူမက ဘာေၾကာင့္ ေမြးရာပါ ႏွလုံးေရာဂါကို ခံစားေနရတာလဲ။

သူဟာ သာမန္လူျဖစ္သင့္ၿပီး သူမရဲ႕ ဖိႏွိပ္ခ်ဳပ္ျခယ္မႈကိုခံေနရတဲ့သူပဲ ျဖစ္သင့္တယ္ မဟုတ္ဘူးလား။  ဒါကမွ ဘဝ၌မွန္ကန္ေသာ လမ္းေၾကာင္းျဖစ္ သင့္တယ္ေလ။

သူမသည္ေစာင္ကို ဖယ္လိုက္ၿပီး ၿပိဳင္ကားနား သို႔ျဖည္းျဖည္းခ်င္း ေလွ်ာက္သြား ခဲ့သည္။

သူမသည္ "ဒါဟာတကယ္ကိုေမာင္းလို႔ရလား။ အင္ဂ်င္ကေရာ အဆင္ေျပလား။ အျခား အစိတ္ပိုင္းေတြေကာ အလုပ္လုပ္ရဲ႕လား" ဟု ေသအခ်ာေမးလိုက္သည္။

သြား...သြားစမ္းေမာင္းၾကည့္လိုက္စမ္းပါ။ ေမာင္းရင္း ကားေမွာက္ေသသြားရင္ ပိုေကာင္းတယ္။

မေကာင္းသည့္ အေတြးမ်ားက ႐ႊယ္က်င္းရီ၏ ေခါင္းထဲမွာျပည့္ေနသည္။ သူမ အမႊာအကိုက သူမထက္ သာလြန္သြားသည္ကိုၾကည့္ကာ သူ႔ကို ေသေစခ်င္သည့္စိတ္က ထိန္းမႏိုင္ေအာင္ျဖစ္လာခဲ့သည္။


က်ိဳးယြင္ရွန႔္သည္ သူမ၏မေကာင္းေသာအႀကံအစည္မ်ားကို မည္သို႔ရိပ္မိႏိုင္မွာလဲ။ သူကေပါ့ေပါ့တန္တန္ျပန္လည္ေျဖၾကားခဲ့သည္။

 " ငါ အကိုႀကီးရဲ႕အလုပ္ဆီကို ေမာင္းသြားၾကည့္မလို႔။ မင္း လိုက္ခ်င္လား"

ရြယ္က်င္းရီက အကိုႀကီးဆီကို ႔သြားမည္ကိုၾကားေသာအခါ သူမ စိ္တ္ရႈပ္ေထြးေနသည္။ သူမသည္ ရက္ေပါင္းမ်ားစြာ အကိုႀကီးနွင့္ စကားမေျပာျဖစ္ေပ။ ဟြမ္ရီရွိခဲ့ရင္ အနည္းဆုံး အကိုႀကီးက သူမကို တိုက္႐ိုက္ၾကည့္ေကာင္းႀကည့္နုိင္ျပီး သူမ မ်က္နွာကိုလည္း ျမင္လိမ့္မည္။

"ဒါေပမယ့္ နင္က ယာဥ္ေမာင္းလိုင္စင္မရွိဘူး။ "

သူမၾကည့္ကာ ေျပာလိုက္သည္။

"ဒါကအေရးမပါဘူး။ ငါတို႕ညီအစ္ကိုနွစ္ေယာက္ အတူတူ ကားေမာင္းတာႏွစ္လ ရွိၿပီ။ ဒီကားမွာတပ္ထားတဲက ေနာက္ဆံုးေပၚ နည္းပညာက အရမ္းေကာင္းတယ္။

က်ိဳးယြင္ရွန္႕က ႀကြားေနျခင္းမဟုတ္ပါ။ သူက mechs ( လူဝင္ျပီး ထိန္းခ်ဳပ္ရေသာ စက္ရုပ္ႀကီး ) ႏွင့္ အာကာသ ယာဥ္ႀကီးမ်ားကိုပင္ ထိန္းခ်ဳပ္ေမာင္းနွင္နုိ္သူျဖစ္ေသာေႀကာင့္ ယခုလို ျိပိုင္ကားေလးေမာင္းတာေတာ့ စာမဖြဲ႕ေလာက္ေပ။

ရႊယ္က်င္းရီက တြန႔္ဆုတ္ေနဆဲျဖစ္ေသာ္လည္း က်ဳိးယြင္ရွန္႕က သူမကို ကားထဲ တြန္းထည့္ကာ ထို္င္ခံုခါးပတ္ပတ္ေပးလိုက္ျပီး ကားကို ေမာင္းကာ ဂိုေဒါင္ထဲမွ ထြက္လိုက္သည္။

စကၠန႔္အနည္းငယ္အတြင္းမွာပဲ ရြယ္က်င္းရီက  သူတို႔ဟာၿမိဳ႕ျပင္ ဧရိယာကိုေရာက္ေနၿပီဆိုတာကိုေတြ႕ရွိခဲ့သည္။ ကားေဘး ႏွစ္ဖက္ စလုံးတြင္ ရႈခင္းက အလြန္လ်င္ျမန္စြာျဖတ္သန္းသြားေသာေၾကာင့္  ရွင္းရွင္းလင္းလင္းမျမင္ႏိုင္ပဲ မီးအလင္းမ်ား ျဖတ္သန္းသြားသည္ကိုသာ ေတြ႕လိုက္ရသည္။

(အဂၤလိပ္ ဘာသာျပန္က တပိုင္းပဲ ထြက္ပါေသးတယ္။ ထြက္ထြက္ျခင္းတင္ေပးလိုက္တာပါ။ ဒါေႀကာင့္ ေနာက္တပိုင္း ဆိုျပီး မေျပာပါနဲ႕။ ေျပာခ်င္ရင္ အဂၤလိပ္ ဘာသာျပန္သူကို သြားေျပာႀကပါ။ ေက်းဇူးတင္ပါတယ္။ )
=====================

FOD Extra_ 1_ Chapter (9-5)_

မကြာသေးမီက ကျိုးယွင်ရှန့်သည် ကောင်းမွန်စွာနေထိုင်ခဲ့ရပြီး ရွှယ်ဇီရွမ် က  နောက်ကွယ်တွင် ဘာလုပ်ပေးခဲ့သည်ကို သူ လုံးဝ မသိခဲ့ပေ။ အစပိုင်းမှာတော့ ရွှယ်မိဘနှစ်ပါးက ပြန်လာပြီး မကောင်းဆိုးဝါးလေး ဟွမ်ရီ  ကိုကိုင်တွယ်ရန် ကြိုးစားပေမယ့် သူတို့အိမ်ပြန် လာသည့် ညတွင် မကောင်းသောစိတ်ထားရှိကြပေမယ့် နောက်တစ်နေ့တွင် သူ့ကို ဆက်ဆံပုံက လုံးဝကို ပြောင်းလဲသွားကြသည်။ သူ့ကို မြင်နေပေမယ့် မမြင်သလိုပဲ လျစ်လျူရှုထားကြ သူတို့ကသူနဲ့ အဆက်ဆံ မလုပ်ကြတော့ပေ။

ကျိုးယွင်ရှန့် ယခုလို  သဘောထားမျိုးကိုကြိုဆိုခဲ့သည်။ ရွှယ်လင်မယားတို့ကို သူ သည်းခံပြီး ဆက်ဆံစရာမလိုတော့ပေ။

ဒီတစ်ကြိမ်မှာတော့ ရွှယ်ကျင်းရီ ဖျားပြီး အိပ်ရာထက်တွင် တစ်လခန့် လဲှနေခဲ့ရသည်။ သူမ နားလန်ပြန်ထူလာတော့ ကျိုးယွင်ရှန့်နှင့် မဝေးလွန်း မနီးလွန်းသည့် နေရာများတွင် ရပ်နေပြီး သူမ မျက်နှာထက်က တောက်ပစွာ ပြုံးနေသည်ကို တွေ့လိုက်ရသည်။ ဒါကိုမြင်တော့ ကျိုးယွင်ရှန့် ခေါင်းမွေးထောင်လာသလို ခံစားလိုက်ရသည်။ သူမက လုံးဝကို စိတ်လွတ်နေသည့် ပုံပေါ်သည်။   ဒါဟာ တကယ်ကိုကြောက်စရာ ကောင်းတာပဲ။

ထို့အပြင် သူမက ကျိုးယွင်ရှန့်ကို  ပို  တွယ်ကပ်လာပြီး သူ ဘယ်လိုပြောပြော  " မျက်နှာမပျက်"ပဲ အရှက်လုံးလုံးမရှိသူနှယ် သူ့ဘေး မှာ မောင်းထုတ်လို့မရအောင် အတင်းကပ်နေခဲ့သည်။   ကျိုးယွင်ရှန့်က သူမကို ည်မျှပင်ဆိုးဆိုးဝါးဝါးစကားပြောနိုင်သော်လည်း သူမကို မောင်းထုတ်နိုင်ခြင်း မရှိခဲ့ပါ။

ရွှယ်ကျင်းရီကို အနိုင်ကျင့်ခြင်းကနေ သူ ဘာမှ မရခဲ့သောအခါ သူ့ လုပ်ရပ်ကို အရှိန်မြှင့်လိုက်ဖို့သာရှိသည်။ သူက ရွှယ်ကျင်းရီသောက်ရ သည့် နှလုံးရောဂါ အသက်ကယ်ဆေးနေရာတွင် ရိုးရိုးဗီတာမင်ဆေး များ နှင့် လဲလှယ်လိုက်သည်။ ဒီလုပ်ရပ်ကြောင့် သူက  ပြင်းထန်စွာအပြစ်ပေး ခံရလိမ့်မည်။ ဒီဇာတ်လမ်းထဲက ဇာတ်လိုက်မကို သတ်ဖို့ရည်ရွယ်တာက ခွင့်မလွှတ်နိုင်သော ရာဇဝတ်မှုဖြစ်သည်။ System သည် စွမ်းအင် မည်မျှရှိသေးသလဲ ဆိုတာကို သိဖို့ ကျိုးယွင်ရှန့်က ခုလို စမ်းသပ်လိုက်ခြင်းဖြစ်သည်။  

ပြင်းထန်သောနာကျင်မှုများကြားတွင် ကျိုးယွင်ရှန့်သည် လျင်မြန်စွာပင် နှလုံးဖောက်ရာတွင် အရေးပေါ်သောက်ရသည့် ကယ်ဆယ်ရေးဆေးများ ကို မူလနေရာသို့ပြန်ပို့ပေးလိုက်သည်။ အဲဒီနောက် သူက   ဟာသတစ်ခု လုပ်နေတယ်လို့ System ကို ပြောခဲ့သည်။ သူသည် system ကိုအကြိမ် များစွာ ဒေါသထွက်ခဲ့ပြီးနောက် လိုင်းပြတ်တောက်သွားသည်။ ပြန်ဖွင့်တဲ့အခါ နာရီမျက်နှာကမှေးမှိန်နေသည်။

တစ်နေ့ပြီးတစ်နေ့ System ကအားနည်းလာပြီး ကျိုးယွင်ရှန့်လည်း သူ့ ရဲ့ ၀ ိညာဉ်စွမ်းအားများကို System၏ အဓိက အတွင်းပိုင်း အလွှာဆီကို တွန်းပိုကာ ထိုးဖောက်လိုက်သည်။

ဒီနေ့မှာ ကျိုးယွင်ရှန့်က   ကားအောက်ခြေမှာလဲလျောင်းနေပြီးနောက်ဆုံး အစိတ်အပိုင်းကို တပ်ဆင်နေသည်။ ရွှယ်ကျင်းရီနှင့် ရှောင်တုံးက ကားဂိုဒေါင်ထောင့်က ဆိုဖာပေါ်မှာ ငြိမ်သက်စွာထိုင်နေသည်။ ရွှယ်ကျင်းရီ၏ ကိုယ်ပေါ်ကို စောင်လွှမ်းထားပြီး သူမက မေးစေ့အောက်မှာ လက်ထောက်ကာ ကားအောက်က အမွှာအကို လုပ်နေသည်ကို စိုက်ကြည့်နေသည်။

သူမသည်ယခင်ကဲ့သို့ ပြည့်စုံစွာ တပ်ဆင်ထားပြီးသော အနီရောင် နောက်ဆုံးပေါ် ပြိုင်ကားလေးကိုကြည့်သည်။ သူမသည် ဟွမ်ရီလို တောသား ငတုံးက ဈေးကြီးသည့် ကားအစိတ်ပိုင်းများကို အပုံလိုက်လုပ်ပြီးနောက် ပြန်လည်တပ်ဆင်နိုင်လိမ့်မည်ဆိုတာကို မယုံနိုင်ပေ။ သေချာတာကေ မူလ ကား Company က ပညာရှင်များကို ဖိတ်ခေါ်ကာ 2 လအချိန်ယူပြီး ကားကို ပြန်တပ်ဆင်ရမည်ဟု ယုံကြည်ထားသည်။

" ပြန်ပြင်ပြီးပြီလား" သူမက ညင်သာစွာမေးလိုက်သည်။

ကျိုးယွင်ရှန့်က  သူမကိုလျစ်လျူရှုကာ ။  ကားအောက်မှထွက်လာပြီး သူ၏ညစ်ပတ်နေသောအလုပ် အဝတ်အစားများကိုချွတ်ကာ ကားထဲသို့ ဝင်ရန် လုပ်ခဲ့သည်။ သူက ရွှယ်ဇီရွမ်ရဲ့ထုံး နှလုံးမူပြီး မမြင်၊မကြား၊ မပြော ဆိုသည့်ပုံဖြင့်သာ ရွှယ်ကျင်းရီကို ဆက်ဆံနေသည်။

ရွယ်ကျင်းရီသည် သူမ၏နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမ၏အမွှာအစ်ကို လုပ်ကိုင်နေသည်ကို ကြည့်ကာ ကားစက်မနှိုးနိုင်ပါစေနှင့်ဟု ဆုတောင်းနေသည်။  အပေါ်ယံတွင်တော့ သူမကို အဖက်မလုပ်ပေမယ့် အကိုဖြစ်သူကို အပြစ်မမြင်သော သဘောထားကြီးသည့် ကြင်နာသော ညီမပုံစံ ဖမ်းထားသည်။

သို့သော်မကြာမီတွင် သူမ၏ အေးဆေးတည်ငြိမ်သော မျက်နှာအမူယာကို မထိန်းသိမ်းနိုင်တော့ပေ၊ ကျိုးယွင်ရှန့်က ကားစက်ကို နှိုးလိုက်နိုင်ရုံမက ရွေ့အောင် မောင်းနိုင်သောကြောင့်ဖြစ်သည်။ တော်သားတစ်ယောက်က ဒီလို နည်းပညာမြင့်သည့်ကားအကြောင်းကို နားလည်ပြီး တစ်စစီဖြုတ် ကာ အကောင်းတိုင်းဖြစ်အောင် ပြန်တပ်နိုင်သည့် ဖြစ်ရပ်ကို သူမ မယုံနိုင်အောင်ဖြစ်နေသည်။  

ရွယ်ကျင်းရီသည် ငယ်စဉ်ကတည်းက ချမ်းသာသောရွယ် မိသားစု တွင်ကြီး ပြင်း ခဲ့သည်။ ထို့ကြောင့် သူမသည် သာမန်လူများထက် ဗဟုသုတနှင့် အတွေ့အကြုံပိုမိုကျယ်ပြန့်သည်။ ဒီတော့ သူမက  ကားကိုပြောင်းလဲဖို့  တိကျတဲ့နည်းစနစ်တွေလိုမယ်ဆိုတာကို သူမ ဘယ်လို သတိမပြုမိပဲ နေမလဲ။

မူလ ကား ကုန်ထုတ်လုပ်မှုကုမ္ပဏီမှ အထူးအဖွဲ့ရောက်လာသည့်တိုင် ကားကိုနှစ်လကြာအောင် ပြန်လည်ပြုပြင်မွမ်းမံမှ ရမည်ကို သူမ့မသိခဲ့ပါ။ ဒါကို ဟွမ်ရီက တစ်လအတွင်း အဆင့်မြင့်နိုင်တယ်ဆိုတော့ သူက ပါရမီရှင်လား။

ရွှယ်ကျင်းရီရဲ့မျက်လုံးတွေက မနာလိုစိတ်ကြောင့် ရဲရဲနီနေသည်။ မောင်နှမချင်းအတူတူ ဟွမ်ရီက ဘာကြောင့် ပါရမီရှင်ဖြစ်ပြီး သူမက ဘာကြောင့် မွေးရာပါ နှလုံးရောဂါကို ခံစားနေရတာလဲ။

သူဟာ သာမန်လူဖြစ်သင့်ပြီး သူမရဲ့ ဖိနှိပ်ချုပ်ခြယ်မှုကိုခံနေရတဲ့သူပဲ ဖြစ်သင့်တယ် မဟုတ်ဘူးလား။  ဒါကမှ ဘဝ၌မှန်ကန်သော လမ်းကြောင်းဖြစ် သင့်တယ်လေ။

သူမသည်စောင်ကို ဖယ်လိုက်ပြီး ပြိုင်ကားနား သို့ဖြည်းဖြည်းချင်း လျှောက်သွား ခဲ့သည်။

သူမသည် "ဒါဟာတကယ်ကိုမောင်းလို့ရလား။ အင်ဂျင်ကရော အဆင်ပြေလား။ အခြား အစိတ်ပိုင်းတွေကော အလုပ်လုပ်ရဲ့လား" ဟု သေအချာမေးလိုက်သည်။

သွား...သွားစမ်းမောင်းကြည့်လိုက်စမ်းပါ။ မောင်းရင်း ကားမှောက်သေသွားရင် ပိုကောင်းတယ်။

မကောင်းသည့် အတွေးများက ရွှယ်ကျင်းရီ၏ ခေါင်းထဲမှာပြည့်နေသည်။ သူမ အမွှာအကိုက သူမထက် သာလွန်သွားသည်ကိုကြည့်ကာ သူ့ကို သေစေချင်သည့်စိတ်က ထိန်းမနိုင်အောင်ဖြစ်လာခဲ့သည်။


ကျိုးယွင်ရှန့်သည် သူမ၏မကောင်းသောအကြံအစည်များကို မည်သို့ရိပ်မိနိုင်မှာလဲ။ သူကပေါ့ပေါ့တန်တန်ပြန်လည်ဖြေကြားခဲ့သည်။

 " ငါ အကိုကြီးရဲ့အလုပ်ဆီကို မောင်းသွားကြည့်မလို့။ မင်း လိုက်ချင်လား"

ရွယ်ကျင်းရီက အကိုကြီးဆီကို့သွားမည်ကိုကြားသောအခါ သူမ စိတ်ရှုပ်ထွေးနေသည်။ သူမသည် ရက်ပေါင်းများစွာ အကိုကြီးနှင့် စကားမပြောဖြစ်ပေ။ ဟွမ်ရီရှိခဲ့ရင် အနည်းဆုံး အကိုကြီးက သူမကို တိုက်ရိုက်ကြည့်ကောင်းကြည့်နိုင်ပြီး သူမ မျက်နှာကိုလည်း မြင်လိမ့်မည်။

"ဒါပေမယ့် နင်က ယာဉ်မောင်းလိုင်စင်မရှိဘူး။ "

သူမကြည့်ကာ ပြောလိုက်သည်။

"ဒါကအရေးမပါဘူး။ ငါတို့ညီအစ်ကိုနှစ်ယောက် အတူတူ ကားမောင်းတာနှစ်လ ရှိပြီ။ ဒီကားမှာတပ်ထားတဲက နောက်ဆုံးပေါ် နည်းပညာက အရမ်းကောင်းတယ်။

ကျိုးယွင်ရှန့်က ကြွားနေခြင်းမဟုတ်ပါ။ သူက mechs ( လူဝင်ပြီး ထိန်းချုပ်ရသော စက်ရုပ်ကြီး ) နှင့် အာကာသ ယာဉ်ကြီးများကိုပင် ထိန်းချုပ်မောင်းနှင်နိုသူဖြစ်သောကြောင့် ယခုလို ြိပိုင်ကားလေးမောင်းတာတော့ စာမဖွဲ့လောက်ပေ။

ရွှယ်ကျင်းရီက တွန့်ဆုတ်နေဆဲဖြစ်သော်လည်း ကျိုးယွင်ရှန့်က သူမကို ကားထဲ တွန်းထည့်ကာ ထိုင်ခုံခါးပတ်ပတ်ပေးလိုက်ပြီး ကားကို မောင်းကာ ဂိုဒေါင်ထဲမှ ထွက်လိုက်သည်။

စက္ကန့်အနည်းငယ်အတွင်းမှာပဲ ရွယ်ကျင်းရီက  သူတို့ဟာမြို့ပြင် ဧရိယာကိုရောက်နေပြီဆိုတာကိုတွေ့ရှိခဲ့သည်။ ကားဘေး နှစ်ဖက် စလုံးတွင် ရှုခင်းက အလွန်လျင်မြန်စွာဖြတ်သန်းသွားသောကြောင့်  ရှင်းရှင်းလင်းလင်းမမြင်နိုင်ပဲ မီးအလင်းများ ဖြတ်သန်းသွားသည်ကိုသာ တွေ့လိုက်ရသည်။

(အင်္ဂလိပ် ဘာသာပြန်က တပိုင်းပဲ ထွက်ပါသေးတယ်။ ထွက်ထွက်ခြင်းတင်ပေးလိုက်တာပါ။ ဒါကြောင့် နောက်တပိုင်း ဆိုပြီး မပြောပါနဲ့။ ပြောချင်ရင် အင်္ဂလိပ် ဘာသာပြန်သူကို သွားပြောကြပါ။ ကျေးဇူးတင်ပါတယ်။ )
=====================


ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now